မမျှော်လင့်ထားသော
အံ့အားသင့်စရာ တစ်ခု
စုယန်ယန်သည်
ထိုမိသားစုအကြောင်းကို ရုတ်တရက် တွေးလိုက်မိသောကြောင့် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ
ဖြစ်သည်။ သူမသည် သူတို့၏ ပုတ်သိုး ဆွေးမြည့်နေသည့် စိတ်ဓာတ် အကြောင်းကို ဆက်မပြောချင်တော့ပေ။
သူမက
စကားခေါင်းစဉ် ပြောင်းရန် အစပျိုးခဲ့သည်။
“ဒီရက်ပိုင်း
သွမ်းသွမ်း ရှင့်ကို ဒုက္ခပေးသေးလား”
စုယန်ယန်သည်
အခုတလော အရမ်း အလုပ်များ နေသည့်အပြင် ဟောက်ချန်ဟွမ်း ထံသို့ အလည်အပတ် မရောက်ရှိသဖြင့်
သူမ၏ အမွေးပ ွခွေးလေးကို သူလေး၏ အိမ်မက်ထဲက ချစ်သူလေးနှင့် တွေ့ဆုံဖို့ မခေါ်သွားရသေးပေ။
မတူညီသော
နေရာဒေသတွင် နှစ်ရှည်လများ မဆုံတွေ့ခဲ့ရသော အချစ်ရေးသည် မကြာသေးမီက ပြန်တွေ့သည့် အခါမှာ
အနည်းငယ် အဆင်မပြေသလို ဖြစ်သွားခဲ့သည့်အတွက် သူလေး အသည်းကွဲနေခဲ့သည်။ တစ်ချိန်က သူလေးရဲ့
ဒုတိယအချစ်ဖြစ်သော ပိုင်ရှင်ကိုပင် ပြဿနာ မရှာနိုင်ဘူး ဖြစ်နေသည်။
“ကိုယ်တို့
လက်ထပ်ပြီးတဲ့ အချိန်အထိ စောင့်ကြတာပေါ့”
စုယန်ယန်က
အပြုံးလေးဖြင့် “ဟုတ်တယ်၊ ကျွန်မတို့ လက်ထပ်ပြီးတဲ့ အချိန်အထိ စောင့်လို့ရတယ်”
ဟောက်ချန်ဟွမ်းသည်
သွမ်းသွမ်းကို ခေါ်ပြီး ဟွားဟွားကို သွားတွေ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် လင်းရှောင်ချီးက
ဟွားဟွားကို ခေါ်ပြီး သွမ်းသွမ်းကို လာတွေ့တာပဲဖြစ်ဖြစ် သွမ်းသွမ်းက ဟောက်ချန်ဟွမ်း၏
နေရာမှာ နေထိုင်တာ ဖြစ်သောကြောင့် မသင့်တော်ပါဘူး။
သူမသည်
ဒီပြဿနာကို မဖြေရှင်းမီ သူမတို့ အရင်ဆုံး လက်ထပ်ပြီးမယ့် အချိန်အထိ စောင့်ဆိုင်းရုံသာ
တတ်နိုင်သည်။
“ခဏပဲစောင့်၊
ကျွန်မ ရှင့်ကို သက်တံရောင် ကောင်းကင်ပေါ်မှာ သိပ်မကြာခင် လာရှာမယ်”
ဟောက်ချန်ဟွမ်းသည်
သူမ၏ စကားကြောင့် သဘောကျသွားက “ကောင်းပြီ၊ ကိုယ် မင်းကို စောင့်နေမယ်”
သူတို့နှစ်ယောက်သား
ဖုန်းပြောပြီး သောအခါတွင် ဟောက်ချန်ဟွမ်းက သူ၏ လက်အောက်ငယ်သား သုံးယောက်ထံ မက်ဆေ့ချ်
တစ်စောင် ပေးပို့ခဲ့သည်။
သူက
သူတို့ကို ခေါ်ပြီး စုယန်ယန်ကို ဘော့စ်၏ မိသားစုဝင်အဖြစ် ပံ့ပိုးပေးရန် သူတို့၏ ဝန်ထမ်းတွေကို
ခေါ်ဆောင်သွားဖို့ မှာကြားခဲ့သည်။
ကုရှောက်ယန်တို့
သုံးယောက်သားက ဒီသတင်းကို အရင်ဆုံး ကြားလိုက်ရသည့် အခါမှာ သူတို့ နားကြားမှားတယ်လို့
ထင်သွားကြသည်။ တကယ်လို့ သူက သူတို့ကို သူမကို ပံ့ပိုးစေချင်တာက သိပါပြီ။ ဒါပေမယ့် ဒီဘော့စ်၏
မိသားစုဝင် ဆိုတာက ဘာကြီးလဲ။
သူတို့တွေဟာ
ဘာတွေ ဖြစ်နေမှန်း မသိခင်မှာ ဟောက်ချန်ဟွမ်းက သူတို့ကို သူ့ဇနီးသည်က သူ့ကို ပြောတဲ့စကားတွေကို
ထပ်ခါတလဲလဲ ပြောပြခဲ့သည်။
သူက
လေဒီဘော့စ်နှင့် ပတ်သက်သည့် အပိုင်းကို ဖုံးကွယ်ထားပြီး ဘော့စ်၏ လက်တွဲဖော်အဖြစ် ပြောင်းလဲခဲ့သည်။
ဒါကို
ကြားလိုက်ရတော့ သုံးယောက်သား အေးခဲသွားသည်။ သူတို့ဘော့စ်၏ အသံက လူတိုင်းကို သိသိသာသာ
ကြွားဝါ နေသလိုပါပင်။
မင်းတို့တွေ
အထူးကုသမှု ရရှိသည့် အကြောင်းရင်းကတော့ ငါ့ဇနီးသည်က ငါ့ကြောင့် မင်းတို့အပေါ်မှာ သနားငဲ့ညှာ
ပေးလို့ပါပဲ။ ငါ့ဇနီးက အရမ်းလှပပြီး ကြင်နာတယ်။ မြန်မြန် ငါ့ကို ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်။
ဇနီးမယား
တစ်ယောက် ရှိတာလေးများ ကြွားစရာ လိုလို့လား။ ဇနီးမယားရှိတာနဲ့ တစ်ကိုယ်ရေ တကာယ သမားတွေ
ရှေ့မှာ ချစ်ကြည်နူးတဲ့ အပြုအမူတွေ လုပ်ပြသင့်ရဲ့လား။
တကယ်တော့
ဇနီးတစ်ယောက်ရှိတာ အံ့သြစရာ ကောင်းတယ်၊ အရမ်းလှပပြီး ဉာဏ်ကောင်းကာ အရာရာ စွမ်းဆောင်နိုင်တဲ့
ဇနီးတစ်ယောက် ရှိတာက ပိုလို့တောင် အံ့သြစရာ ကောင်းပါသေးသည်။
ယုကျစ်ယန်သည်
သူ့စိတ်ထဲတွင် သူ့ဘော့စ်ရဲ့ ရူးသွပ်မှုကို တိတ်တဆိတ် ညည်းညူပြီးနောက် သူသည် ခါးသီးနေသော
ဆံပင်ကျွတ် ဂိုဏ်းသားတွေထံ သတင်းကောင်း မျှဝေပေးရန် နည်းပညာ ဌာနဘက်သို့ ပျော်ရွှင်စွာ
ပြေးသွားခဲ့သည်။
စုယန်ယန်သည်
ဆေးဖက်ဝင် ဟင်းလျာတွေကို ရောင်းချရန် မြို့တော်အေတွင် စတိုးဆိုင် ဖွင့်လှစ်တော့မည်ဟု
ကြော်ငြာသော အခါ ဒီလူတွေဟာ သူတို့ရဲ့ ဘော့စ်ထံမှ သတင်းအစ်အောက် ကြည့်ဖို့ လုပ်လာကြသည်။
သူတို့ဟာ
သိသာထင်ရှားသော အရိပ်အမြွက် အားလုံး ပြုလုပ်ခဲ့ပြီး လုံးဝ မရလျှင် အနောက်တံခါးကနေ ဝင်နိုင်ရန်
သူတို့ဘော့စ်ရဲ့ ခြေသလုံးဖက်၍ တောင်းပန်ဖို့ကိုပါ အသင့်ပြင် ထားခဲ့သည်။
ဒီနေ့
ပိုင်မုန့်ဟာ အနောက်တံခါးကို ဖွင့်ပေးရုံ သာမက သူတို့၏ မိသားစုဝင်တွေကိုပါ အကျိုးအမြတ်
ရရှိစေခဲ့သည်။ ဒီလူအုပ်စုဟာ ဝမ်းသာအားရဖြင့် ချက်ချင်းပင် ရူးသွပ်သွားခဲ့ကာ သူတို့ရဲ့
ရွှင်လန်း တက်ကြွနေမှုဟာ ကုမ္ပဏီခေါင်မိုးကိုပင် ဖောက်ထွက်လုမတတ် ဖြစ်နေခဲ့ကြသည်။ သူတို့အားလုံး
ဆိုင်ဖွင့်ပွဲနေ့ကို မစောင့်နိုင်တော့ပေ။
စုယန်ယန်နှင့်
ဟောက်ချန်ဟွမ်းတို့၏ မင်္ဂလာပွဲ ကျင်းပဖို့ တစ်ပတ်တောင် မလိုတော့။ အနည်းငယ် အလျင်စလို
ဖြစ်နေသော်လည်း စုယန်ယန်ကို မည်သူမျှ ဒုက္ခမပေးချင်ကြပေ။
မင်္ဂလာဆောင်
ဖိတ်စာများအား လွန်ခဲ့သည့် တစ်လခန့်က ပေးပို့ခဲ့ပြီး ဖြစ်ကာ အခြားပြင်ဆင်မှုတွေကလည်း
ပြီးစီးနေခဲ့ပြီ။
စုယန်ယန်
အိမ်ပြန်ရောက် လာသောအခါမှာ ချိန်ရှုချင်နှင့် ချင်ရွယ်ရူတို့ဟာ စုယန်ယန် မင်္ဂလာဆောင်မည့်
နေ့ရက်တွင် ဝတ်ဆင်ရမည့် သတို့သမီး ဂါဝန်နှင့် ဝတ်စုံတို့ကို စစ်ဆေး အတည်ပြုရင်း အလုပ်များ
နေခဲ့သည်။ သူတို့နှစ်ယောက်သား စုယန်ယန်တစ်ယောက် အိမ်ပြန်ရောက် လာတာကို မြင်လိုက် ရသောအခါတွင်
သူတို့မျက်လုံးတွေက တောက်ပ သွားခဲ့ကြသည်။
“ယန်ယန်၊
သမီး ပြန်လာပြီလား။ ဒီကိုလာပြီး တစ်ချက်ကြည့်ပါဦး။ စောစောကပဲ မှာထားတဲ့ သတို့သမီး ဂါဝန်နဲ့
ဝတ်စုံတွေကို လာပို့သွားတယ်။ စမ်းဝတ်ကြည့်ပြီး လိုတာရှိရင် ပြန်ပြင်ရမယ်။ လာမယ့်ရက်
အနည်းငယ် အတွင်း မင်္ဂလာဆောင်မှာဆိုတော့ စောစောစီးစီး ပြင်စရာရှိရင် ပြင်ရအောင် ပြန်ပို့ပေးရမယ်”
ချင်ရွယ်ရူသည်
သူမ လက်ထဲတွင် သတို့သမီးဝတ်စုံကို ကိုင်ထားခဲ့သည်။ သူမသည် မတ်တပ် ထရပ်ပြီး စုယန်ယန်ထံသို့
လျှောက်လာခဲ့သည်။
စုယန်ယန်၏
မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရှိနေခဲ့သည်။ သူမ ချင်ရွယ်ရူ အနားသို့ လျှောက်သွားခါနီးတွင်
သူမ၏ အကြည့်များကို ဘယ်နေရာက ထွက်ပေါ်လာမှန်း မသိသည့် ပဲပိစပ် သေးသေးလေးက ဆွဲဆောင်
သွားခဲ့သည်။ စုယန်ယန် တစ်ယောက် အံ့အားသင့်သွားပြီး မြေပြင်ပေါ်မှာ ကျောက်ချထားသလို
ရပ်တန့်သွားခဲ့သည်။
***