သူ့ခန္ဓာကိုယ်တစ်ခုလုံး
ယိုယွင်းပျက်စီးနေတယ်
“ရှင့်ရောဂါဝေဒနာကို
ကုသပေးဖို့လား”
စုယန်ယန်သည်
အံ့အားသင့်သွားသော အသွင် ဖြစ်ပေါ်သွားကာ ယန်ကျင်းယို့၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးရန်
နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။
သူမ
သူ့ခန္ဓာကိုယ်မှာ ပြဿနာအချို့ ရှိနေသေးမှန်းကို သတိပြုမိပေမယ့် ဒါက သိပ်မပြင်းထန်ပါဘူး။
“နောက်ဆုံးအကြိမ်
ရှင် ကံထူးခဲ့တဲ့ စွပ်ပြုတ်က အလုပ်မဖြစ်ဘူးလား”
စုယန်ယန်သည်
ယန်ကျင်းယို့၏ သီးသန့်ပြောဆိုရန် တောင်းဆိုမှုကို လက်ခံခဲ့ရသည့် အကြောင်းရင်းမှာ ယခင်က
အာဟာရ စွပ်ပြုတ်ကို သောက်ပြီးနောက် ဆိုးကျိုး ရှိမရှိကို လေ့လာဖို့ ရည်ရွယ်ခဲ့ခြင်း
ဖြစ်သည်။
အဆုံး၌
ဟောက်ချန်ဟွမ်း၏ ကျန်းမာရေး ပြဿနာက သူ့ခြေထောက်များအပြင် ဤအကြောင်းရင်းပါ ပါဝင်နေသောကြောင့်ပင်
ဖြစ်သည်။
“အဲ့တာက
အကျိုးထိရောက်မှု ရှိပါတယ်”
ယန်ကျင်းယို့သည် ကမန်းကတန်း တုံ့ပြန်ပြီးနောက် အနည်းငယ်
ရှက်ရွံ့သွားပုံ ရသည်။
“အဲဒီအချိန်တုန်းက
စွပ်ပြုတ် သောက်ခဲ့ပြီးတော့ အကျိုးသက်ရောက်မှု ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ရက်အနည်းငယ်
ကြာတော့ ကျွန်တော့်ရဲ့ အခြေအနေက ပြန်ဆိုးရွား လာခဲ့တယ်...”
စုယန်ယန်က
သက်ပြင်း တစ်ချက်ချရင်း ပြဿနာ၏ အကြောင်းရင်းကို အလျင်အမြန် နားလည် သဘောပေါက် သွားသည်။
“တစ်နည်းပြောရရင်
ကျွန်မရဲ့ စွပ်ပြုတ်ကိုသောက်ပြီး ရှင် အကျိုးသက်ရောက်မှု ကောင်းမွန်ခဲ့တယ်၊ ဒါပေမယ့်
ရက်အနည်းငယ်ကြာတော့ ရှင့်ကျန်းမာရေး ပြဿနာက ပြန်ဖြစ်လာခဲ့တယ်ပေါ့”
“…
အင်း”
“ဒါဆို...
ရှင် အဲဒီရက် အနည်းငယ် အတွင်းမှာ ဘာလုပ်ခဲ့လဲ”
ယန်ကျင်းယို့သည်
နျဉ်ချီလွေ့ရဲ့ ရောဂါဝေဒနာ အကြောင်းကို စနောက်နေစဉ်က သူ့မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားစွာ
ပြုမူနေခဲ့သော်လည်း အခု သူ့မျက်နှာ အမူအရာဟာ အနည်းငယ် တင်းမာ ပျက်ယွင်း သွားခဲ့သည်။
သို့သော်
စုယန်ယန်က ဒီအကြောင်းကို မေးမြန်း လိုက်သောအခါတွင် သူ ရှက်ရွံ့သွားခဲ့သည်။
“အရင်...
အရင်လိုပဲ၊ ငါ့ကောင်မလေးနဲ့ အတူနေဖို့... နင် သိပါတယ်”
စုယန်ယန်သည်
မျက်တောင် တဖျပ်ဖျပ် ခတ်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မသိဘူး၊
ငါက ဖြူစင်ရိုးသားသူမို့ နင် ပြောချင်တာကို ငါ မသိဘူး”
ယန်ကျင်းယို့
“...” မင်း ဒီလိုမပြောခင်၊ မင်း ငါ့ကို ခုနတုန်းက ကျွေးခဲ့တဲ့ ခွေးစာတွေကို အရင်ဆုံး
ကျေးဇူးပြုပြီး ပြန်ယူသွားပါလား။
ကံကောင်း
ထောက်မစွာဖြင့် စုယန်ယန်သည် ဆက်လက် လှောင်ပြောင်ပြီး ယန်ကျင်းယို့ကို ခက်ခဲအောင် မလုပ်ခဲ့ပေ။
“ဒါဆို နင်က စွပ်ပြုတ်သောက်ပြီးတော့ နင့်ကောင်မလေးနဲ့...
တွေ့ဖို့ကို နင်က ... မစောင့်နိုင်တော့ဘူးပေါ့...”
“…
အင်း၊ ဟုတ်တယ်”
စုယန်ယန်က
သက်ပြင်းချပြီး အလွန် စိတ်အား ထက်သန်စွာ ပြောလိုက်သည်။
“ကောင်လေး၊
မင်း အသက်ငယ် သေးပေမယ့် မင်းခန္ဓာကိုယ်ကို မင်း အလေးထားရမယ်။ တစ်ခုခု မှားယွင်းသွားရင်
ဖြစ်လာမယ့် အကျိုးဆက်ကို မင်းပဲ ခံစားရလိမ့်မယ်”
ယန်ကျင်းယို့သည်
ငိုချင်စိတ် ပေါက်နေခဲ့ပြီ။ သူက အသက်သုံးဆယ်နီးပါးရှိ လူပျိုသိုးကြီး တစ်ဦးဖြစ်ပြီး
ယခုအခါ သူ့ထက် အသက်များစွာ ငယ်သော မိန်းကလေးတစ်ဦးထံမှ သင်ကြား ပြသခြင်းကို ခံနေရသည်။
သူ့မျက်နှာပူ သွားပေမယ့် သူ သဘောတူညီ လိုက်ရသည်။
“ဟုတ်တယ်၊
မင်းပြောတာ မှန်တယ်”
“ရှင့်ရဲ့
ရောဂါအခြေအနေ ဘယ်လိုရှိလဲ ကျွန်မ သိတယ်”
စုယန်ယန်က သူ့ကို တစ်ချက်ကြည့်ကာ သတိကြိုတင် ပေးလိုက်သည်။
“ဒါပေမယ့် ဒီအတွေ့အကြုံကို ရှင် ခံစားခဲ့ပြီးလို့
ကျွန်မရဲ့ ဆေးဖက်ဝင်ဟင်းလျာက ရှင့်ရောဂါ ဝေဒနာကို သက်သာ ပျောက်ကင်းအောင် ကူညီပေးနိုင်ပေမယ့်
ရှင့်ကိုယ်ရှင် ဂရုမစိုက်ဘူးဆိုရင် ရှင့်ရဲ့ခန္ဓာကိုယ်က အနှေးနဲ့ အမြန်ဆိုသလို ယိုယွင်းပျက်စီး
သွားလိမ့်မယ် ဆိုတာကို ရှင် သဘောပေါက်သင့်တယ်”
“ဒါဆို...
ငါ ဘာလုပ်သင့်လဲ”
“ကျွန်မ
ရှင့်ကို ကုသပေးနိုင်ပါတယ်၊ ဒါပေမယ့် ရှင့်ကိုယ်ရှင်၊ ပြီးတော့... အဟွတ်... အဲ့တာကိုလည်း
ထိန်းထားနိုင်ရမယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မ ရှင့်ကို ကုသပေးလို့ ရှင့်ရဲ့ရောဂါဝေဒနာ
ပျောက်ကင်းသွားတယ် ဆိုရင်တောင် ရှင့်စိတ်ဆန္ဒတွေကို မချုပ်ထိန်းနိုင်ဘူး ဆိုရင် ရှင်
ရှင့်ရဲ့ ကျန်းမာရေးကို မြေပြင်ပေါ် ဆွဲချသွားနိုင်လိမ့်မယ်”
စုယန်ယန်ရဲ့
စကားတွေက အမှန်တရားကို အပီအပြင် ချပြနေခဲ့သော်လည်း သူမ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားတွေကို
အသုံးမပြုခဲ့ပေ။
ယန်ကျင်းယို့၏
မျက်နှာဟာ နီမြန်းလာပြီး ပြောသည်။
“စုမိန်းကလေး ကျွန်တော့်ကို ကုသပေးနိုင်သရွေ့ ကျွန်တော်
ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်အောင် သင်ယူပါ့မယ်လို့ ကတိပေးပါတယ်... ကျွန်တော့်ရဲ့
စိတ်ဆန္ဒတွေကိုတောင် ကြိုးစားပြီး ဖယ်ရှားလိုက်ပါ့မယ်”
ဒီဖြစ်ရပ်တွေက
လုံးဝ မတူညီကွဲပြားသည့် ဖြစ်ရပ်တွေပင် ဖြစ်သည်။
၎င်းကို အသုံးမပြုခြင်းနှင့် အသုံးမပြုနိုင်ခြင်းတို့က တကယ်ကို လုံးဝ မတူညီကွဲပြားသည့်
ဖြစ်ရပ်တွေပင် ဖြစ်သည်။ ဒါက ယောက်ျား တစ်ယောက်ရဲ့ မာနနှင့် သက်ဆိုင်သည့် အတွက် ယန်ကျင်းယို့က
အရင်တစ်ချက်ကိုပဲ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပါသည်။
“ကောင်းပြီ၊
ကျွန်မ အခု လောလောဆယ်တော့ အိမ်ပြန်ဖို့ အစီအစဉ် မရှိသေးဘူး။ ရှင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး
ဆေးစစ်ပြီးတော့ ရှင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးချက်ကို ကျွန်မဆီ ပို့ထားလိုက်ပါ။
ကျွန်မ ပြန်ရောက်တာနဲ့ အဲ့တာကို စစ်ဆေးလိုက်ပါ့မယ်”
ယန်ကျင်းယို့၏
ကျန်းမာရေး အခြေအနေမှာ မရှုပ်ထွေးပဲ သူ၏ နှစ်ရှည်လများ အထိန်းအကွပ်မရှိ လိင်ဆက်ဆံမှုတွေက
သူ့ခန္ဓာကိုယ်ကို ပင်ပန်း နွမ်းနယ်စေသည့် လက္ခဏာများ ဖြစ်စေသည်။ ရိုးရိုးရှင်းရှင်း
ပြောရရင် သူ့ခန္ဓာကိုယ် တစ်ခုလုံး၏ ကျန်းမာရေးကို စုတ်ပြတ် သွားစေခဲ့သည်။
စုယန်ယန်သည်
ထိုရောဂါ လက္ခဏာရပ်များကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ပြောနိုင်သော်လည်း သူမသည် ယန်ကျင်းယို့နှင့်
မရင်းနှီးသောကြောင့် သူမ၏ ကိုယ်ပိုင် ဝိသေသကို ထိန်းသိမ်းထားရမည် ဖြစ်ပြီး သူ့ကို ရိုးရိုးရှင်းရှင်း
ကျန်းမာရေး စစ်ဆေးဖို့ကိုသာ စေခိုင်းခဲ့သည်။
***