ဒဏ်ရာရသွားသည့် အနုပညာရှင်
စုယန်ယန်သည် ချင်ရွှယ်ရူအတွက် ပြင်ဆင်ပေးထားသည့်
ဆေးဖက်ဝင် ဟင်းလျာများတွင် သားအိမ်ကို ပြန်လည် ကုစားပေးသည့် အာနိသင်များ ပါရှိပြီး
သူမခန္ဓာကိုယ်၏ အချို့နေရာများ အတွက် အာဟာရ ဖြစ်စေသည်။
ထို့အပြင် ချိန်ရှုချင်သည် သူမ သူငယ်ချင်းများနှင့်
စျေးဝယ်ထွက်တိုင်း အပြင် လျှောက်လည်တိုင်း သူမကိုပါ ခေါ်ဆောင် သွားလေ့ရှိသည်။
သူတို့ သွားလာ လှုပ်ရှားစရာတွေ များလာတော့
ဘဝဟာ ပြီးပြည့်စုံ လာခဲ့တယ်။ နေထိုင်မှုဘဝက ပြီးပြည့်စုံ လာသောအခါ ပူပန်စရာများကို
သိပ်မတွေး ဖြစ်တော့သဖြင့် အတွေးအခေါ် များသည်လည်း ပြောင်းလဲ လာခဲ့သည်။
ချင်ရွယ်ရူသည် သူမ ပထမဆုံး ရောက်စဉ်ကထက်
ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုမို တိုးတက် ကောင်းမွန် လာခဲ့သည်။
ချိန်ကျွင်းဟောက်သည်လည်း ဒီအပြောင်းအလဲကို
မြင်တွေ့ခဲ့ရပြီး သူ့စိတ်ထဲတွင် ပီတိ ဖြစ်ခဲ့ရသည်။ သူက ရယ်မောလိုက်ပြီး လူအများ၏ စနောက်
ကျီစယ်နေမှုကို မငြင်းဆန်ခဲ့ပါဘူး။
သူက ချင်ရွယ်ရူ၏ ကွဲပြား ခြားနားချက်ကို
မြင်တွေ့ခဲ့ပြီး ဒီနှစ်ရက်အတွင်းမှာ သူ့ခန္ဓာကိုယ်ကလည်း အပြောင်းအလဲတွေ ရှိနေပုံပေါ်သည်။
တိုတိုပြောရရင် မနေ့ညတုန်းက သူတို့ နှစ်ယောက်လုံး
ငယ်ရွယ်စဉ် အချိန်တုန်းက အမှတ်တရ အချို့ကို ပြန်အမှတ်ရပြီး ချစ်ဇော အဟုန်ထဲ နစ်မြှုပ်ခဲ့ကြသည်။
ပြောရတာ နည်းနည်း ရှက်ဖို့ ကောင်းသော်လည်း
သူတို့က လင်မယားတွေဆိုတော့ ဒီလိုမျိုး လုပ်တာ မှန်ကန်ပြီး ရှက်စရာ မရှိပါပေ။
မိသားစုတွေ မနက်စာ စားရင်း စကားစမြည် ပြောဆို
ရယ်မောပြီးနောက် စုယန်ယန်သည် ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင် ဖွင့်မည့် နေရာသို့ သွားရန်
ပြင်ဆင်ခဲ့သည်။
အိမ်မှ မထွက်ခွာခင် မထင်မှတ်ပဲ ရှားကျွင်းရှန့်ဆီက
ဖုန်းဝင်လာခဲ့သည်။
“ဘာဖြစ်လို့လဲ”
“အစ်ကိုတို့ ကုမ္ပဏီက အမျိုးသမီး အနုပညာရှင်တစ်ဦး
ဒဏ်ရာ ရသွားတယ်၊ အခု သူမကို ဆေးရုံတင် ထားရတယ်”
“ဆေးရုံလား။ ဒဏ်ရာ ရသွားတာလား။ အခြေအနေ
ပြင်းထန်လား” စုယန်ယန် မျက်မှောင်ကြုတ် သွားပြီး အနည်းငယ် စိတ်ပူသွားခဲ့သည်။
သာမန် ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု တစ်ခုသာဆိုလျှင်
ဆေးရုံတက်ဖို့ လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထိုသို့သာဆိုလျှင် ရှားကျွင်းရှန့်က သူမကို
အရေးတကြီး ဖုန်းခေါ်ဆိုမည် မဟုတ်ပေ။
“ဒါက မပြင်းထန်ပါဘူး၊ သူမက အခု ပင်ကို စွမ်းရည်ပြိုင်ပွဲမှာ
ပါဝင်နေတာဖြစ်ပြီး အခု သူမ ဆေးရုံတင်ထားရတဲ့ အတွက်ကြောင့် အဲ့ဒီပြိုင်ပွဲကနေ ထွက်ခဲ့ရတယ်”
“ပင်ကိုစွမ်းရည် ပြိုင်ပွဲလား။ ဝမ်ကျင့်ဖျင်ပါတဲ့
အဲ့ဒီပြိုင်ပွဲကို ပြောတာလား” စုယန်ယန်က တစ်စုံတစ်ခုကို နားလည် သဘောပေါက် သွားပုံရပြီး
“ဒီပြဿနာက ဝမ်ကျင့်ဖျင်နဲ့ ဆက်နွှယ်မှုရှိလား”
“ဟုတ်တယ်”
ရှားကျွင်းရှန့်က တစ်ခဏတာမျှ နှုတ်ဆိတ်
သွားပြီး မတော်တဆ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ တစ်ခုလုံးကို ပြန်ပြောခဲ့သည်။
ဒဏ်ရာ ရရှိသွားသည့် အမျိုးသမီး အနုပညာရှင်
နာမည်မှာ ယိုယွီရှစ်ဖြစ်ပြီး ပင်ကို စွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ရန် တုန်ချမ်းအင်တာတိန်းမန့်မှ
ကိုယ်စားပြု စေလွှတ်လိုက်သည့် အနုပညာရှင် ခုနစ်ဦး အနက်မှ တစ်ဦး ဖြစ်သည်။
သူမသည် ဤခုနစ်ဦးအနက် အရည်အချင်း ပိုရှိသည်ဟု
ယူဆရပြီး သူမ၏ အဆင့်သည် အထက်ပိုင်းတွင် အမြဲရှိနေခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က သူတို့ပြိုင်ပွဲဝင်
အယောက် ခြောက်ဆယ်မှ အယောက်နှစ်ဆယ်သာ ကျန်ရှိသည့်အထိ ယှဉ်ပြိုင်ခဲ့ရပြီး ယိုယွီရှစ်နှင့်
အခြား အနုပညာရှင် နှစ်ဉီးတို့သည် ထိပ်ဆုံးအယောက် နှစ်ဆယ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်။
မူလက သူမနှင့် ရင်းနှီးသော ကုမ္ပဏီတစ်ခုတည်းမှ
အခြား အနုပညာရှင် တစ်ဦးသည်လည်း ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်း ဝင်လိမ့်မည်ဟု ယူဆခဲ့သော်လည်း
အစပိုင်းတွင် ပြိုင်ပွဲမှ နုတ်ထွက်ရန် တွန်းအားပေး ခံခဲ့ရသော ဝမ်ကျင့်ဖျင်က နည်းလမ်း
တစ်ခုခုကို အသုံးပြုကာ ထပ်မံ ဝင်ရောက်လာခဲ့ပြီး ထိုအနုပညာရှင်အား ဖိအားပေးခဲ့သဖြင့်
ဝမ်းနည်းနာကျင်စွာ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။
ယိုယွီရှစ်သည် ဒေါသ အရမ်းထွက်ပြီး ဝမ်ကျင်ဖျင့်ကို
ပြဿနာရှာဖို့ သွားရောက်ခဲ့သည်။ သူမသည် လူတိုင်း ရှေ့မှောက်တွင် ဝမ်ကျင့်ဖျင်အား ‘အရမ်း
အရှက်ကင်းမဲ့ပြီး ဒီမတိုင်ခင် ကတည်းက ပြိုင်ပွဲမှ နုတ်ထွက် သွားသင့်တာကို ဘာဖြစ်လို့
အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြန်လာရတာလဲ’ ဆိုပြီး ဆူပူအော်ဟစ်ခဲ့သည်။
ထို့အပြင် ဝမ်ကျင့်ဖျင်၏ ရုပ်ရည်နှင့် စွမ်းဆောင်ရည်တွေက
ထိပ်ဆုံးအယောက် နှစ်ဆယ်စာရင်းဝင်ဖို့ မထိုက်တန်ပါ။
ယိုယွီရှစ်သည် သူမကို ဒေါသတကြီး ဆူပူအော်ဟစ်
လိုက်ရုံသာ လုပ်ခဲ့ပြီး ထိခိုက် နာကျင်အောင် ဘာမှ မလုပ်ခဲ့ပါချေ။
ဝမ်ကျင့်ဖျင်၏ မျက်လုံးများမှာ နီရဲတက်လာခဲ့ပြီး
အနိုင်ကျင့် ခံနေရသည့် သနားစရာ ကောင်းသော ကြာပန်းဖြူလေး အသွင် ဖြစ်နေခဲ့သည်။
တစ်ဖက်တွင်မူ ဝမ်ကျင့်ဖျင်နှင့် ဆက်ဆံရေး
ကောင်းသော အခြား အမျိုးသမီး အနုပညာရှင် တစ်ဦးက ထိုအဖြစ်အပျက်ကို မြင်ပြီး ဝမ်ကျင့်ဖျင်ဘက်မှ
မခံမရပ် နိုင်သလို ခံစားရပြီး ယိုယွီရှစ်ကို တွန်းထုတ်ရန် ချီတက် လာခဲ့သည်။
ယိုယွီရှစ်သည် မူလကတည်းက ဒေါသ ထွက်နေတာ
ဖြစ်ပြီး သူမ အတွန်း ခံလိုက်ရပြီးနောက် ပေါက်ကွဲသွားကာ ထိုအမျိုးသမီး အနုပညာရှင်နှင့်
ရန်ဖြစ်ခဲ့သည်။
ဒီဖြစ်ရပ်၏ အမြန်နှုန်းသည် အခြားသူများကို
အံ့အားသင့် သွားစေခဲ့သည်။ အစပိုင်းမှာတော့ လူတွေ အနည်းငယ် အံ့အားသင့် နေခဲ့ကြသော်လည်း
နောက်ပိုင်းတွင် သူတို့ကိုပါ အပြစ်ပေးခံရမှာကို စိုးရိမ်သဖြင့် သူမတို့နှစ်ဦးကို ခွဲထုတ်ရန်
အမြန်လုပ်ခဲ့ကြသည်။
တွန်းရင်း တိုက်ရင်းဖြင့် ဝမ်ကျင့်ဖျင်ဘက်မှ
ရပ်တည်ပေးသည့် အမျိုးသမီး အနုပညာရှင်သည် ယိုယွီရှစ်ကို စင်မြင့်ပေါ်မှ မတော်တဆ တွန်းချလိုက်မိသည်။
ယင်းကြောင့် ယိုယွီရှစ်၏ ခြေထောက် ကျိုးသွားခဲ့သည်။
သူမ၏ အသက်အန္တရာယ်ကို မထိခိုက် စေခဲ့သော်လည်း အနည်းဆုံး နှစ်လ၊ သုံးလခန့် အနားယူရန်
လိုအပ်သောကြောင့် ပင်ကို စွမ်းရည်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။
***