အပိုင်း ၂၄၆
Viewers 1k

အခန်း (၂၄၆)

 

အရမ်း ပေါက်ကွဲနေတယ်

ဒီနေ့ ဟောက်ချန်ဟွမ်း ဝတ်ဆင်လာသည့် အဝတ်အစားတွေမှာ ကြယ်သီးလုံးဝ မပါခဲ့ပေ။

ဟောက်ချန်ဟွမ်းသည် ဒီနေ့မှာ သူ ဝတ်နေကျ လယ်သာ ရှူးဖိနပ်ကို မဝတ်ဆင်ထားပေ။ သူက စုယန်ယန် လက်ဆောင် ပေးထားသော ပဝါနှင့် လိုက်ဖက်ညီအောင် ဝတ်ဆင်ထားသည်။ သူ ဝတ်နေကျ စတိုင်အစား ပုံမှန် ပေါ့ပေါ့ပါးပါး ဝတ်စုံမျိုးကို ဝတ်ဆင်ထားသည်။

ဒီအချက်ကြောင့် သူ တစ်ခုခု အပြောခံရတာ အသေအချာပါပဲ။ သူ၏ မိုက်မဲလှတဲ့ ဇနီးသည်၏၏ မုသားစကားကို ဘယ်လို ဖုံးကွယ်ပေးရမှန်း သူ မသိတော့ဘူး။

ချိန်ကျွင်းဟောက်က သူ ပထမဆုံး စဝင်လာတုန်းက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အရမ်း တုန်လှုပ် နှင့်ပြီးပြီ။ အခု စုယန်ယန်က သူ့ကို လိမ်လည်ခဲ့တာကိုပါ သိလိုက်ရတော့ သူက ခါးသီးစွာ ပြောလိုက်မိသည်။

“ယန်ယန်၊ မင်း ဒီကောင်လေးနဲ့ မင်းရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ဖို့ မင်းဦးလေးကိုတောင် လိမ်ခဲ့တယ်ပေါ့။ မင်း မင်းဦးလေးကို လိမ်ပြောခဲ့တာလား။ မင်း အရင်တုန်းက ဒီလိုမျိုး မဟုတ်ပါဘူး”

ချိန်ကျွင်းဟောက် ဒီလို ပြောလိုက်သည့် အချိန်မှာ သူက ဟောက်ချန်ဟွမ်းကို စူးစူးရဲရဲ စိုက်ကြည့် နေခဲ့သည်။ သူ့အကြည့်တွေက ပြောနေသည်မှာ “ငါတို့မိသားစုရဲ့ ရိုးသား၊ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကလေးလေးကို လမ်းလွဲသွားစေတာ မင်းအပြစ်ပဲ”

ဟောက်ချန်ဟွမ်းသည် သူ့ဆီသို့ ပျံသန်းလာသည့် ယင်မည်း ရိုင်းအုပ်လိုက်ကြီးကို ကြည့်ရင်း ပြောစရာစကား ပျောက်ရှနေသည်။

“အန်ကယ်လေး၊ အန်ကယ်လေး ချဲ့ကားပြောဆိုရာ ရောက်နေပါပြီ။ ချန်ဟွမ်းနဲ့ သမီးက စုံတွဲတွေလေ။ သမီးတို့ မတွေ့ဖြစ်တာ ကြာပြီ။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖြစ်ဖို့ အရမ်းရှားတယ်။ အိမ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးနီးစပ်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။ အခြားတစ်ဖက်မှာလည်း အန်ကယ်လေးက သမီးတို့ အသိမပေးပဲ ဘယ်လိုလုပ်ပြီး ဝင်လာရတာလဲ။ အန်ကယ်လေး သမီးတို့ကို ခြောက်လှန့် လိုက်တာပဲ”

“အပြစ်တင်သည့် ဂိမ်းကစားနေတယ်” လို့ ခံစားလာရသည့် ချိန်ကျွင်းဟောက်သည် ထိုစကားကို ကြားသော အခါတွင် လေအေးတစ်ရှိုက် ရှူရှိုက်မိသည်။ သူ့မျက်နှာဟာ မည်းမှောင်သွားပြီး “မင်းတို့နှစ်ယောက်က စုံတွဲတွေ ဖြစ်နေရင်တောင်မှ နင်တို့က တရားဝင် လက်ထပ် ရသေးတာ မဟုတ်ဘူး။ နင်တို့ ဒီလောက် နီးကပ်နေလို့ မရဘူး”

စုယန်ယန်က ရှက်သွေးဖြာ သွားပြီး ခပ်ဖွဖွ ရယ်လိုက်ကာ “ဒါက နှစ်ရက်ပဲ လိုတော့တာပါ။ အရေးမကြီးပါဘူး”

ဟောက်ချန်ဟွမ်း၏ နှုတ်ခမ်းတစ်စုံဟာလည်း အနည်းငယ် ကော့တက် သွားသည်။ သူက သိပ်မကြာခင်မှာ ကျင်းပရတော့မယ့် လက်ထပ်ပွဲ အကြောင်းကို တွေးမိသွားပုံပါပဲ။

“...” ချိန်ကျွင်းဟောက် တစ်ယောက် ဆွံ့အသွားသည်။ သူမသည် ဝက်ခြံထဲ ခုန်ဝင်သွားရုံ သာမကပဲ သူမကို ဝက်စားဖို့ကိုပင် မစောင့်နိုင်တော့ဘူးလား။ ဟူး... ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းလိုက်သလဲ။

“အန်ကယ်ပြောတာ မှန်တယ်။ ကျွန်တော်တို့က လက်မထပ် ရသေးတာကြောင့် ကျွန်တော်တို့ အရမ်းနီးနီးကပ်ကပ် မနေသင့်ဘူး။ ဒါက ကျွန်တော့် အမှားပါ”

“အစကတည်းက မင်းအမှားပဲ။ မင်း ယန်ယန့်ကို အခွင့်ကောင်း ယူနေတယ်လို့ ငါ မပြောနိုင်ဘူးလို့ မင်း ထင်မနေနဲ့။ မင်းက သူမကို အခွင့်ကောင် ယူပြီးမှ အပြစ်ကင်းစင်ဟန် ဆောင်နေသေးတာလား။ ငါ မင်းလိုလူတွေ အကြောင်းကို ကောင်းကောင်း သိတယ်။ ဘာဖြစ်ချင်လဲ။ မင်းက သူမကို အရမ်း နီးနီးကပ်ကပ် မနေဖို့ ပြောခဲ့သေးတယ်လို့ ပြောချင်နေသေးတာလား။ ယန်ယန်နဲ့ နီးနီးကပ်ကပ် နေတုန်းက မှားတယ်လို့ မခံစားရဘူးလား”

ဟောက်ချန်ဟွမ်း၊“…”

မျှော်လင့်ထားသည့် အတိုင်း၊ ချိန်နှင့် စုမိသားစုတွေဟာ အပြင်ပိုင်းတွင် ဘယ်လောက်ပဲ ဉာဏ်ကောင်း ထက်မြက် နေကြပါစေ သူတို့ကို အမှား ကျူးလွန်မိလို့ မဖြစ်ဘူး။ သူတို့ မိသားစုထဲက အမျိုးသမီးတွေကို သွားထိမိတာနဲ့ မီးရှူးမီးပန်း ပေါက်ကွဲ ထွက်သလိုပင်။ သူတို့က ဘယ်သူ့ကိုမှ အသိအမှတ်မပြုပဲ ချဉ်းကပ် လာသူတိုင်း ကံမကောင်းနိုင်ဘူး။

“ဟူး... အန်ကယ်လေး၊ ပြောနေတာကို ရပ်ပါဦး။ သမီးတို့ အခု တကယ်ပဲ ဘာမှ မလုပ်ပါဘူး”

ချိန်ကျွင်းဟောက် နှာမှုတ်လိုက်သည်။ “ငါလာတာ မြန်လို့ပေါ့။ ငါ အချိန်မီ ရောက်လာလိမ့်မယ်လို့ နင်တို့ မထင်ကြဘူးမလား”

စုယန်ယန်တစ်ယောက် ပြောစရာစကား မရှိ။

စုယန်ယန်က စကားခေါင်းစဉ်ကို အလျင်စလို ပြောင်းလိုက်သည်။ “အန်ကယ်လေး၊ ဘာဖြစ်လို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ”

“ဘာမှ မဟုတ်ဘူး။ မင်းသူငယ်ချင်း ရောက်နေတယ်လို့ အရှေ့ကောင်တာက ပြောသံ ကြားလို့ ငါ လာကြည့်တာ။ ငါ အထဲ ဝင်လာတာနဲ့ ဒီလိုမျိုး မြင်တွေ့ရလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားဘူး... ဟမ့်၊ ငါ ရောက်တာ မြန်လို့ ကံကောင်းတယ်။ ဒီလိုမှ မဟုတ်ရင်၊ နေ့ခင်း အလင်းရောင် ရှိသေးပြီး ဒီလို အများပြည်သူ သက်ဆိုင်တဲ့ နေရာမျိုးမှာ တံခါးကို လော့ခ်တောင် မချပဲ၊ မင်း လုပ်ရဲ... လုပ်ရဲ... အပြင်မှာ လူတွေ အများကြီး ရှိနေသေးတာကို...”

ချိန်ကျွင်းဟောက်က ပြောရင်း ပြောရင်း ဒေါသ ပိုထွက်လာသည်။ စုယန်ယန်က အစပိုင်းတွင် အတွေး မလွန်ခဲ့သော်လည်း သူမ သူပြောတာကို နားထောင်ရင်း တစ်ခုခုတော့ မှားနေပြီလို့ ခံစားလိုက်ရသည်။ သူမ တစ်မျက်နှာလုံး ရဲရဲနီစွေး သွားသည်။

‘မဟုတ်၊ မဟုတ်၊ မဟုတ်ဘူး။ အန်ကယ်လေး၊ အတွေး လွန်နေတာပဲ။ သမီးတို့ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး အနမ်း ခြွေနေရုံပါပဲ။ သမီးတို့မှာ နေ့ခင်းကြောင်တောင် ဒီလိုမျိုး လုပ်ဖို့ အတွေး နည်းနည်းလေး‌‌တောင် မရှိပါဘူး... ကျေးဇူးပြုပြီး အန်ကယ်လေးရဲ့ အန္တရာယ်ရှိတဲ့ အတွေးတွေကို ရပ်တန့်လိုက်ပါတော့”

သို့ရာတွင် ဟောက်ချန်ဟွမ်းကတော့ စုယန်ယန်လောက် ခုခံနိုင်စွမ်း မရှိပေ။ ချိန်ကျွင်းဟောက် ပြောတာကို ကြားပြီးနောက် သူ့မျက်နှာပေါ်မှာ စဉ်းစားတွေးတောနေသည့် အသွင် ပေါ်လာခဲ့သည်။

***