ရှင်က
လေဒီဘော့စ်ပဲ
ဒါပေါ့၊
ဒါကို ဘယ်သူမှ ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။ နောက်ဆုံးတော့ အဲ့တာက စားသောက်ဆိုင်ရဲ့
ပိုင်ဆိုင်မှုပဲ။ ဒါကို အခမဲ့ ခံစားခွင့် ရတာကပင် သူတို့အတွက် အကျိုးကျေးဇူး ကြီးကြီးမားမား
ရရှိနေခဲ့ပြီပဲ ဖြစ်သည်။
တကယ်လို့
ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိပဲ ပစ္စည်းတွေကို ယူဆောင်ခြင်းနှင့် ခိုးယူခြင်းအကြား
ကွာခြားချက်မှာ အဘယ်နည်း။
စုယန်ယန်သည်
သူတို့အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် စိတ်ကျေနပ်မှု ရှိခဲ့ပြီး သူတို့ အကုန်လုံးနှင့်
စာချုပ်ချုပ် ဆိုခဲ့သည်။
အချိန်ကို
တစ်ချက် တွေးကြည့်ပြီး စုယန်ယန်သည် သူတို့အားလုံးကို ရိုးရှင်းတဲ့ စွပ်ပြုတ် အချို့ကို
ချက်ပြုတ် တတ်အောင် သင်ကြား ပေးလိုက်သည်။ ပါဝင်သည့် ဆေးဝါးပမာဏ ပြဿနာကို ဖြေရှင်းဖို့က
သိပ်မခက်ပါဘူး။
မီးဖိုချောင်ထဲတွင်၊
ပါဝင်ပစ္စည်း ပမာဏကို ဒဿမ လေးနေရာအထိ တိကျစွာ ချိန်တွယ်နိုင်သည့် ဉာဏ်ရည်တု စက်တစ်လုံး
ရှိသည်။ အချိန်တန်လျှင် သူမသည် ဂျုံမုန့်ညက်ကိုသာ နယ်ပေးလိုက်မှာ ဖြစ်ပြီး သူတို့ဘာသာ
လိုအပ်သည့် ပမာဏကို ချိန်တွယ် လုပ်ကိုင်ကြရမှာ ဖြစ်သည်။
ဒါပေါ့၊
သူတို့ဆီမှာ အချက်အပြုတ် ဆိုင်ရာ စွမ်းရည်ရှိဖို့လည်း လိုအပ်လေသည်။
နောက်ဆုံးတော့
တူညီသော ဟင်းချက်နည်းဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာတွေက ချက်ပြုတ်တဲ့ သူပေါ် မူတည်ပြီး
ကောင်းမွန်သည့် ဟင်းပွဲ၊ ဆိုးရွားသည့်ဟင်းပွဲ အဖြစ်သို့ ကွဲပြားသွားလိမ့်မည်။
စုယန်ယန်သည်
စတိုးဆိုင်ရှေ့တွင် ကြိုဆိုဧည့်ခံရမည့် ဝန်ထမ်းတွေနှင့် မီးဖိုချောင်ထဲမှာ လုပ်ကိုင်ရမည့်
ဝန်ထမ်းတွေကို ခွဲခြားစိတ်ဖြာရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။ ထို့နောက် သူမသည်
စားသောက်ဆိုင်တွင် သူတို့ လုပ်ကိုင်ရမည့် အလုပ်တာဝန်များနှင့် ရင်းနှီး ကျွမ်းဝင်အောင်
လုပ်ကိုင်စေသည်။
အရာအားလုံး
စီစဉ် နေရာချပြီးနောက် သူတို့ ဆိုင်ကနေ ပြန်လာသည့် အခါမှတော့ ညနေစောင်း နေခဲ့ပြီ။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းထံမှ ဗီဒီယို ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
“အခု
ရှင် ကျွန်မကို ဘာဖြစ်လို့ ဖုန်းခေါ်လိုက်တာလဲ။ ရှင် ကျွန်မကို လွမ်းနေလို့လား”
ဗီဒီယိုဖုန်းခေါ်ဆိုမှု
ချိတ်ဆက် ပြီးပြီးချင်းမှာပင် ဟောက်ချန်ဟွမ်းဟာ စုယန်ယန်၏ ရွှင်မြူးနေသည့် အပြုံးများဖြင့် တွေ့ဆုံလိုက်ရသည်။
သူက ပြုံးပြီး ရိုးသားစွာပင်-
“ဟုတ်တယ်၊ ကိုယ် မင်းကို လွမ်းနေလို့”
“နောက်ထပ်
ရက်အနည်းငယ် လောက်တော့ သည်းခံလိုက်ပါဦး။ ကျွန်မတို့ နောက်ရက် အနည်းငယ်အတွင်း လက်ထပ်
ရတော့မှာပဲလေ”
“အင်း”
ဟောက်ချန်ဟွမ်းသည်
အပြုံးလေးဖြင့် သူ့ရှေ့မှ ပုံရိပ်လေးကို ကြည့်နေခဲ့သည်။ သူက သူမရဲ့ မျက်ခုံးကြားက ပင်ပန်းနေတဲ့
အရိပ်အယောင်ကို လျင်မြန်စွာ သတိပြုမိလိုက်ပြီး မျက်မှောင်ကြုတ် သွားသည်။
“မင်း
ပင်ပန်းနေပြီလား”
“အဆင်ပြေပါတယ်။
ဒီနေ့ ကျွန်မ အလုပ် အများကြီး လုပ်နေရလို့”
ဟောက်ချန်ဟွမ်းက
တစ်စုံတစ်ခုကို တွေးမိလိုက်ကာ မေးလိုက်သည်။
“မင်း စတိုးဆိုင် တစ်ဆိုင် ဖွင့်မယ်လို့ ကိုယ် ကြားတယ်”
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းက ဒီအကြောင်းကို သိနေခြင်းအား လုံးဝ မအံ့သြပေ။
“ဟုတ်တယ်၊
ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်မလို့လေ။ နောက်သုံးရက် အတွင်း ဖွင့်ဖြစ်လိမ့်မယ်”
“ဒါဆိုရင်
ကိုယ် တစ်ယောက်ယောက်ကို လွှတ်ပြီး ပန်းတွေ ပို့ခိုင်းလိုက်မယ်။ လမ်းတစ်ခုလုံး ပန်းတွေ
ခင်းလိုက်လေ”
စုယန်ယန်သည်
တစ်ခဏတာမျှ ကြက်သေ သေသွားသည်။ ဟောက်ချန်ဟွမ်းက သူ၏ ပိုင်ဆိုင်လိုစိတ် ပြင်းပြမှုကို
ကြေညာလိုကြောင်း သူမ လျင်မြန်စွာ နားလည် သဘောပေါက် သွားခဲ့တာကြောင့် သူ ပြောစကားကို
မငြင်းပယ်တော့ပေ။
“ကောင်းပြီ၊
ကျွန်မ စောင့်နေပါ့မယ်”
“မင်းရဲ့
စားသောက်ဆိုင်က ဝန်ထမ်းတွေက အရမ်း ကံကောင်းတယ်လို့ ကိုယ်ကြားတယ်။ သူတို့က မင်း ချက်ပြုတ်ပေးတဲ့
ဟင်းလျာတွေကို အခမဲ့ မြည်းစမ်း ကြည့်နိုင်တယ်ဆို”
“အင်း၊
ဟုတ်တယ်”
“မင်းဝန်ထမ်းတွေရဲ့
မိသားစုဝင်တွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ အကျိုးခံစားခွင့်တွေပါ ရသေးတယ်လို့ ကိုယ်ကြားတယ်”
“ဟုတ်တယ်၊
မိသားစုဝင်တွေလည်း အဲ့တာကို အရင် စမ်းစားကြည့်ဖို့ အခွင့်ထူးရှိတယ်၊ ဒါပေမယ့် ပိုက်ဆံတော့
ပေးချေရမယ်။ သို့ပေမယ့် ကျွန်မ လျှော့စျေးတော့ ပေးသွားမှာပါ၊ သူတို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုပေါ်
မူတည်ပြီး လျှော့စျေးကို ပေးသွားမှာပါ”
“ဒါဆိုရင်
ကိုယ့်ကိုရော မိသားစုဝင် တစ်ယောက်အဖြစ် သတ်မှတ်လို့ရလား”
စုယန်ယန်
အံ့အားသင့် သွားသည်။ ဟောက်ချန်ဟွမ်း ဆိုလိုချင်သော အဓိပ္ပါယ်ကို နောက်ဆုံးတော့ သူမ
နားလည် သဘောပေါက် သွားသည်။
စုယန်ယန်
ပြုံးရယ်ရင်း သူ့ကို ကျီစယ် စနောက်ခဲ့သည်၊
“ရှင်က
ထည့်တွက်စရာ မလိုဘူးလေ”
ဟောက်ချန်ဟွမ်း၏
မျက်နှာအမူအရာ ပြောင်းသွားပြီး သူ့မျက်လုံးတွေက မှေးမှိန်သွားသည်။
သို့သော်
စုယန်ယန် ပြောလိုက်သည့် စကားကို ကြားလိုက် ရလေသည်။
“ရှင်က လေဒီဘော့စ်ပဲလေ၊ ဒီဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက်ပဲ။
ရှင်က မိသားစုဝင်ထဲမှာ မပါဘူး”
“...
လေဒီဘော့စ်လား”
“ဟုတ်တယ်၊
ကျွန်မက ဘော့စ်ဖြစ်ပြီး ရှင်က ကျွန်မ လက်တွဲဖော်ပဲ။ အဲ့တာကြောင့် ရှင်က လေဒီဘော့စ်ပဲ
မဟုတ်လို့လား”
ဟောက်ချန်ဟွမ်း၊
“...” အဲ့ဒါက အဓိပ္ပါယ်ရှိပုံ ပေါ်ပေမယ့် ကိုယ့်ကို ဆွံ့အသွားအောင် လုပ်လိုက်နိုင်တယ်။
“ဒါ့အပြင်
ကျွန်မက ရှင့်အတွက် ဆေးဖက်ဝင် ဟင်းလျာတွေ ပြင်ဆင်ချက်ပြုတ် ပေးနေတာပဲလေ။ အဲ့တာတွေအတွက်
ကျွန်မ ရှင့်ကို ပေးချေခိုင်းလို့လား”
ဟောက်ချန်ဟွမ်း၊
“...” ဒီစကားတွေက သူ့ဇနီးသည်က သူ့ကို မကျေမနပ် ပြောဆိုနေတယ်လို့ ခံစားရစေတယ်။
“ဒါပေမယ့်
ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ အတွက် အကျိုးခံစားခွင့်နဲ့ ပတ်သက်ရင် ရှင့်ဝန်ထမ်းတွေကိုပါ
ထည့်တွက်ပေးလို့ ရတယ်။ ဟောက်ရှောက်ဖုန်းတို့ မိသားစုနဲ့ ပတ်သက်တဲ့ သူတွေတော့ မပါဝင်ဘူး။
ကျွန်မ သူတို့ကို နာမည်ပျက်စာရင်း မသွင်းထားတာကိုပဲ ကျေးဇူးတင်သင့်တယ်”
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏ ပြောစကားကို ကြားသောအခါတွင် သူ့မျက်လုံးထဲ အေးစက်သော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။
သူက အေးစက်စွာဖြင့် “အင်း၊ သူတို့ကို ထည့်တွက်စရာ မလိုဘူး”
***