အပိုင်း ၂၃၀
Viewers 1k

 

အခန်း (၂၃၀)

 

အာဟာရပြည့်စွပ်ပြုတ်သည် အချည်းနှီးမဖြစ်ခဲ့ပါ

 

ချင်ရွယ်ရူ၏ ကိုယ်ဝန်ဟာ မိသားစု နှစ်စုစလုံးအတွက် အလွန် ပျော်ရွှင်စေတဲ့ အဖြစ်အပျက် တစ်ခုပင်။ အခုအချိန်မှာတော့ လူတိုင်းဟာ သတင်းကောင်းကို အိမ်မှာ ထိုင်ပြီး မစောင့်ဆိုင်းချင်သည့် အတွက် အုပ်စုလိုက် ဆေးရုံသို့ ချီတက် သွားခဲ့ကြသည်။

 

ထိုအချိန်တွင် နောက်ဆုံးတော့ သူ့အလုပ်တွေ လုပ်ကိုင် ပြီးစီးသွားသော သခင်လေးစုသည် အိမ်သို့ ပြန်ရောက် လာအခါမှာ သူ့ကို အိမ်မှာ ထမင်းဟင်း ပူပူလေးတွေက မစောင့်ကြိုနေမှန်း သိလိုက်ရသည်။ သူ့ကို ကြိုဆိုနှုတ်ဆက်ဖို့ လူတစ်ယောက်မျှပင် ရှိမနေကြောင်းကိုပါ သိလိုက်ရသည်။

 

စုယုရွှမ်သည် သူ့ညီမလေးဆီကို ဖုန်းဆက်ဖို့ သတိမရခင် စက္ကန့်အနည်းငယ်မျှ အံ့အားသင့် နေခဲ့သည်။ ချင်ရွယ်ရူမှာ ကိုယ်ဝန်ရှိနေမှန်း သူမ စမ်းသပ် သိရှိလိုက် ရသောအခါတွင် တစ်မိသားစုလုံး ချင်ရွယ်ရူအား ဆေးစစ်ကြည့်ရန် ဆေးရုံသို့ အမြန်လိုက်ပို့ခဲ့ကြသည်။

 

ဆေးရုံတွင် အသုံးပြုသည့် စမ်းသပ် ကိရိယာများသည် ဝမ်ကျင့်ဖျင် နေထိုင်ခဲ့သော နှစ်ဆယ့်တစ်ရာစုထက် ပိုမိုအဆင့်မြင့်ပေသည်။

 

ကလေးလေး၏ သုံးဖက်မြင် ရုပ်ပုံကို မြင်ရန် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဝမ်းဗိုက်ကို စကင်န် ဖတ်ရန်သာ လိုအပ်သည်။ ဓာတ်ရောင်ခြည် အတွက်ပါ စိတ်ပူစရာ မလိုတော့သည့် အတွက် အရမ်း အဆင်ပြေသည်။

 

သူတို့အထဲသို့ ဝင်သွားပြီး နှစ်မိခန့် အကြာမှာ ချင်ရွယ်ရူသည် ချိန်ကျွင်းဟောက်၏ ရင်ခွင်ကို မှီတွယ်နေရင်း ထွက်လာခဲ့သည်။ သူတို့နှစ်ယောက် အပြင်သို့ ထွက်လာသည်နှင့် အိမ်သားများ အားလုံး အပြေးသွားကာ စိတ်လှုပ်ရှားစွာ မေးမြန်းခဲ့ကြသည်။

 

“ဘယ်လိုလဲ။ ဘယ်လိုလဲ။ သူမမှာ တကယ်ပဲ ကိုယ်ဝန် ရှိနေတာလား”

 

“ဟုတ်တယ်၊ ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီ”

 

ထို့သို့ ပြောပြီးသည်နှင့် ချင်ရွယ်ရူသည် နောက်ဆုံး၌ သူမ၏ ထူးဆန်းသည့် အိပ်မက်ကနေ လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာပုံ ရသည်။

 

သူမသည် သူမခင်ပွန်း၏ လက်ကို ဆွဲယူပြီး အတည်ပြုလိုက်သည်။

 

“ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ။ ကျွန်မှာ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီ”

 

“ဟုတ်တယ်၊ ကိုယ်တို့မှာ ကလေးရှိပြီ။ ကိုယ်တို့ရဲ့ သွေးသားလေး ရှိနေပြီ”

 

ချိန်ကျွင်းဟောက်က ထိုသို့ အတည်ပြုပေးသည့် အခါမှာတော့ ချင်ရွယ်ရူဟာ သူမစိတ်ကို မထိန်းနိုင်တော့ပေ။ သူမက သူ့ရင်ခွင်ထဲ တိုးဝင်ပြီး မျက်ရည်မိုး ရွာသွန်းခဲ့သည်။

 

ချိန်ကျွင်းဟောက်၏ မျက်လုံးတွေမှာလည်း မျက်ရည်တွေ ပြည့်နှက်နေခဲ့သည်။ သူက ကလေး မရလည်း ဘာမှမဖြစ်ပါဘူးလို့ ဆိုသော်လည်း သူ ချစ်ရသူနဲ့ ရသည့် သူတို့၏ ကိုယ်ပိုင် သွေးသားလေးကို ဘယ်လိုလုပ်ပြီး မလိုချင်ပဲ နေပါ့မလဲ။

 

သူတို့ နှစ်ယောက်သား အသက်ကြီးလာပြီး ကမ္ဘာမြေကြီးကို စွန့်ခွာသွားသည့် အခါမှာ သူတို့၏ အတိတ်က ဆက်ဆံရေးကို သက်သေပြဖို့ ဒီကမ္ဘာမှာ သက်ရှိလေး တစ်ယောက် ကျန်ရှိနေလိမ့်မည်။

 

သို့ရာတွင် ကလေး လိုချင်တာနှင့် ချစ်ရသူကြားတွင် သူက သူ့ချစ်ရသူကို ပိုဂရုစိုက် နေသေးသည်။

 

အခုတော့ သူ ‌ရွေးချယ်စရာ မလိုအပ်တော့သည့် အတွက် ဒီလို ပြီးပြည့်စုံတဲ့ ဖြေရှင်းနည်းကြောင့် သူ ဘယ်လိုလုပ်ပြီး မပျော်ပဲ နေပါ့မလဲ။

 

“ကောင်းတယ်၊ ကောင်းတယ်”

 

သူတို့နှစ်ယောက်ကို ဒီလို မြင်တွေ့ရသည်နှင့် ချိန်ရှုချင်၏ မျက်လုံးများမှာ နီရဲလာခဲ့သည်။ သူမသည် ပျော်ရွှင် ဝမ်းမြောက်မှုကို ဖော်ပြရန် ခင်ပွန်းသည်၏ ပခုံးကို ဆက်တိုက် ရိုက်ပုတ် နေခဲ့သည်။

 

မစ်စတာစု “...” သူ့ဇနီးသည်က ပျော်ရွှင်နေသော အချိန်မှာပင် သူ့ကို ရိုက်နှက်ဖို့ မမေ့ပါလား။ ထားလိုက်ပါတော့၊ ဒီလို ပျော်ရွှင်စရာ ကောင်းတဲ့ အခါသမယ ဖြစ်နေတာကြောင့် သူမ သူ့ကို ရိုက်နှက်နေတာအား ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံခဲ့သည်။

 

အဘိုးချိန်သည်လည်း ဝမ်းသာအားရ ဖြစ်နေခဲ့သည်၊ ဒါပေမယ့် သူ့ချွေးမမှာ ကိုယ်ဝန်ရတာက သူ့၏ အဖိုးတန် မြေးမလေးကြောင့် ဆိုတာကို သူ သိသည်။

 

“ကြည့်ရတာ မင်းတို့အတွက် ယန်ယန် လုပ်ပေးတဲ့ စွပ်ပြုတ်တွေက လုံးဝ အလဟဿ မဖြစ်ဘူးပဲ”

 

ဒါကို သူမ ကြားလိုက် ရသည်နှင့် ချင်ရွယ်ရူသည် နောက်ဆုံး၌ သူမ အကြီးအကျယ် အံ့အားသင့် နေရာကနေ နိုးထလာခဲ့သည်။ သူမက သူမခင်ပွန်း၏ လက်ကို တွန်းဖယ်လိုက်ပြီး စုယန်ယန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

 

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ဒါတွေ အားလုံး ယန်ယန့် ကျေးဇူးကြောင့်ပဲ။ အန်တီလေး သမီးကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်...”

 

ဇနီးဖြစ်သူက အသုံးပြုပြီးနောက် စွန့်ပစ်ခံ လိုက်ရသည့် ချိန်ကျွင်းဟောက် “...” ဒါက ဒဏ္ဍာရီလာ ကံကြမ္မာ ဆိုတာလား။

 

ချင်ရွယ်ရူ ကိုယ်တိုင်ထက် သူမ၏ ခန္ဓာကိုယ် အခြေအနေကို မည်သူမျှ ပိုမသိပေ။ လွန်ခဲ့သည့် ငါးနှစ်အကြာကပင်၊ ဆရာဝန် တစ်ယောက်က သူမမှာ ကိုယ်ဝန်ဆောင်နိုင်ဖို့ ခဲယဉ်းတယ်လို့ ပြောထားခဲ့ပြီးသားပါ။

 

လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမ အသက်ကြီး လာသည်နှင့်အမျှ ကိုယ်ဝန် ရနိုင်စွမ်း ပိုမို ခက်ခဲလာခဲ့သည်။ ဒီကို အလည်ရောက်ပြီး တစ်လ မပြည့်ခင်မှာပင် ကိုယ်ဝန်ဆောင်နိုင် သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

 

သူမ ယောက္ခထီးနှင့် ခင်ပွန်းသည်က သူမကို စိတ်ပြေလက်ပျောက် ဖြစ်စေဖို့ စုမိသားစုသို့ ကြိုတင် ပို့ထားခဲ့ခြင်း ဖြစ်သည်။ ဒါက သူတို့ဘဝ၏  အကောင်းမွန်ဆုံး ဆုံးဖြတ်ချက် တစ်ခုပါပင်။

 

“သမီးတို့က မိသားစုတွေပဲလေ၊ အန်တီလေး ကလည်း ဘာဖြစ်လို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။ သမီးက မိသားစုထဲမှာ အမြဲတမ်း အငယ်ဆုံး ဖြစ်နေတော့ သမီးထက် အငယ်လေးတွေ လိုချင်နေတာ ကြာပြီ။ အခု အန်တီချင်က ကိုယ်ဝန် ရှိနေပြီဆိုတော့ သမီးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ အန်တီချင်ကို ကျေးဇူးတင်သင့်တာပါ”

 

ချိန်ရှုချင်ကလည်း ဘေးကနေ ဝင်ပြောခဲ့သည်။

 

“ဟုတ်တယ်။ ငါတို့က မိသားစုတွေပဲ၊ ဒီလောက် ယဉ်ကျေးနေစရာ မလိုဘူး။ ဒါက အရမ်းကောင်းတဲ့ သတင်းဆိုတော့ ငါတို့အားလုံး ပျော်ရွှင်နေသင့်တယ်”

***