အပိုင်း ၃၀၂
Viewers 1k

အခန်း (၃၀၂)

 

 – နောက်ထပ် သံသယဖြစ်စရာအချက်

 

“ကိုယ်ချင်းစာစိတ် မရှိပဲ၊ မင်းအတွက် အခက်အခဲ ဖြစ်စေတဲ့အတွက် ဒါက အဖိုးအမှားပါပဲ။” ယဲ့ချီလျန့်သည် စုယန်ယန်အား အပြစ်ရှိစွာ ဦးညွှတ်လိုက်မိသည်။

 

စုယန်ယန်က သူ ဒီလို ဖြစ်နေတာကို မြင်လိုက်ရတော့ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသည်။ သူမရှေ့က ဒီလူကြီးက တကယ့်ကို ကိုယ်ကျိုးမဖက်သူ ဖြစ်သည်။ သူသည် တရုတ်တိုင်းရင်းဆေးပညာနှင့် ထိုအရာနှင့် ပတ်သက်သည့် အရာအားလုံးကို နှစ်သက်သဘောကျပေသည်။

 

လူတွေရဲ့ မျက်လုံးက လူတွေကို မလှည့်စားနိုင်ဘူး။ သူမဟာ တစ်ဖက်လူရဲ့ ရိုးသားမှုကို ခံစားရပြီး ငွေရှာဖို့ ဤအရာများကို သူမလက်ထဲ ဆုပ်ကိုင်ထားဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေ။

 

သို့ပေမယ့်၊ သူမ တခြားသူတွေကို သင်ကြားပေးစေချင်တာကတော့...

 

စုယန်ယန်သည် အသက်ပြင်းပြင်းရှုပြီး စနစ်ကို မေးဖို့ ကြိုးစားသည်၊ “စနစ်၊ ငါ စနစ်ကနေ လေ့လာသင်ယူခဲ့တာတွေကို တခြားသူတွေကို သင်ပေးလို့ ရမလား။”

 

မတုံ့ပြန်ခင် စနစ်သည် စက္ကန့်အနည်းငယ်လောက် အသံတိတ်သွားသည်။

 

[ရပါတယ်]

 

“ဆိုးကျိုးတွေ ရှိလာနိုင်လား။”

 

[မရှိနိုင်ဘူး၊ မင်း ‌ဆေးဖက်ဝင်ဟင်းလျာ ချက်ပြုတ်နည်းကို သင်ပေးတဲ့သူတွေ ဘာမှ မဖြစ်ခဲ့ဘူး မဟုတ်လား။]

 

“ဒါက မတူဘူး။ ဆေးဖက်ဝင်ဟင်းလျာတွေရဲ့ အကျိုးသက်ရောက်မှုက အတော်လေး အားနည်းတယ်၊ ပြီးတော့ စတိုးဆိုင်ထဲက ဆေးဖက်ဝင်ဟင်းလျာတွေကို မချက်ပြုတ်ခင် ငါက ပြန်စစ်ဆေးပေးပြီး ငါ့ထိန်းချူပ်မှုအောက်မှာပဲ ရှိတယ်။ အခု သူက င့ါကို ငါမသိတဲ့သူတွေကို သင်ပေးစေချင်တယ်။”

 

သူမသည် လူတချို့ကို အမှန်တကယ် သင်ကြားပြသခဲ့ပြီး ဒီလူတွေက အရည်အချင်း မပြည့်မီသော်လည်း သူတို့၏ ပြိုင်စံရှား မာနဘဝင်မြင့်ခြင်းကြောင့် တခြားသူတွေကို ကုသပေးပြီး တစ်ခုခု မှားသွားရင် သူမအပြစ် ဖြစ်မှာလား။

 

စနစ်သည် တိတ်ဆိတ်သွားပြန်ကာ စက္ကန့်အနည်းငယ်အကြာမှ အသံထွက်လာခဲ့ပြန်သည်။

 

[hostရဲ့ စိုးရိမ်မှုဟာ ယုတ္တိမရှိဘူးလို့ မဆိုပေမယ့် ရှေးကမ္ဘာမြေပေါ်တွင် ဆိုရိုးစကားတစ်ခု ရှိတယ်။ ဆရာသခင်က လမ်းပြပေးခဲ့ပေမယ့် ကျင့်ကြံခြင်းသည် တစ်ဦးချင်းအပေါ်မှာပဲ မူတည်တယ်။ အတူတူပါပဲ၊ တချို့လူတွေက ကောင်းကောင်းလုပ်နိုင်တယ်၊ တချို့တွေကျတော့ မလုပ်နိုင်ဘူး။ ဒါက ပုံမှန်ပါပဲ။ ကောင်းစွာ ကျင့်ကြံသောသူတို့ဟာ တည်မြဲကုန်ပြီး ကောင်းစွာ မကျင့်ကြံသောသူတို့ကို ပယ်ရှားကြကုန်၏။]

 

စနစ်သည် လူတွေနဲ့ ကွဲပြားသည်၊ ၎င်းတွင် အားကောင်းသည့် ဒေတာဘေ့စ်တစ်ခု ရှိပြး ၎င်း၏ စကားလုံးများသည် ဆင်ခြင်တုံတရား ပိုရှိသည်။

 

[ဒါပေမယ့်၊ host နင် ဒါကို တကယ်လုပ်ချင်ရဲ့လား။]

 

“ဘာကိုလဲ”

 

[နင်က ဒီအရာတွေကို သင်ကြားပေးပြီး hostရဲ့ စွမ်းရည်တွေကို ကူးယူခံလိုက်ရရင် ဒါက ကမ္ဘာကြီးအတွက် သိပ်မထူးခြားတော့ဘူး။ အဲ့တာဆို အမျိုးသမီးဇာတ်လိုက်ရဲ့ အရှိန်အဝါကို သိမ်းပိုက်နိုင်ဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ hostက hostနဲ့ hostမိသားစုရဲ့ ကံကြမ္မာကို မပြောင်းလဲချင်ဘူးလား။]

 

စုယန်ယန်ရဲ့ နှလုံးခုန်သံ တစ်ချက်မြန်သွားကာ သူမမျက်ဝန်းများတွင် အတွေးများနေတဲ့ အရိပ်အယောင် အနည်းငယ် ယှက်သန်းလာသည်။

 

ယဲ့ချီလျန့်သည် တောင်းပန်စကားဆိုပြီးနောက်၊ သူသည် ဆက်မနှောင့်ယှက်တော့ပဲ သူ့တပည့်နှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ သို့သော် အခန်းထဲမှ မထွက်မီ တစ်စက္ကန့်အလိုမှာ စုယန်ယန်က သူ့ကို တားမြစ်လိုက်ကာ “ပရော်ဖက်ဆာလီ၊ ကျွန်မ ဒါကို စဥ်းစားဖို့ အချိန်လိုတယ်။”

 

ယဲ့ချီလျန့်သည် ရုတ်တရတ် ရပ်တန့်သွားပြီး သူမကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

 

စုယန်ယန်က သူ့ကို အရမ်းစိတ်မထိခိုက်စေဖို့ သူ့မျက်လုံးတွေကို ရှောင်ဖယ်လိုက်သည်။

 

“ဒါကို စဥ်းစားဖို့ သမီး အချိန်တစ်ခု လိုတယ်။”

 

စုယန်ယန်က သူ့ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ခြင်း မရှိပဲ၊ ဆိုလိုသည်မှာ သူမစိတ်ထဲတွင် လုပ်ရ ကောင်းနိုး၊ မကောင်းနိုး ရုန်းကန်နေရဆဲဖြစ်ပြီး သူ့ရဲ့အဆိုပြုချက်ကို သူမသည် ယတိပြတ် ငြင်းဆိုခြင်း မရှိပေ။

 

ယဲ့ချီလျန့်၏ မျက်လုံးများတွင် မျှော်လင့်ချက်အလင်းတန်းတစ်ခု ပေါ်လာပြီး နီမြန်းသော မျက်လုံးများဖြင့် “ကောင်းပြီ၊ ကောင်းပြီ။ အဲတာကို ဖြည်းဖြည်းစဥ်းစားပါ။ အလျင်လိုစရာ မလိုဘူး။ သမီး ဘယ်လို ဆုံးဖြတ်ချက်မျိုး ချပါစေ၊ သမီး စိတ်ပူစရာမလိုဘူး။”

 

အပေါ်စီးမှ တောင်းဆိုခြင်းကို ငြင်းပယ်ရန် လွယ်ကူသော်လည်း နှိမ့်ချသော အသနားခံခြင်းသည် လူတို့၏စိတ်ကို အမြဲတမ်း ပျော့ပျောင်းစေပါသည်။

 

ယဲ့ချီလျန့်တို့ဆရာတပည့်တွေ ထွက်ခွာသွားပြီးနောက် စုယန်ယန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ စုယန်ယန်သည် သူမ၏ အစ်ကိုနှင့် ဦးလေးတို့က သူမအား ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

 

“ဘာဖြစ်လို့လဲ။ သမီးမျက်နှာမှာ တစ်ခုခု ရှိနေလို့လား။”

 

ချိန်ကျွင်းဟောက်၏ မျက်နှာအမူအရာ မထင်မှတ်ပဲ အရမ်းလေးနက်နေသည်၊ “ယန်ယန်၊ သမီး နင် ဒီအချက်တွေကို ဘယ်လိုလုပ်ပြီး ဒီလောက် တိတိကျကျ သိနေရတာလဲ။ နင် သူတို့ကို ပြောတဲ့ဟာတွေ ငါ တစ်ခါမှ မကြားဖူးတာ သေချာတယ်...”

 

စုယုရွှမ်ကလည်း “ဟုတ်တယ်။ ငါတို့အတူနေလာတာ အနှစ်နှစ်ဆယ်ကျော်ပေမယ့် နင့်အစ်ကိုကြီးအနေနဲ့ ဒီလိုထူးဆန်းတဲ့အရာတွေ နင်သိတယ်ဆိုတာ ငါတောင်မသိဘူး။ အရင်က ဆေးဖက်ဝင်ဟင်းလျာ၊ ဒါပေမယ့် အခု...”

 

စုယုရွှမ်သည် သူ ငယ်စဥ်ကတည်းက ချစ်ခင်ခဲ့သော ညီမငယ်လေးဟာ ယခုအခါတွင် သူမအကြောင်းကို သူ သိပ်မသိသေးကြောင်း သိလိုက်ရသည်။