အပိုင်း ၂၂၅
Viewers 1k

 

အခန်း (၂၂၅)

 

 အရမ်းမုန်းဖို့ကောင်းတာပဲ

 

ဟောက်ချန်ဟွမ်းသည် သူ့ကို ထိပ်တန်း ဦးစားပေး နေရာတွင် ထားရှိသည့် သူ့သစ္စာရှိ လက်အောက်ငယ်သားသည် သူ၏စေ့စပ်ထားသူထံမှ ဆေးဖက်ဝင် ဟင်းလျာတွေကို ရရှိရန် သူ့နာမည်ကို အသုံးပြုပြီး မည်ကဲ့သို့ လိမ်လည် လှည့်ဖြား ရမလဲ ဆိုတာကို တစ်နေ့တွင် တွေးတော နေလိမ့်မည်ဟု လုံးတ မမျှော်လင့်ထားခဲ့ပေ။

 

အလုပ်မစခင်မှာပင် မရေမတွက်နိုင်သော မုန်းတီးမှုများနှင့် မနာလိုမှုများကို လက်ခံရရှိခဲ့သော အလုပ်သင်လေးများသည် သူတို့၏ ဘော့စ်က မည်မျှ အံ့သြဖွယ် ကောင်းသည်ကို နောက်ဆုံးတွင် နားလည် သဘောပေါက် သွားခဲ့ကြသည်။

 

အထူးသဖြင့် စွပ်ပြုတ်ရနံ့တွေ သင်းပျံ့ လာပြီးနောက် လူတစ်စ၏ မျက်လုံးတွေက စုယန်ယန်ကို မသိစိတ်ကနေ ခိုးကြည့်လာကြသည်။ အာရုံစူးစိုက်မှု အားနည်းသည့် လူတချို့ကတော့ မသိစိတ်ကနေ နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ မွှေးရနံ့ကို ရှူရှိုက်မိကြသည်။

 

စွပ်ပြုတ်ကို တည်ထားပြီး အချိန်အတန်ကြာ စောင့်ဆိုင်းရဦးမှာ ဖြစ်သည့်အတွက် စုယန်ယန်သည် ဖက်ထုပ် အကြည်လေးများဖြင့် ဖက်ထုပ် သေးသေးလေးများအား ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

 

ချက်ပြုတ် ပြီးစီးသွားသော ဖက်ထုပ်လေးတွေက ဖောက်ထွင်း မြင်ရသည့် ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ စုယန်ယန်က ပေါင်းအိုးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အငွေ့ဖြူဖြူလေးများ နှင့်အတူ ပြင်းထန်သော အစားအစာ သင်းရနံ့က တစ်ဟုန်ထိုး ထွက်ကျလာသည်။ မီးဖိုချောင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးကို မွှေးရနံ့တွေ ပြည့်လျှံ သွားစေသည်။

 

စုယန်ယန်သည် အိုးထဲတွင် ဖက်ထုပ် သေးသေးလေးတွေကို ချက်ပြုတ်ပြီးနောက် သူမသည် ကြက်သွန်မြိတ်၊ တရုတ်နံနံနှင့် အခြား ပါဝင်ပပစ္စည်းတွေကို ဆက်တိုက် ထည့်ခဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပြီး သွားသောအခါတွင် အစားအစာ၏ သင်းရနံ့ဟာ အရမ်းမွှေးကြိုင်လာသဖြင့် လူတိုင်းသည် ယခုပစ္စုပ္ပန်ကိုပင် မေ့လျော့ သွားခဲ့ကြသည်။

 

စုယန်ယန်သည် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူများအား ကံစမ်းမဲ ဖောက်ပေးရန်အတွင် ဖက်ထုပ် အကြည်လေးတွေ တစ်အိုးနှင့် ဖက်ထုပ် အသေးလေးတွေ နှစ်ပန်းကန်တို့ကို ချန်ထားခဲ့သည်။

 

စုယန်ယန်သည် သူမအား စတိုးဆိုင်ရှိ စည်းကမ်းချက်များနှင့် ပတ်သက်၍ ပထမဆုံး မေးမြန်းခဲ့သည့် လီကျင်းဝမ်ကို ခေါ်ပြီး အစားအစာတွေကို ဝေမျှခိုင်းခဲ့သည်။

 

ဝန်ထမ်း တစ်ဒါဇင်ကျော်သည် ထိုအစားအစာတို့၏ ရနံ့ကြောင့် ဗိုက်ဆာနေသည်မှာ ကြာပါပြီ။ လီကျင်းဝမ်က ထိုအစားအစာတွေနှင့် ဝင်လာသည်ကို မြင်လိုက် ရသောအခါတွင် ချက်ချင်းပင် သူ့အနားမှာ ဝိုင်းအုံလာကာ ဖက်ထုပ် အနည်းငယ်ကို လုယူပြီး စိတ်အား ထက်သန်စွာ စားသောက်ခဲ့ကြသည်။

 

စုယန်ယန်၏ ဖက်ထုပ် အကြည်လေးများက စွပ်ပြုတ် ဖက်ထုပ်များ၏ ဝိသေသလက္ခဏာများကို ပေါင်းစပ်ထားသည်။ ဖက်ထုပ်အသားဟာ ပါးလွှာရုံ သာမက ဖက်ထုပ် အတွင်းထဲတွင်လည်း စွပ်ပြုတ် အရည်လေးများ အပြည့်ပါဝင်နေသေးသည်။

 

ဝန်ထမ်း အမျိုးသား အချို့က ပို၍ စိတ်မရှည် လက်မရှည် ဖြစ်တာကြောင့် ဖက်ထုပ်ထဲတွင် စွပ်ပြုတ် ရှိနေသေးတာကို မသိပဲ တစ်လုံးပြီး တစ်လုံး ဆက်တိုက် ကိုက်စား လိုက်တာကြောင့် အနည်းငယ် အပူလောင်သလို ဖြစ်သွားခဲ့ပေမယ့် ထွေးထုတ်ပစ်ဖို့ကို ဝန်လေးမိသည့်အတွက် အတင်းမျိုချ စားသောက်ခဲ့ကြသည်။ နာကျင်မှုကို လိုက်လျော ညီထွေဖြစ်အောင် စောင့်ဆိုင်းပြီး ဖြည်းဖြည်းချင်းစီ ဝါးကာ မျိုချခဲ့သည်။

 

ဒါကို မြင်လိုက်ရသည့် မိန်းကလေး ဝန်ထမ်းများမှာ သင်ခန်းစာယူပြီး ဖက်ထုပ်လေးများကို ဂရုတစိုက် ကိုက်ကာ ဖက်ထုပ်အတွင်းမှ စွပ်ပြုတ်လေးအား စုပ်ယူမျိုချပြီးမှ ဖက်ထုပ်လေးတွေကို တစ်ကိုက်တည်း စားသောက် လိုက်ကြသည်။ ဒီဖက်ထုပ်ရဲ့ အရသာက... ဖော်ပြလို့ မစွမ်းသာအောင် အရမ်းကောင်းသည်။

 

ဖက်ထုပ်ပေါင်းကို စားသောက်ပြီးနောက် သူတို့ဟာ ဖက်ထုပ်သေးသေးလေးတွေ စီရရီရှိနေသည့် ဖက်ထုပ်စွပ်ပြုတ် တစ်ပန်းကန်ကို သောက်ကြသည်။ ဖက်ထုပ်စွပ်ပြုတ်၏ အချိုရည်က လတ်ဆတ်ပြီး အရသာရှိလှသည်။ ဟင်းရည်လေးကို သောက်လိုက်၊ ဖက်ထုပ်လေးကို စားလိုက်နှင့် အရမ်းကို ဇိမ်ရှိနေကြသည်။

 

ကြည့်ရှုသူများက အစားအစာတို့ကို လာယူသည့် လီကျင်းဝမ်ကလွဲလို့ တခြားသူတွေကို လုံးဝ မမြင်လိုက်ရပါဘူး။

 

ဒါတောင်မှ အစားအသောက်ကို မြည်းစမ်းကြည့်ပြီး စိတ်ကျေနပ်နေသည့် သက်ပြင်း ချသံတွေဟာ ကြည့်ရှုသူများ၏ နားထဲသို့ ဝင်ရောက် လာသေးသည်။

 

တစ်ခဏချင်းမှာပင် သူတို့ရှေ့က နမူနာပန်းကန် သေးသေးလေး နှစ်လုံးက သိပ်မမွှေးတော့ဘူးလို့ ခံစားလိုက်ရကာ သူတို့၏ ရင်ထဲ ပိုပြီး တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

 

အရသာနှင့် အနံ့ ထုတ်လွှင့်စက်၏ အကူအညီဖြင့် အရသာနှင့် အနံ့ကို ခံစားရသော်လည်း အတုက အတုပင် ဖြစ်နေဆဲဖြစ်ကာ ၎င်းကို လက်တွေ့ စားသောက်ရခြင်း၏ စိတ်ကျေနပ်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်ပေ။

 

ဒီအခိုက်အတန့်မှာ အရသာရှိတဲ့ အစားအစာတို့၏ လှုံ့ဆော်မှုကို ခံစားလိုက်ရသည့် ကြည့်ရှုသူများမှာ သူတို့ သွားစားဖြစ်အောင် စားမည် ဟူသော သန္နိဌာန် ချထားလိုက်ကြပြီပဲ ဖြစ်ပါတယ်။

 

သူတို့ ဘယ်လောက်ပဲ ဝေးဝေး ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ စုယန်ယန်၏ ဆိုင်ကိုသွားပြီး သူတို့၏ ထုတ်ကုန်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးဖို့ ဆုံးဖြတ် လိုက်ကြသည်။

 

စုယန်ယန်သည် ကျန်ရှိနေသော ဖက်ထုပ် အကြည်လေးများနှင့် ဖက်ထုပ် သေးသေးလေးများကို ထုပ်ပိုးပြီးနောက် စွပ်ပြုတ်တို့မှာ အဆင်သင့် ဖြစ်လုနီးပါး ဖြစ်နေခဲ့သည်။

 

စုယန်ယန်သည် တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီးနောက် စွပ်ပြုတ်နှစ်ပန်းကန်ကို သူတို့နှစ်ဦးထံ ယူဆောင်လာခဲ့သည်။

 

“ဒါကို သောက်ကြည့်လိုက်၊ အရသာက အရမ်း‌ကောင်း နေစေရမယ်”

 

စွပ်ပြုတ်တို့မှာ လုံးဝ အကြမ်းထည် မဆန်ပေ။ ဖက်ထုပ် အကြည်လေးများနှင့် ဖက်ထုပ် သေးသေးလေးများကို စားသောက်ကြပြီးနောက် စုယန်ယန်၏ အချက်အပြုတ် လက်ရာသည် အရမ်း ကောင်းမွန်ကြောင်းကို နားလည်သူတိုင်း သူတို့နှစ်ဦးရှေ့ရှိ စွပ်ပြုတ် နှစ်ပန်းကန်ကို စိုက်ကြည့် နေကြသည်။ သူတို့၏ မျက်လုံးများမှာ မက်မော စွဲလမ်းမှုကြောင့် လောင်ကျွမ်းလုမတတ် ဖြစ်နေခဲ့ကြသည်။

 

မကြာသေးမီက သူတို့က ရွေးချယ်ခံရသူတွေ မဟုတ်သည့်အတွက် တိတ်တဆိတ် ဝမ်းသာ နေခဲ့ကြသော်လည်း ယခုအခါ သူတို့၏ ရင်ထဲ အသည်းထဲထိတိုင် နောင်တ ရနေခဲ့ကြသည်။ ဘာ့ကြောင့်များ သူတို့က ရွေးချယ်ခံရသူတွေ မဟုတ်ရတာလဲ။

 

သူတို့တွေလည်း နည်းနည်းလေး နေမကောင်းချင်သလို ဖျားချင်သလိုတွေ ဖြစ်နေကြသည်။

 

***