အခန်း
(၂၈၇) – ကြေကွဲစရာပဲ
ဟွားဟွားက
ဒီအကြံကို မကန့်ကွက်ပေမယ့် သူမသည် သွမ်းသွမ်း အနားသို့ ခဏခဏ ကပ်လာကာ ခေါင်းကို ထုရိုက်လိုက်သည်။
ရူးကြောင်ကြောင်ကောင်လေး
“???”
စုယန်ယန်သည်
သူတို့နှစ်ကောင် ထွက်သွားတာကို ကြည့်နေပြီး အချိန်အတော်ကြာ မကြည့်မလွဲနိုင်ခဲ့ပေ။
ဒါကို
ဟောက်ချန်ဟွမ်းက မြင်တော့ အသံတိုးတိုးနဲ့ မေးလိုက်လေသည်၊ “မင်း သည်းမခံနိုင်ဘူးလား။”
စုယန်ယန်က
ခေါင်းခါလိုက်သည်။ “သူက နဂိုတည်းက ရူးကြောင်ကြောင်လေး ဖြစ်နေပြီးသားလေ။ ဒီလိုမျိုးအရိုက်ခံနေရတော့
ပြန်လာတဲ့အခါ ပိုဆိုးသွားမှာကို ကျွန်မ စိုးရိမ်နေတယ်။”
ဟောက်ချန်ဟွမ်း၊
“...”
“သူ
ပြန်မလာတော့ဘူးလို့ မင်း ဘယ်တုန်းကမှ မတွေးခဲ့ဘူးလား။”
စုယန်ယန်တစ်ယောက်
ပြောစရာစကား ပျောက်ရှသွားသည်။
လင်းရှောင်ချီးနှင့်
ကျန်သူများ ထွက်ခွာသွားပြီးသည်နှင့် တပြိုင်နက် ကြီးမားသော အိမ်ကြီးသည် ဗလာဖြစ်သွားပြီး
လူသူတိတ်ဆိတ်သွားသည်။
စုယန်ယန်က
ဟောက်ချန်ဟွမ်း၏ ဘီးတပ်ကုလားထိုင်ကို အပေါ်ထပ်သို့ တွန်းတင်ပေးရင်း ပေါ့ပေါ့ပါးပါး
မေးမြန်းလိုက်သည်၊ “ရှောက်ယန်နဲ့ ကျန်သူတွေ ရှင့်ကို ဒီအချိန်ကြီး ဘာဖြစ်လို့ လာရှာတာလဲ။
ကုမ္ပဏီမှာ အရေးကြီးတဲ့ကိစ္စ တစ်ခုခု ဖြစ်နေလို့လား။”
သူမသည်
ထိုအကြောင်းကို တွေးပြီး ယခုအချိန်ခါမျိုးမှာ သူတို့နှစ်ယောက် အလည်အပတ် ရောက်ရှိလာသည့်အတွက်
တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားမိနေဆဲ ဖြစ်သည်။ အိမ်ထောင်သက် ၂ရက်သာ ရှိသေးသည့်အတွက်
အရေးကြီးတဲ့ကိစ္စ ဘာမှမရှိဘူးဆိုရင် သူတို့နှစ်ယောက်က လာနှောင့်ယှက်မှာ မဟုတ်လောက်ဘူး။
ထို့အပြင်
ဟောက်ချန်ဟွမ်းက ဟောက်ချီဟန်ကို အခုလေးတင် ပြောခဲ့တဲ့ စကားကိုလည်း သူမ ဂရုစိုက်နေခဲ့သည်။
“ဘာမှ
မဟုတ်ပါဘူး။” ထို့နောက် စုယန်ယန်က သူ့ပြောစကားကို မယုံကြည်မှာ စိုးရိမ်ပုံပေါ်ကာ “သူတို့က
မင်းချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားချင်လို့ ဒီလို ရောက်လာကြတာ” လို့ ထပ်ပြောခဲ့သည်။
“ကျွန်မ
ချက်ပြုတ်တဲ့ အစားအသောက်တွေကို စားချင်တာလား။”
“မင်း
မနက်အစောကြီးထပြီး အိမ်အောက်ထပ်မှာ ချက်ပြုတ်နေခဲ့တယ်လေ။ အဲ့တာက အရမ်းအရသာရှိမယ့်ပုံပေါ်တော့ သူတို့က မင်းလက်ရာကို
စားချင်တာ သဘာဝပါပဲ။”
စုယန်ယန်တစ်ယောက်
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ ဒီလို အလေးအနက်ထားပုံပေါ်တဲ့ လူရည်ချွန်တွေက
သူမ၏ ဟင်းလျာတွေကြောင့် အလွယ်တကူ ဆွဲဆောင်ခံလိုက်ရမယ်လို့ မယုံကြည်နိုင်သေးပါဘူး။
“ဒါပေမယ့်
ကျွန်မ အိမ်မှာ ချက်ပြုတ်လိမ့်မယ်လို့ သူတို့ ဘယ်လိုသိတာလဲ။”
“သေချာပေါက်
ဒီမှာ လျှို့ဝှက်အထောက်တော်တွေ ရှိလို့ပဲ။”
“လျှို့ဝှက်အထောက်တော်လား။”
စုယန်ယန်၏ ပါးစပ်ထောင့်စွန်းဟာ တုန်ယင်သွားသည်။ ဒီလိုကိစ္စရပ်မျိုးအတွက် လျှို့ဝှက်အထောက်တော်
လိုအပ်လို့လား။
“ခဏနေဦး၊
ကျစ်ယန်က လျှို့ဝှက်အထောက်တော်လို့ ရှင် ဆိုလိုချင်တာလား။”
“အင်း”
စုယန်ယန်သည်
သူမ၏ နှလုံးသားထဲတွင် ယုကျစ်ယန်အတွက် ဖယောင်းတိုင်တစ်တိုင် တိတ်တဆိတ် ထွန်းညှိပေးလိုက်မိသည်။
သူက ထမင်းစားပွဲမှာ ပါဝင်နိုင်ဖို့ သူ့ညီအစ်ကိုတွေကို ကြင်နာစွာ အကြောင်းကြားခဲ့ပေမယ့်
သူတို့နှစ်ယောက်က သူ့ကို ဆေးထိုးဖို့ကိုတောင် လိုက်မပို့ချင်ကြဘူး။ ဒါက ဘယ်လို ပလတ်စတစ်လို
ညီအစ်ကိုမျိုးတွေလဲ။
စုယန်ယန်က
ဆက်မမေးမြန်းတော့တာကို မြင်တော့ ဟောက်ချန်ဟွမ်းက တစ်ခဏတာမျှ နှုတ်ဆိတ်သွားသည်။ သူက
“ကိုယ် ဒီနေ့ ဟောက်ချီဟန်နဲ့ လုံးဝ ခွာပြဲသွားပြီ။” ဟု ရုတ်တရတ် ပြောလိုက်သည်။
စုယန်ယန်က
အနည်းငယ် ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို တောင်းပန်စကားဆိုလိုက်သည်။ “ကျွန်မ တောင်းပန်ပါတယ်၊
ဒါတွေအားလုံး ကျွန်မနဲ့ ကျွန်မမိသားစုကြောင့်ပဲ... သူတို့ကို ကျွန်မကိုယ်တိုင်ကိုယ်ကျ
မောင်းထုတ်ဖို့လုပ်ချင်ပေမယ့် ရှင် ဒီထဲ ပါဝင်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”
ဟောက်ချန်ဟွမ်းသည်
သူမ နားလည်မှုလွဲသွားမှန်းကို သိသည်။ “ကိုယ် မင်းကိုရော မင်းအန်တီလေးကိုရော အပြစ်တင်တာ
မဟုတ်ပါဘူး။ မင်းကြောင့် မဟုတ်ရင်တောင်မှ ဒီနေ့လိုမျိုးက အနှေးနဲ့အမြန်ဆိုသလို ရောက်ရှိလာလိမ့်မယ်။”
“ဒါပေမယ့်
ကျွန်မတို့ကြောင့်သာ မဟုတ်ရင်၊ ဒီလောက် မြန်မှာ မဟုတ်ဘူးလေ...”
စုယန်ယန်၏
ပြောစကား မဆုံးခင်မှာပင် ဟောက်ချန်ဟွမ်းက သူမစကားကို ကြားဖြတ်ပြောလိုက်သည်။ “သူတို့က
မင်းအန်တီလေး ဟောက်ရှောက်ဖုန်းကို ဆေးရုံတင်ရအောင် လုပ်လိုက်လို့ ကိုယ့်ကို လာရှာတာလို့
မင်း ထင်နေတာလား။”
“အဲ့လို
မဟုတ်ဘူးလား။”
“ကိုယ့်မရီးက
ဟောက်ရှောက်ဖုန်းအတွက် ဒီကို ရောက်လာတာ ဖြစ်ပေမယ့် ဟောက်ချီဟန်ကတော့ အဲ့တာကြောင့် ဒီကို
ရောက်လာတာ မဟုတ်ဘူး။”
“သူက
ဒီကို ဟောက်ရှောက်ဖုန်းကြောင့် ရောက်လာတာ မဟုတ်ဘူးဆိုရင် သူက...”
ဟောက်ချန်ဟွမ်းက
သူမကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ “မနေ့ညက ကိုယ် ဟိုအမျိုးသမီးတွေကို ပြောလိုက်တဲ့စကားကြောင့်
ရောက်လာတာပဲ။”
စုယန်ယန်က
မသိနားမလည်သူတစ်ယောက် မဟုတ်ပေ။ သူမသည် အခြေအနေတစ်ခုလုံးကို အမြန်သဘောပေါက်သွားသည်။
“သူက ရှင် ဟောက်ကော်ပိုရေးရှင်းကို ပြန်ယူပြီး သူ့နေရာမှာ အစားထိုးသွားမှာကို စိုးရိမ်နေတာလား။”
ဟောက်ချန်ဟွမ်း
ခေါင်းညိတ်လိုက်ပြီး အစမ်းသဘောဖြင့် အမေးစကားဆိုလိုက်သည်။ “တကယ်လို့ ကိုယ်က ဟောက်ကော်ပိုရေးရှင်းကို
ပြန်ယူချင်တယ်လို့ ပြောရင်...”
စုယန်ယန်၏
မျက်လုံးတွေက အနည်းငယ် တောက်ပသွားကာ ဟောက်ချန်ဟွမ်းဆီသို့ လျှောက်လာပြီး သူ့ဘေးနားတွင်
ငုတ်တုတ်ထိုင်ချလိုက်သည်။ သူမက သူ့ကို စိုက်ကြည့်ပြီး “တကယ်လား” ဟု မေးလိုက်သည်။
ဟောက်ချန်ဟွမ်း၊
“???”