အသူရာရဲ့ အိမ်ထောင်ပြုဖို့ တိုက်တွန်းသည့် စစ်မြေပြင်
ထိုအချိန်တွင် စုယန်ယန်သည် တစ်စုံတစ်ဦးက
ဒုက္ခ အကြီးအကျယ် ရောက်နေပြီး သူ့ကို ကယ်တင်ပေးဖို့ရန် သူမကို စောင့်မျှော်နေမှန်း
မသိခဲ့ပေ။
စုယန်ယန်သည် စားသောက်ဆိုင် ဖွင့်လှစ်ရန်
ဆုံးဖြတ်ထားသောကြောင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တွေကို နှောင့်နှေးနေခြင်း မရှိခဲ့ပေ။
ထိုနေ့တွင်ပင် သူမက စားသောက်ဆိုင်ကို ပူးပေါင်း ဖွင့်လှစ်သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်
ချိန်ကျွင်းဟောက်အား ချော့မော့ကာ စည်းရုံးနိုင်ခဲ့ပြီး ပြုပြင်မွမ်းမံသူ အဖွဲ့တစ်ဖွင့်နှင့်
ဆက်သွယ်ကာ နောက်တစ်နေ့မှာပင် နှစ်ရှည်လများ စွန့်ပစ်ထားခဲ့သော ဆိုင်ခန်းအတွက် လိုအပ်သည့်
ပြုပြင်မွမ်းမံသည့် လုပ်ငန်းစဉ်များကို စတင် လုပ်ဆောင်စေခဲ့သည်။
မစ္စတာနှင့် ကျန်လူများသည် စုယန်ယန်က သူမကိုယ်ပိုင်
စားသောက်ဆိုင် ဖွင့်လှစ်ချင်ကြောင်း ကြားသိ လိုက်ရသောအခါတွင် အံ့သြတုန်လှုပ် သွားခဲ့ကြပေမယ့်
သူတို့က စားသောက်ဆိုင် ဖွင့်လှစ်တာက စုယန်ယန်က သူမ၏ ဟင်းချက်လက်ရာကို ပိုမို မြင့်တင်နိုင်ဖို့
အခွင့်ကောင်းတစ်ခု ဖြစ်တယ်လို့ တွေးခဲ့ကြပြီး သူတို့က မကန့်ကွက်ခဲ့ကြပေ။ သူမ စားသောက်ဆိုင်
ဖွင့်လှစ်ပြီးနောက် အလုပ်ပိုများလာကို စိုးရိမ်တာကလွဲလို့ သူမ၏ ဆုံးဖြတ်ချက်ကို အများစုက
ထောက်ခံခဲ့ကြပြီး ငွေကြေးဆိုင်ရာ ပံ့ပိုးပေးရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။
စုယန်ယန်သည် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများကို
လက်မခံခဲ့ပေ။ ဆိုင်ခန်းကို ပြုပြင် မွမ်းမံပြီးနောက် ယုံကြည်စိတ်ချရသော ဝန်ထမ်းတွေ
ခန့်အပ်နိုင်ရန် အတွက်သာ မစ်စတာစုနှင့် ချိန်ကျွင်းဟောက်တို့ကို အကူအညီ တောင်းခဲ့သည်။
ဒါက သူတို့နှစ်ယောက် အတွက် ခက်ခဲသည့် ကိစ္စရပ်
မဟုတ်တာကြောင့် ရမယ်လို့ ချက်ချင်း ပြောခဲ့သည်။
စုယန်ယန်တို့ခေတ် အချိန်အခါတွင် အချို့သော
ယဉ်ကျေးမှု အမွေအနှစ်များ အတော်လေး ဆုတ်ယုတ် သွားခဲ့သော်လည်း သစ်ပင်ပန်းမန်များနှင့်
တိရစ္ဆာန်များသည် အချို့သော ပြောင်းလဲမှုများနှင့် ဆင့်ကဲဖြစ်စဉ်များကို ဖြတ်သန်းခဲ့ရပြီး
အများစုမှာ မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
သို့သော်၊ အချို့သော ကဏ္ဍများတွင် ဝမ်ကျင့်ဖျင်၏
အရင်ဘဝတွင် နေထိုင်ခဲ့ရသည့် အချိန်ကာလထက် ပိုမိုအဆင့်မြင့် လာခဲ့ပြီး နည်းပညာနှင့်
ဗိသုကာ နည်းပညာဟာ အထင်ရှားဆုံး ဖြစ်သည်။
နှစ်ဆယ့်တစ် ရာစုမှာ တာဝန်ပြီးမြောက်ဖို့
လနှင့်ချီကြာမည့် အလုပ်တစ်ခုသည် အထူးပစ္စည်းများ နှင့်အတူ အဆင့်မြင့်ပြီး တိုးတက်လာသည့်
စက်ယန္တရားများ အကူအညီနှင့် အပြီးသတ်ဖို့ အချိန်တစ်ပတ် လောက်သာ လိုသည်။
ထို့အပြင် အသုံးပြုသည့် ပစ္စည်းအများစုသည်
ညစ်ညမ်းခြင်း မရှိ၊ အဆိပ်အတောက် ကင်းစင်ပြီး အခြေခံအားဖြင့် လေဝင်လေထွက် ကောင်းအောင်
အချိန်မယူရပဲ ပြင်ဆင်ပြီးတာနဲ့ ချက်ချင်းပင် ပြောင်းရွှေ့ နေထိုင်နိုင်သည်။
အတွင်းပိုင်း ဒီဇိုင်းသည် အရှုပ်ထွေးဆုံး
ဖြစ်သော်လည်း ကံကောင်း ထောက်မစွာ စနစ်တွင် ကိုးကား အသုံးပြုနိုင်သည့် ဒီဇိုင်း နမူနာများစွာ
ရှိပါသည်။
စုယန်ယန်သည် ထိုဒီဇိုင်းတွေထဲမှ အကောင်းဆုံး
တစ်ခုကို ရွေးချယ်ခဲ့ပြီး ပြန်လည်ပြုပြင် မွမ်းမံရေးအဖွဲ့ထံ အပ်နှံလိုက်သည်။
ပြုပြင်မွမ်းမံပြီး ငါးရက်မြောက်နေ့တွင်
စုယန်ယန်သည် မနက်စောစော အိပ်ရာထပြီး မနက်စာအဖြစ် ဆန်ပြုတ် အချို့နှင့် ပေါက်စီများကို
လုပ်ကျွေးခဲ့သည်။
သူမ ထိုင်ခုံမှာ ဝင်ထိုင်ပြီးသည်နှင့် သူမဦးလေးတို့
စုံတွဲမှာ ရှက်သွေးကြွယ်နေသည့် မျက်နှာများဖြင့် ချစ်ကြည်နူးစွာ တစ်ယောက်လက် တစ်ယောက်ကိုင်ကာ
အချင်းချင်း မှီတွယ်နေရင်း အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ချိန်ရှုချင်နှင့် တခြားသူများမှာ ဒါကို
သတိပြုမိလိုက်ပြီး သူတို့ကို အကျိုးအကြောင်း မမေးမြန်းခင် အချင်းချင်း အကြည့်ဖြင့်
စကားဆိုသည်။
“နင်တို့နှစ်ယောက် ဒီနေ့ ဘာဖြစ်လို့ နောက်ကျနေတာလဲ။
ပြီးခဲ့တဲ့ညက နင်တို့နှစ်ယောက် အနားမယူခဲ့ကြဘူးလား”
“အမေ၊ ဘာအဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောနေတာလဲ။
အန်တီလေးရဲ့ စိတ်ကျေနပ်ပြီး လန်းဆန်း တက်ကြွတဲ့ မျက်နှာလေးကို ကြည့်ပါလား၊ မနေ့ညက အန်ကယ်လေး
ဘယ်လောက် အလုပ်ကြိုးစားခဲ့လဲ ဆိုတာကို ကြည့်လိုက်တာနဲ့ သိသင့်တယ်”
မစ်စတာစုက သူ့သားကြီးကို ခပ်တည်တည် စိုက်ကြည့်
လိုက်သည်။
“မင်းအန်ကယ်လေးကို မင်း မနာလိုဖြစ်မနေနဲ့၊
မင်း အလုပ် ပိုကြိုးစားပြီး မင်းကိုယ်တိုင် တစ်ယောက်လောက် ရှာလိုက်”
စုယုရွှမ်က ချောင်းဟန့်ပြီး သူ့နှာခေါင်းကို
အသာပွတ်ကာ ဝမ်းနည်း ညှိုးငယ်စွာ ပြောလိုက်သည်။
“သမီးရည်းစားဆိုတာက ရှာချင်တဲ့ စိတ်ဆန္ဒရှိတာနဲ့
ချက်ချင်း ရှာတွေ့နိုင်တဲ့ အမျိုး မဟုတ်ဘူး”
ချိန်ရှုချင်က သူမ သားကြီးအား မျက်စောင်းလှမ်းထိုးလိုက်ကာ
ဒေါသတကြီး ပြောလိုက်သည်။ “နင် ကောင်မလေးကို ရှာချင်တိုင်း ရှာမတွေ့ဘူးလို့ ပြောလို့ရပေမယ့်
နင် လုံးဝ မရှာဘူးဆိုရင် နင် သေချာပေါက် ရှာတွေ့မှာ မဟုတ်ဘူး”
စုယုရွှမ် “...” တကယ် မတွေ့နိုင်ဘူးလား။
ပျော်ရွှင်စရာ ကောင်းသည့် မနက်စာ စားချိန်သည်
အသူရာ၏ အိမ်ထောင်ပြုဖို့ တိုက်တွန်းသည့် စစ်မြေပြင် အဖြစ်သို့ ပြောင်းလဲ သွားသည်ကို
မြင်တွေ့ရပြီးနောက် စုယုရွှမ်သည် စုယန်ယန်အား သူ့ကို ဒီအခြေအနေမှ ကယ်တင် ပေးနိုင်မည်ဟု
မျှော်လင့်ကာ အကူအညီ တောင်းသည့် အကြည့်လေးဖြင့် သနားစဖွယ် လှမ်းကြည့်ခဲ့သည်။
စုယန်ယန်က သူ့အကြည့်များအား မြင်ပြီး ရယ်ချင်စိတ်
ထိန်းမရတော့ပေ။ နောက်ဆုံး၌ စုယန်ယန်သည် ချင်ရွှယ်ရူ အတွက် ပဲနီလေး စွပ်ပြုတ်ကို လက်ထဲ
ထည့်မပေးခင်မှာ သူမ အစ်ကိုကြီးက သနားစရာ ကောင်းတယ်လို့ တွေးလိုက်မိသည်။
“စိတ်မပူပါနဲ့၊ အန်တီလေး၊ သမီး အစ်ကိုကြီးနဲ့
ကျန်တဲ့သူတွေ ပြောစကားကို နားထောင်မနေနဲ့။ အန်တီလေးနဲ့ အန်ကယ်လေးတို့က အိမ်ထောင်ပြုပြီးပြီ၊
အိမ်ထောင်သည် စုံတွဲတွေအတွက် လင်မယား ကိစ္စတွေ လုပ်တာ ပုံမှန်ပါပဲ။ သမီးတို့အားလုံး
နားလည်ပါတယ်”
စုယန်ယန် ဘာမှ မပြောလိုက်တာက ပိုကောင်း
ပါလိမ့်မည်၊ သူမ ထိုသို့ ပြောလိုက်သည်နှင့် ချက်ချင်း ချင်ရွယ်ရူ၏ နားရွက်တွေဟာ နီရဲတောက်လာပြီး
သူမ မျက်နှာကို ပန်းကန်လုံးထဲ ထည့်ဖွက်ထားချင်စိတ် ပေါ်သွားခဲ့သည်။
မှန်ပါတယ်၊ သူမ အသက်အရွယ်တွင် သူမသည် အချိန်မတိုင်မီ
သားဥ အကြွေစောခြင်း လက္ခဏာ အချို့ရှိခဲ့ပြီး အသက်ကြီး လာသည်နှင့်အမျှ သူမသည် ပို၍ပို၍
စိုးရိမ်စိတ် ကြီးမားလာကာ အိမ်ထောင်ရေး ဝတ္တရားအပေါ်မှာ တာဝန် မကျေပွန်သည့် ကိစ္စအချို့
ရှိခဲ့သည်။
***