အပိုင်း ၂၆၉
Viewers 1k

 

အခန်း (၂၆၉)

 

– အလွန်မွှေးကြိုင်တဲ့ ရနံ့လေး

 

စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အချိန် သိပ်မကြာပေမယ့် အစားအသောက်ကြိုက်တဲ့ ပရိသတ်တွေ အများကြီး ရှိခဲ့သည်။ ထို့အပြင် သူမ၏ စားသောက်ဆိုင်တွင် ဆေးဖက်ဝင် စွပ်ပြုတ် သောက်သုံးဖူးသူ အများစုသည် လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ ကွာခြားမှုကို ခံစားခဲ့ရသည်။ ဒါတွေကြောင့်လည်း ပရိသတ် အစစ်အမှန်တွေကို ဖမ်းစားနိုင်ခဲ့သည်။

 

စုယန်ယန်သည် လုပ်ဖော်ကိုင်ဖက် အသစ် တစ်ယောက်သာ ဖြစ်နေစဉ် အချိန်ကပင် သူမကို မနာလိုဖြစ်ပြီး အသရေဖျက်ချင်သော သူများ အများကြီး ရှိနေခဲ့ပြီးဖြစ်ကာ အခုဆို ပိုများလာခဲ့ပြီ။

 

စုယန်ယန်သည် အခြား ပါဝင်ပစ္စည်းများကို ကြက်ခြေထောက်ဘေးမှာ ထားခဲ့ပြီး ပရိသတ်က သူမအတွက် စကားပြောဆို ပေးခဲ့တာကြောင့် သူမနှလုံးသားလေး နွေးထွေးသွားသည်။

 

နောက်တစ်စက္ကန့်အတွင်းမှာ ကြက်ခြေထောက်တွေအကြောင်း မေးနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

 

[မင်းတို့အားလုံး သူဌေးတွေကို မုန်းတီးနေကြပေမယ့် ငါကတော့ တင်ဆက်သူ လက်ထဲက ကြက်ခြေထောက်တွေကိုပဲ အာရုံစိုက်မိတယ်။ ငါ ကြက်ခြေထောက်တွေကို အရင်က စားဖူးပေမယ့် သူ့မှာ အသားလည်း သိပ်မရှိဘူး။ ဒါ့အပြင် အဲ့ဒီဟင်းလျာရဲ့ အရသာကလည်း သိပ်မကောင်းဘူး။ အခု တင်ဆက်သူက ဘယ်လို ချက်ပြုတ်ပြသမလဲ ဆိုတာကိုပဲ အရမ်း သိချင်နေတယ်။]

 

[စိတ်မပူကြပါနဲ့၊ အရင်က ချက်ပြုတ်ပြသဖူးတဲ့ ငါးဟင်းနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ ငါ့မှတ်ဉာဏ်အရ မင်း ဒီဟင်းထဲကို ဂျင်းတွေ ထည့်လိုက်ရင်တောင် ငါးအနံ့က ကျန်နေတုန်းပဲ ဖြစ်မှာ။ သို့ပေမယ့် တင်ဆက်သူ ချက်ပြုတ်ပြသခဲ့တဲ့ အစပ် ငါးဟင်းလျာကတော့ လျှာတွေကိုပင် မျိုချလုမတတ် စားချင်စိတ်ကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီဟင်းလျာကိုလည်း အဲ့လိုမျိုး သေချာပေါက် ချက်ပြုတ်ပြသ နိုင်လိမ့်မယ်။]

 

[တင်ဆက်သူက ဒီဟင်းမှာ ငရုတ်သီးကို ထည့်မှာလား။ ငရုတ်သီးက ဟင်းအမယ် တော်တော်များများကို အရသာ ကောင်းမွန်အောင် ထိန်းသိမ်း ပေးနိုင်တယ်လို့ ခံစားမိတယ်။ အစပ်ဂိုဏ်းက ဘယ်လို ဟင်းလျာ ချက်ပြုတ်ပြသမလဲ ဆိုတာကို စောင့်မျှော်နေပါတယ်။]

 

အစားကောင်း ကြိုက်သူတွေရဲ့ စွမ်းအင်က အလွန် အင်အား ပြည့်ဝတယ်လို့ ဆိုရမလိုပါပဲ။ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို အကြိမ်အနည်းငယ် ကြည့်ရှုပြီးတဲ့အခါ ငရုတ်သီးဟာ အရသာရှိသော ဟင်းလျာများစွာကို အရသာ တိုးပွားစေနိုင်တယ် ဆိုတာကို သူတို့ သိရှိသွားခဲ့ကြပြီ ဖြစ်လေသည်။

 

“ငရုတ်သီးရဲ့ နေရာမှာ ငရုတ်ကောင်း နည်းနည်း ထည့်ပါမယ်၊ အရသာက သိပ်မကွာပါဘူး။ ဒါပေမယ့် မင်းတို့ ပြောတာ မှန်ပါတယ်။ ကြက်ခြေထောက်ကို အရသာ ရှိအောင် ချက်ဖို့အတွက် ငရုတ်သီးကို ဟင်းခေတ် အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဒီနေ့ ချက်ပြုတ်မယ့် ဟင်းလျာမှာ‌တော့ ငရုတ်သီး သုံးဖို့ မလိုအပ်ပါဘူး။ နောက်တစ်ခါ ဟင်းချက်တဲ့ အခါကျ ငရုတ်သီးကို အသုံးပြု ပြသပေးပါမယ်”

 

စုယန်ယန်သည် ကြက်ခြေထောက်အပေါ် ပရိသတ်များ၏ အကဲဖြတ်မှုကို အံ့အားသင့်သွားခြင်း မရှိပေ။ တရုတ်ဆေးဖက်ဝင် အပင်များ ရှားပါးပြီး ငရုတ်ကောင်း မရှိသော ဒီခေတ်တွင် ကြက်ခြေထောက်၏ အရသာဟာ ဘယ်တော့မှ ထင်ရှားမလာနိုင်ပေ။

 

သို့သော် ဒီပါဝင်ပစ္စည်း နှစ်ခုသာ မရှိလျှင် ကြက်ခြေထောက်များ၏ အစစ်အမှန် အရသာက ပျောက်ဆုံးနေသလို ခံစားရပါသည်။ ထို့ကြောင့် စုယန်ယန်သည် မီးဖိုချောင်တွင် ထိုပါဝင်ပစ္စည်းများ ရှိ မရှိကို ဦးလေးကျန်းအား အထူးမေးမြန်း ထားခဲ့သည်။

 

စုယန်ယန်သည် အိုးတစ်လုံးကို ယူပြီး ရေဖြည့်ကာ ဟင်းခတ် အမွှေးအကြိုင် အစုံအလင် ထည့်သွင်းထားသည့် ချည်ပါးအိတ်လေးကို ထည့်ကာ တည်ထားလိုက်သည်။

 

“စမုံစပါး၊ နံနံပင်၊ ပူစီနံ၊ လိမ္မော်ခွံခြောက်၊ သစ်ကြံပိုးခေါက်၊ စမုန်နက်...”

 

ယခင် တိုက်ရိုက် ထုတ်လွှင့်မှုများနှင့် မတူပဲ စုယန်ယန်သည် ဆေးဖက်ဝင် အပင်များ၏ အာနိသင်ကို ပရိသတ်အား ရှင်းပြပြောဆိုခြင်း မရှိပေ။ ဒီကြက်ခြေထောက်ကို ပြုတ်ဖို့ ပြင်ဆင်သည့် ရေထဲတွင် ထည့်သွင်းရန် လိုအပ်သည့် ပါဝင်ပစ္စည်းတွေက အလွန်များသည်။

 

ပရိသတ်တွေက သူတို့ တစ်ခါမှ မကြားဖူးသော ပါဝင်ပစ္စည်း အသစ်များကို ကြားလိုက် ရသောအခါ တင်ဆက်သူသည် ကြီးမားသော အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု ရုတ်တရက် သိနားလည် လိုက်ကြသည်။ သူတို့သည် ဟင်းခတ် အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းထားသော အိုးကိုကြည့်ရင်း ပို၍ပင် စိတ်လှုပ်ရှား လာကြသည်။

 

ဟောက်ချန်ဟွမ်း တစ်ဦးတည်သာလျှင် မနေ့ညက စုယန်ယန် တစ်ယောက် ပြောခဲ့သည့် စကားတွေကို မသိစိတ်မှ အမှတ်ရ သွားခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် ထို့နောက် တဖြည်းဖြည်း ဆူပွက်အောင် တည်ထားသော အိုးဆီ အကြည့်ရောက် သွားမိသည်...

 

ဟောက်ချန်ဟွမ်း “...” ဒါဆို မင်း ကိုယ့်ကို ချက်ပြုတ်ပြီး စားချင်နေတာလား။

 

ပွက်ပွက်ဆူ နေသော ရေနွေးသည် ချည်ပါးအိတ် အတွင်းရှိ ဟင်းခတ် အမွှေးအကြိုင်များသည် စွတ်ပြုတ်ရည်၏ အရသာကို တိုးမြင့်သွားစေသည့် အခါဝယ် သူမ စောစောက ပြင်ဆင်ထားသော ဝက်ရိုးတွေကိုပါ ထည့်သွင်း ချက်ပြုတ်လိုက်သည်။

 

အလွန်မွှေးကြိုင်သော ရနံ့သည် မီးဖိုခန်းငယ်နှင့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကို ချက်ချင်း ပြည့်နှက် သွားစေသည့်အပြင် အပြင်ဘက် ခြံဝင်းထဲကိုပါ ရောက်ရှိသွားသည်။

 

လင်းရှောင်ချီးနှင့် ကျိုးယန်ပိုင်တို့သည် ဒီမွှေးရနံ့ကို ရရှိပြီးနောက် စားသောက်ရန် အပြေးအလွှား ရောက်ရှိလာကြပြီး တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်များကိုပါ ရူးသွပ်သွားစေခဲ့သည်။

 

[ဒီအနံ့က ဘာလဲ။ ဘာလို့ ဒီလောက် မွှေးနေရတာလဲ။ အိုး... မဟုတ်သေးပါဘူး၊ ပါဝင် ပစ္စည်းတွေတောင် မထည့်ရသေးဘူး၊ ငါတော့ ချွေးပြန်နေပြီ။]

 

[ဒီအနံ့အရသာက အရမ်း မွှေးလွန်းတယ်။ ဒီစွပ်ပြုတ်ဟင်းရည် ရှိနေသရွေ့ တခြားဟင်းလျာတွေ မလိုအပ်ဘူးလို့ ခံစားရတယ်။ ငါ ထမင်းတစ်နပ်တည်းမှာ ပန်းကန်လုံးပေါင်း များစွာ စားနိုင်လိမ့်မယ်လို့ ခံစားရတယ်။]

***