အခန်း
(၂၉၀) - ဟောက်မိသားစုထဲ ဝင်ရောက်နိုင်ဖို့ နည်းနည်းလေးတောင် မစဥ်းစားပါနဲ့။
ဝမ်ကျင့်ဖျင်နှင့်
ဟောက်ရှောက်ဖုန်းတို့သည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သူတို့သည် ဒယ်အိုးဖင်ကဲ့သို့
မည်းမှောင်နေသော မစ္စဟောက်၏ မျက်နှာကို လှည်ကြည့်လိုက်ပြီး သူတို့နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။
“အမေ၊
ပြန်လာပြီလား။” ဟောက်ရှောက်ဖုန်းသည် မစ္စဟောက်၏ နောက်ကျောသို့ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
“အဖေက ဘာဖြစ်လို့ အမေနဲ့အတူ ပြန်မပါလာတာလဲ။ အမေနဲ့အတူ ပါသွားတာ မဟုတ်ဘူးလား အဲ့ဒီကို...”
“နင်
ဘာကို လိုက်ရှာနေတာလဲ။ သူတို့ကို ဘာအတွက် သွားရှာရမှာလဲ။” ဒီနေ့မှာ ဖြစ်ပျက်ခဲ့သမျှ
အကြောင်းအရာတွေကို ပြန်တွေးရင်း မစ္စဟောက်တစ်ယောက် မီးနဂါးကဲ့သို့ ဒေါသမီးလောင်မြိုက်လာခဲ့ပြန်သည်။
လူတိုင်းက သူမအပေါ် တံတွေးထွေးနေချင်ကြသည်။
“မနေ့က
နင့်အဖေနဲ့ငါ နင့်ကို ဘာပြောခဲ့လဲ။ နင့်ဦးလေးက စုမိန်းကလေးနဲ့ လက်ထပ်တယ်။ သူတို့က အမြင်ကျဥ်းတာကြောင့်
ငါတို့ကို ဖိတ်စာ မပို့ခဲ့ဘူး။ နင် သူတို့မင်္ဂလာဆောင်ကို သွားမယ် ဆိုရင်လည်း ရိုးရိုးသားသား တက်ရောက်သင့်တယ်။ အဲ့တာဆို အပြင်လူတွေက
နင့်ကို တည်ငြိမ်ပြီး ထောက်ထားစာနာတတ်တယ်လို့ ချီးကျူးကြလိမ့်မယ်။ နင် မင်္ဂလာပွဲကနေ
ပြန်လာတဲ့အခါ နင့်အဖေက ဒီအကြောင်းကို လူသိရှင်ကြားဖြစ်အောင် ပြောပြီး နင်နဲ့ စုမိသားစုတို့ကြားက
လမ်းခွဲ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြောင်းပြန်ဖြစ်အောင် ပြောခဲ့နိုင်လိမ့်မယ်။ နင်ကတောင်
အဲ့ဒီအပြစ်တွေကို ဟောက်ချန်ဟွမ်းနဲ့ စုမိသားစုအပေါ် ညစ်ပတ်တဲ့ရေနဲ့ ပြန်လောင်းနိုင်လိမ့်မယ်။”
ထိုသို့ပြောနေရင်း
မစ္စဟောက်ရဲ့ အသံဟာ ရုတ်တရတ် စူးရှကျယ်လောင်ခဲ့သည်။ “အဆုံးမှာ ဘာဖြစ်သွားခဲ့လဲ။ နင်
ဘာလုပ်ခဲ့တာလဲ။ နင် ဒီမိန်းမကို နင်နဲ့အတူ တကယ်ခေါ်သွားခဲ့တာလား။ နင့်ဦးနှောက် တကယ်ပဲ
မရှိတော့တာလား ဒါမှမဟုတ် နင် ပင်လယ်ထဲမကျခင်ကတည်းက နင့်ဦးနှောက်ထဲမှာ ရေတွေပဲ ရှိနေတာလား။”
ဟောက်ရှောက်ဖုန်းတစ်ယောက်
သူ့အမေ အရမ်းဒေါသထွက်နေတာကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ သူက ချက်ချင်းဆိုသလိုပင်
သူ့မှာအပြစ်ရှိတယ်လို့ ခံစားလိုက်ရသည်။
“အမေ၊
သားမဟုတ်...”
“ဘာကို
မဟုတ်တာလဲ။ နင် သူမကို နင်နဲ့အတူ ခေါ်သွားတာ မဟုတ်ဘူးလား။ နင် သူမကို မင်္ဂလာပွဲကို
ခေါ်သွားပြီး နင် ပြဿနာသွားတာ မဟုတ်ဘူးလို့ နင် ပြောရဲလား။”
ဟောက်ရှောက်ဖုန်းတစ်ယောက်
မွန်းကြပ်သွားကာ မစ္စဟောက်၏ စစ်ဆေးလိုဟန်အကြည့်တွေကို မည်းမှောင်နေသောမျက်နှာဖြင့်
ရှောင်ဖယ်လိုက်သည်။
မစ္စဟောက်သည်
ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။ သူမမျက်နှာပေါ်မှ ဒေါသတွေ
ပိုမိုပြင်းထန်လာပြီး “နင့်မှာ ဘာဖြစ်လို့ ဦးနှောင် နည်းနည်းလေးတောင် မရှိရတာလဲ။ နင်
ငါ့ကို ရူးသွားအောင် လုပ်နေတာပဲ။”
အဆုံးတွင်
သူက သူမ၏ သွေးရင်းသားရင်း ကလေးလေး ဖြစ်နေဆဲပင်။ သူက ဒေါသထွက်သွားသော်လည်း သူ အမှန်တကယ်
ရူးမိုက်ခဲ့သည်ကို ဝန်မခံချင်ပေ။ သူက အပြစ်အားလုံးကို ဝမ်ကျင့်ဖျင်အပေါ် ပြတ်ပြတ်သားသား
ပုံချခဲ့သည်။
“ဒီမိန်းမက
နင့်ကို ဒီလိုမိုက်မဲတဲ့ကိစ္စရပ်မျိုးတွေ အကြိမ်ကြိမ် ပြုလုပ်ဖို့ နင့်ကို ဘယ်လို အဆိပ်မျိုးတွေ
ခပ်ခဲ့တာလဲ။ ဒီမိန်းမက နင့်ကို ကိရိယာတစ်ခုအနေနဲ့ အသုံးချချင်ခဲ့တာလား။” မစ္စဟောက်သည်
ဝမ်ကျင့်ဖျင်ကို လက်ညွှန်းထိုးပြီး စူးစူးဝါးဝါး အော်ဟစ်ပြောဆိုခဲ့သည်။
“အဲ့တာ
နင်ပဲ၊ နင့်ကြောင့်ပဲ ဖြစ်ရမယ်။ နင် အဲဒီပွဲကို ရှောက်ဖုန်းကို ခေါ်သွားပေးဖို့ တောင်းဆိုခဲ့တာ
မဟုတ်လား။ အရှက်မရှိတဲ့မိန်းမ၊ နင် ငါတို့ရှောက်ဖုန်း စုမိသားစုနဲ့ စေ့စပ်ကြောင်းလမ်းထားတုန်းက
နင် သူ့ကို မြူဆွယ်ဖြားယောင်းခဲ့တယ်။ နင် သူ့ရဲ့ စေ့စပ်ကြောင်းလမ်းပွဲ ပျက်အောင် လုပ်ပြီးတာတောင်
နင် သူ့ကို လက်မလွှတ်ပေးခဲ့ဘူး။ နင် သူ့ကို ဒုက္ခပေးဖို့ အရမ်းကြိုးစားထားတာပဲ၊ နင်
ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ။”
ဝမ်ကျင့်ဖျင်၏
မျက်လုံးတွေ ပြူးကျယ်သွားသည်။ စစ်ပွဲမီးတောက်က သူမအပေါ် အကြောင်းပြချက်မရှိ ကျဆင်းလာလိမ့်မယ်ဟု
သူမ မမျှော်လင့်ထားပေ။ သူမက အလျင်စလို ရှင်းပြဖို့ ကြိုးပမ်းခဲ့သည်၊ “အန်တီ၊ ကျွန်မ
မဟုတ်ရပါဘူး။ ရှောက်ဖုန်းက သူနဲ့အတူ လိုက်ခဲ့ဖို့ ကျွန်မကို မေးခဲ့တာပါ...”
ဝမ်ကျင့်ဖျင်သည်
ဟောက်ရှောက်ဖုန်းကို သူမအား ထိုမင်္ဂလာပွဲသို့ ခေါ်ဆောင်သွားပေးဖို့ အမှန်တကယ် စိတ်ကူးရှိခဲ့သည်။
သို့ရာတွင်
သူမရဲ့ စိတ်ကူးအား အကောင်အထည် မဖော်နိုင်ခင်မှာပဲ ဟောက်ရှောက်ဖုန်းသည် စုယန်ယန်က သူ့ကို
ရိုက်နှက်ခဲ့တဲ့အတွက် အမျက်သိုထားခဲ့ပြီ ဖြစ်သည်။ စုယန်ယန်ကို အရှက်ရစေဖို့ သူမအား
ထိုမင်္ဂလာပွဲသို့ ခေါ်ဆောင်သွားချင်ခဲ့တာ ဖြစ်သည်။
ဒါကလည်း
ဝမ်ကျင့်ဖျင်တစ်ယောက် သူမ လိုချင်နေတာ အတိအကျ ဖြစ်သည်မို့ မငြင်းပယ်ခဲ့ပါဘူး။
ပြီးတော့
ယခုအခါတွင် သူက အရာအားလုံးကို သူမအပေါ် ပုံချခဲ့သည်။
မစ္စဟောက်သည်
သူမကိုယ်သူမ မည်သို့ခုခံကာကွယ်နေသည်ကို ဂရုမစိုက်ပေ။ သူမစိတ်ထဲမှာ ဝမ်ကျင့်ဖျင်ကို
သဘောမကျသည်နှင့် တစ်ဖက်လူအား ပြန်လည်ချေပပြောဆိုဖို့ အခွင့်အရေးလေးတောင် မပေးတော့ပေ။
“ရှောက်ဖုန်း၊
ရှောက်ဖုန်း၊ နင်က ရှောက်ဖုန်းဆီ အရာအားလုံး တွန်းပို့ခဲ့တယ်။ နင့်အနားမှာ ရှောက်ဖုန်းရှိတာနဲ့
ငါက နင့်ကို ဘာမှ မလုပ်နိုင်ဘူလို့ နင်ထင်နေတာလား။”
မစ္စဟောက်က
မျက်နှာနီမြန်းနေသော ဝမ်ကျင့်ဖျင်ကို လက်ညိုးညွှန်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “ငါ
နင့်ကို ဒီနေ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောလိုက်မယ်၊ ငါတို့ဟောက်မိသားစုက နင့်ကိုမိန်းမမျိုးကို
ငါတို့မိသားစုထဲ လုံးဝ ဝင်ခွင့်မပြုနိုင်ဘူး။ တကယ်လို့ နင် ငါတို့မိသားစုထဲ ဝင်ရောက်ချင်ရင်
အမည်တပ်ခွင့်မရှိတဲ့ အမြှောင်ဇနီးအဖြစ်ပဲ လက်သင့်ခံနိုင်မယ်၊ ဒါကိုမှ သဘောမတူချင်ဘူးဆိုရင်
နင် ငါတို့ရှောက်ဖုန်းနဲ့ လမ်းခွဲသင့်တယ်။ ငါ အသက်ရှင်နေသရွေ့ နင်က ဟောက်မိသားစုရဲ့
ချွေးမ ဖြစ်လာနိုင်ဖို့ကို မေ့ထားရလိမ့်မယ်။”
***