ကလေးလေး
ချင်ရွှယ်ရူသည်
စုယန်ယန်၏ ထူးဆန်းနေသည့် မျက်နှာ အမူအရာကို ချက်ချင်း သတိပြုမိလိုက်သည်။ သူမက မျက်မှောင်ကြုတ်
သွားကာ စိုးရိမ်ပူပန်စွာ မေးလိုက်မိသည်။
“ဘာဖြစ်လို့လဲ။
တစ်ခုခု မှားနေလို့လား”
စုယန်ယန်သည်
မိန်းမော တွေဝေနေရာမှ အသိပြန်ဝင်လာကာ အမောတကော ပြောလိုက်သည်။
“အန်တီချင်၊
ကျေးဇူးပြုပြီး အန်တီလေး လက်ကို ဆန့်ပေးပါဦး”
“ငါ့လက်လား”
ချင်ရွှယ်ရူလည်း
စိတ်ရှုပ်ထွေးသွားပေမယ့် စုယန်ယန် ပြောသလို သူမလက်ကို ထုတ်ပေး လိုက်သည်။
စုယန်ယန်က
သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီး မကြာခင်မှာပင် သူမ မျက်ဝန်းထဲမှ မသေချာ မရေရာမှုများ
နေရာတွင် ဖြူစင်သော စိတ်လှုပ်ရှားသည့် အရိပ်အယောင်များဖြင့် လျင်မြန်စွာ အစားထိုး သွားခဲ့သည်။
“ဘာဖြစ်လို့လဲ။
ယန်ယန်၊ သမီး ဘာဖြစ်လို့ သမီး အန်တီလေးလက်ကို ကိုင်ထားရတာလဲ”
“သမီး
အန်တီလေးရဲ့ သွေးခုန်နှုန်းကို စမ်းနေတာ”
‘သူမ
သွေးခုန်နှုန်းကို စမ်းနေတာလား’ ချိန်ရှုချင်က မျက်မှောင်ကြုတ် သွားသည်။
“သွေးခုန်နှုန်းစမ်းတယ်
ဆိုတာက ဘာကို ပြောတာလဲ”
“သွေးခုန်နှုန်း
စမ်းတယ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ လက်ကောက်ဝတ်ကနေ သွေးခုန်နှုန်းကို စမ်းသပ်တာကို ပြောတာပါ”
စုယန်ယန်က
ဒီလို ပြောလိုသည့် အခါမှာ ချင်ရွယ်ရူနှင့် ချိန်ရှုချင်တို့ နှစ်ယောက်စလုံး အံ့အားသင့်
သွားကြသည်။
ဒီခေတ်
ဒီအခါမှာ ဆေးဖက်ဝင် အပင်အများစုဟာ မျိုးသုဉ်း ပျောက်ကွယ် ကုန်ပြီး တရုတ်ဆေးပညာ ဆိုသည်မှာ
သိပ္ပံစာပေ များတွင်သာ တည်ရှိတော့သည်။ လူအနည်းငယ်သာ ဒီအကြောင်းကို သိကြသည်။
စုယန်ယန်၏
ရှင်းပြချက်ကို ကြားပြီးနောက် နာမကျန်းမှုများကို ရှာဖွေရန် ခေတ်မီ အဆင့်မြင့် စက်ကိရိယာများကို
မှီခိုအားထားခဲ့ရသော သူတို့ နှစ်ယောက်စလုံးဟာ အံ့အားသင့် သွားကြပြီး သိချင်စိတ် ပြင်းပြသွားခဲ့ကြသည်။
နောက်ထပ်
မေးခွန်းတွေ မမေးလာခင်မှာ မစ်စတာစုနှင့် ချိန်ကျွင်းဟောက်တို့ဟာ အဘိုးချိန် နှင့်အတူ
အိမ်အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
သုံးယောက်သား
အတူ စုဝေးနေကြတာကို မြင်လိုက်ရတော့ “မင်းတို့ ဘာလုပ်နေတာလဲ” လို့ သိချင်စိတ် ပြင်းပြစွာ
လှမ်းမေးလိုက်သည်။
“ယန်ယန်က
ရွယ်ရူရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်နေတာ”
ချိန်ရှုချင်က
စုယန်ယန်ကို မေးလိုက်ပြန်သည်။
“အဲ့တာဆို သမီးက လူတစ်ယောက်ရဲ့ လက်ကောက်ဝတ်က သွေးခုန်နှုန်းကို
စမ်းသပ်ပြီးတော့ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကို ပြောနိုင်တယ်လို့
ပြောတာလား။ အခု သမီး အန်တီလေးချင်ဆီမှာ ဘာရှာတွေ့လို့လဲ”
စုယန်ယန်က
တခစ်ခစ် ရယ်ကာ “သမီး ကလေးလေးကို ရှာတွေ့ခဲ့တယ်”
“ဘာကို
ကလေးလေးလဲ။ နင် အခု အရွယ် ရောက်နေပြီ၊ နင် ဒီလိုမျိုး ပြောနေတုန်းပဲ...”
ချိန်ရှုချင်၏
ဆူညံပူညံ အသံတွေက ရပ်တန့်သွားပြီး ကျန်သူများကလည်း ရှော့ရ သွားကုန်ကြသည်။
ချင်ရွယ်ရူက
မသိစိတ်အရ သူမ ဗိုက်ကလေးကို ထိလိုက်မိကာ သူမ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ
ပြည့်နှက်သွားသည်။
“ယန်ယန်၊ သမီး ပြောချင်တာက...”
စုယန်ယန်က
သူမလက်ကို ဆုပ်ကိုင်ထားပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ဒါက အန်တီလေး ထင်တဲ့အတိုင်းပါပဲ။ အန်တီလေးဆီမှာ
ကိုယ်ဝန်ရှိနေပြီ။ အန်ကယ်လေး၊ အန်ကယ်လေး သိပ်မကြာခင်မှာ ကလေးအဖေ ဖြစ်တော့မယ်”
ထိုအခိုက်အတန့်မှာ
ချင်ရွယ်ရူ၏ စိတ်များမှာ လုံးဝ ဗလာဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဒီလို အံ့အားသင့် စရာလေးက
ရုတ်တရက် ရောက်ရှိလာပြီး ဒါက သူမ၏ စွဲလမ်းမှုမှ ပေါက်ဖွားလာသော စိတ်ကူး သက်သက်မျှသာ
ဖြစ်မှာကို စိုးရိမ်နေခဲ့သည်။
ချင်ရွယ်ရူသည်
သူမ၏ နောက်ဆုံး အသက်ကယ် ကောက်ရိုးမျှင်ကို ဆွဲကိုင်ထားသကဲ့သို့ စုယန်ယန်၏လက်ကို တင်းတင်း
ဆုပ်ကိုင် လိုက်မိသည်။
“ယန်ယန်၊
ဒါက အမှန်ပဲလား။ ငါ့မှာ ကိုယ်ဝန် ရှိနေတာလား။ ငါ့မှာ တကယ်ပဲ ကိုယ်ဝန် ရှိနေပြီလား”
ချိန်ရှုချင်သည်
ငိုတော့မလို စိတ်လှုပ်ရှားနေသော ချင်ရွယ်ရူကို ကြည့်ရင်း သူမပါ ငိုချင်လာခဲ့သည်။ ချိန်ရှုချင်သည်
သူမအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း တစ်ချိန်တည်းမှာပင် သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရုံဖြင့်
စုယန်ယန်က သူမမှာ ကလေးရှိနေကြောင်း ပြောတာကို မယုံကြည်ခဲ့ပေ။
တကယ်လို့
ရလဒ်က မဟုတ်ခဲ့ရင်၊ သူမ၏ ယောင်းမဖြစ်သူ ကြေကွဲသွားလိမ့်မည်။
“ယန်ယန်၊
သမီး သေချာရဲ့လား။ သမီးအန်တီလေးမှာ...”
“လုံးဝ
မမှားနိုင်ဘူး။ အမေတို့ သမီးကို မယုံရင်၊ အခုပဲ ဆေးစစ်ဖို့ ဆေးရုံကို သွားကြမယ်။ သမီး
စမ်းသပ် ကြည့်ရတာတော့ ကလေးက သုံးပတ်လောက် ရှိနေပြီ။ ဆေးရုံမှာဆိုရင် သူတို့ရဲ့ ပစ္စည်းကိရိယာတွေနဲ့
စမ်းသပ်လို့ ရလိမ့်မယ်”
“ဟုတ်ပြီ၊
ဟုတ်ပြီ၊ ဟုတ်ပြီ”
ချိန်ကျွင်းဟောက်က
နောက်ဆုံးတော့ တုံ့ပြန်လာခဲ့ပြီး သူ့ဇနီးသည် အနားသို့ ပြေးသွားခဲ့သည်။ သူက စုယန်ယန်ကို
ဘေးဖယ်လိုက်ပြီး ချင်ရွယ်ရူ၏ လက်ကလေးကို ဆွဲကိုင်လိုက်သည်။ သူက အရမ်း စိတ်လှုပ်ရှားနေပြီး
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့သည်။
“ဆေးရုံကို
သွားကြရအောင်။ ကိုယ်တို့ အခုပဲ ဆေးရုံမှာ ဆေးစစ်ဖို့ သွားကြရအောင်”
စုယန်ယန်
တစ်ယောက် ပြောစရာစကား ပျောက်ရှသွားသည်။ သူ့မှာ ကလေးရှိပြီ ဆိုကတည်းက အန်ကယ်လေးချိန်က
သူ့တူမလေးကို မလိုချင်တော့ဘူး။
မိဘတွေ
ဖြစ်ရတော့မို့ သူတို့နှစ်ယောက်သား အရမ်း ပျော်နေကြသည်။ ချိန်ရှုချင်တို့ လင်မယားကလည်း
သူတို့နည်းတူ စိတ်လှုပ်ရှား နေခဲ့ကြသည်။
နောက်ဆုံးတော့
အဘိုးချိန်က သူတို့ကိုယ်စား ဆုံးဖြတ်ချက် ချပေးခဲ့သည်။
“ဒါက
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ငါတို့ ဆေးရုံမှာ သွားစစ်ကြည့်သင့်တယ်။ တကယ်လို့ ဒါက
အမှန်သာဆိုရင် အကောင်းဆုံးပဲ။ မဟုတ်ရင်လည်း ပုံမှန် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတာပဲပေါ့။
သွားကြရအောင်၊ သွားကြရအောင်”
***