အပိုင်း ၁၉၇
Viewers 862

အခန်း (၁၉၇)

သမီး သူနဲ့ ထိုက်တန်ဖို့ မျှော်လင့်တယ်

 

“အဘိုး၊ ဒီနားမှာ ဘာလုပ်နေတာလဲ”

 

အဘိုးချိန်က မျက်မှောင်ကြုတ်ပြီး ကြည့်နေကာ အေးစက်စွာ နှာခေါင်းရှုံ့ရင်း တုံ့ပြန် လိုက်သည်။

 

“ငါ ဒီနေရာမှာ တစ်ချိန်လုံး ရှိနေတာပဲ၊ မင်းဘာသာမင်း ငါ့ကို သတိမမူမိပဲ မင်း စကားပြောလို့ ဆိုလို့ပြီးမှ ငါ့ကို မြင်တယ်ပေါ့လေ”

 

စုယန်ယန်သည် အပြစ်ရှိဟန် ပြုံးလိုက်သည်။ “အဘိုး အားလုံး ကြားလိုက်လား”

 

“အင်း”

 

“ဒါဆိုရင် အဘိုးရော သမီးအကြံကို ဘယ်လိုထင်လဲ။ သမီး ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင် ဖွင့်နိုင်မလား”

 

“မင်း သေချာပေါက် ဖွင့်နိုင်တာပေါ့။ သုတေသန အဖွဲ့အစည်းက မကြာသေးခင်က မင်း ပို့ပေးခဲ့တဲ့ မျိုးစေ့တွေကို စိုက်ပျိုးခဲ့ကြတယ်။ ဒီဆေးဖက်ဝင် အပင်တွေ စျေးကွက်ထဲ မဖြန့်ချိခင် မင်းဆီက ဆေးဖက်ဝင် အပင်တွေကသာ တစ်ခုတည်းသော အရင်းအမြစ်ပဲ။ သုတေသန အဖွဲ့အစည်းက လူတွေက သူတို့ ဘယ်လောက်အထိပဲ လုပ်သင့်တယ် ဆိုတာကို သူတို့သိတယ်၊ သူတို့ မင်း စားသောက်ဆိုင်ဖွင့်ဖို့ ဆန္ဒရှိရင် သူတို့ မထောက်ခံပဲ မနေနိုင်ဘူး။ သူတို့ကတောင် မင်းရဲ့ စားသောက်ဆိုင်ကို ထောက်ပံ့ ပေးရတာကို ကျေနပ်နေကြလိမ့်မယ်”

 

စုယန်ယန်၏ မျက်ဝန်းလေးများမှာ တောက်ပသွားသည်။ အကယ်၍ သုတေသန အဖွဲ့အစည်းသည် သူမအဘိုးဖြစ်သူ ပြောသည့်အတိုင်း သူမ၏ စားသောက်ဆိုင်ကို အမှန်တကယ် ပံ့ပိုးပေးနိုင်ပါက၊ သူမ၏ ဆိုင်ငယ်လေးသည် ခိုင်မာသော အခြေခံ အုတ်မြစ်တစ်ခု ဖြစ်လာနိုင်ပြီး အနာဂတ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပါက သူမ အားကိုးနိုင်မည့် အရာတစ်ခု ဖြစ်လာလိမ့်မည်။

 

“ဒါပေမယ့် စားသောက်ဆိုင်ဖွင့်တာက ရုံးထိုင် အလုပ်ထက် ပိုခက်ခဲတယ်။ မင်း အရမ်းပင်ပန်းမှာ ငါ စိုးရိမ်တယ်”

 

စုယန်ယန်သည် ဒီအကြောင်းကို ဟိုးအရင် ကတည်းက တွေးတော ထားခဲ့ပြီးသား ဖြစ်သည်။ သူမက ရယ်မောရင်း ပြောလိုက်သည်။

 

“အဆင်ပြေပါတယ်။ သမီး ဦးငယ်လေးကို အကူအညီ တောင်းထားပြီးပြီ၊ နောက်မှ လိုအပ်ရင် ကူညီမယ့်လူ ထပ်ရှာလိုက်မယ်။ မလုံလောက်ရင် သမီးလည်း ဝင်လုပ်မယ်။ အကန့်အသတ်နဲ့ တစ်နေ့ကို ဟင်းပွဲ တစ်ရာ ဒါမှမဟုတ် နှစ်ရာ ရောင်းချတာမျိုး လုပ်မယ်။ အဆင့်မြင့် စားသောက်ဆိုင်တွေ အားလုံး အဲ့လိုပဲ လုပ်ကြတာ မဟုတ်ဘူးလား။ သမီး ကိုယ့်ကိုယ်ကို ပင်ပန်းအောင် မလုပ်ဖြစ်ဘူးလို့ ထင်တာပဲ”

 

“ဟမ့်၊ ဘယ်လောက်တောင် နုံအလိုက်လဲ”

 

 အဘိုးချိန်က သူ့မြေးမလေး အကြောင်းကို ကောင်းကောင်း သိသည်။ ကြမ်းတမ်း သင့်တဲ့အခါ ကြမ်းတမ်းပြီး နူးညံ့သင့်တဲ့ အခါမှာ နူးညံ့သည်။

 

သူမ ဆိုင်ဖွင့်လိုက်တာနဲ့ လူတွေက သူမကို ဒီထက် ပိုလုပ်ပေးဖို့ တောင်းပန်လာတဲ့ အခါမျိုးမှာ သူမ လုပ်ကိုင် ပေးမိလိမ့်မည်။ အဲ့တာက သူမကို ပင်ပန်း နွမ်းနယ်မှုတွေ ဖြစ်နိုင်စေလိမ့်မည်။

 

စုယန်ယန်က ဘာမှ ပြန်မပြောပဲ ပြုံးသာ ပြုံးနေခဲ့သည်။

 

အဘိုးချိန်သည် သူမ၏ အပြုအမူကို မြင်သောအခါ သူ့စကားများကို ဒီကောင်မလေး လေးလေးနက်နက် မထားကြောင်း သူ သိလိုက်ပြီး သူမကို ဆက်လက် နားချသည်။

 

“ဒီအရာတွေက မင်းရဲ့ လက်ဝယ်မှာ ရှိပြီး ကောင်းချီး တစ်ခုရော ကျိန်စာတစ်ခုပါ ဖြစ်တယ်။ မင်း စားသောက်ဆိုင်ဖွင့်ဖို့ လုပ်ရင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရနိုင်ပြီး မင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေလည်း ကြုံတွေ့ လာရနိုင်တယ်”

 

စုယန်ယန်၏ အပြုံးဟာ လျော့ရဲသွားပြီး သူမ နားလည် သဘောပေါက်ကြောင်း ခေါင်းညိတ် လိုက်သည်။

 

“ဟုတ်၊ သမီး သိပါတယ်”

 

“ဒါတောင် သမီး စားသောက်ဆိုင်ကို ဆက်ဖွင့်ချင်သေးလား”

 

“ဟုတ်၊ အခု သမီးမှာ ဒီအရာတွေ ရှိနေတော့ ဒါတွေကို အကောင်းဆုံး အသုံးချဖို့ သမီးမှာ တာဝန်ရှိတယ်။ ဒီဆိုင်ဖွင့်ချင်တာက လူတချို့ကို ကူညီပေးနိုင်ပြီး သမီး စိတ်ပါဝင်စားတဲ့ အသက် မွေးဝမ်းကြောင်း အလုပ်တစ်ခုလည်း ဖြစ်နေလို့ပါ”

 

“မင်း စိတ်ပါဝင်စားတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုလား” အဘိုးချိန်ရဲ့ မျက်နှာ အမူအရာဟာ အနည်းငယ် မည်းမှောင် သွားသည်။

 

“မင်းမိဘတွေက မင်းကို စီးပွားရေး လုပ်ငန်းအချို့ မပေးခဲ့ဘူးလား”

 

“ဟုတ်၊ သမီးကို ပေးပါတယ်။ အစ်ကိုကြီးက မကြာသေးခင်ကပဲ သမီးကို စီမံခန့်ခွဲဖို့ အင်တာတိန်းမန့် ကုမ္ပဏီတစ်ခု ပေးခဲ့တယ်၊ ဒါပေမယ့် အဲ့တာလေးနဲ့တင် မလုံလောက်ဘူးလို့ သမီးထင်တယ်”

 

“မလုံလောက်ဘူးလား”

 

 အဘိုးချိန်ရဲ့ မျက်နှာ အမူအရာဟာ အနည်းငယ် ပြန်ကောင်း လာသော်လည်း သူက လေးလေးနက်နက် ဖြစ်နေဆဲပင်။

 

“ကုမ္ပဏီ တစ်ခုတည်းက အရမ်း နည်းတယ်လို့ သမီး ထင်တာလား။ ဒါဆိုရင်...”

 

“အဘိုး၊ သမီးပြောတာကို အထင်လွဲ နေတာလား”

 

 စုယန်ယန်က သူ ဘာတွေးနေလဲ ဆိုတာကို မှန်းဆမိပြီး ခပ်ဟဟ ရယ်မော လိုက်မိသည်။

 

“သမီး ကိုယ်လုပ်ချင်တာ လိုချင်တာကို လုပ်နိုင်စွမ်း ရှိပါတယ်။ သမီး ကိုယ့်ကိုယ်ကို ပိုတိုးတက်အောင် လေ့ကျင့်ချင်လို့ပါ။ ဒီလိုဆို... သမီး သူနဲ့ ပိုထိုက်တန် လာလိမ့်မယ်”

 

“သူလား” ပထမတော့ အဘိုးချိန်သည် စုယန်ယန်၏ ပြောစကားကို နားထောင်ပြီး စိတ်ကျေနပ် နေပေမယ့် အဆုံးသတ် စကားလုံးကို ကြားတော့ သူ့တစ်မျက်နှာလုံး မည်းမှောင် သွားသည်။

 

စုယန်ယန်၏ မျက်နှာလေးမှာ အနည်းငယ် နီရဲနေခဲ့သည်။ အဘိုးချိန်၏ စူးရှရှ အကြည့်များနှင့် ရင်ဆိုင် လိုက်မိတော့ သူမ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

 

အဘိုးချိန်က သူမ အတွေးတွေကို နားမလည်နိုင်ပဲ ဘာဖြစ်လို့ ဒီလိုပုံစံမျိုး ဖြစ်နေတာလဲ။

 

“ဟောက်မိသားစုက အဲ့ဒီကောင်လေးလား”

 

“ဟုတ်ပါတယ်”

 

ဒါကို သူမ ဝန်မခံလိုက်တာ ပိုကောင်းလိမ့်မည်။ အခု သူမ ဝန်ခံလိုက်တာကြောင့် အဘိုးချိန် ဒေါသူပုန် ထသွားသည်။

 

“မင်းက ဘာဖြစ်လို့ သူနဲ့ မထိုက်တန် ရမှာလဲ။ ငါ့မြေးမလေးက ချောမောလှပပြီး နူးညံ့သိမ်မွေ့တယ်။ ဟင်းချက် လက်ရာလည်း ကောင်းတယ်။ ဒီလို ကောင်စုတ်လေးနဲ့ ဘယ်လိုလုပ်ပြီး မထိုက်တန်ပဲ နေမှာတဲ့လဲ။ ဘယ်သူက အဲ့စကားကို ပြောတာလဲ။ အဘိုး သူ့ကို သွားရှာပြီး ကောင်းကောင်း သိအောင် လုပ်ပေးလိုက်မယ်”

 ***