အပိုင်း ၂၀၈
Viewers 890

အခန်း (၂၀၈)

ဘယ်လိုဖြေရှင်းတာမျိုး နင်လိုချင်လဲ

 

စုယန်ယန် ခဏတာမျှ ရယ်မောပြီးနောက် သူမသည် ပြောလက်စ အကြောင်းအရာဆီသို့ အာရုံပြန်ရစေရန် ချောင်းခပ်ဖွဖွ ဆိုးလိုက်သည်။

 

“ငါ မင်းကို အပြစ်တင်ဖို့ မဟုတ်ပါဘူး၊ မင်းက စိတ်မြန်လက်မြန် ရှိလွန်းတယ်လို့ ငါထင်တယ်”

 

ဘေးနားမှာ ရပ်နေပြီး လျစ်လျူရှုထားသော ယိုကျင်းယွီက ဒီစကားကို ကြားလိုက်ရချိန်တွင် မမျှော်လင့်ပဲ စုယန်ယန်၏ စကားကို ထောက်ခံခဲ့သည်။

 

“သူမပြောတာ မှန်တယ်။ နင်က စိတ်မြန်လက်မြန် ရှိလွန်းတယ်။ နင် ဒီလိုမလုပ်ခင် ဖြစ်လာမယ့် အကျိုးဆက်တွေကို နင် မစဉ်းစား ကြည့်ခဲ့တာကြောင့် နင် အခုလို ဒုက္ခရောက်တာပဲ”

 

“ဒါဆိုရင် ငါက သူတို့တွေ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး တခြားသူတွေကို အနိုင်ကျင့်နေတာကို ရပ်ကြည့် နေရမှာလား”

 

“နင် စည်းမျဉ်းစည်းကမ်းတွေ အကြောင်းကို လူကြီးတွေနဲ့ ဆွေးနွေးချင်လား။ သေချာတာပေါ့၊ နင် အရွယ် မရောက်သေးဘူး”

 

ယိုယွီရှစ်သည် သူမ အစ်မဖြစ်သူကို ပြောတာကို ကြားလိုက် ရသောအခါတွင် သူမမျက်နှာတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။

 

“နင့်ရဲ့ မူလရည်ရွယ်ချက်က ကောင်းပေမယ့် နင့်နည်းလမ်းက မှားယွင်းနေတယ်။ ဝမ်ကျင့်ဖျင်ကို အစီအစဉ်ထဲ ပြန်လည် ထည့်သွင်းဖို့ ပရိုဂရမ် အဖွဲ့သားတွေက စီစဉ်ခဲ့တယ်။ လူတော်တော် များများရှေ့မှာ နင်က ပြဿနာ ရှာခဲ့တော့ ပရိုဂရမ် အဖွဲ့သားတွေရဲ့ မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားတယ်။ တကယ်လို့ နင် ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။ ဒါမှမဟုတ် နင်က ဒုတိယယို့ သခင်မလေးဆိုတဲ့ အထောက်အထားသာ မရှိခဲ့ရင်၊ နင့်ရဲ့ ဖျော်ဖြေရေးနယ်ပယ်က အသက် မွေးဝမ်းကြောင်းက အခုချက်ချင်း ပျက်စီး သွားနိုင်တယ်”

 

ယိုယွီရှစ်၏ မျက်နှာဟာ မည်းမှောင် သွားသည်။ သူမသည် သူမ၏ အထောက်အထားကို ဖုံးကွယ်ထားပြီး အခြားသူများ နည်းတူ စုယန်ယန်၏ အင်တာတိန်းမန့် ကုမ္ပဏီသို့ အောက်ခြေမှစ၍ ဝင်ရောက် လာခဲ့တာက သူမ လက်ရှိနေရာသို့ ရောက်ရှိနေတာက သူမက ဒုတိယယို့ သခင်မလေး ဖြစ်တာကြောင့် မဟုတ်ပဲ သူမ၏ အရည်အချင်းကြောင့် ရောက်ရှိနေတာ ဖြစ်ကြောင်း သိစေချင်လို့ပင်။

 

ဒီအထောက်အထားသာ မရှိရင် သူမဟာ ဘာမှ မဟုတ်သလို ဘာမှလည်း မရှိဘူး။

 

စုယန်ယန်၏ စကားလုံးများသည် အကြွင်းမဲ့ မှန်ကန်နေတာကြောင့် သူမ ဒါကို ငြင်းဆန်ဖို့ နည်းလမ်းမရှိပေ။

 

လွန်ခဲ့သည့် လအနည်းငယ်က သူမသည် သူမ၏ အသက်မွေးဝမ်းကြောင်း အလုပ်အတွက် ယုံကြည်မှု အပြည့်ဖြင့် အိမ်မှ ထွက်လာခဲ့တာကို ပြန်ပြောင်း သတိရမိသည်။ သို့သော် ယခု သူမ ဆေးရုံတက်နေရပြီး သူမ အစ်မဖြစ်သူကို ထိတ်လန့်တကြား ဖြစ်စေခဲ့သည်။ ယိုယွီရှစ်သည် ဒါကို တွေးမိတော့ မျက်နှာပူပြီး ရှက်သွားခဲ့သည်။

 

“တကယ်လို့ မင်း ဒေါသထွက်တယ်ဆိုရင် နောက်မှ မင်း သူတို့နဲ့ သီးသန့် စာရင်းရှင်းလို့ ရတယ်”

 

“နောက်မှ သူတို့နဲ့ သီးသန့်ရှင်းလို့ ရတာလား”

 

“သူတို့က စည်းမျဉ်း စည်းကမ်းကို အလေးအနက် မထားတာကြောင့် နင် သူတို့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာကြောင့် သူတို့ကို ဒုက္ခရောက်အောင် လုပ်နိုင်တယ်။ ဝမ်ကျင့်ဖျင် ဒီလောက် အရေထူနေတာ နာမည်ကျော်ကြား ချင်တာကြောင့် မဟုတ်ဘူးလား။ မင်း သူမကို နာမည်ပိုကြီးအောင် လုပ်နိုင်တယ်လေ”

 

ယိုယွီရှစ်က ကြက်သေ သေသွားသည်။

 

“နင် ဆိုလိုတာက...”

 

“အရာရာတိုင်းမှာ သူ့အမြင် ကိုယ့်အမြင် ဆိုတာ ရှိတယ်၊ အောက်ခြေလိုင်းကို ထိဖို့ ပေးရတဲ့တန်ဖိုးက အမြဲတမ်း ရှိတယ်”

 

ယိုကျင်းယွီသည် သူမမျက်လုံးကို ကျဉ်းမြောင်းလိုက်ရင်း ကြားဝင်ပြောသည်။

 

“တကယ်လို့ ငါ့ညီမမှာ နင့်လိုဦးနှောက် ရှိတယ်ဆိုရင်၊ ငါ သူမကို ဒီလောက် စိတ်ပူနေစရာ မလိုဘူး။”

 

ယိုယွီရှစ် “...” ငါ ဒီနေရာမှာ ရှိနေသေးတယ်၊ ဟုတ်ပြီလား။ နင်က ငါ့အစ်မမှ ဟုတ်ရဲ့လား။

 

“ကစားသမားတွေက ဘေးမှာ ရပ်ကြည့်နေတဲ့ သူတွေလောက် ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ငါလည်း သူမလို ကြုံတွေ့ခဲ့ရရင် ငါလည်း သူမထပ်ပိုပြီး တည်ငြိမ်နေနိုင်မှာ မဟုတ်ဘူး”

 

စုယန်ယန်က ယိုယွီရှစ်ဖက်သို့ လှည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။

 

“အခုတော့ ဒီလိုမျိုး ဖြစ်သွားခဲ့တယ်ဆိုတော့ နင် ဘယ်လို ဖြေရှင်းချင်လဲ”

 

“ငါလား”

 

“အင်း၊ နင်ပေါ့”

 

ယိုယွီရှစ်သည် စုယန်ယန်က သူမကို ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း မေးလာလိမ့်မည်ဟု တစ်ခါ မတွေးခဲ့ဖူးဘူး။ သူမ ဆေးရုံတက်ရတော့ သူမ တစ်ကိုယ်လုံး ဒေါသအပြည့် ထွက်နေခဲ့သည်။ သူမသည် ပရိုဂရမ် အဖွဲ့သားတွေနှင့် သူမကို ဆေးရုံတက်ရအောင် လုပ်ခဲ့သည့် သူတို့ကို ဒေါသထွက်ခဲ့သော်လည်း ဝမ်ကျင့်ဖျင်ကို ပိုပြီးတော့ ဒေါသထွက်ခဲ့သည်။

 

သူမ ဒေါသထွက်နေဆဲ ဖြစ်ပေမယ့် အရင်ကထက်စာရင် အတော်လေး တည်ငြိမ် သွားခဲ့သည်။

 

“ငါ စစ်မုန့်ယွီနဲ့ ဝမ်ကျင့်ဖျင်ကို ဒီအစီအစဉ်က နုတ်ထွက် စေချင်တယ်၊ ပြီးတော့ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် အစီအစဉ်ကနေ တောင်းပန်စကား ပြောတာ လိုချင်တယ်”

 

“မင်း တောင်းဆိုတာ များလွန်းတယ်။ စစ်မုန့်ယွီက မင်းကို ထိခိုက်ဒဏ်ရာ ရစေတာကြောင့် အစီအစဉ်ကနေ နုတ်ထွက်ဖို့ လုပ်နိုင်တယ်၊ ဒါပေမယ့် ဝမ်ကျင့်ဖျင်ကတော့...”

 

“သူမ ဘယ်နည်းနဲ့မှ ဒီအစီအစဉ်မှာ ဆက်မရှိသင့်ဘူး”

 

“ဟုတ်ပါတယ်၊ သူမ ဆက်မရှိသင့်ဘူး၊ ဒါပေမယ့် အစီအစဉ်ရှိုးက သူမကို ဆက်နေခိုင်းခဲ့တယ်။ တိတိကျကျ ပြောရရင် ဒီမတော်တဆမှု အတွက် မင်း သူမကို အပြစ်မတင်နိုင်ဘူး”

 

ယိုယွီရှစ်က ဒါကို ကြားလိုက်တာနဲ့ သူမ မျက်နှာဟာ ဒယ်အိုးဖင်လို မည်းမှောင်နေသည်။ စုယန်ယန်က အမှန်အတိုင်း ပြောနေမှန်းကို သူမ သိသော်လည်း ထိုအကြောင်းအရာကို သူမ စိတ်ကျေနပ်ခြင်း မရှိပေ။

 

သူမ အရင်က လုပ်ခဲ့သည့် အရာတွေက အသုံးမဝင်မှန်း ရုတ်တရက် သူမ နားလည် သဘောပေါက် သွားသည်။

 

ယိုကျင်းယွီက ဒါကို မြင်လိုက်သည်နှင့် သူမမျက်နှာဟာ အနည်းငယ် မည်းမှောင်သွားသည်။

 

“နင် သူ့ကို အစီအစဉ်ရှိုးက ထုတ်ပယ်လို့ မရဘူးလား။ ဒါက အစီအစဉ် သေးသေးလေး တစ်ခုပဲ။ ဘာကြောင့် ဒီလောက် ဒုက္ခများ နေရတာလဲ”

 

စုယန်ယန်၏ နှုတ်ခမ်း ထောင့်စွန်းလေးတွေက အနည်းငယ် ကွေးညွှတ်သွားကာ စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။

 

“ယွီရှစ်က သူမရဲ့ အထူး အခွင့်အရေးတွေကို အသုံးပြုရမှာ မကြိုက်ဘူး၊ ဒါ့ကြောင့် ဒီအကြံပြုချက်ကို သူမ မကြိုက်မှာ ငါ ကြောက်တယ်”

***