အပိုင်း ၁၇၉
Viewers 1k

အခန်း (၁၇၉)

ကိုယ့်ချစ်ရသူအတွက် ဒီကျွန်းလေးကို ထိန်းသိမ်းထားတာ

 

စုယန်ယန်သည် ကြမ်းကြမ်းတမ်းတမ်း လှိုင်းခတ် သံများကြောင့် လန့်နိုးလာခဲ့သည်။ ကောင်းကင်ယံဟာ လုံးဝ မည်းမှောင်နေပြီး လှိုင်းသံများကို သူမ ကြားနေရသည်။

 

စုယန်ယန်သည် သူမ၏ အသိစိတ်များကို ရှာတွေ့ရန် စက္ကန့်အနည်းငယ် ကြာမြင့်ခဲ့သည်။ သူမသည် မဝေးလှသော နေရာမှ တလက်လက် တောက်ပနေသော ရေပြင်ကျယ်ကို ငေးမော ကြည့်နေမိသည်။

 

သူမ မအိပ်သွားခင်မှာ အဖြစ်အပျက်တွေကို ပြန်အမှတ်ရပြီး သူမ စိတ်ထဲမှာ ရဲရဲတင်းတင်း မမှန်းဆနိုင်ခဲ့ဘူး။

 

တစ်စုံတစ်ယောက်က သူမကို တကယ်ပဲ အဝေးကို ရောင်းထုတ် လိုက်နိုင်ပါ့မလား။

 

“မင်း နိုးလာပြီလား”

 

ရင်းနှီးသော အသံတစ်ခုဟာ စုယန်ယန် ဘေးနားမှ ပေါ်ထွက်လာခဲ့ပြီး သူမသည် အံ့သြ ထိတ်လန့်မှုကြောင့် ထခုန်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူမ သံသယ ဝင်နေသော အမျိုးသားသည် သူမဘေးတွင် ထိုင်နေဆဲ ဖြစ်ကြောင်း သူမ သိလိုက်ရသည်။

 

“မင်း ဘာတွေ အတွေးများနေတာလဲ”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန် အနားသို့ ကပ်သွားပြီး သူမနှင့် ဆယ်စင်တီမီတာခန့် အကွာအဝေး လောက်အထိ တိုးကပ် သွားခဲ့သည်။ သူက “ကိုယ် မင်းကို အဝေးကို ရောင်းထုတ်လိုက်ပြီလို့ မင်းတွေးနေတာလား” လို့ ပြောလိုက်သည်။

 

စုယန်ယန်သည် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး စကား အကြောင်းအရာကို အမြန်ပြောင်း လိုက်သည်။

 

“ဒါက ဘယ်နေရာလဲ။ အပြင်မှာ ရေသံတွေ ကြားနေရတယ်”

 

“ဒါက မြို့ပြင်ဘက်က ကျွန်းငယ်လေး တစ်ကျွန်းပဲ”

 

“ကျွန်းငယ်လေးလား”

 

ကံကောင်းစွာဖြင့် စုယန်ယန်သည် ရေသောက်နေတာ မဟုတ်ပေ၊ မဟုတ်ရင် သူမ ရေသီး သွားလိမ့်မည်။

 

“ရှင် ဘာဖြစ်လို့ ကျွန်မကို ညကြီးမင်းကြီး ဒီနေရာကို ခေါ်လာရတာလဲ။ ရှင် ကျွန်မကို အခွင့်ကောင်းယူဖို့ စီစဉ်နေတာလား”

 

“အင်း” ဟောက်ချန်ဟွမ်းသည် သူ့အနာဂတ် ဇနီးသည်ကို အခွင့်ကောင်း ယူလိုကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

 

စုယန်ယန် “...” သူက အရမ်း ရိုးသားလွန်း နေပါလား။ သူမ သူနဲ့ ပူးပေါင်းသင့်လား ဒါမှမဟုတ် မပူးပေါင်းသင့်ဘူးလား။

 

“ကိုယ်တို့ နောက်မှ စကားပြောကြရအောင်။ ကိုယ်တို့ ညစာ အရင်ဆုံး စားလိုက်ကြရအောင်လား”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ လက်ကို ဆုပ်ကိုင်ပြီး ရွက်လ၏ အခန်းတွင်းမှ ထွက်လာခဲ့သည်။ စုယန်ယန်သည် သူတို့ ကျွန်းငယ်လေး၏ အစွန်းဖက်တွင် အမှန်တကယ် ရှိနေကြောင်း စုယန်ယန် သဘောပေါက် လိုက်သည်။

 

ဟိုးအဝေးရှိ ရေမျက်နှာပြင်သည် မည်းမှောင်ပြီး အုံ့မှိုင်းနေခဲ့သည်။

 

ကံကောင်း ထောက်မစွာဖြင့် ကျွန်း၏ ကမ်းခြေနှင့် သူတို့စီးသော ရွက်လှေသည် တောက်ပစွာ လင်းထိန် နေခဲ့သည်။ သူတို့သည် အရမ်းကြောက်စရာ မကောင်းကြောင်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ရှင်းလင်း သိသာစွာ မြင်တွေ့နိုင်သည်။

 

ရွက်လှေပေါ်ရှိ စားဖိုမှုးသည် သူတို့ကို ညစာ တည်ခင်း ဧည့်ခံခဲ့သည်။ သူ့ အချက်အပြုတ် လက်ရာက ထူးထူးခြားခြား မဟုတ်သလို အရသာလည်း သိပ်မကောင်းမွန်ချေ။ ယေဘုယျအားဖြင့် စားသုံးနိုင်လောက်သော လက်ရာ တစ်ခုပင် ဖြစ်သည်။

 

ရွက်လှေပေါ်မှာ မင်းချစ်ရသူနဲ့ ဖယောင်းတိုင်မီးလေး ထွန်းညှိပြီး ညစာ စားသောက်ရတာ တော်တော် ရင်ခုန်ဖို့ ကောင်းတယ်။

 

သို့ရာတွင် သူတို့သည် မဆုတ်မနစ် တိုက်ခိုက်နေသော ပင်လယ် လေညင်းကို အရင်ဆုံး လျစ်လျူရှု ထားရပေမည်။

 

ဟောက်ချန်ဟွမ်း သည်လည်း ဒီအစီအစဉ်၏ အားနည်းချက်များကို နားလည် သဘောပေါက် သွားပုံရသည်။ သူက ညစာ စားပြီးသည်နှင့် “မင်း ကိုယ်တို့ရဲ့ စံအိမ်ကို သွားကြည့်ချင်လား” လို့ အကြံပြုလိုက်သည်။

 

“ကျွန်မတို့ရဲ့ စံအိမ်လား”

 

“ကိုယ့်ပစ္စည်း ဥစ္စာကလည်း မင်းအပိုင်ပဲ။ ဒီကျွန်းငယ်လေးက ကိုယ်တို့ အပိုင်ဆိုတော့ စံအိမ်ကလည်း သဘာဝအတိုင်း ကိုယ်တို့ အပိုင်ပဲပေါ့”

 

စုယန်ယန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး သူမ တကယ့်ကို သဘောကျ သွားမိသည်။

 

“ကောင်းပြီ၊ ကျွန်မလည်း ကျွန်းပေါ်က စံအိမ်ကို မမြင်ဖူးသေးတာနဲ့ အတော်ပဲ။ ကျွန်မ ရှင့်ကို အဲဒီအထိ တွန်းပေးမယ်လေ”

 

“အင်း”

 

ဟောက်ချန်ဟွမ်း ပြောသော စံအိမ်သည် ကမ်းရိုးတန်းနှင့် အနည်းငယ် အလှမ်းဝေး နေသော်လည်း သူမတို့ နှစ်ဦးသား ထမင်းစားပြီး အညောင်းပြေ အညာပြေ လမ်းလျှောက်ဖို့ အခွင့်အရေး ရလိုက်ကြသည်။

 

“ဒီကျွန်းငယ်လေးက တကယ်လှတယ်”

 

 ညအချိန် ဖြစ်သော်လည်း ကျွန်းပေါ်တွင် ပေါက်ရောက်နေသည့် အပင်ကြီးများကို ရိုးတိုးရိပ်တိတ် မြင်နိုင်သည်။

 

တလက်လက် တောက်ပနေတဲ့ ကြယ်ရောင်စုံ ကောင်းကင်အောက် သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်ဖို့ ရွေးချယ်သင့်ပေသည်။ သဲသောင်နုနုမှာ လမ်းလျှောက်ရတာ အရမ်းကို သက်သောင့်သက်သာ ဖြစ်စေပါသည်။

 

“ဒီလို လှပတဲ့ ကျွန်းမျိုး ရှိတယ် ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဒီနေရာမှာ ဒီလောက်လှတဲ့ ကျွန်းငယ်လေးမျိုး ရှိတယ်လို့ ဘယ်သူပြောတာမှ မကြားဖူးဘူး”

 

ဟောက်ချန်ဟွမ်းသည် သူမ ဒီကျွန်းငယ်ကို ဘယ်လောက်တောင် နှစ်သက် သဘောကျ နေသည်ကို မြင်လိုက် ရတာကြောင့် သူ့နှုတ်ခမ်း ထောင့်စွန်းများ ကွေးညွှတ်သွားကာ အပြုံးတစ်ပွင့် ဖြစ်ပေါ်သွားခဲ့သည်။

 

“ဒါက ကိုယ်ပိုင် ကျွန်းလေ။ ဒါကို အရင်က အများပြည်သူရှေ့ တစ်ခါမှ မထုတ်ဖော်ဖူးဘူး။ ထုံးစံအတိုင်း ဒါကို ဘယ်သူမှ သိမှာ မဟုတ်ဘူး” လို့ ရှင်းပြလိုက်သည်။

 

စုယန်ယန်က ခေါင်းညိတ်ပြီး သူမ နားလည် သဘောပေါက်ကြောင်း အသိအမှတ်ပြုသည်။

 

အကယ်၍ သူမသည်လည်း ကျွန်းတစ်ကျွန်း ပိုင်ဆိုင်ပါက လူသိရှင်ကြား ပြသလိုခြင်း မရှိပေ။ သူမရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ အခြားအင်တာနက် နာမည်ကျော်များ ဝင်ရောက် ကြည့်ရှုသည့် နေရာတစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလျှင် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေမည် ဖြစ်သောကြောင့် ဒါကို အများပြည်သူ ရှေ့မှောက်သို့ ချပြလိုခြင်း မရှိချေ။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ထံမှ စကားသံ မထွက်လာသောကြောင့် သူ့ခေါင်းကို နောက်သို့ ပြန်လှည့်ကြည့်ပြီး “ကိုယ် ဒါကို လူသိရှင်ကြား ဘာဖြစ်လို့ မချပြတာလဲလို့ မင်း ကိုယ့်ကို မမေးချင်ဘူးလား။” ဟု အမေးစကား ဆိုလိုက်သည်။

 

“ဘာဖြစ်လို့လဲ”

 

“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒီကျွန်းလေးကို ကိုယ့်ချစ်ရသူအတွက် ထိန်းသိမ်း ထားခဲ့တာလေ”

***