အပိုင်း ၃၀၁
Viewers 1k

အခန်း (၃၀၁)

 

- အထူး ကထိက

 

ဖမ်းကျားကျစ်၏ မျက်နှာသည် ဖြူဖျော့သွားကာ ကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သည့် သူ့စိတ်ထဲတွင် ထိတ်လန့်မှုနှင့် ပျော်ရွှင်မှု အနည်းငယ်ပါ ရောစွက်နေခဲ့သည်။

 

"ရှင့်ရဲ့လည်ပင်းတောင့်တင်းမှုက အဓိကအားဖြင့် ပုံမှန်မဟုတ်တဲ့ အိပ်စက်ပုံအနေအထားနဲ့ ခေါင်းအုံးပြဿနာကြောင့်ပါ။ ရှင် နောက်တစ်ခါ ထပ်မဖြစ်ချင်‌ဘူးဆို နောင်မှာ သေချာ သတိထားပါ။"

 

ဖမ်းကျားကျစ်သည် ဖြူဖျော့နေသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ဒီ‌နေ့ပြီးလျှင် 'ခေါင်းအုံး' ဆိုတဲ့ စကားလုံးဟာ သူ့အတွက် စိတ်ဒဏ်ရာ ဖြစ်သွားစေလိမ့်မယ်လို့ ခံစားလိုက်ရပါသည်။

 

အထိတ်တလန့်ဖြစ်ပြီးနောက် လူတိုင်းသည် စုယန်ယန်၏ စွမ်းရည်နှင့် ပတ်သက်၍ သံသယများ မရှိကြတော့ပေ။

 

စုယန်ယန်သည် ရှုယန်ကျွင်းအတွက် ဆေးဖက်ဝင် ဟင်းလျာ အစုံအလင်ကို ပြင်ဆင်ပေးရန် မီးဖိုချောင်ကို လှမ်းအကြောင်းကြားခဲ့ပြီး ဒီဖက်သို့ ပြန်လှည့်လိုက်ချိန်တွင် ယဲ့ချီလျန့်ရဲ့ စိတ်နှင့်လူနှင့်မကပ်သည့် အမူအရာကို မြင်တွေ့လိုက်တော့ သူမ ထိတ်လန့်သွားခဲ့ရသည်။

 

စုယုရွှမ်နှင့် ချိန်ကျွင်းဟောက်တို့သည် စိုးရိမ်ကြောင့်ကြလျက် ရှိသောကြောင့် ဘေးနားတွင် နံရံကပ်ပန်းပွင့်များအဖြစ် ပြုမူကာ ရှိနေခဲ့ကြသည်။ သူတို့ညီမလေး (တူမလေး) ဟာ အရင်က မကြားဖူးတဲ့ ထူးဆန်းတဲ့ စွမ်းရည်တွေကို သင်ယူခဲ့တာကို သူတို့တောင် မသိခဲ့ကြဘူး။

 

ဒီမြင်ကွင်းကို မြင်တော့ သူတို့က မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က စုယန်ယန်ရဲ့ ဘေးတစ်ဖက်စီမှာ ဝန်းရံထားပြီး ထူးဆန်းတဲ့ အဖိုးအို ယဲ့ချီလျန့်က စုယန်ယန်ကို ထူးဆန်းတဲ့ အရာတစ်ခုခု မပြုလုပ်မိအောင် ကာဆီးထားခဲ့ကြသည်။

 

ယဲ့ချီလျန့်သည်လည်း သူ့ရဲ့ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သဘောပေါက်လိုက်သည်။ သူက ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီး သူ့လက်တွေကို ပွတ်သပ်လိုက်သည်၊ “အဖိုးမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ အဖိုး နည်းနည်းလေး စိတ်လှုပ်ရှားသွားလို့ပါ။ အဖိုးဆီမှာ ဆရာမစုရဲ့ အကူအညီကို တောင်းစရာ တစ်ခု ရှိတယ်။”

 

“သမီးနာမည်ကိုပဲ ခေါ်ပါ” စုယန်ယန်သည် စောင့်ကြပ်ခံနေရသေးသည်။ သူမကို ဆရာမစုလို့ ခေါ်တဲ့အခါမှာ တစ်ခုခု ဖြစ်သွားတော့မလို ဆိုးရွားတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

 

သူမ၏ ဆဌမအာရုံသည် အလွန်တိကျကြောင်း သက်သေပြခဲ့လေသည်။

 

“အဖိုး သမီးကို ဘာအတွက် အကူအညီ တောင်းဆိုချင်တာလဲ။”

 

“အဖိုး ကျောင်းမှာ ဘာသာရပ်အသစ်တစ်ခု ထပ်ထည့်ဖို့ စီစဥ်နေတယ်။”

 

ချိန်ကျွင်းဟောက်က မျက်မှောင်ကြုတ်သွားပြီး “ဘာ ဘာသာရပ်လဲ။” ဟု မေးလိုက်သည်။

 

“ဒီတရုတ်ဆေးဖက်ဝင်အပင်တွေကို ဘယ်လိုခွဲခြားပြီး ဘယ်လိုအသုံးပြုရမလဲ ဆိုတာ လူတွေကို အထူးပြု သင်ကြားပေးနိုင်မယ့် ဘာသာရပ်မျိုးကို ထည့်သွင်းချင်တယ်။ သူတို့က တရုတ်ဆေးပညာကို လေ့လာရန်ကိုလည်း ရွေးချယ်နိုင်တယ်။”

 

စုယန်ယန်သည် သူ့စကားလုံးတွေကြောင့် ကြက်သေ သေသွားသည်။ ရဲတင်းသော အတွေးတစ်ခု သူမခေါင်းထဲ ဝင်ရောက်လာခဲ့သည်။

 

“အဖိုးက...”

 

“အဖိုးက ဒီဘာသာရပ်အတွက် အထူးကထိကအဖြစ် စုမိန်းကလေးကို ဖိတ်ကြားချင်ပါတယ်။”

 

“အထူးကထိကလား။” စုယန်ယန်က ကြက်သေ သေသွားသည်။ သူက သူမကို ဆရာမလို့ ဆက်လက် ‌ခေါ်ဆိုနေတာ မဆန်းပါဘူး။ သူက သူမကို စောင့်ဆိုင်းနေတာ ဖြစ်သည်။

 

“ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း၊ သမီး မလုပ်နိုင်ဘူး။ သမီး ကထိက မဖြစ်ချင်ဖူးဘူး။ ဒါ့အပြင်၊ သမီးရဲ့ စွမ်းဆောင်ရည်က အခြားသူတွေကို သင်ကြားပြသပေးဖို့ မလုံလောက်သေးဘူး။ အဖိုးက သမီးကို အထင်ကြီးလွန်းနေတာပါ။”

 

သို့ရာတွင်၊ ယဲ့ချီလျန့်ကတော့ စုယန်ယန်က နှိမ့်ချနေလွန်းတယ်လို့သာ ခံစားခဲ့ရသည်၊ “တကယ်လို့ မင်းသာ မလုပ်နိုင်ဘူးလို့ ပြောရင်၊ ဒီကမ္ဘာမှာ ဒီလို လုပ်နိုင်စွမ်းရှိတဲ့သူ မရှိမှာကို အဖိုး စိုးရွံ့မိတယ်။ အဖိုး ဒီကို မလာခင်မှာ သံသယတွေ ရှိခဲ့ပေမယ့် အခု မင်းရဲ့ အစွမ်းအစကို အဖိုး မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်၊ အဖိုး မင်းအပေါ် ကြိုတင်တွေးခေါ်မှုတွေက မင်းကို လျှော့တွက်လွန်းသလိုတောင် ဖြစ်နေမှန်းကို အဖိုး သိလိုက်ရတယ်။”

 

စုယန်ယန်ရဲ့ အမူအရာဟာ အေးခဲသွားသည်။ စုယန်ယန်သည် ဒီလူအိုကြီး၏ ချီးကျုးမှုကို မည်သို့ လက်ခံရမည်ကို သူမ အမှန်တကယ် မသိခဲ့ပေ။

 

ယဲ့ချီလျန့်သည် သူမ၏ တုံ့ဆိုင်းနေမှုကို နားလည်မှု လွဲသွားကာ စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်၊ “ဒါပေါ့၊ အဖိုးလည်း ဒီတောင်းဆိုချက်က အတော်လေး လွန်ကဲမှန်းကို သိပါတယ်။ အဆုံးမှာတော့၊ ဒါတွေအားလုံးက...” သူတို့အားလုံးသည် သမိုင်းဝင်ရတနာတွေ အကုန်လုံးကို ဆုံးရှုံးသွားခဲ့ရသည်။

 

အဆင့်မြင့်စားသောက်ဆိုင်များရှိ စားဖိုမှုးများ၏ လက်ထဲရှိ ဟင်းချက်နည်းများကဲ့သို့ပင်၊ ၎င်းအရာတွေဟာ သူတို့ အသက်ရှင်နေထိုင်ရန် သူတို့ အားကိုးရသည့် အရည်အချင်းများ ဖြစ်ကြသည်။

 

ပိုရှားပါးလေလေ၊ ပိုတန်ဖိုးကြီးလေပါပဲ။ ဒါပေမယ့် ဒီအရာတွေကို လူသိရှင်ကြားဖြစ်အောင် တကယ်လုပ်ရမယ်ဆိုရင်၊ ဒီလူတွေက အမြတ်အစွန်း ရရှိဖို့နဲ့ သူတို့ရဲ့ ဘဝတွေကို မည်သို့အာမခံနိုင်ပါ့မည်နည်း။

 

ဆိုရိုးစကားအတိုင်း၊ တစ်ယောက်ယောက်၏ စည်းစိမ်ဥစ္စာကို ဖြတ်တောက်ခြင်းသည် တစ်ယောက်ယောက်၏ မိဘများကို သတ်ဖြတ်လိုက်ခြင်းနှင့် အတူတူပင်။

 

စုယန်ယန်သည် မျိုးစေ့များကို သုတေသနအဖွဲ့အစည်းသို့ အခမဲ့ပေးအပ်ခဲ့ပြီး စျေးသက်သာသော ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကို ဖွင့်လှစ်ကြောင်း ကြားသိခဲ့ရသဖြင့် သူက နားလည်မှုလွဲကာ ကူညီပေးလိမ့်မည်ဟု ယူဆခဲ့သည်။

 

သို့သော်၊ သူမသည် ဒီအရာများကို ပေးအပ်ရန် ဆန္ဒရှိနေသော သူမ၏ ကိုယ်ပိုင်ဆန္ဒဖြစ်ကြောင်းကို သူ လျစ်လျူရှုခဲ့မိသည်။ သို့သော် သူက သူမကို ဖယ်ထုတ်ဖို့ အတင်းအကြပ်လုပ်ရင် သူ့ကံကို တွန်းထုတ်လိုက်ရာ ကျပေလိမ့်မည်။