ဆေးရုံသို့ နောက်တစ်ဖန် ရောက်သွားပြန်ပြီ
လဲကျသံက ဆူညံလွန်းသဖြင့် ဧည့်သည်အားလုံး
အံ့သြသွားကြသည်။
စက္ကန့် အနည်းငယ် အကြာမှာတော့ ထိုလူနှင့်
စကားပြောနေတဲ့ လူတွေက နောက်ဆုံးတော့ တုံ့ပြန် လာနိုင်ခဲ့သည်။ သူတို့က သူ့ကို ကူညီဖို့
ပြေးလာပြီး အော်ဟစ်လိုက်ကြသည်၊ “မင်း ဘာလုပ်လိုက်တာလဲ”
ထိုလူကို ရိုက်နှက် လိုက်သူက အေးစက်စွာ
ရယ်မောလိုက်သည်။ သူမက လက်ဆစ်တွေကို ချိုးလိုက်ပြီး ထိုအသံက ခန်းမတစ်ခုလုံး ပဲ့တင်သံ
ထပ်သွားသည်။
“နင်တို့ ငါ့နောက်ကွယ်မှာ ငါ့တူမအကြောင်း
အတင်းတုပ်နေကြပြီး ဘာဖြစ်လို့လဲလို့ ငါ့ကိုပြန်မေးရဲတယ်ပေါ့လေ”
သူမ၏ စကားကြောင့် သူတို့တွေ မျက်နှာမှာ
ဖြူဖျော့သွားကြသည်။ သူတို့ စကားပြောရန် ပါးစပ်ဖွင့် လိုက်သော်လည်း စုယန်ယန်နှင့် ဧည့်ခံပွဲလာ
ပရိသတ်တွေက ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို သတိပြုမိသွားကာ သူတို့ဖက်သို့ လှည့်ကြည့်လိုက်သည်။
“အန်တီလေး” သူမကို မြင်လိုက်ရသောအခါ စုယန်ယန်၏
မျက်ဝန်းလေးတွေက တောက်ပသွားသည်။ စုယန်ယန်သည် ဂါဝန်ရှည်ကြီးကို ပင့်မပြီး သူတို့ဆီ ပြေးလာသည်။
စုယွဲ့ထင်က ဒါကို မြင်လိုက်ရသောအခါ မဆူပူမိပဲ
မနေနိုင်တော့ပေ၊ “ဖြည်းဖြည်းလာ၊ ဖြည်းဖြည်းလာ။ ရှင်လေးက လက်ထပ်ပြီးတာတောင် အရမ်း ကလေးဆန်နေတုန်းပဲ။
လဲကျသွားရင် ဘယ်လိုလုပ်မလဲ”
“သမီး ဘာလုပ်နေလဲ ဆိုတာ သမီး သိပါတယ်။ အန်တီလေး၊
ဘယ်အချိန်က ရောက်တာလဲ။ တစ်ယောက်ယောက်ကို လာကြိုခိုင်းဖို့ သမီကို ဘာဖြစ်လို့ အစောကြီးက
ကြိုမပြောရတာလဲ။ အန်တီလေး အချိန်မှ ပြန်မလာနိုင်ဘူးလို့ သမီး ထင်နေတာ”
စုယန်ယန် ရှေ့က အမျိုးသမီးက အသက်သုံးဆယ်ကျော်ရုံခန့်
ရှိပုံပေါ်သည်။ သူမက စုယန်ယန်၏ အန်တီလေးဖြစ်ကာ သူမဖခင်ဖြစ်သူ၏ ညီမငယ်လေး စုယွဲ့ထင်ပင်
ဖြစ်သည်။
စုယွဲ့ထင်သည် စုယန်ယန်၏ အဘိုးအဘွားမှ မွေးစားထားသည့်
ကလေးသာ ဖြစ်ပြီး သူမဖခင်ဖြစ်သူနှင့် သွေးသားတော်စပ်ခြင်း မရှိသော်လည်း သူမသည် စုမိသားစုနှင့်
အလွန် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။
သို့သော် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း
သူမသည် နေရာအနှံ့ ခရီးထွက်ရတာကို သဘောကျသည်။ စုယန်ယန်၊ ချိန်ရှုချင်နှင့် တခြားသူတွေက
သူမကို ဆက်သွယ်ဖို့ ကြိုးစားခဲ့သည်။ ထိုအချိန်တွင် သူမဟာ အဝေးတစ်နေရာ၌ ဘန်ဂီခုန်ဖို့
ရောက်ရှိနေခဲ့တာ ဖြစ်ပေမယ့် ဒီကို အမီပြန်လာဖို့ အစွမ်းကုန် ကြိုးစားခဲ့ရသည်။
လူအနည်းငယ်က ဒီမနက်မှာပင် သူမထံမှ အကြောင်းပြန်တာကို
မရရှိခဲ့ကြဘူး။ သူမ အကြောင်းကိစ္စ တစ်ခုခုကြောင့် နှောင့်နှေးတာ ဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့်
မျှော်လင့်မထားစွာပဲ...”
“ဒီကို မနက်လေးတင် ရောက်လာတာ၊ ဒါ့ကြောင့်
အန်တီလေး ရောက်ရောက်ချင်း ဒီကို ဘယ်လိုလုပ်ပြီး မပြေးလာပဲ နေနိုင်မှာလဲ။ ငါ နင်တို့ကို
အံ့အားသင့်အောင် လုပ်ချင်ပေမယ့် လမ်းမှာ ကိစ္စတချို့ ကြုံတွေ့နေရလို့ နင့်မင်္ဂလာပွဲ
အမီ မရောက်လာနိုင်တာ”
စုယွဲ့ထင်က ဒါကို ပြောတဲ့အခါ အနည်းငယ် စိတ်မပျော်ရွှင်ဘူး။
ထိုအခိုက်အတန့်မှာပင် ဟောက်ချန်ဟွမ်းနှင့်
တခြားသူတွေ ရောက်ရှိလာကြသည်။ ကုရှောက်ယန်က ဟောက်ချန်ဟွမ်း၏ နံဘေးသို့ လျှောက်သွားပြီး
စကားအနည်းငယ် တီးတိုး ပြောလိုက်သည်။
ဟောက်ချန်ဟွမ်း၏ မျက်ဝန်းများက ကြောက်မက်ဖွယ်ရာ
ကျဉ်းမြောင်းသွားပြီး တောင်းပန်စကား ဆိုသည်၊ “ဒါကို ကြိုတင်ပြင်ဆင်မထားမိတဲ့ ကျွန်တော်တို့
အမှားပါပဲ။ အန်တီလေးက မတွေ့သင့်တဲ့သူနဲ့ တွေ့ပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်”
“မတွေ့သင့်တဲ့သူလား” စုယန်ယန်က စုယွဲ့ထင်ကို
စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ၏
“အန်တီလေး၊ ဘယ်သူနဲ့ တွေ့ခဲ့လို့လဲ”
စုယွဲ့ထင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
“တခြား ဘယ်သူ ဖြစ်နိုင်မှာလဲ။ ဒီနေ့က နင့်မင်္ဂလာပွဲနေ့ပဲ။
ဒီကို လာပြီး နင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေလောက်အောင် မျက်စိကန်းနေတဲ့ သူက ဘယ်သူဖြစ်မလဲ
နင် မသိဘူးလား”
စုယန်ယန်က မျက်မှောင်ကြုတ်ပြီး မြန်မြန်ဆန်ဆန်
တုံ့ပြန်လိုက်သည်။
“ဟောက်ရှောက်ဖုန်းလား။ အန်တီလေး၊ ဟောက်ရှောက်ဖုန်းနဲ့
တွေ့ခဲ့တာလား။ သူက ဘယ်မှာလဲ”
စုယွဲ့ထင်က ပြန်မဖြေနိုင်ခင်မှာပင် ကုရှောက်ယန်က
ချောင်းခပ်ဖွဖွဆိုးပြီး ရယ်သံတစ်ဝက်ဖြင့် ပြောလိုက်သည်။
“မစ်စုက သူ့ကို ဆေးရုံကို နောက်တစ်ဖန် ပို့ပေးလိုက်ပြန်ပြီ”
ချိန်ရှုချင်နှင့် တခြားသူတွေက ဒီကို ရောက်ရောက်ချင်းမှာပင်
ထိုစကားကို ကြားလိုက်ရသည်။ သူတို့က စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
“ဖူး... ဘာဖြစ်သွားတာလဲ။ ဘာဖြစ်သွားတာလဲ။
ဟောက်ရှောက်ဖုန်းက ဘာဖြစ်လို့ နောက်တစ်ဖန် ဆေးရုံ ထပ်တက်ရတာလဲ”
“နောက်တစ်ဖန်” ဟူသော စကားလုံးက အလွန် ပညာသား
ပါလှသည်။
ကုရှောက်ယန်က လူတိုင်း၏ စူးစမ်းချင်တဲ့
အကြည့်တွေကို မြင်တော့ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ဒါက ဘယ်လို ဖြစ်တာလဲ ဆိုတော့၊ မစ်စု ရောက်တဲ့
အချိန်မှာပဲ ဟောက်ရှောက်ဖုန်းတို့စုံတွဲ ကျွန်းပေါ် အတင်းတက်ဖို့ ကြိုးစားနေတာနဲ့ တန်းတိုးခဲ့တယ်။
ကျွန်းအစပ်မှာ ရှိတဲ့ လုံခြုံရေး အစောင့်တွေက သူတို့မှာ ဖိတ်ကြားလွှာ မပါတဲ့ အတွက်ကြောင့်
ကျွန်းပေါ်ကို ဝင်ခွင့်မပေးတဲ့အတွက် သူတို့ကြား အငြင်းပွားမှု ဖြစ်ခဲ့တယ်”
“အငြင်းအခုံဖြစ်တဲ့ အချိန်မှာ မစ်စုက ဟောက်ရှောက်ဖုန်းတို့
စုံတွဲရဲ့ အထောက်အထားတွေကို သိသွားပြီး၊ သူမက တိုက်ရိုက်... သူတို့ကို လှေပေါ်ကနေ ကန်ချခဲ့တယ်။
သူတို့နှစ်ယောက်လုံး ရေမကူးတတ်လို့ လှေပေါ်ကနေ ပြုတ်ကျပြီး ရေထဲမှာ အသက်ရှူကျပ်ပြီး
မေ့မြောသွားခဲ့ကြတယ်။ ဒီလို နေ့ကောင်းရက်သာမှာ တစ်ယောက်ယောက် သေဆုံးသွားရင် မကောင်းတာ
ဖြစ်မှာဆိုးတဲ့အတွက် လုံခြံရေးက သူတို့ကို ကယ်ဆယ်ပြီး ဆေးရုံကို ပို့ပေးလိုက်ပါတယ်”
***