- ရှင် နောက်ထပ် အပ်စိုက်ကုသဖို့ လိုအပ်နေသေးတယ်
အကုန်လုံး၊ သူက အကုန်လုံး ချွတ်လိုက်မလို့လား။
စုယန်ယန်သည် နေရာ၌ပင် အသက်ရှုကြပ်လုနီးပါးဖြစ်သွားသည်။ သူ့အဝတ်အစားတွေ ဖယ်လိုက်ရုံနဲ့တင်
လုံလောက်ပြီမို့ နောက်ထပ် ဖယ်ရှားလိုက်မယ်ဆိုရင် ကလေးသူငယ်တွေအတွက် မသင့်တော်ဘူးမလား။
“မလိုဘူး၊ မလိုဘူး။ အပြင်တစ်ထပ်ကို ဖယ်လိုက်ဖို့ပဲ လိုအပ်တာပါ။”
“အိုး” ဟောက်ချန်ဟွမ်းသည် အသံတိုးတိုးနဲ့ တုံ့ပြန်ပြီး “ကိုယ်က မလှုပ်ရှားနိုင်လို့
ကိုယ့်ကို ကူညီပေးပါလား။”
စုယန်ယန်တစ်ယောက် ဆွံ့အသွားသည်။ လှုပ်ရှားဖို့ အရမ်းခက်ခဲတယ်လို့ ဘာဖြစ်လို့
ပြောရတာလဲ။ မနေ့ညက လက်နဲ့မထိဖို့ ငြင်းပယ်ခဲ့တာ ဘယ်သူမှန်းတောင် မသိတော့ဘူး။ တစ်ရက်တည်းနဲ့
သူတို့ကိုယ်သူတို့ စွန့်လွှတ်လိုက်ကြပြီလား။
စုယန်ယန်က ၎င်းကို မကျေမနပ်ဖြစ်နေသော်လည်း ဟောက်ချန်ဟွမ်း၏ ဘောင်းဘီကို နာခံစွာ
ချွတ်ပေးလိုက်သေးသည်။
နှစ်ပေါင်းများစွာ မလှုပ်မရှားဖြစ်နေခဲ့သော ခြေထောက်များသည် သာမန်လူများ၏ ခြေထောက်များနှင့်
ကွဲပြားခြားနားသည်။ ခြေထောက်သည် ကျန်းမာရေးနှင့် မညီညွတ်သော အရောင်အဆင်းအချို့ရှိပြီး
အနည်းနှင့် အများဆိုသလို သေးသိမ်နေသည်မှာ အမှန်ပင် ရုပ်မလှပေ။
စုယန်ယန်သည် ထိုခြေထောက်တွေကို မသိစိတ်က အလိုလိုထိတွေ့မိလိုက်ပြီး “ဒါက နာလား”
လို့ အက်ရှရှအသံဖြင့် မေးလိုက်မိသည်။
ဟောက်ချန်ဟွမ်း၏ မျက်ဝန်းထဲမှ အလင်းရောင်ဟာ မှိန်ဖျော့သွားပြီး သူ့နှုတ်ခမ်းတွေ
အနည်းငယ် ကွေးညွှတ်သွားသည်။ သူလက်တွေက သူမခေါင်းလေးကို ပုတ်လိုက်ပြီး “အဆင်ပြေပါတယ်။
ကိုယ်နိုးလာတဲ့အခါ ဘာမှ မခံစားရတော့ဘူး။ အချိန်အကြာကြီး နာကျင်နေခဲ့တာ မဟုတ်ပါဘူး။”
ထိုစကားလုံးတွေဟာ သမားရိုးကျ ဝါကျတစ်ခု ဖြစ်သော်လည်း ကူကယ်ရာမဲ့ပြီး စိတ်ပျက်အားငယ်မှု
အချို့ ရောစွက်နေခဲ့သည်။
စုယန်ယန်၏ နှလုံးသားလေး နာကျင်သွားသည်။ သူမ ငြိမ်သက်သွားပြီး ကုထုံးအပ်တစ်ချောင်းကို
ထုတ်ယူလိုက်သည်။ သူမ အပ်စိုက်ခါနီးတွင် သူမရှေ့ကလူဟာ အနည်းငယ် တင်းတောင့်နေမှန်း သတိပြုလိုက်မိသည်။
“ရှင် စိတ်လှုပ်ရှားနေတာလား။”
“... နည်းနည်း”
“တကယ့်ကို... နည်းနည်းလေးပဲလား။” စုယန်ယန်က တခစ်ခစ် ရယ်မောလိုက်ပြီး သူ့လက်ကို
အသာပုတ်လိုက်သည်။ “စိတ်လျှော့ထားပါ။ ကျွန်မ ရှင့်ကို အပ်တစ်ချောင်းတောင် မစိုက်ရဲတော့ဘူး။”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ထဲက ကုထုံးအပ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်
သူ့ခြေထောက်တွေကို တစ်ချက်ပြန်ကြည့်ခဲ့သည်။
“ကိုယ် အဆင်ပြေပါတယ်။”
စုယန်ယန်တစ်ယောက် ပြောစရာစကား ပျောက်ရှနေသည်။ ဒါပေမယ့် ရှင် ဒီလို လုပ်နေရင်
ကျွန်မက ရှင့်ကို ထိခိုက်အောင် လုပ်နေပြီး ရှင့်ကို ကယ်တင်နေတာ မဟုတ်ဘူးလို့ ကျွန်မ
ခံစားနေရလိမ့်မည်။
စုယန်ယန်က နှုတ်ခမ်းစူသွားပြီး ရုတ်တရတ်ဆိုသလိုပင် “ချန်ဟွမ်း...” လို့ ခေါ်လိုက်သည်။
“ဟင်”
“ရှင့်ခေါင်းကို အောက်ငုံ့ပေး”
ဟောက်ချန်ဟွမ်းသည် စုယန်ယန် စကားကို ကြားလိုက်တာနဲ့ သူ့အလိုလိုပင် ခေါင်းငုံ့လာပေးသည်။
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ မျက်နှာကို သူ့မြင်ကွင်းရှေ့တွင် နီးကပ်စွာ မြင်လိုက်ရပြီး
သူမရဲ့ နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်မိသည်။
ဟောက်ချန်ဟွမ်းသည် မသိစိတ်က ဝှီးချဲလက်တင်ကို တင်းကြပ်စွာ ဆိုပ်ကိုင်ထားမိသည်။
ကနဦး တုန်လှုပ်သွားပြီးနောက် တဖြည်းဖြည်း စိတ်သက်သာရာရသွားခဲ့သည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းတစ်ယောက် အာရုံပြောင်းသွားသည်ကို မြင်လိုက်ရပြီးနောက်တွင်
နောက်သို့ ပြန်ဆုတ်ခဲ့သည်။ ထို့နောက် သူမသည် “ကျွန်မတို့ အပ်စိုက်လိုက်နိုင်ပြီ” လို့
ဝမ်းသာအားရ အော်ပြောခဲ့သည်။
ဟောက်ချန်ဟွမ်းတစ်ယောက် အောက်သို့ ငုံ့ကြည့်လိုက်တော့ သူ့ခြေသလုံးတွက် အပ်တစ်ချောင်း
စိုက်ထားသည်ကို တွေ့လိုက်ရသည်။ အပ်၏ အဆုံးသည် အနည်းငယ် တုန်ရီနေသေးသည်။
“…”
စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ မူမမှန်မှုကို လုံးဝ သတိမထားမိခဲ့ပါ။ အပ်စိုက်မှတ်ကို
မှန်ကန်စွာ စိုက်ထားမှန်း အတည်ပြုပြီးနောက် သူမသည် “နာနေလို့လား” လို့ စိုးရိမ်စွာ
မေးခဲ့သည်။
“မခံစားရဘူး။”
စုယန်ယန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ “အဆင်ပြေပါတယ်။ နောက်ထပ် ကုထုံးအပ် အနည်းငယ်
ထပ်စိုက်လိုက်ရင် ရှင် သက်သာသွားလိမ့်မယ်။”
ဟောက်ချန်ဟွမ်း၊ “...”
ပထမဆုံး အပ်စိုက်ပြီးနောက် ကျန်တဲ့အပ်စိုက်မှတ်များကို အပ်စိုက်ကုသရာတွင် ပိုလွယ်ကူလာကြောင်း
လက်တွေ့ သက်သေပြနိုင်ခဲ့သည်။ စုယန်ယန်သည် ကုထုံးအပ် အနည်းငယ် အပ်စိုက်ပြီးနောက် အပ်စိုက်ကုသရာတွင်
အာရုံပိုစိုက်လာနိုင်ခဲ့သည်။
အပ်စိုက်ကုသရာတွင် စျာန်ဝင်သွားသည့် စုယန်ယန်ဟာ အရင်ကနဲ့ လုံးဝကို မတူတော့ဘူး။
သူမသည် အာရုံစူးစိုက်နေပြီး လေးလေးနက်နက် သတိကြီးစွာ ထားရှိခဲ့သည်။
ဟောက်ချန်ဟွမ်းသည် သူမရဲ့ ဘေးတစ်စောင်း မျက်နှာလေးကို ကြည့်ရင်း ငေးမောမှင်သက်သွားခဲ့သည်...
စုယန်ယန် စကားပြောနေစဥ် ဟောက်ချန်ဟွမ်း၏ မူလ တည်ငြိမ်နေသော အသက်ရှုသံက ရုတ်တရတ်
ပြတ်တောက်သွားပြီး ကျွတ်ခနဲ့ အသံပြုကိုပင် ကြားလိုက်ရသည်။
စုယန်ယန်၏ လှုပ်ရှားမှုတွေက ရပ်တန့်သွားပြီး “ဘာဖြစ်လို့လဲ။ ရှင် တစ်ခုခု ခံစားလိုက်ရတာလား။”
လို့ မေးမြန်းခဲ့သည်။
“အခုလေးတင်၊ ကိုယ် နည်းနည်း... ကျင်သွားသလို ခံစားလိုက်ရတယ်။”
“အဲဒါကလွဲရင် တခြား ဘာကိုရော ရှင် ခံစားရသေးလဲ။”
ဟောက်ချန်ဟွမ်းက သေသေချာချာ ပြန်တွေးကြည့်နေပုံရပြီး “အခုတော့ နည်းနည်းထုံနေသေးသလိုပဲ။”
လို့ ပြောလိုက်သည်။
စုယန်ယန်၏ မျက်နှာပေါ်ရှိ တင်းမာမှုတွေ ပြေလျော့သွားကာ “အဆင်မပြေသလို ခံစားရလား။”
“မဟုတ်ဘူး၊ ကိုယ် နည်းနည်းလေး... ထူးဆန်းသလို ခံစားနေရတယ်။” ဒါဟာ ကားမတော်တဆမှုပြီးကတည်းက
သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာ ဖြစ်သည်။