အပိုင်း ၂၁၂
Viewers 1k

အခန်း (၂၁၂)

 သူမက ငါ့ကို အသုံးချခဲ့တာပဲ

 

ယိုယွီရှစ်က သီးသန့် ဆေးရုံခန်းတွင် တက်ရောက်နေတာဖြစ်ပြီး အကောင်းဆုံး ဇိမ်ခံ လူနာခန်းထဲမှာ တစ်ခုဖြစ်သည်။ သီးသန့် ရေချိုးခန်း ရှိရုံတင်မကပဲ အခန်းထဲမှာ အဝတ်အစားလဲဖို့ အခန်းငယ်လေး တစ်ခုပါ ပါရှိသည်။

 

ဝမ်ကျင့်ဖျင် အခန်းထဲကို ဝင်လာလာချင်း ကတည်းက သူမရဲ့ အာရုံစူးစိုက်မှုတွေကို ယိုယွီရှစ်တို့ ညီအစ်မ နှစ်ယောက်ထံမှာပဲ လုံးလုံးလျားလျား အာရုံစိုက် ထားခဲ့သည်။ သူမသည် ပုန်းအောင်းနေသူ ရှိမလားလို့ အခန်းငယ်လေးဘက်သို့ ငဲ့စောင်း မကြည့်ခဲ့မိဘူး။

 

ရလဒ်က ထင်ရှားပါတယ်။ နောက်ကွယ်မှာ ပုန်းအောင်းနေသည့်သူ တစ်ယောက် ရှိရုံသာမက အဲ့ဒီလူကလည်း သူမနှင့် အလွန် ရင်းနှီးနေသော သူတစ်ယောက်ပါ။

 

ဝမ်ကျင့်ဖျင်ဟာ ဒီနေရာမှာ ရှိမနေသင့်သူကို မြင်တွေ့လိုက် ရသောအခါ ကြက်သေ သေသွားခဲ့သည်။

 

“မုန့်ယွီ၊ နင်... နင် ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ”

 

“ငါက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ၊ ဟုတ်လား။ တကယ်လို့ ငါသာ ဒီကို ရောက်မနေခဲ့ဘူး ဆိုရင် ငါ့နောက်ကွယ်၊ တခြားသူတွေရှေ့မှာ နင် ဘာတွေ ပြောနေလဲ ဆိုတာကို ငါ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

 

စစ်မုန့်ယွီက ရဲရဲနီနေသော မျက်လုံးများဖြင့် သူမ‌ရှေ့က လူကို ကြည့်လိုက်မိသည်။ သူမ အရမ်းမျက်စိကန်းနေတာကို အခုမှ သိလိုက်ရသည့်အတွက် သူမကိုယ်သူမ မုန်းတီးမိသည်။

 

လွန်ခဲ့သည့် တစ်နာရီခန့်က၊ စစ်မု့န်ယွီသည် သူမမန်နေဂျာထံမှ ရုတ်တရတ် ဖုန်းဝင်လာခဲ့ပြီး သူမအား ဆေးရုံမှ တစ်စုံတစ်ယောက်က လိုက်ရှာနေကြောင်း ပြောကြားခဲ့သည်။

 

စစ်မုန့်ယွီသည် ယိုယွီရှစ်မှ သူမကို ခက်ခဲစေမည့် အရာများကို ပြုလုပ်မည်မှန်း သူမ သိသည်။ သူမသည် ကြောက်ရွံ့ ထိတ်လန့် မိသော်လည်း သူမ၏ အမှားကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို လက်ခံဖို့ ခံနိုင်ရည် ရှိရပေမည်။

 

သူမသည် အံတင်းတင်း ကြိတ်ပြီး ဆေးရုံသို့ တစ်ယောက်တည်း လာခဲ့သည်။

 

မမျှော်လင့်ပဲ၊ သူမ ရောက်လာပြီးနောက်၊ ယိုယွီရှစ်တို့ တစ်တွေက သူမကို ပြစ်တင်ပြောဆိုခြင်း မရှိခဲ့ကြပေ။ အဲ့ဒီအစား သူမကို “နင် မနေ့ညက ငါ့ကို စင်ပေါ်ကနေ တကယ် တွန်းချခဲ့တာလား”

 

စစ်မုန့်ယွီက ထိုစကားကို ကြားလိုက်ရသောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုဟာ သူမကို တမင်တကာ အရှက်ရစေလိုခြင်းကြောင့်ဟု ထင်ခဲ့သည်။

 

တွန်းခံရတယ်လို့ ပြောသော်လည်း ဘယ်သူက တွန်းလိုက်မှန်းကို မပြောနိုင်ဘူးဆိုလျှင် ဒါဟာ သူမ၏ တာဝန်ကနေ ‌ရှောင်ဖယ်ချင်သည့် သူမ၏ အကြောင်းပြချက် တစ်ခုဟု ထင်ကြမည်လော။

 

စစ်မုန့်ယွီ၏ နှလုံးသားမှာ တုန်လှုပ် ချောက်ချားနေပြီး အစပိုင်းတွင် သူမ ဘာမှ မပြောပဲ ‌ခေါင်းငုံ့ပြီး ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။

 

နောက်ဆုံး၌ သူမသည် မေးခွန်းကြောင့် အရမ်း စိတ်အနှောင့်အယှက် ဖြစ်သွားကာ တစ်ယောက်ယောက်က သူမကို အနောက်ကနေ တွန်းထုတ် လိုက်ကြောင်းကို သူတို့ ပြောလိုက်မိသည်။

 

သူမသည် လှောင်ပြောင်ခံရဖို့ အဆင်သင့် ဖြစ်နေသော်လည်း သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မေးသည်၊

 

“ဒါဆိုရင် နင့်ကို ဘယ်သူ တွန်းထုတ်လိုက်လဲ ဆိုတာကိုရော နင်သိလား”

 

စစ်မုန့်ယွီ မချင့်မရဲ ဖြစ်သွားမိသည်။ တကယ်လို့ သူမသာ သိနေခဲ့လျှင် အခုအချိန်မှာ အရမ်း ဝမ်းနည်းပူဆွေးပြီး စိတ်ထိခိုက် နေရပါ့မလား”

 

“ငါ မသိဘူး”

 

“ကောင်းတယ်၊ ငါတို့ကတော့ နင့်ကို တွန်းထုတ်လိုက်တဲ့ သူကို သိတယ်”

 

စစ်မုန့်ယွီက ဒါကို ကြားလိုက်ရသောအခါ သူမ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး မယုံနိုင်စွာ မေးမြန်းခဲ့သည်၊

 

“ငါ့ကို တွန်းထုတ်လိုက်တဲ့ လူကို သိတာလား။ သူမက ဒါကို ရည်ရွယ်ပြီး လုပ်ခဲ့တာလား။ သူမက ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ။ သူမက ဘယ်သူလဲ”

 

“သူမ ဘယ်သူလဲ ဆိုတာ ငါတို့ ပြောပြရင်တောင် နင် ငါတို့ကို ယုံမှာ မဟုတ်ဘူး။ နင်ကိုယ်တိုင် မြင်တာက ပိုကောင်းလိမ့်မယ်”

 

ထို့ကြောင့် စစ်မုန့်ယွီသည် မနေ့ညက အခင်းဖြစ်ပွားရာ နေရာရှိ ဗီဒီယိုကို ကြည့်ရှုခဲ့ရပြီး မယုံနိုင်ဖွယ် ကောင်းသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

 

“ဘယ်လိုလုပ်ပြီး သူမ ဖြစ်နေရတာလဲ။ ဘယ်လိုလုပ်ပြီး သူမ ဖြစ်နေရတာလဲ။ နင်တို့တွေ အမှားတစ်ခု လုပ်မိတာများ...”

 

စစ်မုန့်ယွီ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူမ ကာကွယ်ပေးနေသော သူက အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကို ဆိုတာ သူမ မယုံနိုင်။

 

“ဒီဗီဒီယိုကို ပရိုဂရမ် အဖွဲ့ဆီကနေ ရဖို့ ငါတို့ အများကြီး ကြိုးစားခဲ့ရတယ်။ ငါတို့လက်ထဲမှာ ရှိတဲ့ ဗီဒီယိုနှစ်ခုလုံးကို ပြန်လည် တည်းဖြတ်တာ မလုပ်ထားဘူး။ တကယ်လို့ နင် ငါတို့ကို မယုံဘူးဆိုရင် နင် တခြားသူတွေကို ပြလို့ ရတယ်”

 

စစ်မုန့်ယွီ၏ မျက်လုံးများက ချက်ချင်း နီရဲသွားခဲ့သည်။

 

 “ဘာဖြစ်လို့ သူမက ဒီလို လုပ်ရတာလဲ။ ဘာဖြစ်လို့လဲ”

 

“ဘာဖြစ်လို့လဲ ဆိုတော့ သူမ ဒီအစီအစဉ်မှာ ဆက်နေချင်လို့လေ”

 

 ယိုယွီရှစ်က သူမ နှလုံးသားထဲက နောက်ဆုံး ကြိုးမျှင်လေးကို အကြင်နာတရား ကင်းမဲ့စွာ ဖြတ်တောက် လိုက်သည်။

 

“သူမ ဒီအစီအစဉ်မှာ ပါဝင်တယ် ဆိုကတည်းက သူမက ငါတို့ရဲ့ ပြိုင်ဖက် ဖြစ်ပြီးသားပဲ။ သူမက ငါတို့ကို အနိုင်မယူနိုင်တာကြောင့် သူမက ငါတို့ကို အနိုင်ယူနိုင်ဖို့ ထုံးစံအတိုင်း လှည့်ကွက် အချို့ကို အသုံးပြုရလိမ့်မယ်။ လူတစ်ယောက် လျော့သွားတာက ပြိုင်ဖက်တစ်ယောက် လျော့သွားတယ်လို့ ဆိုလိုတာပဲ၊ ဒါဆိုရင် သူမ အနိုင်ယူဖို့ အခွင့်အလမ်း ပိုမြင့်မားလိမ့်မယ်။ ဝမ်ကျင့်ဖျင်က အပေါ်ယံမှာ မြင်နေရသလို သူမက အပြစ်ကင်းစင်ပြီး အားနည်းတယ်လို့ နင် တကယ် ထင်နေတာလား။ သူမက နင့်ကို လှည့်စားပြီး နင့်ကို အသုံးချနေတာပဲ”

***