အခန်း
(၂၈၆) – ရှင်ရော ဟွားဟွားနဲ့တူလား
သူမရဲ့
စကားတွေကို ကြားတော့ ဟောက်ချန်ဟွမ်းသည် သူ တစ်လကျော်ကြာအောင် ပြုစုပျိုးထောင်ပေးခဲ့သော
ခွေးလေးကို မသိစိတ်ကနေ တစ်ချက် လှမ်းကြည့်မိသည်။
ခွေးတစ်ကောင်ရဲ့
အဖေအနေဖြင့် ဒီကလေးက ဟွားဟွားလို့ခေါ်တဲ့ ခွေးမလေးကို ဘယ်လောက် သဘောကျတယ် ဆိုတာကို
သူ သိသည်။
သူသည်
ဒီခွေးလေးက မိုက်မဲပြီး မကြာခဏ ဆိုသလို တုံးအချင်ယောင်ဆောင်ပြီး မထီမဲ့မြင် ပြုတတ်သော်လည်း
သူလေးဟာ ခွေးတစ်ကောင် ဖြစ်နေဆဲ ဖြစ်သည်။
“ကျွန်မတို့ရဲ့
စကားဝိုင်းပြီးပြီးချင်းမှာပဲ အပြင်ဖက်ကနေ ဆူသံညံသံတွေ ကြားရတာပဲ။ ကျွန်မတို့ အပြင်ကို
ထွက်လာတော့ ဟွားဟွားလေးကို ဟောက်ချီဟန်က ကန်ခါနီး ဖြစ်နေတာကို မြင်လိုက်ရတယ်။”
ဟောက်ချန်ဟွမ်းရဲ့
မျက်ခုံးတွေက ပင့်တက်သွားကာ သူ့အတွေးတွေကို အမြန်ထုတ်ဖော်လိုက်မိသည်။ သူက စုယန်ယန်ရဲ့
ဦးဆောင်မှုနောက်ကို လိုက်ပါပြီး “မင်း ပြောချင်တာက...” လို့ မေးမြန်းလိုက်သည်။
“ရှင်
ဒါကို ပျော်စရာကောင်းတယ်လို့ မထင်ဘူးလား။ သာမန်အားဖြင့်ဆို ငါ နင့်ကို အေးတိအေးစက်
ဆက်ဆံတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နင် အနိုင်ကျင့်ခံနေရတယ်ဆိုရင် ငါ အရင်ဆုံး ရှေ့ထွက်လာပြီး
နင့်ဖက်ကနေ ရပ်တည်ပေးမယ် အဲ့လိုသဘောမျိုး မဟုတ်လား။”
ဟောက်ချန်ဟွမ်းသည်
ဒါကို သိပ်မစဥ်းစားပဲ သူ့ဇနီးသည် ပြောတာကို ခြွင်းချက်မရှိ ထောက်ခံခဲ့သည်။
“ဒါက
တော်တော် ပျော်ဖို့ ကောင်းမယ့်ပုံပဲ။”
စုယန်ယန်ရဲ့
မျက်ဝန်းတွေက ချက်ချင်း ကွေးညွှတ်သွားပြီး သူမမျက်ဝန်းထဲတွင် လှည့်ဖြားတတ်သော အလင်းတစ်ခု
လင်းလက်လာသည်။ သူမသည် ဟောက်ချန်ဟွမ်းအနားသို့ တိုးကပ်သွားပြီး “ရှင်နဲ့ တူလား။” လို့
မေးလိုက်သည်။
“ဘာကိုလဲ။”
“ရှင်ကရော
ဟွားဟွားနဲ့ တူလား။”
သူက
သူမကို တခြားသူတွေထက် ပိုဂရုစိုက်ပေမယ့် တစ်ဖက်လူ နောက်ပြန်ဆုတ်သွားအောင် သူက ခပ်ခွာခွာနေဟန်ဆောင်သည်။
သို့ရာတွင်
သူမ တကယ် နောက်ပြန်ဆုတ်သွားလျှင် အရမ်းဒေါသထွက်ပြီး ဝမ်းနည်းသလို ခံစားရပေလိမ့်မည်။
တစ်ခုတည်းသော
ခြားနားချက်မှာ ဟောက်ချန်ဟွမ်းသည် သူ့အပြစ်အနာအဆာများကို အလွန်အမင်း ဂရုစိုက်ပြီး သူ့ချစ်သူကို
ဖွင့်မဆိုဝင့်ခဲ့ပေ။ ဒါက ဟွားဟွားလေးအတွက်မူ ဟောက်ချန်ဟွမ်းက အရမ်းမိုက်မဲပြီး သူမကို
မထီမဲ့မြင်ပြုတယ်လို့ပင် ခံစားရနိုင်ပေသည်။
သူ့သခင်၊
သူ့ဖခင်နှင့် သူ့အနာဂတ်ယောက္ခမလောင်းတို့ဟာ တစ်နေ့တည်းမှာပင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရသည်။
“...” အခုခေတ်မှာ မိုက်မဲတဲ့ ခွေးတွေက ခွေးဖြစ်ခွင့်မရှိတာ သိတယ်ဟုတ်၊ မိုက်မဲတယ်လို့
ဘာကိုပြောချင်တာလဲ။ ဒါကို မိုက်မဲတယ်လို့ မခေါ်ဘူး၊ ရိုးသားတာ၊ ရိုးသားတာလို့ ခေါ်တယ်။
“အဟွတ်၊
အဟွတ်... အဟွတ်၊ အဟွတ်...” လူငယ်စုံတွဲဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ထပ်မံပြသရန်
ပြင်လာသည်ကို မြင်လိုက်ရသဖြင့် အနားမှာ ရှိသူများဟာ ထွက်ပြေးဖို့ ဆုံးဖြစ်ခဲ့ကြသည်။
ကုရှောက်ယန်၊
“ကျွန်တော် နေ့လည်မှာ လုပ်စရာရှိနေလို့ အရင် ပြန်နှင့်လိုက်ပါ့မယ်။”
ကျိုးယန်ပိုင်၊
“ကုမ္ပဏီကို ကြည့်မယ့်သူ ဘယ်သူမှ မရှိလို့ ကျွန်တော် သွားလိုက်ပါဦးမယ်။”
“ဒါဆိုရင်
ငါ...”
လင်းရှောင်ချီးသည်
ဟွားဟွားကို ပွေ့ချီကာ ထွက်ပြေးတော့မည် ဖြစ်သော်လည်း သူ့ဇနီးလောင်းလေး နောက်တစ်ကြိမ်
ထွက်ပြေးသွားမှာကို သွမ်းသွမ်း သည်းမခံနိုင်ပေ။ ဒါကို မြင်တော့ သွမ်းသွမ်းသည် စုယန်ယန်ရဲ့
ရင်ခွင်ထဲမှ စိုးရိမ်တကြီး ခုန်ဆင်းသွားသည်။
သူက
လင်းရှောင်ချီး၏ ခြေထောက်ကို ပွေ့ဖက်ထားပြီး လွှတ်ပေးဖို့ ငြင်းဆိုခဲ့သည်။ သူ့အသွင်က
ဤသို့ ပြောနေသလိုပင်၊ “အမေ ထွက်သွားချင်တယ်ဆိုရင် ကျွန်တော့်ကိုပါ ခေါ်သွားပေးပါ။ အမေ
ကျွန်တော့်ကို မခေါ်သွားဘူးဆိုရင် ကျွန်တော် အမေ့ကို မလွှတ်ပေးဘူး။”
ဒါကိုမြင်တော့
ဟွားဟွားသည်လည်း ခုန်ဆင်းသွားသည်။ ဟွားဟွားသည် သူမရဲ့ လက်သည်းလေးတွေကို မြှောက်ပြီး
လင်းရှောင်ချီးရဲ့ ခြေထောက်မှ ကောင်စုတ်လေးကို ရိုက်နှက်လိုက်သည်။
သွမ်းသွမ်းသည်လည်း
စိတ်အခြေအနေ မကောင်းတာကြောင့် သူထပြီး ဟွားဟွားကို ပစ်တိုက်ချလိုက်သည်။
ဟွားဟွားက
ဘေးကို ရှောင်လိုက်ပြီး ခွေးလက်ဖဝါးဖြင့် သူ့မျက်နှာကို ဖိချလိုက်သည်။
လူတိုင်း၊
“...”
“အဟွတ်၊
သွမ်းသွမ်းက နင့်နောက်ကို လိုက်ချင်နေတာဆိုတော့ နင့် သူ့ကို နင့်အိမ်ကို ရက်အနည်းငယ်လောက်
ခေါ်ထားလိုက်ပါလား။ ငါ ရက်အနည်းငယ်လောက်ဆို အားလပ်ပြီမို့ ငါ ပြန်လာတဲ့အခါ လာခေါ်ပါ့မယ်။”
စုယန်ယန်ရဲ့
စကားကို ကြားသောအခါ သွမ်းသွမ်းသည် အိမ်မှ ရက်အနည်းငယ် ထွက်သွားရမည်ကို စိတ်မပျက်ခဲ့ပေ။
ယင်းအစား သူက ကြာကြာမစောင့်နိုင်တော့သလို နောက်ထပ် အကြိမ်အနည်းငယ်ခန့် ဟောင်ခဲ့သည်။
စုယန်ယန်ဟာ
ပြောစရာစကားမရှိ ဖြစ်သွားသည်။ ကောင်းပြီ၊ ငါ ဒီကောင်စုတ်လေးကို မလိုချင်တော့ဘူး။ သူမကို
ခေါ်သွားခိုင်းတော့မယ်။
လင်းရှောင်ချီးသည်
စိတ်ပူပန်နေပုံရသည်။ “အဲ့တာ မကောင်းဘူး မဟုတ်လား။”
ကောင်စုတ်လေးဟာ
သူ နောက်မှာ ကျန်နေရစ်မှာကို ကြောက်လို့ သနားစဖွယ်ကောင်းစွာ အမြန်အော်လိုက်သည်။
ဒါကိုမြင်တော့
စုယန်ယန်ရဲ့ ပါးစပ်ဟာ အနည်းငယ် တုန်ယင်သွားသည်။ သူမက ကူကယ်ရာမဲ့ပြီး ဒေါသတကြီး ပြောလေသည်၊
“အဲ့တာ ဘာမှ မဖြစ်ဘူး။ သူ့ကို နင်နဲ့အတူထားရင် ငါ စိတ်ချတယ်။”
လင်းရှောင်ချီး၊
“...” ဒါက မင်းရဲ့ ပြဿနာလား။ ဒါက ဒီအိမ်ထောင်ရေးကို သဘောမတူတဲ့ ပြဿနာ ဖြစ်လေသည်။
နောက်ဆုံး၌
လင်းရှောင်ချီးသည် သူမအိမ်ထဲသို့ ဝံပုလွေတစ်ကောင်ကို ဖိတ်ခေါ်ရန် အကြံပြုချက်ကို မငြင်းဆန်နိုင်ခဲ့ပေ။
သူမသည် သွမ်းသွမ်းနဲ့အတူ ထွက်ခွာသွားခဲ့သည်။