အပိုင်း ၂၂၂
Viewers 1k

အခန်း (၂၂၂)

 

တင်ဆက်သူကို သွားကြည့်ဖို့ အဖွဲ့တစ်ခု ဖွဲ့မယ်

 

စုယန်ယန် တစ်ယောက်တည်း ဆွံ့အသွားတာ မဟုတ်ပေ။ သူမ‌နောက်မှ ဝန်ထမ်း အသစ်များလည်း ဤမြင်ကွင်းကို တွေ့ပြီး ထပ်တူထပ်မျှ ဆွံ့အ သွားခဲ့ကြသည်။

 

ဒါက ဘယ်လို တိုက်ရိုက် ထုတ်လွှင့်မှုမျိုးလဲ။ ဘာ့ကြောင့် သူမကို အကူအညီ တောင်းနေသူတွေ အများကြီး ရှိနေတာလဲ။

 

“ကူညီပါ ဟုတ်လား။ အသက်ကို ကယ်တင် ပေးရမှာလား။ ဘယ်သူ့ အသက်ကို ကယ်တင်ပေးရမှာလဲ”

 

[ဆံပင်ကျွတ်ဂိုဏ်းဝင် ကျွန်တော်တို့ကို ကယ်တင်ပေးဖို့ တင်ဆက်သူကို တောင်းပန်ပါတယ်။]

 

[ဝေဒနာ ခံစားနေရတဲ့ ဆံပင်ကျွတ် ဂိုဏ်းဝင်တွေက တင်ဆက်သူ ကျွန်တော်တို့ကို မျက်နှာသာ ထပ်ပေးဖို့ တောင်းပန်ပါတယ်။]

 

[အိပ်မပျော်သည့်ပါတီက ဒုတိယမှာ လိုက်နေပါတယ်။]

 

[တင်ဆက်သူရေ၊ ဒီကို ကြည့်ပေးပါဦး။ ကျွန်မလည်း ကလေးယူဖို့ ကြိုးစားနေပါတယ်။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ရဲ့ ရင်သွေးလေး တစ်ယောက်လောက် ကျွန်မ တကယ်ပဲ လိုချင်နေလို့ပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပေးပါဦး...]

 

[…]

 

စုယန်ယန်သည် ဖန်သားပြင်ကို ကြည့်ရှုရင်း တုန်လှုပ်သွားခဲ့သည်။ သူမ မျက်တောင်ခတ်ပြီး မေးလိုက်မိသည်၊

 

“ဘာဖြစ်နေကြတာလဲ။ ကျွန်မ ရှင်တို့ ဒီလောက် စိုးရိမ်ကြောင့်ကြ ဖြစ်နေတာမျိုး တစ်ခါမှ မကြုံဖူးဘူး”

 

[အရင်က၊ မင်း ပျောက်သွားတာ အချိန်အကြာကြီးပဲ မဟုတ်ဘူးလား။ တင်ဆက်သူ၊ နင်က ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ငါတို့အတွက် တိုက်ရိုက် ထုတ်လွှင့်ဖို့ အချိန်ပေးခဲ့တဲ့ လုံ့လဝီရိယ ကောင်းတဲ့ ချစ်စရာ‌လေး မဟုတ်တော့ဘူး။ ရိုးရိုးသားသားပြောရရင်၊ နင် ဒီအတောအတွင်း ဘယ်ပျောက် သွားတာလဲ။ နင့်ကို တစ်ယောက်ယောက်ကများ ပြန်ပေးဆွဲ သွားတာလား။]

 

[ဒါကို မေးစရာ လိုသေးလို့လား။ တင်ဆက်သူရဲ့ ခင်ပွန်းက သူမကို ပြန်ပေးဆွဲတာ ဖြစ်လိမ့်မယ်၊ ဟီးဟီးဟီး...]

 

စုယန်ယန်ဟာ ခပ်ဖွဖွပြုံးရင်း သက်ပြင်း ချလိုက်သည်။

 

“တကယ် မဟုတ်ပါဘူး။ ငါ အခုတလော အရမ်း အလုပ်များ နေလို့ပါ”

 

[ငါတို့ နားလည်ပါတယ်၊ ငါတို့ နားလည်ပါတယ်။ နင်တို့နှစ်ယောက် အချိန်အတူဖြုန်းရင်း အလုပ်များနေတာ မဟုတ်လား၊ ဟီးဟီးဟီး...]

 

စုယန်ယန် တစ်ယောက် ပြောစရာစကား ပျောက်ရှသွားသည်။ အခုအချိန်မှာ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်တွေ့ဖို့ အခွင့်အရေးလေးတောင် မရှိဘူး။ သူမတို့ နှစ်ယောက် အတူတကွ ဘယ်လိုလုပ်ပြီး အချိန်ဖြုန်း နိုင်မှာတဲ့လဲ။

 

ကံကောင်း ထောက်မစွာဖြင့်၊ ကြည့်ရှုသများမှာ သူမ၏ နောက်က ထုတ်လွှင့် တင်ဆက်မှု နောက်ခံ ပြောင်းလဲနေသည်ကို မကြာခင်မှာပင် သတိပြုမိ သွားခဲ့ကြသည်။

 

[တင်ဆက်သူက တခြားမိသားစုရဲ့ မီးဖိုချောင်မှာ ရှိနေတာလား။ အရင်ကနဲ့ ဘာဖြစ်လို့ မတူရတာလဲ။]

 

[ဒါက နည်းနည်းတော့ ကွာခြားနေပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲ့တာတွေကို ငါ သေသေချာချာ အတည်ပြုပြီးနောက် ငါတို့ တတ်နိုင်တဲ့ အပြင်အဆင်မျိုး မဟုတ်တာကတော့ ပြောင်းလဲ မသွားပါဘူး။]

 

[တင်ဆက်သူက အရင်ကလည်း သူ့မှာ ငွေကြေး မပြတ်လပ်ဘူးလို့ ပြောထားခဲ့ပါတယ်။ သူက တရုတ်ဆေးဖက်ဝင် အပင်တွေကို လူသိများလာပြီး စိတ်ဝင်စားလာစေရုံ သက်သက် တိုက်ရိုက် ထုတ်လွှင့်မှု စတင်ခဲ့တာ ဖြစ်လိမ့်မယ်။]

 

စုယန်ယန်က လူတိုင်း၏ အာရုံစူးစိုက်မှုက တခြားကို ပြောင်းသွားတာကို မြင်လိုက်ရသော အခါဝယ် စုယန်ယန်က လူတိုင်း၏ အာရုံစိုက်မှုကို ပြန်ရဖို့ အသာ ချောင်းဟန့် လိုက်သည်။

 

“ဒါက မကြာသေးခင်က ကျွန်မ တိုက်ရိုက် ထုတ်လွှင့်မှု မလုပ်ဖြစ်ရတဲ့ အကြောင်းရင်းပါပဲ”

 

စုယန်ယန်က ပစ္စည်းများကို ကောက်ယူနေရင်း ပြောပြခဲ့သည်။ စုယန်ယန်သည် ကင်မရာက သူမနှင့် သူမ ပတ်ဝန်းကျင်ရှိ လူများကို ကင်မရာတွင် မရိုက်ကူးမိကြောင်း သေချာအောင် စစ်ဆေးပြီးနောက် မီးဖိုချောင် အတွင်းရှိ အသေးစိတ် အချက်အလက်များကို ဖမ်းယူနိုင်ရန် ကင်မရာကို သေချာ ချိန်ညှိခဲ့သည်။

 

“ဒါက ကျွန်မရဲ့ စားသောက်ဆိုင် အသစ်က မီးဖိုချောင်ပါ။ ဒီစားသောက်ဆိုင်ကို မကြာသေးခင်က ပြန်လည် ပြုပြင်ခဲ့ပြီး ဒီနေ့ ကျွန်မ ဒါကို ပထမဆုံးအကြိမ် အသုံးပြုမှာပါ”

 

စုယန်ယန်၏ စကားလုံးများက မရပ်မနား ရေးသားနေသော မှတ်ချက်တွေကို ရပ်တန့် သွားစေသည်။

 

[စားသောက်ဆိုင် အသစ်လား။ အဲ့တာက ငါထင်နေတဲ့ ဟာလား။ တင်ဆက်သူက အပြင်ဘက်မှာ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်တော့မှာလား။ အဲ့တာဆို တင်ဆက်သူရဲ့ ဆေးဖက်ဝင် ဟင်းလျာတွေကို တကယ့် လက်တွေ့ဘဝမှာ စားသုံးနိုင်ပြီး ကံစမ်းမဲပေါက်ဖို့ စောင့်ဆိုင်းစရာ မလိုတော့ဘူးလို့ ပြောချင်တာလား။]

 

[တကယ်လား၊ တကယ်လား၊ မင်း ဘယ်မှာ ဖွင့်မှာလဲ။ အား... အဲ့ဒီမှာ ငါ့ခေါင်းပြောင်နေတာ အတွက် ကုသပေးနိုင်တော့ပေါ့။]

 

[ဒါဆို ငါ့ရဲ့ ဓမ္မတာလာချိန် နာကျင် ကိုက်ခဲမှုကနေ လွတ်မြောက် နိုင်ပြီပေါ့။]

 

[ပြီးတော့ ငါ့ရဲ့ အိပ်မပျော်တဲ့ ရောဂါဝေဒနာလေး...]

 

[ငါ့ရဲ့...]

 

[တင်ဆက်သူ စားသောက်ဆိုင်ဖွင့်တာက အဓိက အချက် မဟုတ်သေးဘူး၊ ငါတို့ အဲ့ဒီစားသောက်ဆိုင်ကို သွားရင် တင်ဆက်သူကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ပြီမလား။]

 

[အထက်က မှတ်ချက် ပေးသူက တကယ် ဉာဏ်ကောင်းတာပဲ။ ဒီဆေးဖက်ဝင် ဟင်းလျာတွေအတွက် မဟုတ်ရင်တောင်မှာ တင်ဆက်သူကို ကြည့်ဖို့ စားသောက်ဆိုင်ကို သွားချင်တယ်။ ငါ သွားချင်တယ်၊ ငါ သွားချင်တယ်။]

 

[မှန်တယ်၊ မှန်တယ်။ ငါလည်း တင်ဆက်သူကို တွေ့ချင်တယ်။ တင်ဆက်သူရဲ့ လက်တွေက အရမ်းလှသလို အသံလေးကလည်း အလွန် သာယာတယ်။ သူမက အပြင်လက်တွေ့ ဘဝမှာလည်း အလှလေးပဲ ဖြစ်ရမယ်။ လာကြဟေ့၊ ငါတို့ တင်ဆက်သူကို သွားရှာဖို့ အသင်းတစ်ခု ဖွဲ့ကြမယ်၊ ငါတို့အတူ သွားကြရအောင်။]

 

[အသင်း +1]

 

[အသင်း +2]

 

[…]

 

ဝမ်းသာအားရ မှတ်ချက်တွေက ပြည့်နှက် နေသော်လည်း စုယန်ယန်က ဒါကို ကြည့်ကာ စိတ်မကောင်းစွာ ခေါင်းခါလိုက်သည်။

 

ဒီလူတွေ အရမ်းကို နုံအနေတုန်းပဲ။ စားသောက်ဆိုင်ကို အပြေးအလွှား လာရောက်ရင်တောင် သူမ၏မျက်နှာကို မြင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

***