အပိုင်း ၂၉၆
Viewers 1k

 

အခန်း (၂၉၆)

 

 – သမီး အပ်စိုက်ကုထုံးအကြောင်းသိတယ်လို့ ကြားခဲ့ရလို့ပါ

 

အေတက္ကသိုလ်၏ ဆေးဝါးဌာနမှ ဌာနမှုး ယဲ့ချီလျန်သည် စုယန်ယန်ကို ရှာဖွေသောအခါ လှည့်ကွက်များစွာကို တွေ့ကြုံခဲ့ရသည်။

 

ထိုနေ့က သူသည် သူ့တပည့်ထံမှ စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို မှတ်တမ်းတင်ထားသည်ကို မြင်တွေ့ခဲ့ရပြီး စုယန်ယန်က နာမည်ကျော်ကြားမှန်းကိုလည်း သိရှိခဲ့ရသောကြောင့် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် အကောင့်တစ်ခု ဖွင့်ခဲ့သည်။

 

အဆုံးတွင် သူသည် စုယန်ယန်နဲ့ မချိတ်ဆက်ရသေးခင် စုယန်ယန်အား စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတင်းအဖျင်းစကားတွေကို ဖြေရှင်းဖို့ သုတေသနအဖွဲ့အစည်းမှ ရှေ့ထွက်လာခဲ့သည်။

 

အဲဒီနောက်ပိုင်း ယဲ့ချီလျန်သည် သူမနှင့် မတွေ့ဆုံချင်တော့တာ မဟုတ်ပါဘူး။ သူသည် သူမနှင့် တွေ့ဆုံပြီး “သေခြင်းမှ ရှင်သန်ထမြောက်လာသော” ရှေးခေတ်ကမ္ဘာမြေကြီးမှ ဆေးဖက်ဝင်အပင်များအကြောင်း ဆွေးနွေးလိုခဲ့သည်။

 

သို့ရာတွင် သုတေသနအဖွဲ့အစည်းသို့ သွားပြီး သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာ ဖြစ်နေပြီဖြစ်တဲ့ ဂုဏ်ယူစရာကောင်းတဲ့ ကျောင်းသားအား စုယန်ယန်အကြောင်း မေးမြန်းကြည့်ခဲ့သည်။

 

ထိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူသည် သုတေသနအဖွဲ့အစည်းရှိ အငြိမ်းစားစီနီယာတစ်ဦး၏ သားသမီးမြေးမြစ်ဖြစ်ကြောင်း ပြောပြခဲ့သည်။ တင်ဆင်သူသည် အဆိုပါ အဖိုးမဖြတ်နိုင်သော ရတနာများကို အခမဲ့ လှုဒါန်းခဲ့ပြီး ကျော်ကြားမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှုကို ဂရုမစိုက်သော်လည်း မည်သူမျှ သူ့ကို အနှောင့်အယှက် မပေးစေလိုခဲ့ပေ။

 

ယဲ့ချီလျန်သည် စုယန်ယန်ကို အမှန်တကယ် တွေ့ဆုံချင်သော်လည်း သူမရဲ့ ဆန္ဒကို လေးစားသောအားဖြင့် သူ့ရဲ့ စူးစမ်းချင်စိတ်ကို မျိုသိပ်ထားခဲ့သည်။

 

မကြာသေးမီက အချို့သော အဖြစ်အပျက်များ ဖြစ်ပေါ်လာပြီးသည့်နောက် စုယန်ယန်၏ အဖိုးဖြစ်သူထံ ဆက်သွယ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ထို့နောက် သူသည် စုယန်ယန်ရဲ့ အဖိုးဖြစ်သူထံ ဆက်သွယ်ပြီး စုယန်ယန်၏ အဖိုးဖြစ်သူမှတစ်ဆင့် စုယန်ယန်အား ဆက်သွယ်ခဲ့သည်။

 

စုယန်ယန်သည် ယခင်က သူမအား ကူညီခဲ့ဖူးသော ဒီအဖိုးအိုကို ဆန့်ကျင်လိုခြင်း မရှိတာကြောင့် နေ့ခင်းဖက်တွင် တွေ့ဆုံရန် သဘောတူခဲ့သည်။

 

“သမီးက ယန်ယန်ဖြစ်လိမ့်မယ်၊ ဟုတ်တယ်မလား။” ယဲ့ချီလျန်သည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် စုယန်ယန်ဆီသို့ အပြေးသွားခဲ့သည်။ သူ့ရဲ့ ခြေလက်တွေက အလွန်သွက်လက်ပြီး အဖိုးကြီးတစ်ဦးလို့ပင် မထင်ရပေ။

 

ယဲ့ချီလျန်သည် စုယန်ယန်ကို ခေါင်းစခြေအဆုံး ကြည့်လိုက်ပြီးတော့ အံ့အားတသင့် ပြောလိုက်မိသည်။ “သမီးက အရမ်းလှတာပဲ။ တရုတ်ဆေးဖက်ဝင်အပင်အကြောင်းနဲ့ ဆေးဖက်ဝင်ဟင်းလျာတွေ အကြောင်းကိုလည်း သိတယ်။ သမီးက အသက်ငယ်သေးပေမယ့် လူအများအတွက် အကျိုးရှိစေမယ့် ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကိုလည်း ဖွင့်လှစ်ခဲ့တယ်။ သမီးက ကြင်နာပြီး ကောင်းတဲ့ ကလေးလေးပဲ။”

 

စုယန်ယန်သည် အစပိုင်းတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း သူ့ စကားတွေကို ကြားလိုက်ရသောအခါတွင် မရှက်ရွံ့ပဲ မနေနိုင်ပေ။

 

“အဖိုး သမီးကို မြှောက်ပင့်ပြောဆိုနေတာပါ။ သမီးက ဒီအတိုင်း အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု လုပ်ရုံလေးတင်ပါ။”

 

ယဲ့ချီလျန်က ဒါကို သဘောမတူပဲ ပြုံးကာ ပြောလိုက်သည်။ “သမီး အရမ်းကြီး နှိမ်ချပြောဆိုနေစရာ မလိုဘူး။ သမီးရဲ့ မိသားစုနောက်ခံကြောင့် သမီးရဲ့ အသက်မွေးဝမ်းကြောင်းအတွက် စိတ်ပူနေဖို့ မလိုအပ်ဘူး။ သမီးသာ တကယ်ပဲ အသက်မွေးဝမ်းကြောင်းအတွက် ဒီဆိုင်ကို ဖွင့်လှစ်တာဆိုရင် အဲဒီတရုတ်ဆေးမျိုးစေ့တွေကို သုတေသနအဖွဲ့အစည်းကို အခမဲ့ပေးမှာ မဟုတ်ဘူး။”

 

စုယန်ယန်က ပြုံးရုံသာ ပြုံးနေပြီး ငြိမ်နေလိုက်သည်။

 

သူမရဲ့ မျိုးစေ့တွေကို ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ထိုမျှလောက် မရိုးရှင်းခဲ့ပဲ၊ သူမသည် ယဲ့ချီလျန်ဟာ သူ့ရဲ့ ဘဝတစ်ဝက်ကို ဆေးဝါးသုတေသနအတွက် မြှုပ်နှံထားသည့် လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို သိရှိသောကြောင့် သူနဲ့ ငြင်းခုံပြောဆိုခြင်း မပြုခဲ့ပေ။

 

စုယန်ယန်က ခေတ္တရပ်လိုက်ပြီး ယဲ့ချီလျန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ခဲ့သည်။ သူမက ပြုံးပြီး စကားဆိုခဲ့သည်။ “ပါမောက္ခယဲ့က တရုတ်ဆေးပညာကို အမြဲတမ်း စိတ်ဝင်စားတယ်ဆိုတာ သမီး သိပါတယ်၊ ဒါကြောင့် အဖိုး သမီးကို ဒီအကြောင်းမေးဖို့ ရောက်လာတာလား။”

 

“အရင်က အဲဒီဆေးဖက်ဝင်အပင်တွေအကြောင်းကို မေးချင်ပေမယ့် ဒီနေ့ ဒီကို အဲ့အတွက် ‌ရောက်လာတာ မဟုတ်ဘူး။”

 

စုယန်ယန်က အံ့အားသင့်သွားသည်၊ “ဒါဆို...”

 

“သမီး အပ်စိုက်ကုထုံးအကြောင်း သိတယ်လို့ အဖိုး ကြားခဲ့ရတယ်။”

 

စုယန်ယန်က ပိုလို့တောင် အံ့အားသင့်သွားသည်။ ယခုအချိန်အထိ သူမ အပ်စိုက်ကုထုံး ကုသခြင်းအား လူ ၃ဦးကိုသာ ပြုလုပ်ခဲ့သည်။ သူတို့အနက်မှ တစ်ဦးဖြစ်သည့် နျဥ်ချီလွေ့သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ နောက်တစ်ယောက်ကတော့ မျိုးမပွားနိုင်ခြင်းကြောင့် လာရောက်လည်ပတ်ခဲ့သည့် ဖန်ဝေ့မင်တို့လင်မယားပင် ဖြစ်လေသည်။

 

“အဖိုး ဒီအကြောင်းကို ဘယ်က ကြားတာလဲ။”

 

ယဲ့ချီလျန်သည် စုယန်ယန်ရဲ့ အံ့အားသင့်ပြီး သတိထားတာကို တွေ့လိုက်ပေမယ့် သူက မဖုံးကွယ်ထားပဲ ရိုးသားစွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ချီမိသားစုကနေ ဒီကိစ္စကို မတော်တဆ ကြားသိခဲ့ရလို့ပါ။”

 

“ချီမိသားစုလား” စုယန်ယန်သည် ပြဿနာက ဘယ်သူ့ကြောင့်လဲ ဆိုတာ ချက်ချင်း နားလည်သွားပြီး “နျဥ်ချီလွေ့လား”