အပိုင်း ၂၇၇
Viewers 1k

အခန်း (၂၇၇)

သူတို့နဲ့ မထိုက်တန်ဘူး

 

“မနေ့ညက သခင်လေး ပြောခဲ့တဲ့ စကားတွေ ထွက်လာရင် ဟောက်ချီဟန်က သခင်လေးတို့ စုံတွဲကို ဒုက္ခပေးဖို့ တံခါးလာခေါက်လိမ့်မယ်”

 

ဟောက်ချန်ဟွမ်း၏ မျက်ဝန်းများမှာ အန္တရာယ်ကြီးဟန် မှေးကျဉ်းသွားသည်။ “သူက ငါနဲ့ ယန်ယန့်ကို ဒုက္ခပေးနေတုန်းဆိုရင် သူက လုံလောက်တဲ့ အခက်အခဲကို မကြုံရသေးလို့ နေမှာပေါ့”

 

ကျိုးယန်ပိုင်၏ မျက်ဝန်းများက မည်းနက်သွားသည်၊ “ဟောက်ချီဟန် အရင်က ဝယ်ခဲ့တဲ့ မြေကွက်မှာ မ‌တော်တဆမှု ဖြစ်လိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ဖြစ်သွားရင် ဟောက်ကော်ပိုရေးရှင်းကို ကြီးမားတဲ့ ဒုက္ခ ဆောင်ယူလာမှာကို ကျွန်တော် စိုးရိမ်တယ်...”

 

“အဆင်ပြေတယ်။ ဟောက်ချီဟန် နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့တဲ့ ဟောက်ကော်ပိုရေးရှင်းက ငါ့အဖေ ချန်ထားခဲ့တဲ့ ဟောက်ကော်ပိုရေးရှင်း မဟုတ်‌တော့ဘူး”

 

ကျိုးယန်ပိုင်က မျက်မှောင်ကြုတ်ပြီး နှုတ်ဆိတ်နေခဲ့သည်။ ဟောက်ချန်ဟွမ်း၏ လက်ရှိပိုင်ဆိုင်မှုအရ ဟောက်ကော်ပိုရေးရှင်းသည် သူ့အာရုံကို ဆွဲ‌ဆောင်နိုင်ဖို့ကိုပင် မထိုက်တန်ပါ။

 

ဒါပေမယ့် ဤသို့ဆိုရင် ဟောက်ကော်ပိုရေးရှင်းကို ပြန်ရဖို့အတွက် ဘာဖြစ်လို့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတာလဲ။

 

ကျိုးယန်ပိုင်၏ စိတ်ကို ဖတ်မိလိုက်သည့် ဟောက်ချန်ဟွမ်းက လှောင်ရယ် ရယ်သွမ်းသည်၊ “ဘာပဲဖြစ်ဖြစ်၊ ဟောက်ကော်ပိုရေးရှင်းက ငါ့အဖေက ငါ့အတွက် ချန်ထားပေးခဲ့တာပဲ။ ဒါက သူတို့နဲ့ မထိုက်တန်ဘူး”

 

ဟောက်ချန်ဟွမ်းက မေးသည်၊ “အဲ့ဒီတုန်းက ငါ့မိဘတွေရဲ့ သေဆုံးမှုကို စုံစမ်းတာ ဘယ်လို အခြေအနေရှိလဲ”

 

ဟောက်ချန်ဟွမ်း၏ မေးခွန်းကို ကြားသောအခါတွင် သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှာ အပြစ်ရှိသည့် အရိပ်အယောင်တွေ ယှက်သန်းလာပြီး “အခင်းဖြစ်ပွားခဲ့တာ ကြာပြီ ဖြစ်လို့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူ အများစုက အဝေးကို ထွက်သွားတဲ့ သူတွေ ရှိသလို ဆုံးပါးသွားကြတဲ့ သူတွေလည်း ရှိတယ်။ ဒါ့ကြောင့် စုံစမ်းစစ်ဆေးဖို့က ကြန့်ကြာနေပါတယ်”

 

ဒီအဖြေက ဟောက်ချန်ဟွမ်း၏ မျှော်မှန်းချက် အတွင်း ဖြစ်လေသည်။ သူက မျက်လွှာချပြီး “ရပါတယ်၊ ဆက်လက် စုံစမ်းကြည့်ပါ။ နောက်ဆုံးရလဒ်ကတော့ အမြဲရှိနေမှာပါ”

 

ဒီကိစ္စက ဟောက်ချီဟန်တို့ လင်မယားနဲ့ ဘာမှမဆိုင်ဘူးဆိုရင် ပိုကောင်းလိမ့်မည်၊ ဒါပေမယ့် တကယ်ပဲ သူတို့နှင့် သက်ဆိုင်နေမယ်ဆိုရင်တော့...

 

ဟောက်ချန်ဟွမ်းသည် မသိစိတ်အရ သူ့လက်ချောင်းပေါ်ရှိ လက်ထပ်လက်စွပ်ကို ထိလိုက်မိသည်။ သူ့မျက်လုံးတွေကို ပြန်ဖွင့်သည့် အချိန်ဝယ် သူ့မျက်ဝန်းထဲက ဒေါသ အရိပ်အယောင်တွေက ပျောက်ကွယ်သွားခဲ့ပြီ။

 

အောက်ထပ်မှာတော့ စုယန်ယန်ကို လင်းရှောင်ချီးမှ အိမ်နောက်ဖေးသို့ ဆွဲခေါ်သွားခဲ့သည်။ သူမသည် နောက်ဆုံး ဒါန်းပေါ်တွင် မထိုင်မီ အကြိမ်ပေါင်းများစွာ ဟိုဟိုဒီဒီ လမ်းလျှောက်ခဲ့သည်။ သူတို့ထိုင်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောသည်။

 

စုယန်ယန် ကြိုက်နှစ်သက်သော နှင်းဆီ အပြာရောင်များကို ခြံဝန်းတစ်ဝိုက် စိုက်ပျိုးထားသည်။ ဒါန်း၏အမိုး ကြိမ်တိုင်ပေါ်တွင် ခရမ်းရောင်ဖျော့ဖျော့ ပန်းများကို ရစ်ခွေထားသည်။ နတ်သမီးပုံပြင်ထဲက အိမ်လေးလိုပင် လိုက်လျောညီထွေရှိကာ ကြည့်ရတာ နွေးထွေးပြီး လှပနေသည်။

 

“ဒီနေရာက အရမ်းလှတယ်” လို့ လင်းရှောင်ချီးက ဒါန်းစီးနေရင်း ချီးကျုးစကားဆိုသည်၊ “ချမ်းသာတဲ့ အမျိုးသားတွေက အကျင့်ယုတ်တယ်လို့ ငါထင်ခဲ့ပေမယ့် အခု နင့်ခင်ပွန်းနဲ့ နင့် ဆက်ဆံရေးကို ကြည့်ပြီး ငါ အမြင်ကျဉ်းလွန်းနေတာမှန်း သိလိုက်ရတယ်။ ဘယ်အဆင့်အတန်းက လူပဲဖြစ်ဖြစ် လူကောင်းနဲ့ လူဆိုးဆိုတာ အမြဲဒွန်တွဲ နေတာပဲ။ ဆင်းရဲတဲ့ သူတွေထဲမှာ လူဆိုးတွေရှိသလို ချမ်းသာတဲ့သူတွေထဲမှာလည်း လူဆိုးတွေ ရှိတယ်”

 

“နင်ပြောတဲ့ သူဌေးမျိုးက သူတို့က ပလေးဘွိုင်း မဟုတ်ရင် သူတို့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် အမျိုးသမီး‌တွေကို အားကိုးပြီး သူတို့ကိုယ်သူတို့ ဖြောင့်မတ် မှန်ကန်တယ်လို့ ယူဆတဲ့ အမျိုးသားတွေကို ဆိုလိုတယ်။ ယောကျာ်း တစ်ယောက်မှာ ပိုက်ဆံရှိလာတာနဲ့ လူဆိုးဖြစ်သွားတတ်တာတော့ အမှန်ပဲ၊ ဒါပေမယ့် လုံးဝ အဲ့လိုမျိုးချည်းပဲတော့ မဟုတ်ပါဘူး၊ ငွေကြေးဥစ္စာရဲ့ ဆွဲဆောင်မှုအောက်မှာ လူအနည်းငယ်ကသာ ဆက်လက် ရှင်သန်နိုင်ကြတယ်”

 

“ဒါ့ကြောင့် မိန်းကလေးတွေ အနေနဲ့ မျက်စိရှင်ရှင် ထားသင့်တယ်။ အမှိုက်ပုံးထဲမှာ ရည်းစား မရှာနေနဲ့။ နင် သူ့ဆီက ပြေးဖို့ အခွင့်ကောင်း မရရင်တောင် ဒီထက် ပိုမဆိုးရွားသွားအောင် ဘယ်လို ရပ်တန့်ရမလဲ ဆိုတာကို သိထားရမယ်”

 

လင်းရှောင်ချီးသည် သူမ ပြောတာကို ကြားပြီးတော့ ခဏတာမျှ နှုတ်ဆိတ် သွားပြီးနောက် မရယ်မောပဲ မနေနိုင်တော့ပေ။

 

“အိုး၊ နင်က လက်ထပ်ပြီးတာနဲ့ စုံတွဲဆက်ဆံရေး အတိုင်ပင်ခံ ဖြစ်လာပြီပဲ။ နင်ပြောတာ အရမ်းကျိုးကြောင်း ဆီလျော်မှု ရှိတယ်။ ဒီကမ္ဘာကြီးမှာ အရာတော်‌တော်များများက ပြီးသွားတာထက် ပိုလွယ်ကူတယ်လို့ ဆိုရတာ ဝမ်းနည်းစရာပဲ။ နင့်ခင်ပွန်းလိုပဲ။ အခု နင်က အရမ်းယုတ္တိဆန်ဆန် ပြောတတ်လာပြီ။ အနာဂတ်မှာ သူ တကယ်ပဲ ပြောင်းလဲသွားမယ်ဆိုရင်တောင် နင် လက်လွှတ်ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး”

 

“ဒါက မဖြစ်နိုင်ဘူး”

 

“ဘာလဲ”

 

“တကယ်လို့ သူ ပြောင်းလဲသွားတယ် ဆိုရင်တောင်မှ သူက ငါ့ကို ပိုချစ်လာလေလေ ဖြစ်နေဦးမှာပဲ။ နင် စိတ်ပူနေတဲ့အရာက ဖြစ်လာမှာ မဟုတ်ဘူး”

 

“နင် အရမ်းသေချာနေတာလား” လင်းရှောင်ချီးက အနည်းငယ် စိတ်မသက်မသာ ဖြစ်သလို ခံစားလိုက်ရသည်။ အဲ့ဒီတုန်းက သူ့အမေကရော အဲ့ဒီလူကို ဒီလိုမျိုး သိပ်ယုံကြည်ခဲ့တာလား။

***