အပိုင်း ၂၆၇
Viewers 1k

အခန်း (၂၆၇)

 

ပျော်ရွှင်စရာ မင်္ဂလာပွဲလေးပါ

 

ကံမကောင်းစွာဖြင့်၊ အခြေအနေတွေက ခွင့်မပြုသောကြောင့် သူမသည် နောင်အနာဂတ်မှ ဒီနောင်တ အတွက် အတိုးချပြီး လည်ပတ်ဖြစ်ဖို့ ဆုံးဖြတ်ချက်သာ ချထားနိုင်ခဲ့သည်။

 

သူမတို့နှစ်ဦးသား စကားစမြည် ပြောဆိုနေကြစဉ် ယမန်နေ့က အိမ်တော်မှာ လူတွေ အများကြီး ရှိနေသောကြောင့် အခန်းထဲ သော့ခတ်ပြီး ထားခဲ့ရသော သွမ်းသွမ်းလေးသည် နောက်ဆုံး၌ အခန်းထဲမှ ထွက်ခွာခွင့် ရရှိခဲ့ပြီး ပျော်ရွှင်စွာဖြင့် အိမ်တော်ထဲမှ ပြေးထွက်လာခဲ့သည်။

 

စုယန်ယန်တို့ နှစ်ဦးဘေးမှာ ကျယ်လောင်စွာ ဟောင်ရင်း လှည့်ပတ်နေခဲ့သည်။

 

ထိုအချိန်မှပင် စုယန်ယန်သည် သူမ အချိန်အတော်ကြာ လျစ်လျူရှု ထားခဲ့မိသော ဒီအမွေးပွ ခွေးလေး အကြောင်းကို တွေးမိလိုက်သည်။ သူမက လှည့်ကြည့်ပြီး ဟောက်ချန်ဟွမ်း၏နား အနားသို့ တီးတိုး ကပ်ပြောခဲ့သည်။

 

 “ရှင် ဆူညံသံတွေကို ကြောက်လားဟင်”

 

“ဆူညံသံလား”

 

“... ကျွန်မ ရှောင်ချီးကို ဟွားဟွားကို ဒီနေရာ ခေါ်လာစေချင်လို့။ ကျွန်မတို့ သားလေးက သူ့ဇနီးသည်ကို ဘယ်လောက် လွမ်းနေလဲ ရှင် ကြည့်ပါလား” စုယန်ယန်က ထိုသို့ပြောပြီး ထိုအမွေးပွ ခွေးလေးအား အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။

 

သွမ်းသွမ်းလေး ကြည့်ရတာ သူမ၏စကားကို နားလည်သလိုပါပဲ။ သွမ်းသွမ်းလေးက သူလေး၏ ခြေထောက်လေးကို ရှေ့သို့ ဆန့်ထုတ်ပြီး ဦးတိုက်သလို သဏ္ဌာန်လုပ်ကာ သူ့ခွေးအဖေကို စိုက်ကြည့်နေခဲ့သည်။

 

ဟောက်ချန်ဟွမ်း, “…”

 

“မင်းက ဒီအိမ်တော်ရဲ့ အရှင်သခင်မပဲ၊ ဒါ့ကြောင့် မင်း ကြိုက်သလို ဆုံးဖြတ်ချက် ချနိုင်တယ်”

 

“အိုကေ၊ ကျွန်မ အခုချက်ချင်း ရှောင်ချီးကို ဖုန်းခေါ်လိုက်မယ်။ ကျွန်မ ရှင့်အတွက် နေ့လယ်စာ ကောင်းကောင်း ချက်ကျွေးမယ်”

 

သူမ ထိုသို့ ပြောလိုက်သည့် အခိုက်အတန့်တွင် အမွေးပွ ခွေးလေးက မကြာမီ အချိန်အတွင်းမှာပင် သူလေး ချစ်လှစွာသော ခွေးမလေးနှင့် ပြန်လည် ဆုံတွေ့တော့မည်ကို သိလိုက်သကဲ့သို့ ချက်ချင်းဆိုသလို ပျော်ရွှင်စွာ ဟောင်လိုက်လေ၏။

 

စုယန်ယန် တစ်ယောက် ယခုအချိန် လင်းရှောင်ချီးကို ခေါ်ဆိုလိုခြင်း ရည်ရွယ်ချက်မှာ ကလေးတွေကို တွေ့ဆုံပေးဖို့ အတွက်ကြောင့် သာမက သူမ၏ နေ့လယ်စာ ချက်ပြုတ်မှာ ဖြစ်တာကြောင့်လည်း ဖြစ်လေသည်။ သူမသည် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ရန် နောက်ထပ် လူများကိုလည်း ဖိတ်ခေါ်ချင်ခဲ့သည်။

 

ထိုအချိန်တွင် စုယန်ယန် တစ်ယောက် လုပ်ငန်း စတင်ပြီးနောက် ပျောက်သွားသည်ကို မကျေနပ်ကြတဲ့ သူများ အွန်လိုင်းပေါ်တွင် ရင်ဖွင့်နေကြဆဲ ဖြစ်သည်။ စားသောက်ဆိုင် ဖွင့်လှစ်တာ သုံးရက်သာ ရှိသေးတာ ဖြစ်ပေမယ့် သူမ၏ စားသုံးသူတွေကို စွန့်ပစ်ပြီး လက်ထပ်ဖို့ လုပ်ခဲ့သည်။ သူတို့၏ အစားအသောက် ဝေဒနာရှင်တွေ အတွက် တာဝန်မဲ့လွန်းရာ ကျသည်။ ရုတ်တရက် သတိပေးချက် တစ်ခု အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

 

တစ်ပတ်နီးပါး ရပ်နားထားသည့် စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ပြီ ဖြစ်သည်။

 

[ငါ ဘာကို မြင်ခဲ့လဲ ကြည့်ပါဦး။ ပျောက်ဆုံးသွားတဲ့ ပုဂ္ဂိုလ်လေး အွန်လိုင်းပေါ် ပြန်ရောက်လာခဲ့ပြီ။]

 

[အယ်၊ အရင်က စတိုးဆိုင်ကို သွားခဲ့တဲ့ ချစ်စရာလေးက တင်ဆက်သူ လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့တာ မဟုတ်လား။ အခု ဘာဖြစ်လို့ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်တာလဲ။]

 

[တင်ဆက်သူက ဘာဖြစ်လို့ ဒီအချိန်ကာလမှာ တိုက်ရိုက် ထုတ်လွှင့်တာလဲ။ အဲ့နေရာမှာ အစားအသောက်တွေ ရှိနေသရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ တင်ဆက်သူရေ၊ ဒီနေ့ ဟင်းလျာအသစ် ချက်ပြုတ် ပြသမှာလား။]

 

စုယန်ယန်သည် စခရင်ပေါ်ရှိ မှတ်ချက် အမျိုးမျိုးကို ကြည့်ရှုခဲ့ပြီး စခရင်၏ ညာဘက်အပေါ် ထောင့်စွန်းရှိ ဆက်လက် မြင့်တက်နေသော ကြည့်ရှုသူ အရေအတွက်ကို ကြည့်ကာ ပြုံးပြုံးလေး ပြောလိုက်သည်။

 

 “ကျွန်မ တကယ်ပဲ လက်ထပ်ဖို့ လုပ်နေတယ် ဆိုတာ အမှန်ပါပဲ။ ဒီနေ့ ကျွန်မတို့ လက်ထပ်ပြီး ပထမဆုံး နေ့ရက်ပါ။ လူတိုင်းကို သတင်းကောင်းလေး တစ်ခု မျှဝေပေးချင်တာကြောင့် အခု တိုက်ရိုက် ထုတ်လွှင့်မှုကို စတင်လိုက်တာပါ”

 

စုယန်ယန်ရဲ့ စကားတွေက တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ဗုံးကြဲချလိုက်သလိုပါပဲ။

 

[တင်ဆက်သူက သူမရဲ့ မင်္ဂလာဆောင်ပြီး ပထမဦးဆုံးနေ့ရက်မှာတင် ခွန်အားတွေ အများကြီး ကျန်ရှိနေသေးတယ်။ တင်ဆက်သူရဲ့ ခင်ပွန်းသည်က တာဝန်ပျက်ကွက်ပုံပဲ၊ ဟီးဟီးဟီး...]

 

[အပေါ်ထပ်ကလူ ပြောတဲ့စကားက မှန်တဲ့ပုံပဲ။ ငါက ဖြူစင်တဲ့ ကလေးလေးပဲ ရှိသေးတာ။ ငါ နားမလည်ဘူး။]

 

 [တင်ဆက်သူက ဘယ်လို ပုံပန်းသဏ္ဌာန်၊ တင်ဆက်သူရဲ့ ခင်ပွန်းသည်က ဘယ်လို ပုံပန်းသဏ္ဌာန်မျိုးလဲ တင်ဆက်သူတို့ မင်္ဂလာပွဲက ဘယ်လိုမျိုးလဲ ဆိုတာ အရမ်း သိချင်နေမိတယ်။ အိုင်းယား... ငါ အရာအားလုံးကို သိချင်နေပေမယ့် ငါ အသိချင်ဆုံးက မနေ့ညက တင်ဆက်သူ ဘယ်လို အစားခံလိုက်ရလဲ ဆိုတာကိုပဲ၊ ဟီးဟီး...]

 

[မင်းတို့နှစ်ယောက် ပြောတဲ့စကားတွေက အရမ်းရိုင်းပေမယ့် ငါကြိုက်တယ်။ ကျေးဇူးပြုပြီး မင်္ဂလာဦးညကို တိုက်ရိုက် ထုတ်လွှင့် ပေးပါလား။]

 

တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပါဝင်သော အကြောင်းအရာသည် ဦးတည်ချက် တစ်ခုဆီသို့ ပြောင်းလဲ သွားသည်ကို မြင်လိုက်ရသောအခါ စုယန်ယန်၏ နှုတ်ခမ်းထောင့်စွန်းတွေက တုန်ယင်သွားသည်။ သူမ ခေါင်းစဉ်ပြောင်းဖို့ လုပ်ခါနီး အချိန်တွင် ရင်းနှီးသော သတိပေးချက် တစ်ခုကို ကြားလိုက်ရသည်။

 

[ဂုဏ်ယူပါတယ်၊ တင်ဆက်သူ (ယန်ယန်)၊ သင့်ရဲ့ သစ္စာရှိ ပရိသတ် (တောင်တန်းပေါ်က ပိုးစာပင်)ထံမှ ဇိမ်ခံအိမ်ကြီး ၁၀လုံးကို လက်ဆောင် ရရှိပါတယ်။]

 

[ဂုဏ်ယူပါတယ်၊ တင်ဆက်သူ (ယန်ယန်)၊ သင့်ရဲ့ သစ္စာရှိ ပရိသတ် (တောင်တန်းပေါ်က ပိုးစာပင်)ထံမှ ဆီတိုင်ကီကြီး ၅၂၀ကို လက်ဆောင် ရရှိပါတယ်။]

 

[ဂုဏ်ယူပါတယ်၊ တင်ဆက်သူ]

 

[…]

 

ဆုလက်ဆောင် အတွဲလိုက်သည် စခရင် တစ်ခုလုံးကို လွှမ်းမိုးထားသော မက်ဆေ့ချ် အားလုံးကို ဖုံးလွှမ်း သွားခဲ့သည်။ ထိုလက်ဆောင် အတွဲလိုက်ကို မြင်သောအခါ လူအများ၏ မက်ဆေ့ချ်များမှာ သူ့အလိုလို ရပ်တန့် သွားခဲ့သည်။

 

မူလက စခရင်တစ်ခုလုံးကို လွှမ်းမိုးထားသော မက်ဆေ့ချ်များ ပျောက်ကွယ် သွားပြီး မကြာမီ အချိန်တွင် ရောင်စုံစာသား မက်ဆေ့ချ်တစ်ခုသာ ကျန်တော့သည်။

 

ပျော်စရာ မင်္ဂလာပွဲလေးပါ။

***