ဒီဆုလာဘ်ကို မိသားစုထဲ သိမ်းဆည်းထားသင့်တယ်
စုယန်ယန်သည် ယင်ကောင် တစ်ကောင်ကို မျိုချလိုက်မိသလို
ဖြစ်နေသည့် သူမအဘိုးကို စိုက်ကြည့် နေခဲ့သည်။ သူက သူ့အင်္ကျီလက်တွေကို ခေါက်တင်ပြီး
တစ်စုံတစ်ယောက်ကို အချိန်မရွေး ရိုက်နှက်ဖို့ အဆင်သင့် ဖြစ်နေပုံရသည်။
သူမက တစ်ခဏတာမျှ အေးခဲသွားပြီး သူ့လက်မောင်းကို
အလျင်စလို ပွေ့ဖက်ဖို့ ခြေလှမ်းပြင်သည်။ သူမ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။
“မဟုတ်ပါဘူး၊ အဘိုးရဲ့၊ သမီးကို ဘယ်သူကမှ
အဲ့လိုစကားမျိုး မပြောပါဘူး။ ချန်ဟွမ်းက အရမ်း တော်လွန်းတယ်လို့ သမီး စိတ်ထဲ တွေးမိလို့ပါ၊
ဒါ့ကြောင့်...”
ထိုစကားကို ကြားလိုက် ရသောအခါ အဘိုးချိန်ရဲ့
မျက်နှာ အရောင်ဟာ အနည်းငယ် ပိုကောင်း လာပေမယ့် သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ ထားမြဲ
စေ့ထားကာ ခပ်ချဉ်ချဉ် မေးလိုက်သည်။
“သူက ဘယ်လို တော်တာလဲ”
စုယန်ယန်က သူ၏ မကျေနပ်သည့် အသံကို ဘယ်လိုမှ
မကြားနိုင်တော့တာကြောင့် သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။
“သူက အရာရာတိုင်းမှာ တော်တယ်။ သူက ချောမော
ခန့်ညားတယ်၊ သမီးအပေါ်မှာ ကြင်နာတယ်၊ သစ္စာရှိပြီး သမီးရဲ့ ချို့ယွင်းချက်တွေကို ကာကွယ်ပေးတယ်...”
အဘိုးချိန်သည် ဟောက်ချန်ဟွမ်းကို ချီးမွမ်းနေသော
သူမ စကားတွေကို ဆက်လက် နားမထောင်နိုင်တော့ပေ။
“သူက သစ္စာရှိတယ်လို့ မင်း ဘယ်လိုလုပ်ပြီး
သိတာလဲ။ မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် သိတာ ဘယ်လောက် ကြာသေးလို့လဲ။ မင်း လှည့်စား
မခံရဖို့ သတိထားသင့်တယ်”
“သူ သမီးကို ဘယ်တော့မှ မလိမ်ညာဘူးလို့ သမီးယုံတယ်”
သူက သူမကို တစ်သက်လုံး စောင့်ကြည့် ကာကွယ်ပေးခဲ့ပြီး
သူမ သေဆုံး သွားပြီးနောက် လက်စားချေရန် အရာအားလုံးကို စွန့်လွှတ်ခဲ့သည်။ သူ အားလုံးကို
လက်စား ချေပြီးနောက် အရာအားလုံးကို ချန်ထားရစ်ခဲ့ကာ သူမနောက်သို့ ပြတ်ပြတ်သားသား လိုက်ပါလာခဲ့သည်။
အကယ်၍ သူသာ သစ္စာမရှိဘူးဆိုရင် ဒီကမ္ဘာလောကမှာ
သစ္စာစောင့်သိသူ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။
“ဟမ့်၊ သူ့ကို လာတွေ့ဖို့ ပြောလိုက်ဦး။
မင်း သူ့အကြောင်း အဆက်မပြတ် အမွှန်းတင်နေတာကို ကြားနေရတော့ သူ ဘယ်လောက် ကောင်းလဲ ဆိုတာ
ငါ မြင်ချင်တယ်”
စုယန်ယန်က အပြုံးလေးဖြင့် “ကောင်းပါပြီ”
ဟု ဆိုသည်။
အဘိုးချိန်က တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက်
မေးမြန်းသည်။
“မင်းရဲ့ ဦးငယ်လေးရဲ့ ဆိုင်က ဘာဖြစ်လို့
ရွေးချယ်ခဲ့တာလဲ။ အဘိုး မှတ်မိတာ မမှားရင် မင်းမိဘတွေရဲ့ နာမည်အောက်မှာ ဆိုင်တွေ အများကြီး
ရှိတယ်။ မင်းသာ သူတို့ကို တောင်းရင် သူတို့က မင်းကို ပျော်ပျော်ကြီး ပေးလိုက်လိမ့်မယ်”
“သမီးမိဘတွေရဲ့ နာမည်အောက်မှာ ဆိုင်တွေ
အများကြီး ရှိပေမယ့် အဲ့ဒီ ဆိုင်ခန်းတွေက ဦးလေးချိန်ရဲ့ ဆိုင်လောက် မကောင်းဘူး”
“အဲ့ဒီအကြောင်း တစ်ခုတည်းပဲလား”
စုယန်ယန်က အနည်းငယ် ထိတ်လန့်သွားပြီး စနောက်
လိုက်သည်။
“အဘိုး၊ သမီးရဲ့ စားသောက်ဆိုင်က ဝင်ငွေကောင်းမယ်လို့
အဘိုးထင်လား”
“ဒီလို ထူးခြားပြီး အသုံးဝင်တဲ့ အရာတစ်ခုက
ပိုက်ဆံ မရှာနိုင်ဘူးဆိုရင် တခြား ဘယ်အရာကမှ ဝင်ငွေကောင်းတယ်လို့ ပြောလို့ရနိုင်မလဲ”
“အဲ့တာက ဝင်ငွေကောင်းပြီး ပိုက်ဆံကောင်းကောင်း
ရှာနိုင်တယ်ဆိုတော့ အဲ့ဒီဆုလာဘ်ကို သမီးတို့ မိသားစုထဲပဲ သိမ်းဆည်း ထားသင့်တယ်။ အပြင်လူတွေထက်
ကိုယ့်မိသားစုကို အကျိုးပြုတာက ပိုကောင်းတယ် မဟုတ်လား”
အဘိုးချိန်သည် သူ့ဘာသာသူ ကြီးပြင်း လာတယ်လို့
ဆိုနိုင်သည့် ဒီကလေးမလေးကို ကြည့်ပြီး သူ့နောက်တွင် ပြေးလွှား ဆော့ကစားချင်နေခဲ့သော
ဒီမိန်းကလေးသည် အမှန်တကယ် အရွယ်ရောက် ကြီးပြင်းလာပြီး ဖြစ်ကြောင်း ရုတ်တရက် သိနားလည်
လိုက်သည်။
ချိန်မိသားစုသည် ကျယ်ပြန့်သော အဆက်အသွယ်ရှိပြီး
သူငယ်ချင်း မိတ်ဆွေကောင်း များစွာ ရှိသော ပညာတတ် မိသားစုတစ်ခု ဖြစ်သော်လည်း သူတို့တွင်
ရန်သူများစွာ ရှိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့် အတွင်း သူတို့ကို
သဘောမကျသော လူအချို့သည် သူ အသက်အရွယ် ကြီးရင့်လာတာကို စောင့်ကြည့်နေခဲ့ပြီး ချိန်ကျွင်းဟောက်တွင်
ဆက်ဆံသူ မရှိသည်ကို သတိပြုမိခဲ့ကြသည်။
သူတို့က လူရှေ့သူရှေ့ ဘာမှ မလုပ်ရဲကြပေမယ့်
သူ့နောက်ကွယ်မှာတော့ မိသားစုရဲ့ အစွယ်အပွား တချို့က မိသားစုအတွင်း ငြိမ်းချမ်းရေးကို
ထိခိုက်စေတဲ့ ကိစ္စရပ်များကို ပြုလုပ်ခဲ့ကြသည်။
ချိန်မိသားစုတွင် အဆက်အသွယ်များ ရှိသော်လည်း
ပြဿနာများကို ဖြေရှင်းရာတွင် သူတို့ရဲ့ အဆက်အသွယ်များကို လုံးလုံးလျားလျား အားကိုး၍
မရပေ။ ပိုက်ဆံ လိုအပ်လာသည့် အခါမျိုးမှာ သူရဲကောင်း တစ်ယောက်ကိုတောင် တစ်ပဲနိလောက်
ငွေကြေးဖြင့် သတ်ပစ်နိုင်သည်။
အဘိုးချိန်သည် ဒီမကောင်းသည့် ကိစ္စရပ်များကို
ချိန်ကျွင်းဟောက် မသိအောင် ကောင်းစွာ ဖုံးကွယ်ထားသည်ဟု ထင်ခဲ့ပြီး ချိန်ရှုချင်နှင့်
တခြားလူတွေကပင် ဒီအကြောင်းကို မသိခဲ့ကြပေ။
မမျှော်လင့်ပဲ စုယန်ယန်လို ကလေးမလေး တစ်ယောက်က
ဒါကို သတိပြုမိခဲ့သည်။
ချိန်ကျွင်းဟောက်သည် စုယန်ယန် လက်ဝယ် ပိုင်ဆိုင်ထားသော
တရုတ်ဆေးဖက်ဝင် အပင်တွေရဲ့ တန်ဖိုးကို မသိခဲ့ပေ။ စုယန်ယန်က အပျောက်သက်သက် ဆော့ကစား၍
စားသောက်ဆိုင်ဖွင့်ဖို့ စီစဉ်ထင်တယ်လို့ ချိန်ကျွင်းဟောက်က ထင်မြင်ခဲ့ပြီး အများဆုံးမှ
ပိုက်ဆံ အနည်းငယ်လောက် ဆုံးရှုံးသွားရုံပဲလို့ ထင်ခဲ့သည်။
စုယန်ယန် ပြောတဲ့ အမြတ်ဝေစုနဲ့ ပတ်သက်ပြီး
သူမရဲ့ အကြံပြုချက်ကို ကြားပြီးနောက် စိတ်နွေးထွေး သွားခဲ့သော်လည်း ဒီအကြောင်းကို သိပ်အလေးအနက်
မထားခဲ့ဘူး။
အဘိုးချိန်ကတော့ မတူဘူး။ စုယန်ယန်က စတိုးဆိုင်ကို
တကယ်ဖွင့်ပြီး ရောင်းချမည်ဆိုလျှင် ထိုစားသောက်ဆိုင်မှ ရရှိမည့် အမြတ်ဝေစုက ချိန်ကျွင်းဟောက်
မျှော်လင့်ထားထက် ကျော်လွန် သွားလိမ့်မယ်ဆိုတာ သူ ကောင်းကောင်း သိသည်။
“ယန်ယန် သမီးက လိမ္မာတဲ့ ကလေးလေးပဲ။ သမီး
ဦးလေးချိန်နဲ့ အန်တီချင်တို့က သမီးအပေါ် တစ်သက်လုံး ချစ်မြတ်နိုးခဲ့တာ တကယ် မမှားဘူး”
စုယန်ယန်က ပြုံးရယ်ရင်း “ဦးလေးချိန်နဲ့
အန်တီချင်တို့က သမီးကို ချစ်တယ်ဆိုတော့ အဘိုးကရော သမီးကို မချစ်လို့လား။ ဒီကမ္ဘာပေါ်မှာ
ဘယ်သူက သမီးအပေါ် ကောင်းလဲ ဆိုတာကို သမီး ကောင်းကောင်း သိပါတယ်”
ဒါပေါ့၊ သူမကို ဘယ်သူတွေက စိတ်ရင်းမှန်နဲ့
ဆက်ဆံလဲ ဆိုတာကို ကောင်းကောင်း သိတယ်။
***