အပိုင်း ၁၇၅
Viewers 871

အခန်း (၁၇၅)

သွယ်ဝိုက်အနမ်း

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ဘီးတပ် ကုလားထိုင်ကို တွန်းပြီး ထွက်သွားရာ နောက်သို့ ယန်ကျင်းယို့သည် အမြီးလေး တစ်ခုသဖွယ် လိုက်ပါ သွားခဲ့ပေမယ့် လမ်းတစ်လျှောက် သူ့မှာ စုယန်ယန်နဲ့ စကားပြောဖို့ အခွင့်မသာခဲ့ပေ။

 

သူတို့နှစ်ဦး ဆေးရုံအပေါက်ဝမှ ထွက်သွားတော့မှာကို မြင်လိုက်ရသည့် ယန်ကျင်းယို့သည် နောက်ဆုံး၌ မနေနိုင်တော့ပဲ ‌ရှေ့သို့ ခြေတစ်လှမ်းတိုးကာ “စုမိန်းကလေး” လို့ ခေါ်လိုက်သည်။

 

စုယန်ယန်သည် ခြေလှမ်း ရပ်တန့်သွားပြီး သူ့ကို စိတ်ရှုပ်ထွေးနေသည့် အသွင်ဖြင့် လှည့်ကြည့် လိုက်သည်။

 

 “မစ်စတာယန်၊ တစ်ခုခု ပြောစရာများ ရှိလို့လား”

 

“အမ်း...” ယန်ကျင်းယို့သည် ‌ဟောက်ချန်ဟွမ်း၏ အေးစက်နေသော အကြည့်များက သူ့ထံသို့ ကျရောက် လာသောအခါ တံတွေးတစ်ချက် မျိုချမိလိုက်သည်။

 

 

သို့သော် သူ့အခြေအနေကို ပြန်တွေးမိပြီးနောက် သူက အံတင်းတင်း ကြိတ်ပြီး စုယန်ယန် အနားသို့ ချဉ်းကပ်သာ တီးတိုး ဆိုလိုက်သည်။

 

 “စုမိန်းကလေး၊ မင်းက ယန်ယန်ရဲ့ မီးဖိုချောင်ငယ်လေးရဲ့ တင်ဆက်သူ ယန်ယန် မဟုတ်လား”

 

“ရှင်က...” စုယန်ယန်သည် သူမ မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ပြီး ဟောက်ချန်ဟွမ်းကို တစ်ချက် လှမ်းကြည့် လိုက်သည်။ ဟောက်ချန်ဟွမ်းက ယန်ကျင်းယို့၏ စကားတွေကို ကြားပုံ မပေါ်တာကို တွေ့လိုက်ရပေမယ့် သူမ မျက်မှောင်ကြုတ် သွားမိသည်။

 

 “ကျွန်မ ယန်ယန်ရဲ့မီးဖိုချောင်ငယ်လေးကို ဘယ်တော့မှ မကြားဖူးဘူး”

 

စုယန်ယန်ရဲ့ တုံ့ပြန်မှုက ယန်ကျင်းယို့ မျှော်လင့် ထားသလိုပါပဲ။ သူက အလျင်စလို ရှင်းပြလိုက်သည်။

 

“စုမိန်းကလေး၊ စိတ်မပူပါနဲ့၊ ငါက မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းက သစ္စာရှိ ပရိသတ် တစ်ယောက်ဖြစ်ပြီးတော့ အရင်က မင်း ကံစမ်းမဲ ဖောက်ပေးဖူးတဲ့ အထဲက မဲပေါက်ဖူးတဲ့ ကံထူးရှင်တစ်ဦးပါ”

 

“ရှင်ကလား”

 

 စုယန်ယန်ရဲ့ စကားတွေက သူမက တင်ဆက်သူ ဖြစ်ကြောင်း ဖုံးကွယ် ထားတာကို ဝန်ခံလိုက်မိခြင်းနှင့် အတူတူပင်။

 

“အဟမ်း... အဟမ်း...” ယန်ကျင်းယို့သည် သူ့နှာခေါင်းထိကာ ချောင်းဟန့် လိုက်ပြီးနောက် ရှက်ရွံ့နေပုံရကာ သူ့ရဲ့ အိုင်ဒီနာမည်ကို ဝန်ခံလိုက်သည်။

 

“ငါက [ရွှေသေနတ်ကပြုတ်မကျဘူး] ဆိုတဲ့သူပါ”

 

စုယန်ယန်က ဒီအိုင်ဒီ နာမည်ကို ပြန်တွေးကြည့် လိုက်တော့ ဒီနာမည်ဟာ သူမမှတ်ဉာဏ်ထဲမှာ စွဲထင်နေတုန်းပါပဲ။ အဆုံး၌ သူသည် သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ မကြာခဏဆိုသလို ဆုလာဘ် များစွာကို ပေးလေ့ ရှိသောကြောင့် သူမ ဒီနာမည်ကို မေ့ပစ်ချင်ရင်တောင် မမေ့သွားနိုင်ပါဘူး။

 

ဒါက ဆေးရုံ အခန်းထဲမှာ သူ သူမကို မြင်မြင်ချင်းမှာပင် ဘာကြောင့် အရမ်းစိတ်လှုပ်ရှား နေရတာလဲ ဆိုတာကို ရှင်းပြ သွားနိုင်ပါသည်။

 

ယန်ကျင်းယို့သည် စုယန်ယန်၏ မျက်နှာ အမူအရာကို မြင်တော့ သူ့ကိုယ်သူ ယုံကြည်မှု ရှိသွားကာ ရှက်ရွံ့စွာဖြင့် စကားဆို လိုက်သည်။ “အဟမ်း၊ စုမိန်းကလေး၊ ကျွန်တော်တို့... သီးသန့် စကားပြောလို့ ရနိုင်မလား”

 

စုယန်ယန်သည် မျက်ခုံးပင့် သွားမိပေမယ့် သူ့ရဲ့ ယခင်က ရောဂါဝေဒနာ အကြောင်းကို တွေးလိုက်မိတော့ သူ ဘာကြောင့် ဒီလို အပြုအမူမျိုး ဖြစ်နေတာလဲ ဆိုတာကို နားလည် သဘောပေါက် သွားခဲ့သည်။ စုယန်ယန်က ခေါင်းငုံ့လိုက်ပြီး ဟောက်ချန်ဟွမ်းကို ခွင့်တောင်း လိုက်သည်။

 

“ဒါက ကျွန်မရဲ့ လူနာပဲ။ ကျွန်မမှာ သူနဲ့ စကားခဏလောက် ပြောပြီး ခဏနေရင် ပြန်လာခဲ့ပါ့မယ်။ ရှင် ကျွန်မကို ဒီမှာ ခဏလောက် စောင့်ပေးနိုင်မလား”

 

ထိုသို့ ပြောပြီးနောက် သူမ၏ လက်ဖဝါးကို နမ်းလိုက်ပြီး ဟောက်ချန်ဟွမ်း၏ ပါးပြင်ကို ထိုလက်ဖဝါးဖြင့် ထိတွေ့လိုက်သည်။

 

ယန်ကျင်းယို့ “???” ဒီအပြုအမူက ဘာလဲ။

 

ဟောက်ချန်ဟွမ်း၏ မူလတုန်းက မုန်တိုင်း ထန်နေသော မျက်နှာ အမူအရာသည်လည်း သူမ၏ အပြုအမူကြောင့် ချက်ချင်း ဆိုသလို အံ့အားသင့် သွားသော မျက်နှာ အမူအရာသို့ ပြောင်းလဲ သွားခဲ့သည်။ သို့ရာတွင် စုယန်ယန်၏ ကျီစယ်လိုသော အပြုံးကို သူမ မျက်နှာပေါ်တွင် တွေ့ခဲ့ရပြီး သူမက ရွှင်မြူးစွာ ပြောသံကို ကြားလိုက်ရသည်။

 

“ကျွန်မတို့ အပြင် မထွက်လာခင်တုန်းက ကျွန်မရဲ့ မိဘတွေက အထူးသဖြင့် ကျွန်မတို့ကို အနမ်းမပေးဖို့ မှာခဲ့တယ်”

 

ယန်ကျင်းယို့ “...” ဒါ့ကြောင့် မင်းရဲ့ သတို့သားလောင်းနဲ့ ဒီနည်းလမ်းကို အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်တယ်ပေါ့... အဟွတ်... အဟွတ်... မင်းက တင်ဆက်သူ ဖြစ်ထိုက်ပါပေတယ်။ မင်းမှာ နည်းလမ်းတွေ အများကြီး ရှိနေတာပဲ။

 

 

ဟောက်ချန်ဟွမ်းသည် သူမ၏ အပြုအမူကြောင့် စိတ်ကျေနပ် သွားပုံရပြီး သူ့မျက်နှာပေါ်မှ မှုန်မှိုင်းနေသော အသွင်အပြင်ဟာ ပျောက်ကွယ် သွားသည်။

 

“မြန်မြန်သွားပြီး မြန်မြန်ပြန်လာ” လို့ တွန့်ဆုတ်စွာ ဆိုလိုက်သည်။

 

“စကားနည်းနည်းလေးပဲ ပြောမှာပါ။ ခဏနေရင် ပြန်လာခဲ့တယ်”

 

 စုယန်ယန်သည် ထိုသို့ပြောပြီးနောက် ယန်ကျင်းယို့ကို တစ်ချက် လှမ်းကြည့် လိုက်သည်။

 

ယန်ကျင်းယို့သည် စုယန်ယန် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည် သဘောပေါက်ပြီး စုယန်ယန်အား ဟောက်ချန်ဟွမ်း သူတို့ကို လှမ်းမြင်နိုင်ပြီး ပြောစကား မကြားနိုင်လောက်သည့် နေရာလောက်မှာ ရှိသည့် အနီးအနားရှိ စင်္ကြံတစ်ခုဆီသို့ အလျင်အမြန် ခေါ်ဆောင် သွားခဲ့သည်။

 

“ပြောကြည့်၊ ရှင် ကျွန်မကို ဘယ်လိုလုပ်ပြီး မှတ်မိသိရှိခဲ့တာလဲ။ ရှင် ဘာဖြစ်လို့ ကျွန်မကို ရှာရတာလဲ”

 

“ဒါက မတော်တဆမှု သက်သက်ပါ။ မနေ့တုန်းက ကျွန်တော် ချီလွေ့ဆီ အလည်ရောက်တုန်း ချီလွေ့အတွက် သူ့အေးဂျင့်က ညစာ ယူလာပေးတာကို တွေ့လိုက်ရလို့ပါ”

 

စုယန်ယန်သည် အခြေအနေကို ချက်ချင်း ဆိုသလို နားလည် သဘောပေါက် သွားခဲ့သည်။ သူသည် သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကို ပုံမှန်ကြည့်ရှုသူ တစ်ဦးဖြစ်ပြီး မနေ့တုန်းက သူမ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်ချိန်တွင်ပင် ဆုလာဘ် အနည်းငယ် ပေးပို့ခဲ့သည်။ ဒါပေါ့၊ သူက သူမ မနေ့တုန်းက နေ့လယ်ခင်းမှာ ဘာဟင်းလျာ ချက်ပြုတ်ခဲ့လဲ ဆိုတာကို သေချာပေါက် သိရှိနေမှာပဲ ဖြစ်သည်။

 

ထို့နောက် သိပ်မကြာခင် ထိုဟင်းလျာတွေကို နျဉ်ချီလွေ့၏ ညစာ စားပွဲပေါ်မှာ တွေ့မြင်လိုက်ရသည့် အတွက် သံသယ ဖြစ်သွားမှာ ခြွင်းချက်မရှိ သေချာပေါက် အံ့သြစရာ မဟုတ်ပေ။

 

“ရှင် ကျွန်မကို ဘာဖြစ်လို့ ရှာရတာလဲ၊ နောက်ဆုံး အကြိမ်တုန်းက ရှင် ကံထူးခဲ့တဲ့ စွပ်ပြုတ်အတွက် ကျေးဇူးတင်ချင်လို့လား”

 

“အဲ့တာထက်၊ ငါ မင်းကို ငါ့ရဲ့ရောဂါ ဝေဒနာကို ကုသပေးနိုင်မလားလို့ မေးမြန်းချင်လို့ပါ”

***