သေခြင်းတရားကို ပြေးလွှားရှာဖွေခြင်း
ဆေးရုံမှ ထွက်လာသောအခါ ရှားကျွင်းရှန့်သည်
စုယန်ယန်အား မမေးပဲ မနေနိုင်တော့ပေ။
“သူတို့ ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့
ညီမလေး တကယ်ထင်လား”
“အစ်ကို တစ်စုံတစ်ဦးကို အသုံးပြုရင် သူတို့ကို
သံသယ မဝင်နဲ့။ တကယ်လို့ အစ်ကို တစ်စုံတစ်ဦးကို သံသယ ရှိတယ်ဆိုရင် သူတို့ကို အသုံးမပြုနဲ့။
ယိုယွီရှစ် တစ်ယောက်တည်းဆို မဖြစ်နိုင်ဘူး၊ ဒါပေမယ့် သူ့အစ်မက အားကောင်းတဲ့ လူမျိုးပဲ၊
ဝမ်ကျင့်ဖျင်က ယိုကျင်းယွီထံကနေ ဘယ်အရာကိုမှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ ခဏစောင့်ကြည့်လိုက်၊
သူတို့က ညီမတို့ မျှော်မှန်း ထားတာထက်တောင် ပိုကောင်းအောင် လုပ်နိုင်လိမ့်မယ်။ သူမအနားမှာသာရှိရင်
ယိုယွီရှစ်ကို ဒုက္ခရောက်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး”
စုယန်ယန်သည် ထိုသို့ ပြောပြီးသည်နှင့် သူမ
မျက်လုံးများကို မှိတ်လိုက်သည်။ အခု သူမ စဉ်းစားမိသည်မှာ ဝမ်ကျင့်ဖျင် ဆေးရုံကို ရောက်သွားသည်မှာ
တိုက်ဆိုင်မှု တစ်ခုပင်။
ဒီနေ့ အခြေအနေအပေါ် အခြေခံ၍ စဉ်းစားကြည့်မယ်ဆိုရင်
သူမက ယိုကျင်းယွီ မရောက်ခင် ယိုယွီရှစ်ထံ ရောက်သွားတာ ဖြစ်မည်။ ဒီလိုမှ မဟုတ်လျှင်
သူမမှာ ဒီလိုလူအုပ်ကြီးကို ဇာတ်ကွက်တစ်ခု ဖန်တီးဖို့ ဆေးရုံဝန်းထဲ ဆွဲခေါ်လာနိုင်မှာ
မဟုတ်ဘူး။
ဒီလိုမျိုး တွေးရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။
ယိုကျင်းယွီက ညီမဖြစ်သူ ဆေးရုံတက်ရတယ်လို့ သတင်းတောင် မရသေးဘူး၊ ဒါပေမယ့် ဝမ်ကျင့်ဖျင်ကတော့
သတင်းထောက်အုပ်ကြီးကို ဦးဆောင်ပြီး ဆေးရုံသို့ တောင်းပန်ဖို့ ရောက်လာခဲ့သည်။ ဘယ်လိုပဲကြည့်ကြည့်
ဒါက သူမ ကြိုတင်ပြင်ဆင် ထားပုံရသည်။
ကံမကောင်းစွာပင် သူမသည် သက်သေ အထောက်အထားများကို
ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည့်အပြင် သူမတို့ အသံသွင်း စတူဒီယိုမှာ ဖြစ်ပျက်ခဲ့သည့်
သတင်း အကုန်လုံး ယိုကျင်းယွီ၏ နားထဲသို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။
သူတို့က ဆေးရုံရောက်နေပြီ။ ဝမ်ကျင့်ဖျင်
ပြဿနာ မရှာတာ ပိုကောင်းပါလိမ့်မည်၊ ဒါပေမယ့် သူမသာ ပြဿနာ ရှာဝံ့ရင် သူမ ဘယ်လို သေသွားမလဲတောင်
သိနိုင်မှာ မဟုတ်ဘူး။
တကယ်တော့ စုယန်ယန် ခန့်မှန်းထားသည့် အတိုင်း
ဝမ်ကျင့်ဖျင်က အရင်လိုပဲ ရွေးချယ်ခဲ့သည်။ ယိုယွီရှဏ် ဆေးရုံတက်ရတယ် ဆိုကတည်းက သူမက
ဟောက်ရှောက်ဖုန်းကို ချက်ချင်း ဆက်သွယ်ပြီး ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းတစ်ခုလုံးကို
ပြောပြခဲ့သည်။
အရာအားလုံးဟာ သူမကြောင့်ပဲလို့ ဆိုကာ ယိုယွီရှစ်၏
အေဂျင်စီနှင့် ပရိုဂရမ်အဖွဲ့က စစ်မုန့်ယွီကို အပြစ်ပေးမှာကို စိုးရိမ်နေပြီး အဲ့ဒီကိစ္စမှာ
သူမ ပါဝင်ပတ်သက် သွားမှာကို စိုးရိမ်နေမိသည်။
စစ်မုန့်ယွီသည် မုန်တိုင်း အလယ်တွင် ရှိနေခဲ့ပြီး
ယိုယွီရှစ်ကို ဆေးရုံသို့ သတင်းမေး သွားရောက်ရန် အဆင်မပြေခဲ့ပေ။ ထို့ကြောင့် သူမသည်
စစ်မုန့်ယွီအစား ယိုယွီရှစ်ထံ လူနာသတင်းမေး သွားရောက် လည်ပတ်ပြီး စစ်မုန့်ယွီအတွက်
ယိုယွီရှစ်ထံမှ ခွင့်လွှတ်မှုကို တောင်းခံလိုခဲ့သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ယိုယွီရှစ်က
သူမ သွားရောက် တောင်းပန်ပါက သူမကိုယ်သူမ အရှက်ရစေမှာကိုလည်း စိုးရိမ်နေခဲ့သည်။
ဟောက်ရှောက်ဖုန်းက သူမ၏ စကားကို ကြားသော
အခါတွင် သူမ၏ ကြင်နာမှုကြောင့် စိတ်လှုပ်ရှားသွားပြီး သူမ ဒုက္ခရောက်မှာကို စိုးရိမ်ပူပန်မိသည်။
ပထမတော့ သူက သူမကို ကာကွယ်ပေးဖို့ သက်တော်စောင့်တွေ စေလွှတ် ပေးချင်သော်လည်း ဝမ်ကျင့်ဖျင်က
ငြင်းပယ်ခဲ့သည်။
အကြောင်းပြချက်ကတော့ သူမ အဲ့ဒီကို သွားမှာ
တောင်းပန်ဖို့ ဖြစ်ပြီး ရန်ဖြစ်ဖို့ မဟုတ်ပေ။ သက်တော်စောင့်များကို ခေါ်ဆောင်သွားသည်မှာ
မသင့်တော်ပေ။
ဟောက်ရှောက်ဖုန်းက ဒါကို စဉ်းစားပြီး သဘောတူလိုက်သည်။
သူမနှင့် အတူ လိုက်ပါသွားရန် သတင်းထောက်များကို စုစည်းဖို့ စိတ်ကူးရမိသည်။
“သူမ ဒီကို ရောက်လာပြီလား” စုယန်ယန် ပြန်သွားပြီး
တစ်နာရီလောက် အကြာတွင် ယိုကျင်းယွီသည် သက်တော်စောင့်များထံမှ သတင်းပေးပို့ခြင်းကို
လက်ခံရရှိခဲ့သည်။
“သူမ အောက်ထပ်မှာ သတင်းထောက် အုပ်စုကြီးနဲ့အတူ
ရောက်နေပြီ။ အကြီးဆုံး သခင်မလေး၊ ကျွန်တော်တို့ သူမကို ဝင်ခွင့်ပြု လိုက်ရမလား”
“သတင်းထောက်တွေလား...” ယန်ကျင်းယွီရဲ့ မျက်ဝန်းထဲတွင်
အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသည်။
“သူမမှာ ဦးနှောက်ရှိသားပဲ၊ ဒါပေမယ့် သနားစရာ
ကောင်းတာက သူတို့က ဒါကို လမ်းကြောင်းမှန်ပေါ်မှာ အသုံးမချခဲ့ဘူး”
ယိုယွီရှစ်က ခဏလောက် ကြက်သေ သေသွားသည်။
“အစ်မ၊ လူတိုင်းမှာ ဦးနှောက်ရှိပြီး ငါ့မှာပဲ
ဦးနှောက်မရှိဘူးလို့ နင် ထင်နေတာလား”
ယန်ကျင်းယွီက သူမကို အထင်သေးသည့် အကြည့်ဖြင့်
ကြည့်ကာ နှလုံးသားကင်းမဲ့သည့် အပြုအမူဖြင့် စကားဆိုလိုက်သည်။
“အဲ့တာ အမှန်တရားပဲလေ။’
ယိုယွီရှစ် ဒေါသတကြီး ဖြစ်သွားသည်။
“နင် မတိုင်ခင်ကလည်း ငါ့ဘော့စ်က ဉာဏ်ကောင်းတယ်လို့
ပြောတယ်၊ အခုလည်း နင်က ဝမ်ကျင့်ဖျင်ကို ငါ့ထက် ဉာဏ်ပိုကောင်းတယ်လို့ ဆိုပြန်တယ်၊ နင်...”
ယိုယွီရှစ်၏ ပြောစကား မဆုံးသေးခင် ယွင်လောင်ရှန်းက
မေးလိုက်သည်။
“သူမက ဘာဖြစ်လို့ ဒီကို သတင်းထောက်တွေ ခေါ်လာတာလဲ။
သူမက ပြဿနာ လာရှာတာလား”
“ကြည့်ပါလား၊ ဒီကောင်မလေးတောင် နင့်ထက်
ဉာဏ်ပိုကောင်းတယ်”
“သူမက ပြဿနာ ရှာချင်နေတာပဲ။ ဒီအချိန်မှာ
ပြဿနာရှာဖို့ သူမက လာရဲသေးတယ်လား။ သူမဦးနှောက်မှာ ပြဿနာ ရှိနေတာလား”
“ဦးနှောက် မရှိတဲ့သူက နင်တစ်ဦးတည်းပဲ။ တကယ်လို့
နင်သာ ဉာဏ်ကောင်းတယ်ဆိုရင် လူမြင်ကွင်းမှာ တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်ပြီး အခုလို ဆေးရုံတက်နေရမှာ
မဟုတ်ဘူး။ တကယ်လို့ ငါသာ ဒီနေရာမှာ ရှိမနေဘူး၊ ငါတို့ အသာစီးရနိုင်မယ့် စောင့်ကြည့်
ဗီဒီယိုမှတ်တမ်းသာ နင့်ဘော့စ်က မပေးထားဘူးဆိုရင် နင် အသုံးချခံရရင်တောင် နင် ဘာမှပြန်လုပ်နိုင်မှာ
မဟုတ်ဘူး။ နင်က နင့်သင်္ချိုင်းကို နင်ကိုယ်တိုင် တူးမိသလိုပဲ ဖြစ်သွားလိမ့်မယ်”
***