ကိုယ် ဘယ်လိုလုပ်ပြီး ရဲဝံ့မှာလဲ
စုယန်ယန်သည်
သူ ပြောတာကို ကြားပြီး နည်းနည်း စိတ်မကောင်း ဖြစ်မိသည်။
“ဘာလို့ စိတ်ပျက်စရာ ကောင်းအောင် ပြောနေရတာလဲ။ ကျွန်မ
ရှင့်ကို ကုသပေးနိုင်တယ်။ ကျွန်မ ကဏ္ဍပေါင်းစုံကို သေချာပြင်ဆင်ပြီး အပ်စိုက်ကုထုံးကို
ပိုမိုကျွမ်းကျင် လာတဲ့အခါကျ ရှင့်ကို ကုသပေးမယ်။ တစ်နေ့မှာတော့ ရှင့်ရဲ့ အသစ်စက်စက်
ပုံရိပ်ကို ကမ္ဘာကြီးထံမှာ ကျွန်မ ချပြနိုင်လိမ့်မယ်”
“ကဏ္ဍပေါင်းစုံကို
ပြင်ဆင်ပြီး အပ်စိုက်ကုထုံးကို ပိုမိုကျွမ်းကျင် လာရင်လား”
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏ စကားကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ သူ့မျက်လုံးတွေဟာ ဒီစကားလုံးများ၏ အဓိပ္ပါယ်ကို
နားလည်သွားဟန် တလက်လက် တောက်ပလာပြီး မေးမြန်းခဲ့သည်။
“ဒါဆို၊ မင်း သူတို့ကို ဆေးကုသဖို့ ကူညီပေးနေတဲ့
အကြောင်းရင်းက သူတို့ကို လေ့ကျင့်ဖို့ အသုံးပြုနေတာလား”
စုယန်ယန်သည်
သူမ၏ လျှို့ဝှက်ထားသော ရည်ရွယ်ချက်များကို ဟောက်ချန်ဟွမ်းက အလွယ်တကူ မြင်နိုင်ခဲ့သည့်အတွက်
အံ့သြသွားမိသည်။ ဒါကို သူမ ဘယ်လို တုံ့ပြန်ပြောဆိုရမလဲ ဆိုတာ မသိပေ။
“အဟမ်း၊
ရှင် ဒီလိုမျိုး ပြောလို့ မသင့်ဘူးလေ။ ရှင်က ကျွန်မကို ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက်လို
ပြောလိုက်တာပဲ။ ကျွန်မက အခု သိပ်မကျွမ်းကျင်သေးပေမယ့် ကျွန်မ သူတို့ကို သေချာဂရုစိုက်ပြီး
ကုသပေး နေတုန်းပါပဲ။ ကျွန်မ သူတို့ကို လေ့ကျင့်ဖို့ အသုံးပြုနေတယ်လို့ လုံးဝ အတိအကျ
ပြောလို့ မရဘူး”
ဟောက်ချန်ဟွမ်းသည်
အလွယ်တကူ အရူးလုပ်လို့ ရတဲ့လူတစ်ယောက် မဟုတ်ပေ။ သူက ရယ်ရွှင်စွာ ပြောလိုက်သည်။
“အတိအကျ
ပြောလို့ မဖြစ်ဘူး ဆိုတော့ တစ်စိတ်တစ်ပိုင်းတော့ မှန်ကန်တယ်လို့ ပြောလိုက်တာပဲ၊ ဟုတ်တယ်
မဟုတ်လား”
“ဟုတ်တယ်၊
ဟုတ်တယ်၊ ရှင်ပြောတာ မှန်တယ်” စုယန်ယန်က သူ့ကို ဒေါသတကြီး စိုက်ကြည့် လိုက်သည်။
စုယန်ယန်သည်
နီမြန်းနေသော မျက်နှာဖြင့် ဟောက်ချန်ဟွမ်း၏ ဘီးတပ်ကုလားထိုင်ကို ရှေ့သို့ တွန်းလာရင်း
“ရှင် အဲ့အကြောင်းကို သိပြီးပြီ ဆိုရင်လည်း ဘာဖြစ်လို့ ကျယ်ကျယ်လောင်လောင် ထုတ်ပြော
နေရတာလဲ။ ကျွန်မအတွက် ဘယ်လောက် ရှက်ဖို့ ကောင်းလိုက်လဲ” လို့ ညည်းညူ ပြောဆိုနေသည်။
ဟောက်ချန်ဟွမ်းသည်
သူမ ပြောတာကို ကြားလိုက်ရသောအခါ သူ့အပြုံးတွေက သူ့မျက်ဝန်းသို့ပင် ကူးစက်လာခဲ့ကာ “ကောင်းပါပြီ၊
ကိုယ် အသံကျယ်ကျယ် ထုတ်ဖော် မပြောတော့ဘူး” ဟု တိုးတိုးလေး ပြန်ဖြေသည်။
စုယန်ယန်
“...” ဒီလိုချော့မော့နေသော လေသံက ကလေးတစ်ယောက်ကို နှစ်သိမ်နေပုံ ပေါ်သည်။ သူမက သွမ်းသွမ်းလို
အချော့ကြိုက်သည့် ကလေးတစ်ယောက်လို့ သူ ထင်နေတာလား။
ယုကျစ်ယန်သည်
မြေအောက်ခန်းတွင် အချိန်တစ်နာရီကျော် ကြာမြင့်အောင် စောင့်ဆိုင်း နေရသော်လည်း သူ လုံးဝ
မပျင်းရိခဲ့ပေ။
အရင်ဆုံး
သူက ကြက်ဥဌာပနာမုန့်ဘူးကို ယူကာ ကုရှောက်ယန်ကို ပြသလိုက်သည်။ ထို့နောက် နောက်ဆုံးတွင်
သူ မအောင့်အည်းနိုင်တော့ပဲ ကြက်ဥဌာပနာမုန့် နှစ်ခုကို စားသောက်ခဲ့သည်။
သူ
ကြက်ဥဌာပနာမုန့်ကို စားနေစဉ်တွင် အစားအသောက် တင်ဆက်မှုကိုပင် ရိုက်ယူခဲ့သေးသည်။ အစားအသောက်
တင်ဆက်မှု ဗီဒီယို အသေးစားလေးကို မှတ်တမ်းယူပြီး အဖွဲ့ချက်တင်ထဲသို့ ပေးပို့ခဲ့ရာ ကုရှောက်ယန်သည်
ဒါကို အလွန် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သူ့အား အင်တာနက်လိုင်း မှတစ်ဆင့် တွားသွားပြီး
ရိုက်နှက်ဖို့ကိုပင် တွေးမိစေခဲ့သည်။
သူသည်
သူ့သူငယ်ချင်းများအား မနာလိုဖြစ်အောင် စွမ်းဆောင်ပြီးနောက် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့
စုံတွဲသည် အောက်ထပ်သို့ ရောက်ရှိလာခဲ့သည်။
ယုကျစ်ယန်သည်
အဝေးကနေ သူထံသို့ ဦးတည် လျှောက်လှမ်းလာသော စုံတွဲကို မြင်လိုက်သည်နှင့် သူ့ဖုန်းနှင့်
မုန့်ဘူးကို အလျင်အမြန် အဝေးသို့ ဖယ်ထုတ်ခဲ့ပြီး မှန်ထဲတွင် သူ့ကိုယ်သူ အနီးကပ် ကြည့်ရှုလိုက်သည်။
သူ့မျက်နှာပေါ်တွင်
မုန့်အစအနများ မကျန်ရှိကြောင်း အတည်ပြုပြီးနောက် သူ့ခေါင်းကိုလှည့်ကာ ကားပြတင်းပေါက်
အပြင်သို့ လှည့်ကြည့်လိုက်သည်။
ယုကျစ်ယန်သည်
စုယန်ယန်တို့ စုံတွဲကြားရှိ လေထုက မူမမှန်ကြောင်း ချက်ချင်း ခံစားသိရှိလိုက်သည်။ သူတို့စုံတွဲဟာ
ဆေးရုံသို့ မလာခင်ကထက် ပိုချစ်လာပုံရသည်။
“တော်တော်လေး
နောက်ကျနေပြီ။ ညစာစားဖို့ နေရာတစ်ခုလောက် ရှာရအောင်”
ဟောက်ချန်ဟွမ်းသည်
သူမ၏ အကြံပြုချက်ကို ကောင်းလား ဆိုးလား မပြောပဲ ခဏလောက် နှုတ်ဆိတ်နေပြီး နောက်ဆုံးတွင်
“ညစာ မစားခင် ကိုယ် မင်းအတွက် စီစဉ်ထားတဲ့ နေရာတစ်ခုစီ အရင်သွားကြရအောင်” လို့ ပြောလိုက်သည်။
“ဟမ်...
ဘယ်နေရာကိုလဲ”
“မင်း
အဲဒီကို ရောက်ရင် သိလိမ့်မယ်”
စုယန်ယန်သည်
အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ ဒီအမျိုးသားက ဘယ်တုန်းကနေစပြီး လျှို့ဝှက်တတ် သွားတာလဲ။
ဒီအတောအတွင်းမှာ
သူ့လက်အောက်ငယ်သားတွေ ဆီကနေ အများကြီး သင်ယူထားခဲ့ပုံ ရတယ်။
ဟောက်ချန်ဟွမ်းက
အပို မပြောလိုသောကြောင့် သူမသည် အသေးစိတ် အချက်အလက်များကို ပြောဆိုရန် သူ့အား ဖိအား
မပေးတော့ပေ။
သို့သော်
ဟောက်ချန်ဟွမ်းက သူမကို ခေါ်ဆောင် သွားလိုသော နေရာသည် အတော်ဝေးနေပုံ ရသည်။ ကားဖြင့်
နာရီဝက်ခန့် မောင်းနှင်လာပြီးနောက် စုယန်ယန်သည် ပင်ပန်းနွမ်းနယ်မှုကို မထိန်းနိုင်ပဲ
သမ်းဝေ သွားမိခဲ့သည်။
သူမသည်
ဒီနေ့တွင် ကြက်ဥဌာပနာမုန့်နှင့် ကိတ်မုန့်များကို မုန့်ဖုတ်ခြင်းဖြင့် အလုပ်များနေခဲ့ပြီး
နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်စက် အနားယူဖို့ အချိန်ပင် မရှိခဲ့ပေ။
သူမ
အိမ်မှ ထွက်လာပြီးနောက် နျဉ်ချီလွေ့ကို အပ်စိုက်ကုထုံးဖြင့် တစ်နာရီကျော်ကြာ ကုသခဲ့ရသေးသည်။
ဒီအချိန်တွင် သူမ အလွန် အိပ်ငိုက်နေသဖြင့် မျက်လုံးကိုပင် မဖွင့်နိုင်တော့ပေ။
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏ ပုံမှန်မဟုတ်သော အပြုအမူကို သိပ်မကြာခင်မှာပင် သတိပြုမိခဲ့သည်။ သူမ ငိုက်နေသော
ခေါင်းလေးကို သူ့ဘက်သို့ ဆွဲယူကာ သူ့ပခုံးပေါ်သို့ မှီစေခဲ့သည်။
“မင်း
အရင်ဆုံး အိပ်နေလို့ ရတယ်။ ကိုယ်တို့ ရောက်တဲ့အခါကျရင် ကိုယ် မင်းကို နှိုးပေးမယ်”
စုယန်ယန်သည်
ဒီအခိုက်အတန့်တွင် အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေသို့ ရောက်ရှိနေပြီး သူ ပြောလိုက်သည့်
စကားသံကို ကြားသောအခါတွင် “ဟင့်အင်း၊ ရှင် ကျွန်မကို အဝေးကို ရောင်းထုတ်လိုက်မှာ ကြောက်တယ်”
လို့ တိုးတိုးလေး ပြန်ဖြေခဲ့သည်။
ထိုသို့
ပြောပြီးနောက် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး သူမ အပြုအမူက သူမ၏ စကားနှင့်
ဆန့်ကျင်ဖက် ဖြစ်နေကြောင်း အပြည့်အဝ ပြသနေခဲ့သည်။
ဟောက်ချန်ဟွမ်းက
ရယ်မောလိုက်ပြီး သူမ၏ တိတ်ဆိတ် ငြိမ်သက်နေသော ပုံရိပ်လေးကို စိုက်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာ
တိတ်ဆိတ် နေပြီးနောက် သူက “ကိုယ် ဘယ်လိုလုပ် ရဲဝံ့မှာလဲ”လို့ တိတ်တဆိတ် ပြန်ဖြေခဲ့သည်။
***