မင်း
တစ်နေ့မှာ ကုသပေးနိုင်လိမ့်မည်
ယန်ကျင်းယို့သည်
စုယန်ယန်က သူ့ကို ကုသပေးမည်ဟု သဘောတူသောအခါတွင် အလွန် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက
သူမထံသို့ ကျန်းမာရေး စစ်ဆေးချက် ပို့ပေးရန်သာ လိုအပ်ပြီး ဒါက သူ့အတွက် သက်သောင့်သက်သာ
ဖြစ်စေသည်။
နျဉ်ချီလွေ့
တက်ရောက်နေသည့် ဆေးရုံသည် သူ့ဦးလေး၏ ပိုင်ဆိုင်မှု ဖြစ်သည်။ တစ်ခုခုဖြစ်ရင် လျှို့ဝှက်ထားဖို့
အာမခံမှုရှိသည်။
“ကောင်းပြီ၊
ကောင်းပြီ။ ငါ ခဏနေရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှု လုပ်ပြီးရင် မင်းဆီကို
ကျန်းမာရေး စစ်ဆေးချက် အစီရင်ခံစာကို ပို့ပေးလိုက်ပါ့မယ်”
“ကောင်းပြီ၊
အဲ့တာဆို အဲ့လိုပဲ လုပ်လိုက်ပါ။ တခြား အထွေအထူးရှိရင် ကျွန်မကို ဆက်သွယ်လိုက်ပါ”
စုယန်ယန်သည်
သူမ ချက်ပြုတ် ပြင်ဆင်ထားတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေက ထိရောက်မှုရှိကြောင်း အတည်ပြုပြီးနောက်
ယန်ကျင်းယို့နှင့် စကားစမြည် ပြောဆိုဖို့ စိတ်မဝင်စားတော့ပဲ ဟောက်ချန်ဟွမ်း ရှိရာ အပြင်ဘက်သို့
ဝမ်းသာအားရ ပြေးထွက်သွားခဲ့သည်။
“မင်း
ပျော်နေတာလား”
“အင်း...”
စုယန်ယန်သည် သူမ၏ ပျော်ရွှင်မှုကို မဖုံးကွယ်ထားခဲ့ချေ။ သူမ ပျော်ရွှင်နေသော အကြည့်တွေက
သူ့ထံသို့ ရောက်ရှိလာကာ ရှက်ရွံ့စွာဖြင့် “ရှင် အဲ့တာကို မြင်တာလား” လို့ မေးလိုက်သည်။
ဟောက်ချန်ဟွမ်းသည်
အခုလေးတင် သူမတို့ နှစ်ယောက် စင်္ကြံလမ်းမှာ ရပ်ပြီး စကားပြောဆိုနေသည့် မြင်ကွင်းကို
ပြောနေတာလို့ အတွေးပေါက်မိသည်။ သူ့မျက်လုံးတွေက မည်းမှောင်သွားကာ “ကိုယ် မြင်တယ်” လို့
အေးစက်စွာ ပြောလိုက်သည်။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်း၏ စိတ်ခံစားမှု အပြောင်းအလဲများကို
အမြဲတမ်း သတိပြုမိပြီး သူမသည် ဟိုဟိုဒီဒီ လမ်းလျှောက် နေတာကို ရပ်တန့်လိုက်ကာ ဟောက်ချန်ဟွမ်းနှင့်
မျက်နှာချင်း ဆိုင်လိုက်သည်။ သူမသည် သူနှင့် အကြည့်ချင်းဆုံဖို့ ခေါင်းငုံ့ကာ သူ့မျက်ဝန်းထဲသို့
စိုက်ကြည့်လိုက်သည်။
“ရှင်
စိတ်ဆိုးနေတာလား”
ဟောက်ချန်ဟွမ်းသည်
သူ့မျက်နှာနား နီးကပ်နေသည့် စုယန်ယန်၏ မျက်နှာလေးကို ကြည့်လိုက်သည်။ သူ့ပါးစပ်ကို ရောက်သွားသည့်
စကားလုံးများမှာ မနာတိုဝန်တိုသည့် အသွင် ပြောင်းသွားခဲ့သည်။
“မင်းက
သူနဲ့ စကားပြောတာ အရမ်းပြုံးပျော်နေတာပဲ”
စုယန်ယန်သည်
ကူကယ်ရာမဲ့စွာ ရယ်မော လိုက်မိသည်။ “ကျွန်မ သူ့ကြောင့် ပြုံးတာ မဟုတ်ဘူး။ သူ့ကျန်းမာရေး
အခြေအနေ တိုးတက် ကောင်းမွန်လာလို့ ကျွန်မ ပျော်နေတာပါ”
ဟောက်ချန်ဟွမ်းသည်
စိတ်မကြည်မသာ ဖြစ်နေဆဲ ဖြစ်သဖြင့် သူမကို ကြည့်ဖို့ ငြင်းပယ်ခဲ့သည်။
စုယန်ယန်သည်
အခြားရွေးချယ်စရာ မရှိပဲ ရှက်သွေး ဖြာစွာဖြင့် သူ့ကို အမှန်အတိုင်း ပြောလိုက်သည်။
“သူ့ရဲ့ နာမကျန်းမှု အခြေအနေက ရှင်နဲ့ ဆင်တူတယ်”
ဟောက်ချန်ဟွမ်း၏
မျက်နှာ အမူအရာဟာ ပြောင်းလဲသွားသည်။ ရုတ်တရက် တစ်စုံတစ်ခုကို နားလည် သဘောပေါက် သွားခဲ့ပြီး
သူ့မျက်နှာပေါ်မှ ချဉ်စူးနေသော မျက်နှာ အမူအရာဟာ ပျောက်ကွယ် သွားခဲ့သည်။
“စိတ်မဆိုးပါနဲ့။
အခု ကျွန်မ ပြောချင်တာက... ရှင်လည်း ကျွန်မ နျဉ်ချီလွေ့ကို ဘယ်လို ကုသပေးတာလဲ ဆိုတာကို
မြင်တာပဲ၊ မဟုတ်လား”
ဟောက်ချန်ဟွမ်း
ထိတ်လန့်သွားပြီး သူ့မျက်နှာပေါ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အရိပ်အယောင် အနည်းငယ်
ဖြတ်သန်းသွားသည်။
“ကျွန်မ
နာမကျန်းသူတွေကို ဘယ်လို ကုသပေးတာလဲ ဆိုတာကို ရှင်လည်း မြင်ခဲ့ပြီးပြီမလား၊ ကျွန်မရဲ့
ကုသမှုနည်းလမ်းတွေက သာမန် ကုသမှုနည်းလမ်းတွေနဲ့ မတူညီကွဲပြားတယ်။ ဒါ့ကြောင့် ရှင့်ခြေထောက်တွေ
ဘယ်လိုပဲ ဆိုးရွားပါစေ... တစ်နေ့မှာတော့ ကျွန်မ ရှင့်ကို ကုသပေးနိုင်လိမ့်မယ် ဆိုတာကို
ရှင် ယုံကြည်နိုင်လား...”
စုယန်ယန်သည်
ထိုသို့ ပြောလိုက်ပေမယ့် သူမ ပြောလိုက်သည့် စကားကို ဟောက်ချန်ဟွမ်းက အဓိပ္ပါယ်ကောက်လွဲမှားကာ
ဝမ်းနည်း နာကျင်သွားမည်ကို စိုးရိမ်မိသောကြောင့် အမြန် ရှင်းပြခဲ့သည်။
“ဒါပေါ့၊
ရှင့်ရဲ့ အခုလက်ရှိ အခြေအနေကို ကျွန်မ စိတ်ထဲ မထားပါဘူး။ ကျွန်မက... ကျွန်မက ရှင့်ကို
အခုထက် ပိုကောင်းလာဖို့ပဲ မျှော်လင့်မိတာပါ”
စုယန်ယန်၏
စကားသံ မဆုံးခင်မှာပင် ဟောက်ချန်ဟွမ်းက “ကိုယ် သိပါတယ်” လို့ ကြားဖြတ် ပြောခဲ့သည်။
“ရှင်သိတာ
ကောင်းတယ်” စုယန်ယန် သက်ပြင်းချသည်။
“ကျွန်မ
သူနဲ့ သီးသန့် စကားပြောဖို့ အဲဒီကိုသွားရတဲ့ အကြောင်းရင်းက ယောက်ျား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့
ဆက်စပ်နေလို့ပါပဲ။ တခြား လူတွေရှိနေရင် သူ့အတွက် နည်းနည်း ရှက်စရာ ကောင်းနေလိမ့်မယ်။
ဒါ့အပြင် သူ ကျွန်မရဲ့ ဆေးဖက်ဝင် ဟင်းလျာကို စားသောက်ပြီးနောက် အကျိုးသက်ရောက်မှုတွေကို
သိချင်တယ်။ ကျွန်မ ရယ်ရတဲ့ အကြောင်းရင်းက ကျွန်မရဲ့ ဆေးဖက်ဝင် ဟင်းလျာတွေ ထိရောက်မှု
ရှိတယ်လို့ ကြားလိုက်ရတဲ့ အတွက်ကြောင့်ပဲ...”
“အဲဒီအချိန်မှာ
မင်း ကိုယ့်အကြောင်းကို... တွေးမိလို့လား”
“ဟုတ်တယ်”
စုယန်ယန်သည် ရှက်သွေး ဖြန်းသွားခဲ့ကာ ရှက်ရွံ့စွာဖြင့် စကားဆိုမိသည်။
“ရှင့်မှာ
အလားတူ ရောဂါလက္ခဏာတွေ ရှိတယ်လို့ ကျွန်မထင်တယ်။ အဲ့တာက သူ့အပေါ်မှာ အလုပ်ဖြစ်ရင် ရှင်
အဲ့တာတွေကို သောက်သုံးမယ် ဆိုရင် အကျိုးသက်ရောက်မှု ရှိလိမ့်မယ်”
ဟောက်ချန်ဟွမ်းသည်
ဒါကို ကြားလိုက် ရသောအခါ စုယန်ယန်က ထူးဆန်းတဲ့ အမျိုးသားကို ပြုံးရယ်ပြနေသည့် မြင်ကွင်းကို
မြင်လိုက်ရသဖြင့် သူ၏ ချဉ်စူးနေသည့် စိတ်အစဉ်ဟာ ပျောက်ကွယ် သွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည်
သူ့လက်ကို ပင့်မြှောက်ပြီး စုယန်ယန်၏ မျက်နှာပေါ်မှ အပြုံးတစ်ပွင့်ကို ထိတွေ့ကာ “ကျေးဇူးတင်ပါတယ်”လို့
ဆိုလိုက်သည်။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်း၏ လက်ကို ကိုင်ထားရင်း အသာအယာ ပြုံးနေမိသည်။
“ရှင် ကျွန်မကို ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး။ ရှင်
ကျွန်မကို တကယ်ပဲ ကျေးဇူးတင်ချင်တယ် ဆိုရင် နောင်အနာဂတ်မှာ ရှင်ရဲ့ ရောဂါဝေဒနာ လုံးဝပျောက်ကင်းသွားတဲ့
အချိန်ထိ စောင့်ပါ”
“ကောင်းပြီ”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ တောက်ပနေသော မျက်ဝန်းလေးများကို ကြည့်ပြီး သူမ၏ စိတ်ခံစားချက်များကို
သူ့ကို ထိရောက်မှု ရှိစေခဲ့သည်။ “မင်း အချိန်ယူလို့ရတယ်၊ စိတ်မပူပါနဲ့။ မင်း မကုသနိုင်ဘူး
ဆိုရင်တောင် အဆင်ပြေပါတယ်”
သူ့အခြေအနေက
အခုကြုံတွေ့နေရတာထက် ပိုမဆိုးရွားသွားနိုင်ဘူး။
***