အပိုင်း ၁၈၃
Viewers 942

အခန်း (၁၈၃)

လက်ထပ်ခွင့်တောင်းခံခြင်းသည် အရေးကြီးသည်

 

“ရှင်ပြောနေတဲ့သူက ဘယ်သူလဲ”

 

“သူ့နာမည်က ဟာမီးလ်ပါ။ သူက ကိုယ့်သူငယ်ချင်း၊ နာမည်ကြီး လက်ဝတ်ရတနာ ဒီဇိုင်နာ တစ်ယောက်လေ”

 

စုယန်ယန်သည် သူမ ကြားလိုက်ရသော နာမည်ကြောင့် ကြက်သေ သေသွားခဲ့ရသည်။

 

 “သူက နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ လက်ဝတ်ရတနာ ဒီဇိုင်နာ ဟာမီးလ် ဂျိမ်းလား”

 

“ဟုတ်တယ်...”

 

“ရှင်တို့နှစ်ယောက်က သူငယ်ချင်းတွေလား”

 

နိုင်ငံတကာတွင် နာမည်ကြီး ကျော်ကြားသော လက်ဝတ်ရတနာ သူဌေးကြီးဟာ အခုဆိုရင် အသယ် လေးဆယ် သို့မဟုတ် ငါးဆယ်နီးပါး ရှိနေပြီ ဖြစ်ပြီး သူနှင့် ဟောက်ချန်ဟွမ်းတို့ဟာ အခြေခံအားဖြင့် မျိုးဆက် နှစ်ဆက်ခန့် ကွာခြားကြသည်။

 

 

အရေးအကြီးဆုံး အချက်မှာ နောက်နှစ်နှစ်ကြာ ပြီးနောက်တွင် တစ်ချိန်က ရတနာလောက၏ အသက်သွေးကြောကို ထိန်းချုပ်ခဲ့သော ထိုလူကြီးသည် နာမကျန်းမှုကြောင့် ကွယ်လွန်သွားမည် ဖြစ်သည်။

 

သူ သေဆုံးပြီးနောက် မကြာခင် သူ့မှာ ကျောထောနောက်ခံ သားသမီး မြေးမြစ် မကျန်ရစ်ခဲ့သောကြောင့် သူ့မိသားစုထဲက မျိုးဆက်သစ်တွေဟာ သူ ကျန်ရစ်ခဲ့တဲ့ အမွေအတွက် တိုက်ပွဲဝင်ခဲ့ကြကာ ဒီအတွက် ကြောက်စရာ ကောင်းတဲ့ သေနတ်သံတွေတောင် ထွက်ပေါ်လာခဲ့သည်။

 

အဆုံး၌ လူအများစု သေဆုံးသွားခဲ့ကြပြီး ကျန်အကြွင်းအကျန် လူအချို့မှာ ထောင်ကျခဲ့ကြသည်။ ယခင်က ကျောက်မျက်ရတနာ နတ်ဘုရားကြီးသည် နောက်ဆုံး၌ ပျက်စီး ယိုယွင်းသွားခဲ့ကာ သမိုင်းမြစ် ပင်လယ်ထဲ တိမ်မြှုပ် ပျောက်ကွယ် သွားခဲ့သည်။

 

စုယန်ယန်က ဒီနာမည်ကို သဘောကျရတဲ့ အကြောင်းရင်း ကတော့ အဲဒီအချိန်က သက်ဆိုင်ရာ သတင်းများကို ဖတ်ရှုမိပြီး ကမ္ဘာလောကကြီးရဲ့ မတည်မြဲခြင်း အကြောင်းတွေကို တသသ ဖြစ်နေခဲ့မိလို့ပါပဲ။

 

မထင်မှတ်ပဲ ဒီလူနှစ်ယောက်က သူငယ်ချင်းတွေ ဖြစ်နေကြတယ်။ နောက်နှစ်နှစ်ကြီးပြီးနောက်...

 

“အသက်အရွယ် ကွာခြားပေမယ့် ကိုယ်တို့က သူငယ်ချင်း ကောင်းတွေပဲ” ဟောက်ချန်ဟွမ်းက ဒီအကြောင်းကို သူမအား ဖုံးကွယ်မထားဘူး။

 

“ကိုယ် ခရီးတစ်ခုသွားရင်း သူနဲ့ မတော်တဆ ဆုံတွေ့ခဲ့ကြတယ်။ ကိုယ်တို့ စကားစမြည် ပြောဆိုရင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ်။ ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်သိကျွမ်း လာခဲ့ကြတာ ဆယ်နှစ်လောက်ရှိပြီ”

 

စုယန်ယန်သည် အံ့အားသင့် သွားခဲ့သည်။ “အဲ့လောက်တောင် ကြာပြီလား”

 

“ဟုတ်တယ်။ ကိုယ် အရင်က ဒီအကြောင်းကို သူ့ကို ပြောပြခဲ့ဖူးပေမယ့် သူ လက်တွေ့ အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့စိတ်ထဲမှာ ဒီဇိုင်းတစ်ခု ရေးဆွဲပြီးသား ဖြစ်လိမ့်မယ်လို့ ကိုယ် မမျှော်လင့်ထားခဲ့ဘူး၊ ကိုယ် သူ့ကို မတိုက်တွန်းခင်မှာ သူက ပြီးပြည့်စုံတဲ့ ထုတ်ကုန်ကို ဖန်တီးခဲ့ပြီးပြီ”

 

ဒါကလည်း ဒီစိန်လက်စွပ် သူတို့ရှေ့ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာနိုင်သည့် အဓိက အကြောင်းရင်းလည်း ဖြစ်လေသည်။

 

‌ဟောက်ချန်ဟွမ်းက ကျိုးယန်ပိုင်ကို ဟာမီးလ်ထံသို့ ဆက်သွယ် ခိုင်းသောအခါတွင် ပုံကြမ်းကို အပြီးသတ်ပြီး ပြီးပြည့်စုံတဲ့ ထုတ်ကုန် ရရှိရန် အချိန်မလုံလောက်တော့မှာကို အနည်းငယ် စိုးရိမ်နေမိခဲ့သည်။

 

အံ့အားသင့်ဖို့ ကောင်းစွာပင် သူ တောင်းဆိုပြီး နောက်ရက် အနည်းငယ် အကြာတွင် ပြီးပြည့်စုံသည့် ထုတ်ကုန်ကို သူ့ထံသို့ ပေးပို့ခဲ့သည်။

 

သူက စာတစ်စောင်ကို ပေးပို့ခဲ့ပြီး စာထဲတွင် သူက မင်္ဂလာ လက်စွပ်ကိုပါ ပြင်ဆင်ပြီးနေပြီ ဖြစ်ပြီး မင်္ဂလာမဆောင်ခင် သေချာပေါက် ပြီးသွားမှာ ဖြစ်သည့်အတွက် စိတ်ပူနေဖို့ မလိုကြောင်း ရေးသား ထားခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် သူမတို့ စကားဝိုင်းတွင် ဟာမီးလ် အကြောင်းကို သိပ်များများစားစား မပြောသော်လည်း စုယန်ယန်သည် သူတို့ ရင်းနှီးကြောင်းကို ပြောနိုင်လေသည်။

 

သူတို့နှစ်ယောက်၏ ဆက်ဆံရေးက အရမ်း ကောင်းတယ်လို့ ပြောနိုင်သည်။ တကယ်တော့ ဟောက်ချန်ဟွမ်းကို သူငယ်ချင်း ဖြစ်အောင် စွမ်းဆောင်နိုင်သောလူ ဒီကမ္ဘာမှာ ရှားပါးလွန်းလှသည်။

 

“ရှင် ဘာဖြစ်လို့ ရုတ်တရတ် လက်ထပ်ခွင့် တောင်းဖို့ အတွေးပေါ်ရတာလဲ။ ကျွန်မတို့ သိပ်မကြာခင်မှာပဲ လက်ထပ်ကြတော့မှာလေ”

 

“သူများတွေမှာ ရှိသမျှ လုပ်သမျှ အရာအားလုံး ကိုယ်လည်း မင်းကို ပေးနိုင်ရမယ်လို့ အဲ့ဒီနေ့က ကိုယ် မင်းအဖေကို ကတိပေးခဲ့တယ်”

 

“ဒါ့ကြောင့် ရှင် လက်ထပ်ခွင့် တောင်းဖို့ စဉ်းစားမိတာလား”

 

“လက်ထပ်ခွင့် တောင်းခံတာကလည်း အရေးကြီးတဲ့ အရာမို့ ကိုယ် မင်းကို နောင်တရတာမျိုး မဖြစ်စေချင်ဘူး”

 

ဒီလိုနောင်တမျိုး မရှိစေချင်တာက စုယန်ယန်အတွက် သာမက သူ့အတွက်လည်း ပါဝင်ပေသည်။

 

စုယန်ယန်သည် သူမလက်ချောင်းမှ စိန်လက်စွပ်ကို ကြည့်ရင်း ဟောက်ချန်ဟွမ်း ပြောတာ မှန်တယ်လို့ ဝန်ခံလိုက်ရသည်။

 

မကြာခင်မှာ သူမတို့ လက်ထပ် ရတော့မယ်လို့ သူမ ကြိုတင် သိရှိထားတာတောင်မှ ရုတ်တရက် သူမကို ဒီလို လက်ထပ်ခွင့် တောင်းခံသည့် အခါမျိုးမှာ သူမ ထိန်းမနိုင် သိမ်းမရ ပျော်ရွှင်သွားမိ ပါသေးသည်။ ဒီလိုရိုမန့်တစ်ဆန်သော ဇာတ်ဝင်ခန်းလေးကို သူကိုယ်တိုင် စီစဉ်ထားသည့်အတွက် သူမ တစ်သက်လုံး တန်ဖိုးထားနေမိမှာ အမှန်ပါပဲ။ ဒီလိုလှပသည့် အမှတ်တရလေးမှာ သူမနှင့်အတူ အမြဲရှိနေမည်ဖြစ်ပြီး နောင်အနာဂတ်တွင် ဒီအမှတ်တရလေးကို တသသ ဖြစ်နေမိဦးမည် ဖြစ်သည်။

 

ခြံဝင်း အပြင်ဘက်တွင် မီးရှုးမီးပန်းများ ပစ်ဖောက် နေဆဲဖြစ်ပြီး နှင်းဆီပွင့် ပုံသဏ္ဌာန်မှာ အမျိုးမျိုးသော စာလုံများ အသွင်သို့ ပြောင်းလဲ သွားခဲ့သည်။ ထိုစာလုံးများမှာ “ယန်ယန် ကိုယ် မင်းကိုချစ်တယ်” ဟု အလွန်ရိုးရှင်းစွာ ဖော်ပြထားပါသည်။

 

သို့ပေမယ့် သူမ ဒါကို နှစ်သက်မိသည်။

 

သူမတို့နှစ်ဦးသား မီးရှူးမီးပန်းများကို ကြည့်ရှုပြီးနောက် ခြံဝင်းထဲ နှစ်ကြိမ်ခန့် လမ်းပတ်လျှောက်ခဲ့ကြသည်။

 

စုယန်ယန်သည် ဒီစံအိမ်တွင် သူမ အကြိုက်ဆုံး ပန်းများကို စိုက်ပျိုးထားရုံ သာမက အိမ်အလှဆင်ခြင်းနှင့် အပြင်အဆင်မှာလည်း သူမ နှစ်သက်သည့် ပုံစံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 

အလွန်အမင်း နစ်မြှုပ် ပျော်ဝင်နေခြင်း၏ ရလဒ်အရ စံအိမ်အတွင်းရှိ ဆယ့်နှစ်နာရီ ထိုးသံကို ကြားလိုက်ရသည့် အခါမှ သူမသည် ဟောက်ချန်ဟွမ်းနှင့် ဒီကျွန်းငယ်လေးပေါ်တွင် သန်းခေါင်ယံထိ တိုင်အောင် အတူရှိနေမိကြောင်း သူမ သိလိုက်ရခြင်း ဖြစ်လေသည်။

***