အမျိုးသားရဲ့ ပြဿနာက ပိုပြင်းထန်တယ်
“ယန်ယန်၊ သမီးကို အန်ကယ်လေး
မိတ်ဆက်ပေးမယ်။ ဒါက အန်ကယ်လေး သမီးကို အရင်က ပြောပြဖူးတဲ့ ဦးလေးဖန်းနဲ့ အန်တီကုပဲ”
ချိန်ကျွင်းဟောက်က သူတို့ကို
အိမ်ထဲသို့ ခေါ်သွားပြီး စုယန်ယန်နှင့်မိတ်ဆက်ပေးသည်။ “လူအိုကြီးဖန်း၊ ခယ်မလေး၊ ဒါက
ငါ့တူမလေးပဲ”
ချိန်ကျွင်းဟောက် ဒီကို ရောက်မလာခင်မှာ
သူက သူ့တူမလေးက အသက်ငယ်ကြောင်း သူတို့နှစ်ယောက်ကို ပြောခဲ့ဖူးသည်။ သို့သော် သူတို့
စုယန်ယန်ကို တကယ် မြင်တွေ့ရသော အခါတွင် သူတို့ ထင်ထားတာထက် ပိုငယ်နေကြောင်း ခံစားနေရသေးသည်။
စုယန်ယန်သည် သူတို့၏ အမူအရာကို
မြင်လိုက်သည်နှင့် သူတို့ ဘာတွေးနေလဲ ဆိုတာကို တန်းသိလိုက်သည်။ သူမက အပြုံးလေးဖြင့်
“မင်္ဂလာပါ၊ ဦးလေးနဲ့ အန်တီ၊ ဦးလေးတို့က သမီးအန်ကယ်လေးရဲ့ မိတ်ဆွေတွေပေါ့။ စိတ်မရှိဘူးဆိုရင်
သမီးကို ယန်ယန်လို့ ခေါ်လို့ ရပါတယ်”
“ကောင်းပါပြီ၊ ကောင်းပါပြီ”
စုယန်ယန်၏ စကားအပြောအဆို ချိုသာမှုကြောင့် သူတို့နှစ်ယောက်စလုံး အနည်းငယ် စိတ်သက်သာရာ
ရသွားစေခဲ့ကာ စေ့စေ့စပ်စပ် စဉ်းစားပြီးနောက် ကုကျားမိန်က “ရွယ်ရူရဲ့ ကိုယ်ဝန်က သမီးကြောင့်
ရခဲ့တာလို့ သမီးအန်ကယ်လေး ပြောတာကို ကြားခဲ့ရတယ်။ အန်တီတို့ ဒီနေ့ ဒီကို ရောက်လာတာက
အန်တီတို့ နှစ်ယောက်လည်း...”
“သမီး သိပါတယ်။ ဒီမတိုင်ခင်က
အန်ကယ်လေးက သမီးကို ပြောဖူးတယ်။ ကလေးမရနိုင်တဲ့ အကြောင်းရင်းတွေက အများကြီး ရှိတယ်။
လူနာကို လူချင်း မတွေ့ဆုံခင်မှာ ကုသနိုင်ပါ့မလား ဆိုတာ သမီး သေချာပေါက် မပြောနိုင်ဘူး”
“ဒါဆို အခု...”
“အရင်ဆုံး ထိုင်ပါဦး”
စုယန်ယန်က သူတို့နှစ်ယောက်ကို
ထိုင်စေလိုသည့်ဟန် လက်ဟန် ပြလိုက်သည်။ ထို့နောက် သူမက ဖန်းဝေ့မင်ကို ပြောလိုက်သည်။
“ဦးလေးဖန်း၊ ဦးလေးလက်ကို စားပွဲပေါ်
တင်ပေးပါလား”
“ဦးလေးလက်လား”
ချိန်ကျွင်းဟောက်က အလျင်အမြန်
တုံ့ပြန်နိုင်ပြီး အလျင်စလို ပြောလိုက်သည်၊ “မင်းလက်ကို သူမကို ပေးလိုက်ကွာ။ ယန်ယန်
ရွယ်ရူရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးတော့ သူမမှာ ကိုယ်ဝန်ရှိနေတာကို သိလိုက်တာ”
ဖန်းဝေ့မင်တို့ ဇနီးမောင်နှံဟာ
ကြက်သေ သေသွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သူတို့လက်တွေကို စားပွဲပေါ်
တင်ပေးလိုက်ကြသည်။
စုယန်ယန်က သူ့သွေးခုန်နှုန်းကို
စမ်းသပ်ကြည့်ပြီး စက္ကန့်နှစ်ဆယ်လောက် စဉ်းစားနေခဲ့သည်။ ထို့နောက် သူမက ကုကျားမိန်ဘက်သို့
လှည့်ကာ “အန်တီ ဒီကို လာပါဦး” လို့ ပြောလိုက်သည်။
ကုကျားမိန်က သူမလက်ကို အလျင်စလို
ထုတ်ပေးလိုက်သည်။ စုယန်ယန်က သူမကို အချိန်ခဏကာ စမ်းသပ် ကြည့်ပြီးနောက် မနေနိုင်စွာ
မေးလိုက်မိသည်၊ “ဘယ်လို နေလဲ”
စုယန်ယန်က သူမလက်ကို ပြန်ရုပ်ကာ
ပြုံးလိုက်သည်။ “အန်တီရဲ့ အခြေအနေက သမီး အန်ကယ်လေးနဲ့ အန်တီလေးတို့ရဲ့ အခြေအနေနဲ့ မထူးမခြားနားပဲ။
သမီးအန်ကယ်လေးတို့ နှစ်ယောက်တုန်းက အဓိက ပြဿနာက အန်တီလေးရဲ့ အခြေအနေကြောင့်ပဲ။ အန်တီတို့ကျ
အမျိုးသားဘက်ကို ပိုဂရုစိုက်သင့်တယ်”
ဖန်းဝေ့မင် အံ့သြသွားသည်။ စုယန်ယန်၏
ကောက်ချက်ကြောင့် သူ အံ့သြမသွားပေ။ အဲ့ဒီအစား၊ သူတို့၏ သွေးခုန်နှုန်းကို စမ်းသပ်ရုံဖြင့်
သူတို့မှာ တစ်ခုခု မှားယွင်းနေကြောင်း သူမ ပြောနိုင်တာကြောင့် အံ့သြသွားကြသည်။
တိုက်ဆိုင်မှု တစ်ခုလေလား ဒါမှမဟုတ်
တစ်စုံတစ်ယောက်က သူမကို ကြိုတင် ပြောပြထားခဲ့တာလား။
ချိန်ကျွင်းဟောက်သည် ဖန်းဝေ့မင်၏
အကြည့်တွေကို ဖမ်းမိသောအခါ သူ ဘာတွေးနေလဲ ဆိုတာကို ချက်ချင်း သိလိုက်သည်။ သူ့မျက်နှာက
မည်းမှောင်သွားပြီး အနည်းငယ် စိတ်မချမ်းသာတော့ပေ။
သူက သူတို့ နှစ်ယောက်ကို ကြင်နာစိတ်ဖြင့်
သူ့တူမနှင့် တွေ့ဆုံဖို့ ခေါ်လာပေးခဲ့သော်လည်း ဒီနှစ်ယောက်က သူ့မှာ ရည်ရွယ်ချက်ဆိုး
ရှိနေတယ်လို့တောင် သံသယ ရှိနေကြသည်။ သူတို့က သူ၏ကြင်နာမှုကို တန်ဖိုး ထားရကောင်းမှန်း
မသိကြဘူးပဲ။
အခြားတစ်ဖက်တွင်မူ စုယန်ယန်က
သိပ်အများကြီး မတွေးဘူး။ သူမက တရုတ်တိုင်းရင်းဆေး နယ်ပယ်သို့ ဝင်ရောက်လာသည့် အသစ်လေး
ဖြစ်သည်။ လူနာတွေ သံသယ ဝင်တာက ပုံမှန်ပါပဲ။
“အတိအကျပြောရင် ဘာက ပြဿနာလဲ”
“ဦးလေးဖန်း၊ ဦးလေးမှာ သုတ်ပိုးချို့တဲ့တဲ့
ရောဂါ ဖြစ်နေလို့ပဲ။ အဲ့တာ ပြောရရင် အဟမ်း... ဦးလေးမှာ သုတ်ပိုး အများကြီး မရှိဘူး၊
ဦးလေးရဲ့ သုတ်ပိုး အရေအတွက် ရှိရမယ့် အရေအတွက်ထက် နည်းပါးနေတယ်။ တိုက်တိုက်ဆိုင်ဆိုင်၊
အန်တီကုမှာလည်း ခန္ဓာကိုယ် အေးစက်တဲ့ အခြေအနေမှာ ရှိနေတယ်၊ ဒါ့ကြောင့် သူမမှာ ကိုယ်ဝန်ရဖို့
မလွယ်တာပဲ...”
သန္ဓေရဖို့ ပြဿနာရှိတဲ့ လူနှစ်ယောက်က
ကလေး တကယ်ရလျှင်ပင် ပြဿနာ ဖြစ်သွားနိုင်သည်။
ဖန်းဝေ့မင်တို့ ဇနီးမောင်နှံ၏
အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ စုယန်ယန်သည် အမျိုးသားဘက်မှ ရောဂါအခြေအနေ ပိုပြင်းထန်တယ်လို့
ပြောနိုင်သည်။ ဒါကိုတော့ ချိန်ကျွင်းဟောက်က သူမကို ပြောထားတယ်လို့ သူတို့ ပြောနိုင်သေးသည်။
နောက်ဆုံးတော့ သူတို့နှစ်ယောက်စလုံးမှာ ကလေးမရနိုင်တဲ့ ပြဿနာတွေ ကိုယ်စီ ရှိနေကြတာပဲ
ဖြစ်သည်။
အရင်က သူတို့တွေ စကားစမြည် ပြောဆိုတဲ့
အခါမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် သူတို့ ဖြစ်တဲ့ ရောဂါဝေဒနာတွေ အကြောင်း ခဏခဏ ပြောလေ့ရှိပြီး
တချို့ အကြောင်းအရာတွေကို ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။
သို့သော် သူတို့သည် ဒီအခြေအနေနှင့်
ပတ်သက်ပြီး ယခင်က တစ်ခါမှ မပြောခဲ့ဖူးပေ။ ဖန်းဝေ့မင်သည် သူက အဓိက ပြဿနာ အကြောင်းရင်း
ဖြစ်တယ်လို့ တစ်ကြိမ်သာ ယောင်ဝါးဝါး ပြောခဲ့ဖူးသည်။
စုယန်ယန်သည် အမှန်တကယ် အရည်အချင်း
ရှိတယ်လို့ သူတို့ ပြောနိုင်သည်။ သူတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက် အလင်းရောင်
တဖျတ်ဖျတ် လင်းလက်လာပြီး စုယန်ယန်အား တလက်လက် တောက်ပနေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
“ဒါဆိုရင်... ဒါကို ကုသလို့
ရနိုင်မလား”
***