အပိုင်း ၂၂၄
Viewers 1k

အခန်း (၂၂၄)

 

 အကျိုးခံစားခွင့်တွေက သေလောက်တယ်

 

ဒီစည်းမျဉ်းသည် အလွန် ကတ်သီးကတ်ဖဲ့ နိုင်သည်ဟု ဆိုနိုင်ပေသည်။ သာမန် စားသောက်ဆိုင် တစ်ခုခုက ဒီလို စည်းမျဉ်းမျိုးကို ထုတ်ပြန်ထားရင် ဒီစည်းမျဉ်း တစ်ခုတည်းက စားသုံးသူ ၇၀-၈၀ ရာခိုင်နှုန်းခန့်ကို လျော့ကျသွားစေဖို့ လုံလောက်ပါသည်။

 

သို့ရာတွင် ဤတိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာတော့ ဒီအကြောင်းအရာကြောင့် စက္ကန့် အနည်းငယ်ခန့် ဗလာ ဖြစ်သွားသော်လည်း ပရိသတ်တွေက မျှော်လင့်ထားသည့် အတိုင်း ဒီစည်းမျဉ်းကို ငြင်းပယ်ခြင်း မရှိပေ။

 

[ငါသိပါတယ်၊ ငါသိပါတယ်။ အရင်ကလည်း တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့် နေချိန်မှာ ဆေးဖက်ဝင် ဟင်းလျာက အစားအစာကဲ့သို့ အရသာရှိပြီး စားသုံးနိုင်သော်လည်း ဒါက ဆေးဝါးဖြစ်ကြောင်းကို ထပ်ခါတလဲလဲ အလေးပေး ပြောကြား ပေးခဲ့တယ်။ အစားအစာကို ကြိုက်တာကို ကြိုက်သလို စားနိုင်ပေမယ့် ဆေးဝါးကိုတော့ ထင်သလို စားလို့ မရဘူး။ တင်ဆက်သူမှာလည်း ငါတို့အတွက် တာဝန်ခံဖို့ ကိစ္စတွေ ရှိလာလိမ့်မယ်။]

 

[ဟီးဟီးဟီးဟီး... ငါကတော့ တင်ဆက်သူကို ယုံတယ်။ အရင်က တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ခဲ့တဲ့ အစားအသောက်တွေက အရမ်း အရသာရှိတယ်။ ငါ အားလုံးကို ကြိုက်နှစ်သက်တယ်။ သူတို့ထဲက ဘယ်ဟင်းလျာကိုပဲ စားရပါစေ ငါ နှလုံးသားထဲက ယုံယုံကြည်ကြည်နဲ့ စားလိုက်မိမှာပဲ။ ငါက ပြုစုပျိုးထောင်ရ လွယ်ကူပါတယ်။]

 

[အဲ့တာနဲ့ ယှဉ်ရင်၊ တင်ဆက်သူရဲ့ စတိုးဆိုင်သစ်မှာ ဆေးဖက်ဝင်တဲ့ ဟင်းလျာက တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ပြသတဲ့ အရာတွေ မဟုတ်မှာပဲ ပိုစိုးရိမ်မိတယ်။ ဆေးဆိုင်နှင့် ပတ်သက်ပြီးတော့ တင်ဆက်သူက နောင်အနာဂတ်မှာ ဖွင့်ဖို့ အစီအစဉ် ရှိသေးရဲ့လား”

 

စုယန်ယန်က သတင်းကောင်းကို မျှဝေလိုက်သော အခါတွင် လူတိုင်း လက်ခံ အားပေးကြသည်ကို မြင်လိုက် ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

 

“ဟုတ်တယ်၊ စတိုးဆိုင်မှာ ရရှိမယ့် ဟင်းလျာတွေက အရင်က ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ တင်ဆက်ပြသဖူးတဲ့ ဟင်းလျာတွေလည်း ပါဝင်မှာပါ။ နောက်မှ မီနူးမှာ ဟင်းလျာ အသစ်တွေ ထပ်ထည့်ပေးပြီး ကံစမ်းမဲတွေကိုလည်း ဆက်ဖောက် ပေးသွားဦးမှာပါ။ ဆေးဖက်ဝင် ဟင်းလျာအသစ်ကို မိတ်ဆက်တိုင်း တိုက်ရိုက် ထုတ်လွှင့်ခြင်းနှင့် ကံစမ်းမဲ ဖောက်တာကို တစ်ခါတည်း အတူတကွ ပြုလုပ်ပေးမှာပါ။ ယခင်လိုပဲ ဆေးဖက်ဝင် ဟင်းလျာတွေကို ကံစမ်းမဲ ဖောက်ပေးသွားမှာ ဖြစ်ပြီးတော့ ကံစမ်းမဲပေါက်တဲ့ ကံထူးရှင်တွေက ဆိုင်မှာ လာရောက် စားသုံးလို့ရပြီး သီးသန့်ပြင်ဆင် ချက်ပြုတ်ပေးသည့် ဟင်းလျာအဖြစ် ပြောင်းလဲလို့ပါ ရပါတယ်။ ဒီအကြောင်းအရာ အပြည့်အစုံကို လာမည့် တိုက်ရိုက် ထုတ်လွှင့်မှုအပြီးမှာ ကြော်ငြာချက် ထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်”

 

စုယန်ယန်က ဤသို့ ပြောလိုက်သည်နှင့် ‘အိုး... ဟုတ်ပြီ၊ တင်ဆက်သူ အသက်ရှည်ပါစေ’ ဟူသော စာသားများ ဖန်သားပြင်ပေါ်တွင် ပြည့်နှက်သွားခဲ့သည်။

 

စုယန်ယန်က တခစ်ခစ် ရယ်မောလိုက်သည်။

 

“ကောင်းပြီ၊ အခုလောလောဆယ်တော့ ဒီလောက်ပါပဲ။ စီးပွားရေးလုပ်ငန်း အကြောင်း ပြောပြီးပြီဖြစ်လို့ ဒီနေ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို စတင်ကြရအောင်”

 

ဆိုင်ကို ပြုပြင်မွမ်းမံပြီးတာ ရက်အနည်းငယ်ခန့်သာ ကြာသေးသော်လည်း မရှိမဖြစ် လိုအပ်သော ပါဝင်ပစ္စည်းတွေနှင့် တရုတ်ဆေးဖက်ဝင် အပင်များကို ပို့ဆောင်ထားပြီး ဖြစ်သည်။

 

စုယန်ယန်သည် သူမကို ကူညီရန် အဖွဲ့ထဲမှ အရည်အချင်းရှိသူ အနည်းငယ်ကို ရွေးချယ်ကာ ဒီရက်ပိုင်းအတွင်း သင်ပြပေးဖို့ ရည်ရွယ်ထားသည်။ စုယန်ယန်သည် တစ်စုံတစ်ဦးကို ကြိုတင်စီစဉ်ပေးရန် တောင်းဆို ထားခဲ့သည်။

 

စုယန်ယန်သည် သူမ နောက်ဘက်မှ ဆေးဖက်ဝင် အပင်များကို အရင်ဆုံး ထုတ်ယူလိုက်သည်။ ထို့နောက် သူမသည် တုကျုံး၊ ကိုချီဘယ်ရီ၊ ပင်စိမ်း၊ အမေရိကန် ဂျင်ဆင်း၊ ရှားရမ်၊ ကြွက်နားရွက်မှိုနှင့် အခြားသော ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ထုတ်ယူခဲ့သည်။ ထို့နောက် သန့်စင်ထားသော ကြက်မဲနှင့် ဝက်ဗိုက်သားကိုပါ ထုတ်ယူခဲ့သည်။

 

“ဒီနေ့ ကျွန်မတို့ ပြင်ဆင်ချက်ပြုတ်မယ့် ဟင်းလျာတွေကတော့ ရှားရမ်ယင်းအာဝူ ဟွားရုံထန်းနဲ့ တုကျုံဟိန်းကျိထန်းတို့ပဲ ဖြစ်ပါတယ်။ ဒီစွပ်ပြုတ်နှစ်မျိုးက ဆိုင်က ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်နှင့် သက်ဆိုင်ပြီး ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်မှာ မဟုတ်ပါဘူး”

 

ဝန်ထမ်း အကျိုးခံစားခွင့်လား။

 

“အမှန်ပဲ။ ကျွန်မတို့ ဆိုင်ဝန်ထမ်းတွေက ဟင်းလျာ အသစ်တွေကို အရင်ဆုံး မြည်းစမ်းခွင့် ရရှိရုံ သာမက သူတို့အတွက် သီးသန့် ပြင်ဆင် ချက်ပြုတ်ပေးတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေကိုလည်း အခမဲ့ ရယူပိုင်ခွင့် ရှိပါတယ်”

 

စုယန်ယန်၏ စကားလုံးများက တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှ ပရိသတ်တွေကို စက္ကန့်အနည်းငယ်မျှ အသက်ရှူ ကျပ်သွားစေပြီးနောက် သူတို့၏ ဝေဖန်စကားတို့က ဖန်သားပြင် တစ်လျှောက် ဖုံးလွှမ်းသွားခဲ့သည်။

 

[သေစမ်း... တင်ဆက်သူရဲ့ ဆိုင်မှာ ဝန်ထမ်း လိုအပ်သေးလား။ ငါက တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ ပေါင်းသင်း ဆက်ဆံရေးကိုလည်း ကျေညက်ပါတယ်။]

 

[အခုအလုပ်ကနေ နုတ်ထွက်ပြီး တင်ဆက်သူရဲ့ ဆိုင်မှာ အလုပ်လျှောက်လို့ ရသေးလား။ အဟင့်...]

 

မနာလိုမှုက ငါ့ကို ရုပ်ဆိုးစေတယ်။

 

မနာလိုမှုက ငါ့ကို ငိုကြွေးစေတယ်။

 

မနာလိုမှုက ငါ့ကို သီးသန့်ဖြစ်စေတယ်။

 

ယခင်က တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှ ကြည့်ရှုသူများသည် မြို့တော်အေမှာ နေထိုင်သည့် ကြည့်ရှုသူများကို မနာလို ဖြစ်ခဲ့ကြသေးသည်။ အခုတော့ သူတို့၏ ဦးတည်ချက်က လုံးဝ ပြောင်းသွားကာ စုယန်ယန်၏ ဝန်ထမ်းများကို မနာဖြစ်ကုန်ကြသည်။

 

တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေပြီး အနာဂတ် လေဒီဘော့စ်ကို အာရုံစိုက်နေသည့် ယုကျစ်ယန်သည် ဒါကို ကြားသော အခါတွင် မျက်လုံး မှေးကျဉ်းသွားသည်။ သူက အရမ်း မနာလိုဖြစ်ပြီး သူ့မျက်လုံးတွေ နီရဲလာခဲ့သည်။

 

အိုး ဘုရားသခင်၊ သခင်မလေးရဲ့ စတိုးဆိုင်က ဝန်ထမ်းများ၏ အကျိုးခံစားခွင့်က အရမ်းကောင်းတာပဲ။ ငါလည်း အခု အလုပ် ပြောင်းမယ်ဆို အရမ်း နောက်ကျ သွားလောက်ပြီလား”

 

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲ့တာက အရမ်း နောက်ကျသွားပြီပဲ။

 

နည်းပညာဌာနမှ သူ၏ ထိပ်ပြောင်‌နေသော ညီအစ်ကိုများကို ပြုစုစောင့်ရှောက်ဖို့ သူ့သခင်လေး၏ လူယုံတော်ရာထူးကို အသုံးချနိုင်ပါ့မလား ဆိုတာကို သူ ပိုစိုးရိမ်နေသင့်သည်။

***