တစ်ပါးသူ
အပြစ်အတွက် အပြစ်ဒဏ်သင့်သွားသူ သွမ်းသွမ်းလေး
“ဖူး...”
ယုကျစ်ယန်၏
မျက်နှာပေါ်ရှိ အမူအရာမှာ မထွေးနိုင် မအန်နိုင် ဖြစ်နေတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်၊
ကုရှောက်ယန်နှင့် ကျန်သူများက သူ့မျက်နှာကိုကြည့်ပြီး ဟက်ဟက်ပက်ပက် မရယ်မောပဲ မနေနိုင်ကြတော့ပေ။
သူတို့၏
ရယ်သံကို ကြားတော့ ယုကျစ်ယန်သည် ပို၍ပင် အရှက်ကွဲသွားသလို ခံစားရပြီး ဒေါသထွက် သွားသည်။
ကံကောင်း
ထောက်မစွာဖြင့် သူတို့နှစ်ဦးသား လှောင်ရယ် ရယ်နေကြသော်လည်း သူတို့ဟာ ယုကျစ်ယန်အတွက်
ကူညီဖြေရှင်း ပေးခဲ့သေးသည်။
“သခင်မလေး၊
ကျစ်ယန်က မိန်းကလေးလင်းအပေါ် အသားယူဖို့ မရည်ရွယ်ပါဘူး။ သူက သခင်မလေးရဲ့ ဟင်းလျာတွေကို
အရမ်းစားချင်နေလို့ပါ”
“...
ရှင် ကျွန်မရဲ့ အစားအသောက်တွေကို စားချင်ရင် ဝင်စားပါလား။ ရှင့်ကို မစားခိုင်းလောက်တဲ့အထိ
ကျွန်မက အရမ်း တွန့်တိုနေတာမှ မဟုတ်ပဲနဲ့”
“ဒီမနက်
ကျွန်တော် အမှား လုပ်ခဲ့မိလို့။ သခင်လေးနဲ့ သခင်မလေး ကျွန်တော့်ကို အပြစ်တင်မှာ စိုးရိမ်နေလို့ပါ”
“မနက်တုန်းကလား”
စုယန်ယန် ရုတ်တရက် အမှတ်ရသွားသည်။ “မနက်က အဖြစ်အပျက်ကို ရှင် ပြောနေတာလား။ ကျွန်မတို့
နှစ်ယောက်လုံး အဲ့တာကို မေ့လုနီးပါး ဖြစ်နေကြပြီ၊ ဒါပေမယ့် ရှင်က မှတ်မိသေးတယ်လား။
ဒါပေမယ့် အဲ့တာက ကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူး၊ ဒါ့ကြောင့် အရမ်း စိုးရိမ်နေဖို့
မလိုပါဘူး။ ကျွန်မတို့နှစ်ယောက်က ရှင့်ကို စားလိမ့်မယ်လို့ ရှင် ထင်နေတာလား”
ယုကျစ်ယန်၏
ကိုယ်ပိုင်အတွေးတွင် ‘မင်းက ကျွန်တော့်ကို မစားနိုင်ပါဘူး၊ ဒါပေမယ့် မင်းက ကျွန်တော့်ကို
ဒုက္ခပေးနိုင်တယ်လေ’
အထူးသဖြင့်
သခင်လေး၊ သူ၏ ရန်လိုတတ်သည့် စရိုက်ဖြင့် ဒီရက် အနည်းငယ်အတွင်း သူ့အတွက် ကံကောင်းဖို့
မဖြစ်နိုင်ပေ။
ယုကျစ်ယန်၏
အတွေးတွေကို ဖတ်မိသွားသည့် စုယန်ယန်က ဟောက်ချန်ဟွမ်းကို “ချန်ဟွမ်း၊ ရှင်ရော ကျွန်မနဲ့
အတွေးတူတယ်မလား” လို့ လှမ်းမေးလိုက်သည်။
ဟောက်ချန်ဟွမ်း၏
မျက်လုံးများက ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သဘာဝအတိုင်း သူ့ဇနီးသည် ပြောတာကို ခြွင်းချက်မရှိ
“အင်း” လို့ သဘောတူလိုက်သည်။
ယုကျစ်ယန်၊
“...” ဒါကို ငါက မလိုအပ်ပဲ စိတ်ပူနေပြီး ကျိုးကြောင်း ဆီလျော်မှုမရှိ ပြဿနာ ရှာလိုက်မိတာလား။
ယုကျစ်ယန်က
သူ့အတွေးထဲမှ ရုန်းကန်မှုကို စွန့်လွှတ်လိုက်သည်။ သူက ခေါင်းကို အနည်းငယ် ငုံ့ထားပြီး
သူ့မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာ ဖြစ်နေခဲ့သည်။
လင်းရှောင်ချီးက
စပ်စုမိသည်။ “ဒီမနက်တုန်းက သူ ဘာလုပ်လိုက်မိလို့လဲ။ သူ့ကြည့်ရတာ အရမ်းကြောက်နေပုံပဲ”
စုယန်ယန်က
ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီး ခပ်တည်တည် လုပ်လိုက်သည်။ သူမက စကားခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ သူ့ဒဏ်ရာကို ကုသပေးဖို့ သူ့ကို
ဘယ်သူ ခေါ်သွားပေးမလဲ။ ကာကွယ် ဆေးထိုးဖို့ မမေ့ပါနဲ့။ သွမ်းသွမ်းနဲ့ ဟွားဟွားတို့က
ကာကွယ်ဆေး ထိုးထားပေမယ့် ကျွန်မတို့ အရမ်းပေါ့လို့ မဖြစ်ဘူး။ ကာကွယ်ဆေး ထပ်ထိုးပေးတာက
ပိုပြီး စိတ်ချရတယ်”
စုယန်ယန်
ပြောလိုက်သည်နှင့် ကုရှောက်ယန်တို့ တစ်သိုက်ဟာ ယုကျစ်ယန်နှင့် သူတို့အကြား သုံးမီတာ
အကွာအဝေး နောက်ပြန်ဆုတ် သွားကြသည်။ ထင်ရှားစွာပဲ သူ့ဒဏ်ရာတွေကို ကုသရန် လိုက်ပို့ပေးဖို့
အတွက် ဒီလို ရှားပါးတဲ့ စားသောက်ပွဲကြီးကို ဘယ်သူမှ လက်လွတ် မခံချင်ကြတာ သိသာထင်ရှားသည်။
ယုကျစ်ယန်၊
“...” ဒီမအလတွေကတော့၊ သူ့လို အသက်ရှင်တဲ့ လူတစ်ယောက်ထက် အစားအသောက်က ပိုအရေးကြီးနေတာလား။
နောက်ဆုံးတော့ ဒီလူနှစ်ယောက်အကြောင်း ကောင်းကောင်း သိလိုက်ရသည်။ နှုတ်ဆက်ပါတယ်၊ ပလတ်စတစ်
ညီအစ်ကိုတွေ။
တခြားရှုထောင့်ကနေ
တွေးကြည့်တဲ့အခါ သူတို့သာ အကိုက်ခံရပြီး သူတို့ကို ဆေးကုဖို့ သူ့ကိုသာ လိုက်ပို့ခိုင်းရင်လည်း
သူ့မှာ ဒီအစားအသောက်တွေကို ချန်ထားပြီး လိုက်ပို့လိုစိတ် တကယ် မရှိဘူး...။
အဆုံးမှာတော့
ဦးလေးကျန်းက သူ့ကို ကူညီပြီး လိုက်ပို့ပေးဖို့ ကျွန်းမှ တစ်စုံတစ်ဦးကို အကူအညီ တောင်းခဲ့သည်။
သူ ထွက်မသွားခင်မှာ ယုကျစ်ယန်က သူ့ဘော်ဒါ နှစ်ယောက်ကို နာကြည်းစိတ် အပြည့်နှင့် ကြည့်လိုက်သည်။
အထူးသဖြင့်
စားပွဲဝိုင်းတွင် အစားအသောက် ပန်းကန်တွေ ပြည့်နေတာကို မြင်ပြီး သူ မစားလိုက်ရတော့ ပိုလို့တောင်
ဝမ်းနည်း နာကျင်သွားသည်။
ယုကျစ်ယန်
ထွက်သွားသည်နှင့် တစ်ပြိုင်နက် စုယန်ယန်နှင့် ကျန်သူတွေက စားပွဲဝိုင်းတွင် ပြန်ထိုင်ပြီး
ဆက်လက် စားသောက်ခဲ့ကြသည်။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းကို ဆက်လက် ကျွေးမွေးနေစဉ် ယုကျစ်ယန်၏ သူ ထွက်သွားသည့်အခါ ဖြစ်သွားသည့်
အမူအရာကို ပြန်သတိရသွားပြီး မရယ်ပဲ မနေနိုင်တော့ပေ။
“ကျွန်မ
ကျစ်ယန်အတွက် ဆန်ပြုတ် နည်းနည်းချက်ပြီး နောက်ကျ တစ်ယောက်ယောက်ကို သွားပို့ခိုင်းလိုက်မယ်။
သူ စားနေတာ သိပ်မကြာခင်ပဲ အကိုက်ခံလိုက်ရတာ ဆိုတော့ သူ သေချာပေါက် ဗိုက်မပြည့် သေးလောက်ဘူး”
ဟောက်ချန်ဟွမ်းက
မျက်ခုံးပင့်လိုက်သည်။ သူက ကန့်ကွက်စကား မဆိုသော်လည်း သူ့မျက်လုံးထဲတွင် မနာလိုဖြစ်နေသည့်
အရိပ်အယောင်တွေ ရှိနေလေသည်။
စုယန်ယန်က
တခစ်ခစ်ရယ်ပြီး သူ့ကို ညင်သာစွာ ချော့မြူလိုက်သည်။
“ပြီးတော့
ကျွန်မတို့ခွေးက တစ်စုံတစ်ယောက်ကို ကိုက်လိုက်တာလေ။ ကျွန်မတို့ တောင်းပန်သင့်တာပေါ့”
စုယန်ယန်အသံက
သူမ၏ ကိုယ်ပိုင်ကလေး ပြဿနာရှာလို့ စိတ်ပူပန်နေသည့် အတိုင်းပင်။ မိဘတွေအနေဖြင့် မိမိတို့
ကလေးကြောင့် ထိခိုက် နစ်နာသူတွေကို လျော်ကြေးပေးဖို့ တောင်းပန်ဖို့ တစ်ခုခုတော့ လုပ်ပေးသင့်တယ်လေ။
ဟောက်ချန်ဟွမ်း၏
မနာလိုစိတ်တွေက ချက်ချင်း ပျောက်ကွယ်သွားပြီး “မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးပါ”
လို့ ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်။
ကျွန်မတို့ကလေးကို တော်တော် ဆိုးသွမ်းနေအောင် ဘယ်သူက လုပ်ခိုင်းလို့လဲ။ အခုတော့ ကျွန်မ
ဒီလို လုပ်နေရပြီ”
အကြောင်းပြချက်
မရှိပဲ သွမ်းသွမ်းသည် ကလေးလေးကနေ တစ်ပါးသူ အပြစ်အတွက် အပြစ်ဒဏ်သင့်သွားသူ ဖြစ်သွားရလေသည်။
“???” သူတို့က ငါလေးကို နေရာတကာမှာ ဒိုင်းတစ်ခုအဖြစ် အသုံးပြုနေကြတာပဲ၊ ငါလေးက စကားမပြောတတ်တော့
ငါလေးကို အနိုင်ကျင့်နေကြတယ်။
***