အပိုင်း ၃၀၀
Viewers 955

အခန်း (၃၀၀)

 

- တကယ့်ကို လည်ပင်းစောင်း(ဇက်ခိုင်)နေတာလား

 

ဖမ်းကျားကျစ်ပြောတဲ့ ဇက်ခိုင်နေတယ် ဆိုတာက တကယ့်ကို ဇက်ခိုင်တာမျိုး မဟုတ်ပေမယ့် ... ဒါက သူ့ခေါင်းအုံးကြောင့် ဖြစ်တာပါ။

 

လွန်ခဲ့သည့် တစ်ပတ်က ဖမ်းကျားကျစ်သည် သူ့ရဲ့ မွေးရပ်မြေသို့ အလည်ပြန်သွားခဲ့ပြီး သူ့ဦးလေးအိမ်တွင် နှစ်ညအိပ် နေထိုင်ခဲ့သည်။

 

သူသည် နူးညံ့ပျော့ပြောင်းသော ခေါင်းအုံးမျိုးကို အသုံးပြုလေ့ရှိပြီး သူ့ဦးလေးအိမ်တွင် ခေါင်းအုံးအမာဖြင့် နှစ်ရက်ကြာ အိပ်စက်ပြီးနောက် အိမ်ပြန်လာသောအခါတွင် သူ့လည်ပင်းက များစွာ မလှုပ်ရှားနိုင်တော့ပေ။

 

နည်းနည်းလေး စောင်းလိုက်တာနဲ့ နာကျင်သွားပြီး၊ ကျန်းမာကြံ့ခိုင်သော လူငယ်လေးသည် လည်ပင်းစောင်း(ဇက်ခိုင်)ခြင်း ဝေဒနာကြောင့် ခါးသီးနေရသည်။

 

ဒီအတိုင်း ဆက်ဖြစ်နေဦးမယ်ဆိုရင်၊ နောင်မှာ သူ ဘယ်လိုလုပ်ပြီး မိန်းမရှာလို့ရပါတော့မလဲ။

 

သူ့ရဲ့ စောင်းနေတဲ့ လည်ပင်းမှာ မိန်းကလေးတစ်ဦးကို ဆွဲမချဖို့ လူတွေက ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာ ခံရလိမ့်မယ် မဟုတ်ပါလား။

 

စုယန်ယန်က မတ်တပ်ထရပ်လိုက်ပြီး သူ့ကို ထိုင်ခုံပေါ် ထိုင်ချခိုင်းလိုက်သည်။ သူမသည် လေးနက်သော အမူအရာနဲ့ ခဏလောက် သေချာစစ်ဆေးကြည့်လိုက်သည်။

 

ဖမ်းကျားကျစ်က နှလုံးခုန်မြန်သွားပြီး “ဒါကို ပျောက်ကင်းအောင် ကုသနိုင်ပါ့မလား။” လို့ မေးလိုက်မိသည်။

 

“အင်း” စုယန်ယန်က ခဏလောက် စဥ်းစားကြည့်လိုက်သည်။ “ဒါပေမယ့် ရှင်ကျ အပ်စိုက်ကုထုံးအပ်တွေ အသုံးပြုစရာ မလိုဘူး။ ကျွန်မ ရှင့်ကို နှိပ်ပေးလိုက်မယ်။”

 

“အနှိပ်ကုထုံးလား။” ယဲ့ချီလျန့်သည် ဒီအသုံးအနှုန်းအသစ်က သူ့စိတ်ထဲတွင် စွဲထင်သွားခဲ့ပြန်သည်။

 

“ဒါကလည်း ကုသနည်းတစ်မျိုးပါပဲ။ အပေါ့ပါးဆုံးနည်းလမ်းနဲ့ဆို ချီသွေးကြောတွေကို ရှင်းလင်းပေးနိုင်တယ်၊ ချီနဲ့ သွေးတွေကို သဟဇာတဖြစ်အောင် လုပ်ပေးတယ်၊ ဒီထက် ပိုလေးနက်တဲ့နည်းလမ်းနဲ့ဆို အရိုးတွေကို ပြန်ဖြောင့်အောင်ပါ လုပ်နိုင်စွမ်းရှိတယ်။ သို့ပေမယ့်၊ အတွေ့အကြုံ သိပ်မရှိသေးတဲ့ အနှိပ်ဆရာကတော့ အာရုံစူးစိုက်မှု လိုအပ်နေသေးတယ်။ အင်အားက ပေါ့ပါးလွန်းရင်လည်း ကုသမှုရဲ့ အကျိုးသက်ရောက်မှုကို ရရှိစေမှာ မဟုတ်ဘူး။ အင်အားက အရမ်းပြင်းထန်ရင်လည်း လူနာကို သက်သာပျောက်ကင်းသွားစေမယ့်အစား ဒဏ်ရာကို ပိုပြင်းထန်သွားစေနိုင်ပါတယ်။”

 

စုယန်ယန်တွင် သူမအား ဤအခြေခံအရည်အချင်းများနှင့် လျင်မြန်စွာ ရင်းနှီးကျွမ်းဝင်နိုင်စေသည့် အရန်လုပ်ဆောင်ချက်တစ်ခု ရှိသည်။ အခြားသူများတွင်မူ တူညီသော အသိဥာဏ်ရှိလိမ့်မည် မဟုတ်ပေ။

 

ယဲ့ချီလျန့်က သူ့ကျောင်းသားကို သူမ အကြိမ်အနည်းငယ် ဖိနှိပ်ပေးနေတာကို ကြည့်ပြီး ထိုပြဿနာကို သူ စမ်းသပ်အဖြေရှာနိုင်ဖို့ သူ့ကျောင်းသား တစ်ယောက်ယောက်ကို ရှာဖွေလိမ့်မည်။

 

တတ်နိုင်သမျှ သတိထားတာက ပိုကောင်းလိမ့်မည်။

 

စုယန်ယန်၏ စကားကို ကြားပြီးနောက် ယဲ့ချီလျန့်သည် ဒီကိစ္စကို တွေးတောဆင်ခြင်ခဲ့ပြီး ဆက်လက် မလုပ်ဆောင်ခဲ့တော့ပေ။

 

စုယန်ယန်က ဒါကို စိတ်မဝင်စားဘူး။ သူမလက်တွေကို ဆေးကြောပြီးနောက် ဖမ်းကျားကျစ်ရဲ့ လည်ပင်းကို ဖိနှိပ်လိုက်သည်။

 

လည်ပင်းအုံးလွဲခြင်းကို ကုသရန် အဓိက နှိပ်နယ်ပေးရမည့်နေရာများမှာ ဖုန့်ချီ၊ ဖုန့်ဖူ၊ ထျန်းကျူနှင့် အခြားသော အပ်စိုက်မှတ်များ ဖြစ်သည်။ ထပ်ခါထပ်ခါ နှိပ်နယ်ပေးခြင်းဖြင့် ကြွက်သားများ ဆန့်ထွက်လာကာ ကြွက်သားတွေကို ပြေလျော့သွားစေမည် ဖြစ်သည်။

 

ထို့အပြင်၊ သူမသည် ပြင်းထန်သော လည်ပင်းတောင့်တင်းသောသူများအတွက် အထူးနည်းလမ်းအချို့ကို အသုံးပြုရန် လိုအပ်သည်။

 

ဖမ်းကျားကျစ်၏ လည်ပင်း‌ တောင့်တင်းမှုသည် အချိန်နှင့် စိတ်ဖိစီးမှုများကြောင့် အတော်လေး ပြင်းထန်နေပြီ ဖြစ်သည်။

 

စုယန်ယန်က အသက်ပြင်းပြင်းရှုလိုက်ပြီး “စိတ်လျှော့ထားပါ” လို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

 

ထို့နောက်၊ စုယန်ယန်သည် သူမ၏ ဘယ်ဖက်လက်ကို ဖမ်းကျားကျစ်၏ မေးစေ့ကို ထောက်ကိုင်လိုက်ပြီး သူမ၏ ညာဖက်လက်ကို သူ့ဦးခေါင်းအနောက်ဖက်တွင် ထားလိုက်ကာ သူ့ဦးခေါင်းကို ဖြည်းညှင်းစွာ လှည့်ပေးနေခဲ့သည်။

 

ဖမ်းကျားကျစ်တစ်ယောက် လုံးဝ စိတ်လျှော့လိုက်သောအခါ စုယန်ယန်သည် ရုတ်တရတ် သူမ၏ လှည့်ပတ်မှုအင်အားကို တိုးမြှင့်လိုက်ပြီး ပြင်းပြင်းထန်ထန် လှည့်လိုက်သည်။

 

စူးရှသော ကွဲအက်သံတခုသည် အခန်းတွင်းရှိ တိတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်ကာ လေထုကို ‌အေးခဲသွားစေခဲ့သည်။

 

ဖမ်းကျားကျစ်၊ “???’

 

အခန်းထဲက လူတိုင်း၊ “!!!”

 

စက္ကန့်အနည်းငယ်အကြာတွင် ဖမ်းကျားကျစ်သည် သူ့ထိုင်ခုံမှ ရုတ်တရတ် ခုန်ထလာပြီး “ဦးခေါင်း... ငါ့ဦးခေါင်း ရှိသေးရဲ့လား။”

 

စုယန်ယန် ဆွံ့အသွားသည်။

 

လူတိုင်း၊ “...”

 

ယ့ချီလျန့်သည် ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ သူက ထိတ်လန့်သွားပြီး ဒေါသတကြီး ပြောလိုက်သည်၊ “မင်းက ဝက်တစ်ကောင်လား။ မင်းဦးခေါင်းက ပျောက်သွားရင် မင်း အသက်ရှင်နေသေးပြီး ထခုန်နိုင်မှာ မဟုတ်ဘူး၊ မင်း တစ္ဆေတစ်ကောင် ဖြစ်နေမှာပေါ့။”

 

ဖမ်းကျားကျစ်သည် နောက်ဆုံးတော့ သူ့လည်ပင်းနှင့် ဦးခေါင်းကို ကိုင်ကြည့်ရန် သတိရလာခဲ့သည်။

 

“ဒီမှာ ရှိနေတုန်းပဲ၊ ပြီးတော့...” ဖမ်းကျားကျစ်က ဒါကိုကြည့်ပြီး ပို၍တောင် စိတ်လှုပ်ရှားသွားသည်။ “တော်သေးတာပေါ့။”

 

“မင်း အသုံးမကျလိုက်တာ” ယဲ့ချီလျန့်သည် အပျိုဖော်ဝင်စ မိန်းကလေးတွေကဲ့သို့ မတည်ငြိမ်သော ဒီကျောင်းကို ကြည့်ပြီး ဆူပူကြိမ်းမောင်းချင်စိတ်ပင် ပျောက်ဆုံးသွားသည်။ သူက စုယန်ယန်ဖက်သို့လှည့်ပြီး “စုမိန်းကလေး၊ မင်း...”

 

စုယန်ယန်က သူမ၏ လက်တွေကို သုတ်နေပြီး ကျီစယ်စနောက်လိုဟန်ပြောလိုက်သည်၊ “အတိအကျ ပြောရမယ်ဆိုရင်၊ သူ့လည်ပင်းက နည်းနည်း အဆစ်လွဲနေရုံပါပဲ။ ကျွန်မက သူ့လည်ပင်းကို ပြန်တည့်ပေးလိုက်တယ်။ အရင်က ပြောခဲ့သလိုပဲ၊ ဒါက အန္တရာယ်ရှိတဲ့ လုပ်ရပ်ပါ၊ ကျေးဇူးပြုပြီး အတုမယူပါနဲ့။ ပညာရှင်မဟုတ်တဲ့သူတွေအတွက်၊ ယခုလို နှိပ်နယ်ပေးခြင်းက လည်ပင်း အမှန်တကယ် စောင်းသွားစေနိုင်ပါတယ်။”

 

ဖမ်းကျားကျစ်၊ “...”

 

လူတိုင်း၊ “...”

 ***