အခန်း
(၂၈၅) – လွှမ်းမိုးချုပ်ကိုင်သော ဥက္ကဌ၏ ဇနီးလေး
ဟောက်ချန်ဟွမ်းတစ်ယောက်
ဒေါသထွက်သည်မှာ အလွန်ရှားသည်။ လေထုသည် ချက်ချင်းပင် အေးခဲသွားကာ အဆုံးမှာတော့ ဦးလေးကျန်းသည်
တိတ်ဆိတ်နေသည့် အခြေအနေကို အရင်ချိုးဖျက်လိုက်နိုင်သူ ဖြစ်သည်။
“သင်္ဘောဆိပ်က
ပေးပို့လာတဲ့ သတင်းအရ၊ သူတို့နှစ်ဦးက သင်္ဘောထဲကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ခိုးဝင်လာခဲ့ပြီး
မစ်စတာယုကို ကျွန်းပေါ်မှ ခေါ်ထုတ်သွားစဥ်မှာ သူတို့က ပြေးဝင်လာနိုင်ခဲ့တာ...”
စုယန်ယန်ဟာ
အံ့အားသင့်သွားပြီး “ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ” လို့ ဆိုမိသည်။
“သေချာပေါက်
တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ သူတို့က အဲ့ဒီနေရာမှာ အစောကြီးကတည်းက စောင့်ဆိုင်းနေတာ
ဖြစ်လိမ့်မယ်။”
စုယန်ယန်သည်
နားလည်သဘောပေါက်သွားဟန် ခေါင်းညိတ်လိုက်သည်။ “ယုကျစ်ယန်ရော ဘယ်လိုနေလဲ။ သူက ကျွန်းပေါ်ကနေ
အောင်မြင်စွာ ထွက်ခွာသွားနိုင်ခဲ့လား၊ ဒါမှမဟုတ်...”
“အဲ့ဒီနောက်မှာ
မစ်စတာယုကို ဆေးပြဖို့ ကျွန်းကနေ စေလွှတ်လိုက်ပေမယ့်...”
“ဒါပေမယ့်
ဘာဖြစ်လဲ။”
“ဒါပေမယ့်
သူတို့နှစ်ယောက်က အတင်းဝင်လာတော့ မြင်ကွင်းက နည်းနည်း ဖရိုဖရဲ ဖြစ်သွားတယ်။ မစ်စတာယုက
ဒီကနေ ဒဏ်ရာရသွားခဲ့ပြီး ဟိုမှာ တွန်းချခံရပြီးတဲ့နောက်မှာ... သူ့ဒဏ်ရာတွေက အခြေအနေ
ပိုဆိုးသွားတာကြောင့် သူလည်း သေချာပေါက် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအချို့ ခံစားခဲ့ရပုံပါပဲ။”
“ဖူး...”
ဦးလေးကျန်းရဲ့ ပြောစကား ဆုံးသွားတာနဲ့ ကုရှောက်ယန်နှင့် ဦးလေးကျန်းတို့ဟာ မညှာမတာ ရယ်မောလိုက်မိကြသည်။
စုယန်ယန်ဟာ
ပြောစရာစကား ပျောက်ရှသွားသည်။ ယုကျစ်ယန်ဟာ တကယ် သနားဖို့ကောင်းကြောင်း သူမ ဝန်ခံရပေမည်။
ဟောက်ချန်ဟွမ်းသည်
ဖြစ်ပျက်သမျှ အလုံးစုံကို ကြားသိရပြီးနောက် သူ့အသွင်ဟာ အနည်းငယ် ပိုကောင်းလာသည်။ သူက
စုယန်ယန်ရဲ့ လက်ကို ကိုင်ထားပြီး “ကိုယ် ဒီတစ်ကြိမ် စီစဥ်တာ အမှားအယွင်း ဖြစ်သွားခဲ့တယ်။
နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး။” လို့ တောင်းပန်စကားဆိုသည်။
“ကျွန်မ
အဆင်ပြေပါတယ်။” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ လက်ကို နှစ်သိမ့်ပေးသည့်ဟန် အသာပုတ်ပေးလိုက်သည်။
ထို့နောက်
သူသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး လင်းရှောင်ချီးကို လှည့်ကြည့်ကာ “ကျွန်တော်တော့
မင်းကို ဟာသတစ်ခု ကြည့်ခွင့်ပေးလိုက်မိပြီ။” လို့ ဆိုလိုက်သည်။
လင်းရှောင်ချီးက
တခစ်ခစ်ရယ်ပြီး ဒီကိစ္စကို စိတ်ထဲထည့်ပုံမပေါ်ပါဘူး။ “ရပါတယ်။ အပြင်မှာ ဒီလိုမြင်ကွင်းမျိုး
ဘယ်သူမဆို မြင်နိုင်တဲ့အရာ မဟုတ်ဘူးလေ။ ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတယ်။ သူတို့ရဲ့
အဆင့်က တကယ့်ကို ကွာခြားလွန်းတယ်။ စကားလုံး အနည်းငယ်လောက်နဲ့ သူတို့ကို ကြောက်လန့်ပြီး
ပြန်သွားအောင် လုပ်လိုက်နိုင်တာ တကယ်တော်တယ်။ သူတို့က ငိုကြွေးမယ်၊ မြေပေါ် ပစ်လှဲချမယ်
ဒါမှမဟုတ် သူတို့ကိုယ်သူတို့ ကြိုးကွင်းစွပ်တာမျိုး ပြုလုပ်လိမ့်မယ်လို့ ကျွန်မက ထင်နေတာ။
အခု၊ ကြည့်ရသလောက် ကျွန်မ သူတို့ကို တွက်ဆထားတာ များသွားပုံပဲ။”
“…”
ကျိုးယန်ပိုင်နှင့်
ကျန်သူတွေက လင်းရှောင်ချီးရဲ့ တောက်ပတဲ့မျက်လုံးတွေနှင့် သူမမျက်နှာပေါ်မှ နောင်တအရမ်းရနေတဲ့ပုံကို
ကြည့်ကာ သူတို့ပါးစပ်ထောင့်စွန်းတွေ တုန်ယင်သွားကြပြီး နှလုံးသားထဲမှာ သက်ပြင်းချလိုက်မိကြသည်။
‘သခင်မလေးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်နိုင်သူများသည် အမှန်တကယ်ကို သာမန်လူတွေ မဟုတ်ပေ။
သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက ယေဘုယျအားဖြင့် အားကောင်းတယ်လို့ ဆိုရသော်လည်း
အဓိက အာရုံစူးစိုက်တဲ့နေရာက နည်းနည်းတော့ လွဲနေတယ်။’
စုယန်ယန်သည်
ဒီဖြစ်ရပ်က လင်းရှောင်ချီးရဲ့အပေါ် ဘာမှ အကျိုးသက်ရောက်မှု မရှိတာကို မြင်တော့ သက်ပြင်းတစ်ချက်
ချလိုက်မိသည်။ သူမက ဟွားဟွားဖက်သို့လှည်ကာ စနောက်ကျီစယ်လိုက်သည်၊ “ဟွားဟွားလေးက ငါတို့ရဲ့
သားအတွက် ရပ်တည်ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဟွားဟွားက ငါတို့သားလေးအပေါ် ခံစားချက်ရှိပုံပဲ။”
တကယ်တော့
ဟွားဟွားရဲ့ အတွေးတွေက နားလည်ဖို့ မခက်ခဲပါဘူး။ ဒီခွေးလေးနှစ်ကောင်သည် ငယ်ကျွမ်းဆွေတွေ
ဖြစ်ကြပြီး ဟွားဟွားသည် အေးစက်ပြီး တသီးတခြားနေထိုင်တတ်သည့် အကျင့်စရိုက်ရှိသည်။ ဒါ့ကြောင့်
သူမသည် သွမ်းသွမ်းကို များသောအားဖြင့် သွမ်းသွမ်းကို လျစ်လျူရှုထားလေ့ရှိသော်လည်း ဟွားဟွားသည်
သွမ်းသွမ်းကို ဟိုးယခင်ကပင် သူမအပိုင်ခွေးလို့ သတ်မှတ်ထားခဲ့တာ ဖြစ်သည်။
တကယ်လို့
သူမသာ ဒီကိစ္စကို အမှန်တကယ် အစဆွဲထုတ်ချင်တယ်ဆိုရင် ဟွားဟွားရဲ့ ပုံစံဟာ ‘ငါ့ခွေးကို
ငါပဲ အနိုင်ကျင့်မွယ်၊ ဘယ်သူမှ သူ့ကို မထိရဘူး၊ ထိတဲ့သူတိုင်းကို သေအောင် ကိုက်သတ်ပစ်မယ်။”
ဟူသော လွှမ်းမိုးချုပ်ကိုင်တတ်သော ဥက္ကဌပုံစံမျိုးပင်ဖြစ်သည်။
ဒါကို
တွေးမိတော့ စုယန်ယန်ရဲ့ မျက်နှာအမူအရာဟာ ရှုပ်ထွေးသွားသည်။
ဟွားဟွားက
ဥက္ကဌကြီးဆို သူမမိသားစုက ကလေးက ဘယ်လိုလဲ။ ဥက္ကဌကြီးရဲ့ ဇနီးငယ်လေးလား။
“???”
လင်းရှောင်ချီးသည်လည်း
တစ်ခုခုကို သတိပြုမိသွားပုံရသည်။ သူမသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဟွားဟွားရဲ့ ခေါင်းလေးကို
စိတ်ပျက်နေသော အမူအရာဖြင့် ပုတ်လိုက်သည်။
“အသုံးမကျဘူး။”
ဟွားဟွားသည်
လင်းရှောင်ချီးရဲ့ လက်မောင်းထဲ တိုးဝင်ရင်း ခေါင်းကို မတ်ထားသည်။ သူမကို ကြည့်ရတာ မည်သူ့ကိုမျှ
ခံစားချက်မရှိသော ဘုရင်တစ်ပါးလိုပင်။ သူမသည် လင်းရှောင်ချီးကို ကြည့်တောင် မကြည့်ဘူး။
လင်းရှောင်ချီးသည်
ဒေါသထွက်မိသလို တစ်ချိန်တည်းမှာပင် ရယ်မောချင်ခဲ့သည်။ ဒီမျက်လုံးဖြူဝံပုလွေလေးက စုယန်ယန်နှင့်
ပေါင်းပြီး သူမကို တမင်တကာ လှည့်စားနေသလားဟုပင် တွေးမိသည်။
ဟောက်ချန်ဟွမ်းသည်
သူတို့ ပြောနေတာတွေကို နားထောင်ပြီး စူးစမ်းချင်စိတ် ပြင်းပြကာ “မင်းတို့ ဘာအကြောင်း
ပြောနေတာလဲ။” ဟု မေးလိုက်သည်။
စုယန်ယန်သည်
မဆိုင်းမတွပဲ သူမရဲ့ ပျော်ရွှင်မှုကို ဟောက်ချန်ဟွမ်းနှင့် မျှဝေခဲ့သည်။ “ကျွန်မတို့က
အခုနတုန်းက အိမ်နောက်ဖေး ခြံဝင်းထဲမှာ သွမ်းသွမ်းနဲ့ ဟွားဟွားတို့အကြောင်း ပြောနေခဲ့ကြတာ။
ရှောင်ချီးက ကျွန်မတို့ သွမ်းသွမ်းလေးက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဟွားဟွားရဲ့ အပြုအမူပေါ်
မူတည်ပြီးမှ ဆုံးဖြတ်ချကြရမယ်လို့ ပြောခဲ့တယ်လေ။”