အခန်း
(၂၈၂) – မင်း ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ။
ဟောက်ချီဟန်ရဲ့
စကားဆုံးဆုံးချင်းမှာပင် အေးစက်သောအသံက သူတို့နောက်ကွယ်မှ ထွက်ပေါ်လာခဲ့သည်။
ခြံဝန်းထဲရှိ
လူတိုင်း ကြက်သေ သေသွားကြပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ ကျိုးယန်ပိုင်က ဘီးတပ်ကုလားထိုင်ဖြင့်
တွန်းလာသော ဟောက်ချန်ဟွမ်းကို မြင်တွေ့လိုက်ရသည်။
“ရှင်
ဘာဖြစ်လို့ အပြင်ထွက်လာရတာလဲ။” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ နံဘေးနားသို့ စိုးရိမ်စိတ်အပြည့်နဲ့
ပြေးသွားသည်။
ဟောက်ချန်ဟွမ်းက
စုယန်ယန်ရဲ့ လက်ကို နှစ်သိမ့်ပေးဟန် ပုတ်လိုက်ပြီး နူးညံ့ညင်သာစွာ မေးလိုက်သည်၊ “မင်း
အဆင်ပြေရဲ့လား။”
စုယန်ယန်သည်
အနည်းငယ် ထိတ်လန့်သွားပြီး သူမသည် ညည်းညူတိုင်ကြားရန် အခွင့်အရေးကို ရယူခဲ့သည်။ “ထိခိုက်ဒဏ်ရာရတာတော့
မရှိပါဘူး။ နည်းနည်းတော့ လန့်သွားတယ်။”
ခွေးလေးထံမှ
ကြောက်ရွံ့ထိတ်လန့်နေတဲ့ ကလေးတစ်ဦးလို သနားစရာအသံလေး ချက်ချင်းပင် ထွက်လာသည်။
ဟောက်ချီဟန်သည်
ဟောက်ချန်ဟွမ်း ထွက်လာပြီးနောက် သူ့အစ်ကိုနှင့် မရီးကို ဂရုမစိုက်ပဲ ခွေးလေးရဲ့ အခြေအနေကို
မေးမြန်းနေတာကို မြင်တော့ ဒေါသပိုထွက်လာခဲ့သည်။
ဒီဒုက္ခိတရဲ့
အမြင်မှာ သူ့အစ်ကို ခွေးလောက်တောင် အရေးမကြီးဘူးလား။
“ဟောက်ချန်ဟွမ်း၊
မင်း ဒီခွေးမကို မင်းရဲ့အစ်ကိုနဲ့ မရီးကို အရှက်ခွဲခွင့် ပေးလိုက်မှာလား။ မင်း ဟောက်မိသားစုရဲ့
နာမည်ဂုဏ်သတင်းကို ချနင်းခွင့် ပေးလိုက်တော့မှာလား။”
ဟောက်ချန်ဟွမ်းက
သွမ်းသွမ်းရဲ့ လက်ကို ထိနေရာမှ ရပ်တန့်သွားပြီး ဟောက်ချီဟန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“မင်းနဲ့ မင်းရဲ့ သားတို့ကမှ ဟောက်မိသားစုရဲ့ ဂုဏ်သိက္ခာကို နင်းချေနေတဲ့ သူတွေ မဟုတ်ဘူးလား။”
“မင်း
ဘာပြောလိုက်တာလဲ။”
“မင်္ဂလာပွဲကျင်းပနေစဥ်
မင်းက ဟောက်မိသားစုရဲ့ မင်္ဂလာပွဲကို ကြုံရာကျပန်း အမျိုးသမီးတချို့ကို ဖိတ်ခေါ်လာပြီး
အထက်တန်းစား အသိုင်းအဝိုင်းမှာ လူရယ်စရာဖြစ်အောင် လုပ်ခဲ့တယ်။ နောက်တော့ မင်းက အဲ့ဒီအမျိုးသမီးကို
အရှက်ကင်းမဲ့တဲ့ လုပ်ရပ်မျိုးတွေ လုပ်စေခဲ့ပြီး လူတွေရဲ့ နောက်ကွယ်မှာ ကောလာဟလမျိုးစုံကို
ဖြစ်ပေါ်စေခဲ့တယ်။ ဒီလိုမျိုးတွေ လုပ်ကိုင်ခဲ့ပြီး မင်းက ဟောက်မိသားစုရဲ့ မျက်မှာကို
ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိနေသေးတာလား။ မင်းတို့ရဲ့ မျက်နှာတွေကို နိုင်ငံရပ်ခြားဂြိုလ်ပေါ်
လွှတ်ပစ်ပြီး ဘယ်လို ပြန်ကောက်ရမှန်း မသိဘူးလို့ ငါ ထင်နေတာ။”
“မင်း...”
“ဒီနေ့
ဟောက်မိသားစုရဲ့ နာမည်ဂုဏ်သတင်းအကြောင်း ငါ့ကို ငြင်းခုံဖို့ ဒီကို လာတာဆိုရင် မင်း
ထွက်သွားလို့ရပြီ။ မင်းက ဒီလိုပြောဆိုဖို့ အရည်အချင်းမရှိဆုံးသူပဲ။”
ဟောက်ချီဟန်သည်
ဟောက်ချန်ဟွမ်း၏ အေးစက်သောအကြည့်ကြောင့် ထိတ်လန့်သွားပြီး အကြောင်းတစ်ခုခုကြောင့် အပြစ်ရှိသလို
ခံစားသွားခဲ့ရသည်။
သို့သော်
သူက အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူက အေးဆေးတည်ငြိမ် ဟန်ဆောင်ပြီး အော်ငေါက်လိုက်သည်၊
“မင်း သတ္တိကောင်းနေတယ်ပေါ့။ ဒါက မင်းရဲ့ အစ်ကိုအပေါ် ဆက်ဆံတဲ့ သဘောထားလား။”
ဟောက်ချန်ဟွမ်းက
လှောင်ရယ် ရယ်မောလိုက်ပြီး ဦးလေးကျန်းကို မျက်လုံးနဲ့ အချက်ပြလိုက်သည်။ ဦးလေးကျန်းက
နားလည်သဘောပေါက်ပြီး အစေခံများကို သူတို့အား ဆွဲထုတ်သွားရန် လက်ဟန်ပြလိုက်သည်။
ဟောက်ချီဟန်က
ဒေါသအရမ်းထွက်ပြီး စကားပင် မပြောနိုင်တော့ပေ။ နောက်ဆုံးတော့ စိတ်တည်ငြိမ်မှု ပြန်ရလာတဲ့
မစ္စဟောက်က အခြေအနေကို ပြေလည်အောင် ကြိုးစားခဲ့သည်၊ “ချန်ဟွမ်း၊ နင် ဘာလုပ်နေတာလဲ။
ဘာပဲဖြစ်ဖြစ် ငါတို့က မိသားစုတွေပဲ မဟုတ်လား။ ဒီလိုလူအများကြီးနဲ့ မောင်းထုတ်ဖို့ လိုအပ်လို့လား။”
“ရှင်တို့
အခက်အခဲကြုံတဲ့အခါ ကျွန်မတို့က မိသားစုတွေပဲလို့ ပြောတယ်။ ရှင်တို့မှာ ဘာအခက်အခဲမှ
မရှိပဲ ပြေလည်နေရင် တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတော့ဘူး။ ကျွန်မ ရှင်တို့ကို စကားအကုန်
ပြောပြီးသား။ ကျွန်မတို့အားလုံးက အရူးတွေလို့ ရှင် တကယ် ထင်နေတာလား။”
စုယန်ယန်ရဲ့
စကားလုံးတွေက အလွန်ရက်စက်ကြမ်းကြုတ်ပြီး မဒမ်ဟောက်ရဲ့ မျက်နှာပေါ်ရှိ အပြုံးကို အေးခဲသွားစေသည်။
ခဏလောက် ငြိမ်သက်သွားပြီး “ယောင်းမက နောက်နေတာ ဖြစ်မယ်” လို့ ခြောက်ခြောက်ကပ်ကပ် ပြောလိုက်သည်။
စုယန်ယန်သည်
စိတ်ကို ဆွဲဆန့်ထားပြီး သူတို့နှင့် ငြင်းခုံရန်ဖြစ်ဖို့ ပျင်းရိလွန်းသဖြင့် “ရှင်တို့
ဒီကို လာတာ ဘာကိစ္စရှိလို့လဲ။” ဟုသာ မေးလိုက်သည်။
“မနေ့က
နင်တို့ မင်္ဂလာပွဲကျင်းပတုန်းက ရှောက်ဖုန်းက သူ့ကောင်မလေးကို ခေါ်ပြီး ဂုဏ်ပြုဖို့
လာခဲ့တယ် မဟုတ်လား...”
မဒမ်ဟောက်ရဲ့
ပြောစကား မဆုံးခင် စုယန်ယန်က သူမ စကားကို ကြားဖြတ်ပြောလိုက်သည်၊ “ကျွန်မ မှတ်မိတာ မမှားရင်၊
ကျွန်မတို့ ရှင်တို့မိသားစုဆီ ဖိတ်စာ မပို့ခဲ့ဘူး။”
သူတို့နှစ်ယောက်စလုံး
ဒါကို ကောင်းကောင်းသိပေမယ့် ဒီလို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်သည့်အခါမှာ ဟောက်လင်မယားရဲ့
မျက်နှာတွေက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
“ငါတို့မှာ
ဖိတ်စာမရှိပေမယ့် ငါတို့က မိသားစုဝင်တွေ ဖြစ်နေတုန်းပါပဲ။ ငါတို့မိသားစုက နင်တို့မင်္ဂလာပွဲကို
မတက်ရင် တခြားလူတွေ ဘယ်လိုထင်မလဲ ဆိုတာ ဘယ်သူသိမလဲ။”
မဒမ်ဟောက်ရဲ့
စကားလုံးတွေက အလွန်ဟိတ်ဟန်ကြီးပြီး သူမသည် စုယန်ယန်တို့က ငယ်ရွယ်လွန်းပြီး မသိနားမလည်စွာ
သူတို့ကို ဖိတ်စာ မပို့ခဲ့သော်လည်း သူတို့သည် ဟောက်မိသားစု၏ နာမည်ဂုဏ်သတင်းအတွက် သူတို့ကတော့
လာရောက်နေကြဆဲဖြစ်ကြောင်း သူတို့ကို ပြောလုနီးပါး ဖြစ်နေခဲ့သည်။