အခန်း
(၂၈၈) - ကျွန်မ ရှင့်ကို ထောက်ပံ့ပေးနိုင်တယ်
“မင်း
ကိုယ့်ကို အရမ်းလောဘကြီးတယ်လို့ မထင်ဘူးလား။ ကိုယ့်အဖေက ဟောက်ကော်ပိုရေးရှင်းကို ဟောက်ချီဟန်ထံမှာ
ထားရစ်ခဲ့တယ်။”
စုယန်ယန်က
မကျေနပ်သလိုကြည့်ရင်း “ဒါတွေအားလုံး ရှင့်အဖေကြောင့်ပဲ၊ ရှင့်အဖေက အရမ်း... အဟွတ်၊
အဟွတ်၊ ကျွန်မ ရှင့်အဖေကို မကောင်းဆိုတာတော့ မဟုတ်ပါဘူး။ သူသာ အသက်ရှင်နေသေးတယ်ဆိုရင်လည်း
ဟောက်ချီဟန်တို့သားအဖလို အကျင့်စရိုက်မကောင်းတဲ့ မျိုးဆက်တွေကြောင့် ဒေါသဖြစ်မှာ သေချာပေါက်ပဲ။
အဲ့ဒီအချိန်တုန်းက သူ ဟောက်ချီဟန်ကို ကုမ္ပဏီ လွှဲပြောင်းပေးခဲ့တာက ဟောက်ချီဟန်ရဲ့
ကြောင်သူတော်လို အပြုအမူတွေနဲ့ လှည့်စားခံရတာကြောင့် ဖြစ်နိုင်တယ်။”
ဟောက်ချန်ဟွမ်းတစ်ယောက်
ဟက်ဟက်ပက်ပက် မရယ်မောမိခင် စုယန်ယန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့မိသည်။
“ဘာလဲ။
ကျွန်မပြောတာ မှားနေလို့လား။”
“မဟုတ်ပါဘူး၊
မင်းပြောတာ မှန်ပါတယ်။” ဟောက်ချန်ဟွမ်း၏ မျက်ဝန်းတွေဟာ ကွေးညွှတ်သွားပြီး သူ့၏ အေးစက်နေသော
မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ သူ့သွင်ပြင်ဟာ အန္တရာယ်ကင်းပြီး
နွေးထွေးနေပုံပေါ်သည်။
စုယန်ယန်သည်
သူ ပြုံးတာကို အရင်က မြင်ဖူးပေမယ့် ဒီလောက် သက်တောင့်သက်သာ ပြုံးနေတာကိုမျိုးတော့ တစ်ခါမှ
မမြင်ဖူးသေးပါဘူး။ သူ့အပေါ် အမြဲဖိစီးနေတဲ့ အရာတစ်ခု ရုတ်တရတ် ပျောက်ကွယ်သွားသလိုပါပင်။
“မင်းက
ဆွံ့အနားမကြားလား။”
စုယန်ယန်သည်
သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး သူမရှေ့မှာ လှုပ်ရမ်းနေသည့် တစ်စုံတစ်ယောက်၏ လက်ကို
ဆုပ်ကိုင်လိုက်ပြီး “မဟုတ်ဘူး” ဟု ဒေါသတကြီး ဆိုလိုက်သည်။
ဟောက်ချီဟန်က
သူမကို တကယ်ဒေါသထွက်နေတာကိုမြင်တော့ သူက သူမကို လှည့်စားနေတာ ရပ်တန့်လိုက်ပြီး “ဟောက်ချီဟန်က
အကျင့်မကောင်းတဲ့သူ ဆိုပေမယ့် ဟောက်ကော်ပိုရေးရှင်းကို သူ တာဝန်ယူခဲ့တာ နှစ်ပေါင်းများစွာ
ကြာခဲ့ပြီ။ သူ့မှာ အဆက်အသွယ်တွေ ရှိနိုင်တယ်။ ဟောက်ကော်ပိုရေးရှင်းကို သူ့ဆီက ပြန်ရဖို့
လွယ်ကူမှာ မဟုတ်ဘူး။”
“အဆင်ပြေတယ်၊
ကျွန်မ ရှင့်ကို ကူညီပေးမယ်” ဟု စုယန်ယန်က ပြောလိုက်သည်။
စုယန်ယန်၏
စကားလုံးတွေကြောင့် ဟောက်ချန်ဟွမ်း၏ မျက်ဝန်းတွေထဲမှ လျစ်လျူရှုမှုဟာ ပျောက်ကွယ်သွားခဲ့သည်။
စုယန်ယန်၏ မျက်နှာကို ထိတွေ့လိုက်ပြီး အက်ရှရှအသံဖြင့် “အရာရာတိုင်းမှာ အန္တရာယ်တွေ
ပြည့်နှက်နေတယ်။ တကယ်လို့ ကိုယ် မအောင်မြင်ရင် အရာအားလုံး ဆုံးရှုံးသွားနိုင်တယ်။”
စုယန်ယန်ဟာ
အံ့အားသင့်သွားသည်။ ဟောက်ချန်ဟွမ်းသည် ဤကဲ့သို့ မသန်မစွမ်း ဖြစ်နေသော်လည်း သူမ၏ မျက်ဝန်းထဲမှာတော့
ဟောက်ချန်ဟွမ်းဟာ ပြိုင်ဖက်မရှိ ဖြစ်နေခဲ့သည်။
သို့သော်
သူမ၏ သေဆုံးမှုအတွက် သူ့ဘဝကို အပျက်စီးခံခဲ့ပြီး သူမနောက်သို့ လိုက်ပါလာခဲ့သော ဟောက်ချန်ဟွမ်းသည်
သာမန်လူတစ်ဦး ဖြစ်နေသည်ကို သူမ မေ့လျော့နေခဲ့သည်။ သူသည်လည်း ငိုတတ်၊ ရယ်တတ်၊ ဟန်ဆောင်နိုင်၊
အောင်မြင်တာ၊ ကျရှုံးတာတွေ ရှိနိုင်သည့် သာမန်လူတစ်ဦးပါပင်။
ဟောက်ချန်ဟွမ်းတစ်ယောက်
မည်မျှ ချမ်းသာကြွယ်ဝသည်ကို သိသော စုယန်ယန်သည် ဟောက်ရှောက်ဖုန်းနှင့် ဝမ်ကျင့်ဖျင်တို့နှင့်
ယှဥ်လျှင် ဤအရာဖြစ်နိုင်ချေက နည်းပါးသည်ဟု သူမ ခံစားမိသည်။
ဒါပေမယ့်
ဟောက်ချန်ဟွမ်းက ဒီလို ပြောလာသည့်အတွက် ဒီဖြစ်နိုင်ခြေကိုလည်း သူမ လေးလေးနက်နက် ထည့်သွင်းစဥ်းစားနေရင်း
သူမရဲ့ မျက်ဝန်းတွေက အနည်းငယ် တောက်ပလာကာ “အဆင်ပြေပါတယ်” လို့ ဆိုလိုက်မိသည်။
“တကယ်လို့
ကိုယ့်မှာ ဘာမှ မကျန်တော့ဘူးဆိုရင်”
စုယန်ယန်က
လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ “တကယ်လို့ ရှင့်မှာ ဘာမှ မကျန်တော့ဘူးဆိုရင် ကျွန်မက
ရှင့်ကို ထောက်ပံ့ပေးမယ့်သူပဲ။”
ဟောက်ချန်ဟွမ်း၏
မျက်ဝန်းတွေဟာ အံ့အားသင့်မှုကြောင့် ကျဥ်းမြောင်းသွားခဲ့သည်။ “မင်း... မင်း ကိုယ့်ကို
ထောက်ပံ့ပေးချင်တာလား။”
“ကျွန်မက
ရှင့်ကို မထောက်ပံ့နိုင်ဘူးလို့ ရှင် ထင်နေတာလား။” စုယန်ယန်သည် သူ့ရဲ့ တုန်လှုပ်နေသည့်
အသွင်ကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ “ကျွန်မတို့ စုမိသားစုက ဟောက်မိသားစုလောက်
မချမ်းသာပေမယ့် ရှင့်ကို ထောက်ပံ့ပေးဖို့ လုံလောက်တာထက် ပိုပါတယ်။ နောက်ပြီး အခု ကျွန်မမှာ
ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်။ ရှင့်ရဲ့ ဝင်ငွေနဲ့ ယှဥ်လို့
မရပေမယ့် အနာဂတ်မှာ ပိုကောင်းလာမှာ သေချာတယ်။ တစ်နေ့ကျရင် ကျွန်မမိသားစုကို ထောက်ပံ့ပေးဖို့
ကျွန်မ အပြင်ထွက်ပြီး ပိုက်ဆံရှာမယ်။ ရှင်က အိမ်မှာ နေပြီး ဟွားဟွားလေးလို လှပေနေနိုင်တယ်။
ကျွန်မ ရှင့်ကို ဗိုက်ဆာအောင် ထားမှာ မဟုတ်ဘူး။”
ဟောက်ချန်ဟွမ်းသည်
သူမ၏ ရှင်းလင်းချက်ကြောင့် ရယ်မြူးပျော်ရွှင်သွားသည်။ သူက စုယန်ယန်နှင့် နဖူးချင်းကပ်ကာ
ပြုံးလိုက်မိသည်။ “ဒါဆို ကိုယ့်မိသားစုကို ထောက်ပံ့ပေးဖို့ ကိုယ် ငွေရှာတာကိုရော ထည့်တွက်လားဟင်။
မင်းက နှင်းဆီတစ်ပွင့်လို လှပနေတာလား။”
စုယန်ယန်က
ရှက်သွေးဖြာသွားပြီး တည်ငြိမ်ချင်ဟန်ဆောင်သည်။ “ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား။ ဒါမှမဟုတ်
ရှင်က ကျွန်မကို နှင်းဆီတစ်ပွင့်လို လှပတယ်လို့ မထင်ဘူးလား။”
“ကိုယ့်နှလုံးသားထဲမှာ
မင်းထက် လှပတဲ့အရာဆိုတာ မရှိပါဘူး။” ဟု ဟောက်ချန်ဟွမ်းက အပြုံးတစ်ပွင့်ဖြင့် စကားဆိုသည်။
“ဒါပေမယ့် မင်းပြောတာကို နားထောင်ပြီးတော့ ကိုယ် နောင်မှာ ပိုကြိုးစားရမယ်ထင်တယ်။ နှင်းဆီတစ်ပွင့်လို
လှပနေရမှာထက် မင်းကို ထောက်ပံ့ပေးဖို့ ပိုက်ဆံရှာရတာကို ပိုကြိုက်တယ်။”