အပိုင်း ၂၃၃-၂၃၄
Viewers 20k

Chapter 233


အဖေဖြစ်သူက သူ့ကို အပြင်ခေါ်သွားပေးမည်ဟု ကတ်ိပေးခဲ့သော်လည်း တစ်ပတ်လုံးအချိန်ပိုဆင်းကာထိုကတိကို အထမမြောက်‌စေခဲ့ကြောင်း ၊


 တစ်ခါက ကျန်းမင်ယွမ်သည် စာမေးပွဲတစ်ခု၌ အမှတ်မကောင်းရာ ကုမင်လီကိုမပြောရဲသဖြင့် ဖခင်ဖြစ်သူအား မိဘဆရာစုဝေးပွဲသို့ ကိုယ်စားတက်ရောက်ပေးရန် ဂျီကျခဲ့ရကြောင်း


၊ အဖေကျန်းသည် ကျန်းမင်ယွမ်အား သူ၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များထံ ခေါ်သွားလေ့ရှိပြီးချီးကျူးစကားများကြားရသောအခါ ကာယကံရှင်ထက် ပိုပျော်နေတတ်ကြောင်း အစရှိသည့်အကြောင်းအရာများကို ကျန်းမင်ယွမ်က ပြောပြနေလေသည်။


ချန်းဟွမ်နှင့်ရှင်းရှင်းတို့သည် ကျန်းမင်ယွမ်၏စကားများမှတစ်ဆင့် အဖေကျန်း၏ပုံစံကိုမြင်ယောင်လာကြ၏။


ကျန်းမင်ယွမ်ဘက်မှ ချစ်ခင်လေးစားသလောက်ပင်


အဖေကျန်းသည်လည်း သားဖြစ်သူအား စိတ်ရှည်ရှည်ဖြင့် ဆုံးမသွန်သင်ခဲ့လေသည်။


 "အဘိုးက အရမ်းတော်တာပဲ... ဖေဖေ အဘိုးက သားကိုသဘောကျလောက်လားဟင် " 


ရှင်းရှင်းက ကျန်းမင်ယွမ်၏စကားများကို နားထောင်အပြီးတွင် မှတ်ချက်ပြု‌လျက် မေးမြန်းလိုက်၏။


 


ထိုအခါ ကျန်းမင်ယွမ်က ရှင်းရှင်း၏ခေါင်းကို ပွတ်သပ်ပြီး


ပြန်ဖြေလေသည်။


 “သူသဘောကျမှာ သေချာပါတယ်” 


 "အဘိုးက သားနဲ့ကစားမှာလား"


 "ဒါပေါ့ "


 "ဒါဆို အဘိုးက အခုဘယ်မှာလဲ ... ဘာလို့ မတွေ့ရသေးတာလဲ "  


ရှင်းရှင်း၏မျက်လုံးများက ရုတ်တရက်တောက်ပသွားပြီး ကလေးလေးက အလွန်စိတ်ပါဝင်စားနေပုံရသည်။


 "မနက်ဖြန်တွေ့ကြမယ်လေ"


 “ဟုတ်ကဲ့ပါ....ဒါဆို မနက်ဖြန် မျက်လုံးဖွင့်ဖွင့်ချင်းတွေ့ရမှာလား ”  


 "မဟုတ်ဘူး...နေ့လည်ကျမှ အဘိုးဆီ သွားကြမယ် "


 "အဘိုးက ဘာလို့မလာတာလဲ...အပျင်းကြီးလိုက်တာ "  


 “ဟုတ်ပါ့ဗျာ... အပျင်းကြီးချက်ပဲ”  


ကျန်းမင်ယွမ်က သားဖြစ်သူ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး ဝင်ထောက်ခံနေသည်။


ထို့နောက် ကျန်းမင်ယွမ်က ကလေးလေးအား ပွေ့ချီပြီးမတ်တပ်ထရပ်လိုက်လေ၏။


 


“နောက်ကျနေပြီ...ရေချိုးပြီး အိပ်ရာဝင်ဖို့ အချိန်တန်ပြီ"


 "အင်း...." 


အနီးအနားရှိချန်းဟွမ်က ကျန်းမင်ယွမ်၏စကားကို


ပြန်ဖြေလိုက်သည်။


သူမသည်ကျန်းမင်ယွမ်နှင့်အတူ အပေါ်ထပ်သို့လိုက်သွားပြီးနောက် လမ်းခွဲလိုက်ကာ သက်ဆိုင်ရာအခန်းသို့ အသီးသီးပြန်ခဲ့ကြသည်။


ကျန်းမင်ယွမ် ရှင်းရှင်းအား ရေချိုးပေးနေ‌ရင်း သူပါတစ်ခါတည်း ရေဝင်ချိုးလိုက်၏။


ကျန်းမင်ယွမ်သည် သားဖြစ်သူ၏ဆံပင်ကို အခြောက်ခံပေးပြီးနောက် ချန်းဟွမ်၏အခန်းတံခါးကို လာခေါက်တော့သည်။


 ချန်းဟွမ်သည်ရေချိုးပြီးနောက် skincare လုပ်နေချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရ၏။


သူမသည် မျက်နှာတွင် maskကပ်ထားလျက်အနေအထားဖြင့် အခန်းတံခါးကိုဖွင့်လိုက်လေသည်။


 "ဘာဖြစ်လို့လဲ "  


 ချန်းဟွမ် maskကပ်ထားသည်ကို မြင်လိုက်ရသော ကျန်းမင်ယွမ်၏မျက်နှာပေးက အေးခဲသွားတော့၏။


 "ဂွတ်နိုက် မပြောရသေးလို့...."  


ကျန်းမင်ယွမ်က ပြောပြောဆိုဆိုဖြင့် ချန်းဟွမ်၏maskကိုနှုတ်ခမ်းအထက်အထိ ဆွဲလှန်သည်။


ထို့နောက် ချန်းဟွမ်အား ခပ်ဖွဖွတစ်ချက်နမ်းလေ၏။


ကျန်းမင်ယွမ်က သူ့နှုတ်ခမ်းပေါ်သို့ ကပ်ပါလာသော ခပ်ပျစ်ပျစ်အရည်အချို့ကို လျှာဖြင့်သပ်လိုက်သည်။ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ချန်းဟွမ်အားပြောလေ၏။


  “ ဒါဆို ဂွတ်နိုက်နော် ”


ချန်းဟွမ် ကျန်းမင်ယွမ်၏ ဆက်တိုက်လုပ်ဆောင်မှုများကြောင့် အံ့အားသင့်နေပြီး ကျန်းမင်ယွမ်က serumများကို လျှာဖြင့်သပ်လိုက်သည်ကို တွေ့လိုက်ရ၏။


 "အဲ့ဒါက စားလို့မရဘူးလေ.... "  


ချန်းဟွမ်သည် ဤအချိန်၌ မည်သည့်စကားပြောရမှန်းပင်မသိတော့ချေ။သူမသည် ကျန်းမင်ယွမ်အား အခန်းထဲဆွဲခေါ်ကာ ရေတစ်ခွပ် အမြန်ခပ်ပေးလေသည်။


  "မြန်မြန်ပလုတ်ကျင်းလိုက်..."


 ကျန်းမင်ယွမ်က ချန်းဟွမ်ကမ်း‌ပေးသောရေခွက်ကို လှမ်းယူလိုက်၏။


 “ပလုတ်ကျင်းလိုက်...ကျွန်မ မျက်နှာသွားသစ်ဦးမယ်" 


 ချန်းဟွမ်သည် ကျန်းမင်ယွမ်အား ရေခွက်ပေးပြီးနောက် ရေချိုးခန်းဆီသို့ပြေးသွားခဲ့သည်။ maskကပ်ချိန်မှာ အချိန်ပြည့်နေပြီဖြစ်၍ ကြာကြာထားမရချေ။


ချန်းဟွမ် ဆေးကြောပြီး ရေချိုးခန်းထဲမှ ထွက်လာချိန်၌ ကျန်းမင်ယွမ်က အခန်းထဲတွင် ရှိနေဆဲပင်ဖြစ်သည်။


 ချန်းဟွမ်က ထိုအရာကို သိပ်တွေးမနေပေ။ သူမမှန်တင်ခုံဆီသို့ လျှောက်သွားပြီး skincare ဆက်လိမ်းနေသည်။သို့သော် လိမ်းနေဆဲတစ်ဝက်တစ်ပျက်တွင်


ကျန်းမင်ယွမ်က အနောက်မှရောက်လာပြီး သူမ၏ခါးကိုသိမ်းကြုံးဖက်လေသည်။


ကျန်းမင်ယွမ်က သူမကိုမှီထားပြီး ခေါင်းငုံ့၏။ထို့နောက်


နားရွက်ဖျားတစ်ဖက်ကို ပါးစပ်ဖြင့်ငုံလာသည်။


ချန်းဟွမ်သည် နားရွက်နှင့်ပတ်သတ်လျှင် ထိရှလွယ်ပြီး


ချက်ချင်းပင် တုန်တက်သွားတော့၏။


သူမက အံ့အားသင့်စွာဖြင့်  ထိုလူကို တွန်းထုတ်လိုက်သည်။


 "ရှင်ဘာလုပ်နေတာလဲ"


ကျန်းမင်ယွမ်က ချန်းဟွမ်၏နားရွက်ကို လွှတ်ပေးလိုက်ပြီး သူမ၏မျက်နှာချင်းဆိုင်သို့ သွားရပ်လေ၏။ထို့နောက် ချန်းဟွမ်၏နှုတ်ခမ်းများကို သဲသဲမဲမဲစိုက်ကြည့်လျက် ပူလောင်သောအနမ်းကို စတင်လေသည်။


ကျန်းမင်ယွမ်သည် ချန်းဟွမ်အား အချိန်အတော်ကြာ အလွတ်မပေးခဲ့ပေ။


ထို့နောက်တွင် ကျန်းမင်ယွမ်သည် နီမြန်းပြီး အနည်းငယ်ဖောင်းနေသော ချန်းဟွမ်၏နှုတ်ခမ်းများကို ကြည့်သည်။ သူ၏အသက်ရှူသံသည် လေးလံလာပြီး မျက်ဝန်းထဲရှိ အလိုရမ္မက်များက နက်ရှိုင်းလာတော့သည်။


ကျန်းမင်ယွမ်က ချန်းဟွမ်၏ပုခုံးပေါ်ခေါင်းမှီပြီး စိတ်ထိန်းလေ၏။


 " Good night kissနော်... အဲ့အရှေ့ကဟာမပါဘူး”


ကျန်းမင်ယွမ်က ချန်းဟွမ်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရာမှ အမြန်လွှတ်လိုက်သည်။


သူ၏အကြည့်က အန္တရာယ်များလွန်း၏။


  “ကိုယ်ပြန်တော့မယ် ... အိပ်မက်လှလှမက်ပါစေ "


 အခန်းထဲတွင် ချန်းဟွမ်တစ်ယောက်တည်း မင်သေလျက် ကျန်နေခဲ့သည်။ထို့နောက်သူမသည် အိပ်ရာပေါ် သို့ တွားသွားလိုက်ပြီး စောင်ပုံထဲ၌ ကတုန်ကယင်ဖြစ်နေရှာ၏။


ချန်းဟွမ် ကျန်းမင်ယွမ်၏အပြုအမူကို ပြန်ပြန်တွေးပြီး အံကိုတင်းတင်းကြိတ်ကာ တစ်ယောက်တည်း ကမ္ဘာပျက်နေရသည်။


" အိပ်မက်လှလှမက်ပါစေ " ‌ဟူသောစကားက 


သူ့အကြောင်းအိပ်မက်မက်ပါဟု ရည်ရွယ်ချက်ရှိရှိပြောခြင်းသာဖြစ်ရမည်။


Xxxxxx


Chapter 234


အိပ်မက်မဲ့သောညဖြစ်ခဲ့လေသည်။


 ချန်းဟွမ် နောက်တစ်နေ့နံနက်စောစောတွင် အိပ်ရာမှထကာ နှစ်သစ်ကူးညစာအတွက် ပြင်ဆင်နေတော့သည်။


သူမ မနေ့က ခေါက်ဆွဲပြုတ်ခဲ့ချိန်တွင် လတ်ဆတ်သော အသားများနှင့် ဟင်းသီးဟင်းရွက်များစွာကို တွေ့ခဲ့၏။


ထိုအခါ တစ်စုံတစ်ယောက်ထံမှ မှာယူထားခြင်းဖြစ်ကြောင်းကို ကျန်းမင်ယွမ်က ပြောပြခဲ့သည်။


ချန်းဟွမ်က များများစားစားဆက်မမေးတော့သော်လည်း ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အရည်အသွေးကောင်း‌မွန်ကြောင်း တပ်အပ်သိနိုင်လေသည်။


ပြင်ဆင်မှုလုပ်ငန်းသည် အရှုပ်ထွေးဆုံးဖြစ်သည်။ 


ချန်းဟွမ် မုန့်နှစ်ကို စတင်ပြင်ဆင်လိုက်ပြီး အမဲသားကို ရေအေးထဲ စိမ်လိုက်သည်။ သူမအအေးခံထားသော သိုးသားအတုံးများကို ဆွဲထုတ်လိုက်ပြီး ဝက်ဗိုက်သားကိုလည်း ပါးပါးလှီးထားသေး၏။


 အမဲသားပြုတ်ထားချိန်တွင် ဂျုံမုန့်နှစ်က အဆင်သင့်ဖြစ်လုဆဲဆဲပင်။


ချန်းဟွမ်က ပြင်ဆင်ထားသောမုန်လာချဉ်အချို့ကို  မြည်းကြည့်လေသည်။ချိုမြိန်ပြီး ကြွပ်ကြွပ်ရွရွရှိလှ၏။


 သူမ ၎င်းတို့ထဲမှအချို့ကို ဇလုံအတွင်းထည့်ကာ ကြက်ဥပန်ကိတ်နှစ်လုံးကို ပြုလုပ်ခဲ့သည်။ 


သားအဖနှစ်ယောက် အောက်ထပ်သို့ဆင်းလာသောအခါတွင် ချန်းဟွမ်က ပန်ကိတ်များကို ထုတ်လိုက်၏။


မီးဖိုချောင်ထဲရောက်လာသည်နှင့်တစ်ပြိုင်နက် ရှင်းရှင်းက အနံ့ခံတော့သည်။ မီးဖိုချောင်တွင်းရှိ အသားများအားလုံး အစိမ်းဖြစ်နေသေးသည်ကို တွေ့ရှိသွားသောအခါ ကလေးလေးက အလွန်စိတ်ပျက်သွားသည်။


 “ မေမေ...သား အသားလိုချင်တယ်” 


ရှင်းရှင်းက နှုတ်ခမ်းထော်ပြီးပြောလေ၏။


ချန်းဟွမ်က ရှင်းရှင်း၏ခေါင်းကို ခပ်သာသာ ပုတ်လိုက်သည်။ 


"အသားက ညစာအတွက်..."


 " နေ့လည်စာကရော ဘာလဲဟင် "


 "ခေါက်ဆွဲနဲ့ကြက်မွှကြော်..."


 "အသားမပါဘူးလားဟင်"


 “ကြက်မွှကြော်က အသားပဲ‌လေ”


 "အဲ့လိုလား..."  


ရှင်းရှင်းသည် အဖြေကိုသိပ်၍အားမရသော်လည်း


သူလုပ်နိုင်သောအရာမရှိပေ။


 "ကြက်ပေါင်လည်း ရနိုင်မလားဟင်"


 ချန်းဟွမ်သည် မပြီးမပြတ်နိုင်ဖြစ်နေသောရှင်းရှင်းအား စားပွဲ၌ဝင်ထိုင်လိုက်စေပြီး ပန်ကိတ်ပန်းကန်ကို လှမ်းယူလိုက်သည်။


ထို့နောက် ပန်ကိတ်တစ်ပိုင်းကို ရှင်းရှင်း၏ပါးစပ်ထဲသို့ ခွံ့ကျွေး၏။


  "စကားများတာရပ်ပြီး မနက်စာစားမယ်"


 “အိုး...”  


ရှင်းရှင်းသည် ပန်ကိတ်အဖျားကို လက်ဖြင့်ထိုးသွင်းလိုက်ပြီး ဝါးလျက် မျိုချလိုက်သည်။


ထို့နောက် ‌ကလေးလေးက မှတ်ချက်ပြုလာလေ၏။


   "မေမေ...ပန်ကိတ်က အရမ်းစားကောင်းတယ် "


 ***


မနက်စာစားပြီးနောက်တွင် ကျန်းမင်ယွမ်က


ပန်းကန်ဆေးလေသည်။


ထိုအချိန်တွင် ချန်းဟွမ်က ကြက်သားချက်နေခဲ့၏။ယင်းတို့သည် ရွာကြက်များဖြစ်ကြ၍ အဆီမပါဘဲ အသားကကျစ်လစ်နေပြီး ဟင်းချက်ရန်အတွက် ပြီးပြည့်စုံပေ၏။


ကြက်သားချက်နေစဉ်တွင် သိုးသားတုံးကိုအသင့်မပြင်ရသေးပေ။ချန်းဟွမ်က ၎င်းကို ထပ်ခါတလဲလဲ ကြည့်နေရာမှ နောက်ဆုံးတွင် ကျန်းမင်ယွမ်အား အပိုင်းပိုင်းဖြတ်ရန် တာဝန်ပေးလိုက်လေသည်။


ကျန်းမင်ယွမ်သည် အားသန်သောကြောင့် သိုးသားလှီးဖြတ်ခြင်းက သူ့အတွက် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။ 


သို့သော်လည်း ကျန်းမင်ယွမ်၏ဓားကိုင်စွမ်းရည်က နိမ့်ပါးလွန်းသဖြင့် လှီးထားသောအသားတုံးများက မညီမညာဖြစ်နေပေသည်။


 သူတို့သုံးယောက်စာသာဖြစ်၍ ချန်းဟွမ်က ထိုအရာအား ရေးကြီးခွင်ကျယ်လုပ်မနေပေ။


သူမသည် ကျန်ရှိ‌သောအရာများကို စတင်လိုက်လေသည်။


 အကူတစ်ယောက်ရှိလင့်သည်ဖြစ်ကစား လုပ်စရာများက တောင်လိုပုံနေသေး၏။


ချန်းဟွမ် ခေါင်းဖြတ်ခံထားရသော ကြက်တစ်ကောင်ကဲ့သို့ ဟိုပြေးဒီလွှားဖြစ်နေရှာသည်။


ကြက်သားဟင်းချက်ပြီးသွားသောအခါ ချန်းဟွမ်က ၎င်းကို ပန်းကန်လုံးသုံးလုံးထဲသို့ မျှထည့်လိုက်၏။


ထို့နောက်  မိသားစုသုံးယောက်သား သုဿန်သို့ သွားခဲ့ကြသည်။အဖေကျန်းကို တောင်ပေါ်တွင် သင်္ဂြိုဟ်ခဲ့ကြခြင်းဖြစ်၏။


တောင်ကိုပတ်၍ဖောက်လုပ်ထားသည့်

အများပ်ိုင်သင်္ချိုင်းဆီသို့သွားသော လမ်းမတစ်ခု ရှိသည်။


ထိုလမ်းက သိပ်မကျယ်သကဲ့သို့ လမ်းဘေးတွင်လည်း ကားများက ရပ်ထားသေးသည်။ထို့ကြောင့်ကျန်းမင်ယွမ်တို့က ကားရပ်ထားခဲ့ပြီး လမ်းလျှောက်သွားခဲ့ကြလေသည်။


 သင်္ချိုင်းအနီးတွင် ပန်းဆိုင်တစ်ခုရှိပြီး ထိုဆိုင်မှ ပန်းများသည် အလွန်ကြည့်ကောင်းသော်လည်းဈေးကြီးသည်။ ကျန်းမင်ယွမ်က ပန်းစည်းသုံးစည်းဝယ်လိုက်ပြီး တစ်ယောက်တစ်ခုစီကိုင်ကာ သုသာန်ဆီသို့ ဦးတည်လာခဲ့ကြသည်။


သုသာန်သည် အလွန်ကျယ်ဝန်းပြီး တောင်ကို အမှီပြု၍


တည်ဆောက်ထားခြင်းဖြစ်ပေ၏။လမ်းသည်


နိမ့်ရာမှ မြင့်လာပြီး ၂မီတာခန့်ကျယ်လေသည်။


လမ်းတစ်ဖက်တစ်ချက်၌ ထင်းရူးပင်များကို စိုက်ထားပြီး


ပတ်ဝန်းကျင်အား မျက်စိပဒါဿဖြစ်စေ၏။


 နှစ်သစ်ကူးအကြိုနေ့ဖြစ်၍ သုသာန်သို့လာရောက်လည်ပတ်သူ အများအပြားရှိခဲ့ပြီး အများစုက ကျန်းမင်ယွမ်အား အလာလမ်း၌ နှုတ်ဆက်ကြလေသည်။ ကျန်းမင်ယွမ်သည် ဤမြို့ငယ်ကလေး၌ လူသိများပြီး ခဏခဏ ပြန်မလာသော်လည်း လူအများစုက သူနှင့်ရင်းနှီးကျွမ်းဝင်လိုကြပေသည်။


ကျန်းမင်ယွမ်က ပိုလည်းမပိုလျော့လည်းမလျော့သော အနေအထားမျိုးဖြင့် အားလုံးကို ပြန်နှုတ်ဆက်လေ၏။


တစ်ယောက်ချင်းစီအား စကားများများစားစားမပြောခဲ့သော်လည်း နှုတ်ဆက်နေရသောလူအရေအတွက်က များလွန်းသောကြောင့် နာရီဝက်ခန့်ကြာမှသာ အဖေကျန်း၏အုတ်ဂူဆီသို့ ရောက်သွားခဲ့သည်။


အဖေကျန်း၏အုတ်ဂူသည် သုသာန်၏အနောက်ဘက်တွင် တည်ရှိသည်။


ဤနေရာသည် သုသာန်ရှိအခြားနေရာများထက် ပို၍ကြည့်ပျော်ရှုပျော်ဖြစ်ပြီး အုတ်ဂူများကြားရှိ အကွာအဝေးသည်လည်း ရှည်လျားပေ၏။


Xxxxxx