အပိုင်း ၂၇၆
Viewers 1k

အခန်း (၂၇၆)

 သူ ငါ့အမျိုးသမီးကို လာမထိသင့်ဘူး

 

စုယန်ယန်က စားစရာတွေ အများကြီး ပြင်ဆင်ထားသည်။ သူတို့ လူနည်းစုအတွက် လုံလောက်သည်ထက် ပိုနေမည်ဟု သူမ ထင်ခဲ့သည်။ သို့သော်လည်း ဤလူအုပ်စု၏ စားသောက်ပုံသည် ငတ်မွတ်နေသော သူများကဲ့သို့ ဖြစ်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ သူတို့သည် စားစရာ မကုန်မခြင်း မရပ်တန့်ခဲ့ကြဘူး။

 

အဆုံးမှာတော့ ဟောက်ချန်ဟွမ်းနှင့် သူမမှ လွဲ၍ ဦးလေးကျန်း အပါအဝင် ကျန်တဲ့လူတိုင်း ဗိုက်ပြည့်တင်းအောင် စားသောက်ခဲ့ကြသည်။

 

လင်းရှောင်ချီးသည် သူမ၏ ဗိုက်လုံးလုံးလေးကို ကိုင်ထားရင်း စုယန်ယန်ကို လမ်းလျှောက်ရန်အတွက် အိမ်နောက်ဘက်ရှိ ဝင်းငယ်လေးဆီသို့ ဆွဲခေါ်သွားခဲ့သည်။ ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်တို့က ဟောက်ချန်ဟွမ်းနှင့် အိမ်အပေါ်ထပ်သို့ လိုက်ပါသွားခဲ့ကြသည်။

 

သူတို့နှစ်ယောက် အခုနတုန်းက ပြောခဲ့တာတွေက အကြောင်းပြချက်ချည်းပဲ လုံးဝ မဟုတ်ပါဘူး။ သူတို့မှာ ဟောက်ချန်ဟွမ်းကို သတင်းပို့စရာ တစ်ခု ရှိတယ်။ ဒါပေမယ့် ယုကျစ်ယန်က သူတို့ဆီ လှမ်းမခေါ်ခဲ့ဘူးဆို သူတို့ စောစောစီးစီး တတိယဘီးတွေ ဖြစ်မှာ မဟုတ်ဘူး။

 

“ဟောက်ချီဟန်တို့ လင်မယားက မနေ့ညက အမျိုးသမီးကြောင့် ဟောက်ရှောက်ဖုန်း ရေထဲကျသွားတာကို သိသွားကြတယ်။ သူတို့ ဆေးရုံမှာ ဒေါသထွက်ပြီး ပစ္စည်းတော်တော်များများ ရိုက်ချိုးခဲ့တယ်လို့ ပြောတယ်”

 

“သူ ပေးချေခဲ့လား”

 

ကုရှောက်ယန်တစ်ယောက် နဝေတိမ်တောင် ဖြစ်သွားသည်။

 

“ဘာကိုလဲ”

 

“သူ ဆေးရုံမှာ တစ်ခုခုကို ရိုက်ချိုးခဲ့တယ်ဆိုတော့ သူ အဲ့ဒီအတွက် ပေးချေခဲ့လား”

 

ဒါကိုကြားတော့ ကုရှောက်ယန် တစ်ယောက် နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ သူ့သခင်လေးသည် အိမ်ထောင်ပြုပြီးနောက် သူ့ ပုံစံတစ်ခုလုံး ပြောင်းလဲသွားသည်ကို သူ သဘောပေါက် သွားခဲ့သည်။

 

“... သေချာပေါက် မပေးချေလောက်ဘူး”

 

“ဒါဆိုရင် သူ့ကို ပေးချေခွင့်ပြုလိုက်ပါ။ အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာက နိုင်ငံသားကောင်း တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့အရာ မဟုတ်ဘူး။ သူက အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးပြီးနောက် အလျော်ပြန်မပေးဘူးဆိုရင် သူ ဒီလိုလုပ်ခဲ့ကြောင်းကို ဖော်ထုတ်လိုက်ပါ။ ဟောက်ကော်ပိုရေးရှင်း တာဝန်ခံက လူမြင်ကွင်းမှာ ဝုန်းဒိုင်းကြဲနေတယ်။ မီဒီယာတော်တော်များများက ဒီသတင်းကို ကြိုက်နှစ်သက်ကြမယ်လို့ ငါယုံကြည်တယ်”

 

ကုရှောက်ယန်ရဲ့ မျက်လုံးတွေက တောက်ပသွားသည်။

 

“ကျွန်တော် နားလည်ပါပြီ”

 

ကျိုးယန်ပိုင်က ဒီစကားကို ကြားပြီး “သခင်လေး ဟောက်ချန်ဟွမ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီလား”

 

မနေ့ညက မင်္ဂလာပွဲ၌ ဟောက်ချန်ဟွမ်းသည် ဟောက်မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်ကြောင်း လူသိရှင်ကြား ပြောခဲ့သည်ကို ကြားလိုက်ရသော အခါကပင် သူ့စိတ်ထဲမှာ ဒါကို မှန်းဆထားပြီးသား ဖြစ်သည်။

 

အခု သူ့သခင်လေး၏ စကားကို ထပ်မံ ကြားလိုက်ရတော့ ကျိုးယန်ပိုင်သည် သူ့စိတ်ထဲမှ အတွေးက ပိုသေချာသွားခဲ့သည်။

 

“ငါ သူ့ကို အချိန်ရော အခွင့်ရေးရော ပေးခဲ့ပြီးပြီ၊ ဒါပေမယ့် သူက ဒါကို မဆုပ်ကိုင်ခဲ့ဘူး” ဟောက်ချန်ဟွမ်းသည် သူ့လက်သူကြွယ်မှ လက်ထပ်လက်စွပ်ကို ပွတ်သပ်နေရင်း သူ့မျက်လုံးတွေမှာ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

 

“သူက ငါ့အမျိုးသမီးကို လာမထိသင့်ဘူး”

 

ကုရှောက်ယန်နှင့် ကျိုးယန်ပိုင်တို့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိသည့် မျက်လုံးများဖြင့် စကားပြောလိုက်သည်။

 

မျှော်လင့်ထားသည့် အတိုင်းပင် သခင်မလေးသည် သခင်လေး၏ ပြောင်းပြန်အကြေးခွံ ဖြစ်သည်။ သူမအပေါ်ကို လက်တင်ဝံ့သူ မည်သူမဆို သေရလိမ့်မည်။

 

သို့ပေမယ့် ဒါက သူတို့လိုချင်တာ အတိအကျပါပဲ။

 

“ကောင်းလိုက်တာ... ဒီနှစ်တစ်လျှောက် ဒီမိသားစုက ဘယ်လို စိုးရိမ်ပူပန်မှုမျိုးမှ မရှိပဲ ဒီရာထူးကို သိမ်းပိုက်ထားတာကို ကျွန်တော်တို့ မြင်ခဲ့ရပြီး ရံဖန်ရံခါမှာ သူတို့ရဲ့ အာဏာကို ပြသဖို့ စက်ဆုပ်ဖွယ် လူတွေကိုပါ သခင်လေးဆီ ခေါ်လာခဲ့ကြတယ်။ ဘယ်လောက် စိတ်ဆိုးဖို့ ကောင်းလိုက်သလဲ။ အခုတော့ သူတို့ ဘယ်လောက် ညစ်ပတ်စုတ်ပြတ်လဲ ဆိုတာကို မြင်ရတော့မယ်။ မူလက ခိုးယူထားတာကိုတောင် ဒါပေမယ့် သူတို့က အရှက်မရှိ‌ပြောရဲတုန်းပဲ...”

 

“အဟွတ်၊ အဟွတ်၊ အဟွတ်…”

 

ကုရှောက်ယန်ရဲ့ မကျေနပ်သံတွေက ရုတ်တရက် ရပ်တန့်သွားသည်။ သူ့ကို အရိပ်အခြေ ပြနေသည့် ကျိုးယန်ပိုင်ကို မြင်မှ တစ်ခုခုတော့ မှားနေပြီ ဆိုတာကို သိလိုက်ရပြီး သူ့ပါးစပ်ကို အလျင်စလို ပိတ်ထားလိုက်သည်။

 

ကျိုးယန်ပိုင်က စကားခေါင်းစဉ် ပြောင်းလဲခဲ့သည်။ “ဒီကိစ္စကြောင့် ဟောက်ချီဟန်တို့ လင်မယားက အဲ့ဒီအမျိုးသမီးကို ပိုလို့တောင် မကျေမနပ် ဖြစ်နေကြတယ်လို့ ကျွန်တော်ကြားတယ်”

 

ကျိုးယန်ပိုင်က သူ့အတွက် အစစ အရာရာ ချောချောမွေ့မွေ့ ဖြစ်အောင် ကြိုးစားနေတာကို ကုရှောက်ယန်က သိတာကြောင့် သူက ဆက်ပြောသည်၊ “ဒီလိုပဲ ဟုတ်တယ် မဟုတ်လား။ ဟောက်ရှောက်ဖုန်းက ဘာတွေးနေတာလဲ။ သခင်မလေးလို အကျင့်သီလ ကောင်းမွန်တဲ့ အမျိုးသမီးကို စွန့်ပစ်ခဲ့ပြီး မိသားစု နောက်ခံမရှိ၊ အရည်အချင်း မရှိတဲ့သူကို ရွေးချယ်ခဲ့တယ်။ သူမက သခင်မလေးလောက်တောင် မလှပ ကြည့်မကောင်းဘူး။ သူ့အိုင်ကျူကို နေ့တိုင်း ထုတ်ပြပြီး ကြွားဝါဖို့ လုပ်နေတာ၊ သူ့ကြည့်ပြီး အရမ်းရယ်ချင်တယ်”

 

ဟောက်ချန်ဟွမ်းက အေးဆေးတည်ငြိမ်စွာ ပြန်ပြောသည်၊ “သူသာ မျက်စိမကန်းခဲ့ဘူးဆိုရင် ငါက သူ့ကို ဘယ်လိုလုပ်ပြီး အခွင့်ကောင်းယူနိုင်မှာလဲ”

 

ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်၊ “...” ဒီလို မောက်မာပြီး စိတ်ကြီးဝင်နေတဲ့ အသံက ဘာလဲ။ သူတို့ ဗိုက်ပြည့်အင်နေပြီဖြစ်လို့ ခွေးစာ ထပ်မစားချင်တော့ဘူး။

***