အပိုင်း ၁၇၄
Viewers 1k

အခန်း (၁၇၄)

ဦးလေးဟောက်

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်းက လူအများရှေ့တွင် သူမအား အရမ်း ဂရုစိုက်ပေးသည့် အတွက် ဝမ်းသာမိသော်လည်း သူမတို့ နှစ်ယောက်အတွက် သီးသန့်အချိန်လေး ရရှိဖို့ စိတ်အား ထက်သန်စွာ မျှော်လင့်နေခဲ့သည်။

 

ထို့ကြောင့် ဟောက်ချန်ဟွမ်းက သူမကို ချွေးသုတ် ပေးပြီးနောက် ချက်ချင်းပင် စုယန်ယန်သည် သူမ ခေါင်းကို လှည့်ပြီး နျဉ်စစ်ယွမ်ကို ကြည့်လိုက်သည်။

 

“ဒီနေ့ရဲ့ ကုသမှုကတော့ ပြီးသွားပြီ။ ကျွန်မ တစ်ပတ်အတွင်း ပြန်လာခဲ့ပါ့မယ်။ ကျွန်မအိမ်ကနေ ကုသချိန်အတွင်း ကျွေးရမယ့် ဆေးဖက်ဝင် ဟင်းလျာတွေကို လာယူဖို့ သတိရပါ။ ညကျရင် ကျွေးရမယ့် ဆေးဖက်ဝင် ဟင်းလျာကို ကျွန်မ ချက်ပြုတ်ပြီးလို့ မီးဖိုပေါ်မှာ နွှေးထားတယ်၊ ကျွန်မ ပြန်မရောက်ခင် သွားယူလို့ ရတယ်။ နောက်ကျမှ သွားယူဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးလိုက်ပါ၊ ကျွန်မတို့အိမ်က အိမ်အကူက ရှင်တို့ကို ထုတ်ပေးပါလိမ့်မယ်”

 

စုယန်ယန်အစား ဘာဖြစ်လို့ အိမ်အကူဆီကနေ ယူရမှာလဲ။ နျဉ်စစ်ယွမ်သည် အကြောင်းအရင်းကို ချက်ချင်း သိလိုက်သည်။ သူက စုယန်ယန်တို့ နှစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်ကာ ခပ်ဖျော့ဖျော့ ပြုံးရင်း “ကောင်းပါပြီ၊ ဆေးဖက်ဝင် ဟင်းလျာတွေကို သွားယူဖို့ ကျွန်တော် တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်” လို့ ဆိုလိုက်သည်။

 

“ဘာမှ မရှိဘူးဆိုရင် ကျွန်မတို့ ပြန်တော့မယ်”

 

“ကောင်းပါပြီ၊ ကျွန်တော် မင်းတို့ကို အပြင်လိုက်ပို့ပေးမယ်”

 

“ရပါတယ်၊ ကျွန်မတို့ ဘာသာပဲ ပြန်လိုက်ပါ့မယ်။ ရှင် ဒီမှာနေပြီး ရှင့်ညီလေးကိုပဲ ဂရုစိုက် ထားလိုက်ပါ”

 

“ဒါက...” နျဉ်စစ်ယွမ်က ထပ်မပြောနိုင်ခင် ယန်ကျင်းယို့က သူ့ကို ကြားဖြတ် ဝင်ပြောခဲ့သည်။ “စကားမစပ်၊ ငါလည်း အခု ပြန်တော့မယ်။ စစ်ယွမ်၊ မင်း ဒီမှာ ကျန်နေခဲ့ပြီး ချီလွေ့ကိုပဲ ဂရုစိုက်ပေးလိုက်ပါ။ ငါ သူတို့ကို လိုက်ပို့ပေးပါ့မယ်”

 

“... ဒါဆိုလည်း ကောင်းပြီလေ”

 

သူတို့သုံးယောက် ထွက်သွားသည်နှင့် နျဉ်ချီလွေ့သည် သူ့အစ်ကိုကြီးကို မေးလိုက်သည်။ “အစ်ကို၊ စုယန်ယန်က ကျွန်တော့်ရဲ့ နာမကျန်းမှုကို တကယ် ကုသပေးနိုင်တယ်လို့ အစ်ကို ထင်လား”

 

“မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပြန်ကောင်းမွန် လာတယ် ဆိုတာ ငြင်းလို့မရနိုင်တဲ့ အချက် တစ်ခုပဲ။ သူမက မင်းရဲ့ နာမကျန်းမှုကို လုံးဝ ပျောက်ကင်း သွားအောင် မကုသနိုင်ဘူး ဆိုရင်တောင်မှ မင်းရဲ့ ရောဂါ အခြေအနေကို တည်ငြိမ်အောင် စွမ်းဆောင် ပေးနိုင်ပြီး ပိုမဆိုးဝါး သွားစေဘူး”

 

“အဲ့တာတော့ အမှန်ပဲ” နျဉ်ချီလွေ့ ခေါင်းညိိတ် ပြလိုက်သော်လည်း သူ့မှာ အကောင်းမြင်စိတ် မရှိပေ။

 

 “ဒါပေမယ့် အစ်ကိုကြီး မျှော်လင့်ချက်တော့ သိပ်မထားပါနဲ့။ သူမက ငါ့ရဲ့ရောဂါကို တကယ်ပဲ ကုသပေးနိုင်တယ် ဆိုရင် သူ့ကောင်လေးရဲ့ ခြေထောက်ကို ဘာဖြစ်လို့ မကုသပေးရတာလဲ”

 

“သူမက ကုသပေးချင်ပေမယ့် ကုသဖို့ မလုပ်နိုင်သေးတာ ဖြစ်လိမ့်မယ်။ မင်းရဲ့ နာမကျန်းမှုကို ပျောက်ကင်းအောင် ကုသဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာမြင့်မယ်လို့ ဆိုခဲ့တယ် မဟုတ်လား”

 

“အစ်ကို၊ မင်းပြောတာ ကျိုးကြောင်း ဆီလျော်မှု ရှိတယ်၊ ဒါပေမယ့် သူမက ငါကို တကယ်ပဲ ကုသပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်”

 

နျဉ်ချီလွေ့သည် မျက်မှောင်ကြုတ်ရင်း ညည်းညူ လိုက်သည်။

 

 “သူမမှာ အခုလက်ရှိ သတို့သားလောင်း ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... အစ်ကို၊ မင်း သူတို့နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်ရှိတယ်လို့ မင်းထင်လား”

 

 

“မင်း သူတို့နှစ်ယောက်ကို မမြင်လို့လား”

 

နျဉ်ချီလွေ့သည် သူ ပါးစပ်အပြည့် စားလိုက်ရသည့် ခွေးစာတွေကို ပြန်သတိရရင်း ရင်တွေ တဆတ်ဆတ် တုန်ကာ ညည်းညူ ရေရွတ်လိုက်သည်။

 

“ငါ မြင်ရတာ အမှန် မဖြစ်နိုင်ဘူး။ သူတို့နှစ်ယောက်က ငါတို့ရှေ့မှာ တမင် ဟန်ဆောင်တာပဲ ဖြစ်ရမယ်”

 

နျဉ်စစ်ယွမ်သည် သူ့စကားတွေကြောင့် ရယ်ချင်သွားသည်။

 

“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ သူတို့က မင်းရှေ့မှာ တမင်သက်သက် ဟန်ဆောင်ပြဖို့ လိုအပ်မယ်လို့ ထင်နေတာလား။ အဲ့ဒီဘီးတပ်ကုလားထိုင်ပေါ်က ပုဂ္ဂိုလ်က ဘယ်သူလို့ မင်း ထင်နေတာလဲ”

 

“ဟောက်ရှောက်ဖုန်းရဲ့ အငယ်ဆုံး ဦးလေးမလား”

 

“မင်းရဲ့ ဘဝ အတွေ့အကြုံတွေက အကန့်အသတ် ရှိနေလို့ မင်း နားမလည်လို့ ဒီလိုပြောနေတာ။ အပြင်လူတွေက သူ့ကို စျေးပေါတဲ့ ဟောက်ရှောက်ဖုန်းတို့ မိသားစုနဲ့ ဘယ်တုန်းကမှ မချိတ်ဆက်ခဲ့ကြဘူး။ ရိုးရိုးသားသား ပြောရရင်၊ ငါတောင်မှ သူ့ကို အန်ကယ်ဟောက် ဒါမှမဟုတ် သခင်ကြီးဟောက်လို့ ခေါ်ရမှာ”

 

“သူက အဲ့လောက်တောင် သြဇာအာဏာ ကြီးတာလား”

 

နျဉ်ချီလွေ့ဟာ ထိတ်လန့် သွားသည်။ သခင်ကြီးဟူသော ဝေါဟာရသည် အထက်တန်းစား အသိုင်းအဝိုင်းတွင် သူတို့ရဲ့ သက်ကြီး ဝါကြီးများကို ခေါ်ဆိုခြင်း ဖြစ်ရုံသာမက သူတို့ရဲ့ နေရာ အဆင့်အတန်းကို ရည်ညွှန်းရာတွင်လည်း အသုံးပြုကြမှန်းကို သူ သိသည်။

 

 

နျဉ်စစ်ယွမ်သည် အမြဲတမ်းလိုလို တုံးအနေတဲ့ အရူးလေး တစ်ယောက်လို သူ့ညီလေးအား ကြည့်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်မိသည်။

 

“အခုအချိန်မှာ စုမိန်းကလေးအပေါ် မင်းသဘောထားက အရင်ကလောက် သိပ်မဆိုးတော့ဘူးလို့ ငါထင်တယ်။ ဒီလိုသာဆိုရင် နောင်အနာဂတ်မှာ မင်း သူမနဲ့ ပိုရင်းနှီးလာနိုင်မလား”

 

“ပထမ အနေနဲ့ သူမက အခု မင်းရဲ့ နာမကျန်းမှုကို ကုသပေးနေတယ်။ မင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါတို့ မိသားစုပဲဖြစ်ဖြစ် ငါတို့က သူမကို မျက်နှာသာ ပေးရမယ်။ ဒုတိယကတော့ စုမိန်းကလေးကို အဲဒီပုဂ္ဂိုလ်က ဘယ်လို ဆက်ဆံတယ် ဆိုတာကို မင်းလည်း မြင်လိုက်တာပဲ။ မင်းသာ ဆက်လက် ရိုင်းစိုင်း နေဦးမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ငါ မကူညီနိုင်ဘူး”

 

နျဉ်ချီလွေ့က အနည်းငယ် စိတ်မကြည်မသာ ဖြစ်မိသည်။ သူက အမှန်တရားကို သိရှိပြီးဖြစ်ကာ စုယန်ယန်ကို သဘာဝအတိုင်း ရန်လိုတော့မည် မဟုတ်ပေ။ တစ်ဖက်တွင်မူ ဦးလေးဟောက်က သူ့ခြေထောက်တွေ အဆင်မပြေဘူး ဖြစ်နေတာတောင်မှ သူ့အစ်ကိုကြီးကို အရမ်းထိတ်လန့် တုန်လှုပ် သွားအောင် လုပ်နေနိုင်သေးသည်။

 ***