Chapter 255
ကျန်းမင်ယွမ်သည် ရှင်းရှင်း အကြောင်း စ,သိလာရကတည်းက ချန်းဟွမ် ၏ အတိတ်ကို စူးစမ်းလေ့လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူရှာတွေ့သမျှတို့သည့် သူ့ကို စိတ်အနှောင့်အယှက်မဖြစေပါဟု ပြောလျှင် လိမ်ရာ ကျလိမ့်မည်။
အစပိုင်းတွင် သူက ချန်းဟွမ်ကို ဘာရည်ရွယ်ချက်မှမရှိခဲ့ဘဲ သူစိမ်းတစ်ယောက်အဖြစ်သာ မြင်ခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ နောက်ပိုင်းတွင် သူတို့နှစ်ယောက်အတူရှိသည့်အခါ အလွန်အဆင်ပြေရလာပြီး သူကလည်း သူမကို သနားလာရတော့သည်။
ချန်းဟွမ်ကို သတင်းထဲတွင် ဖတ်ဖူးသလို မိန်းကလေးတစ်ယောက်အဖြစ် သူ မြင်လိုက်ရန်မှာ အလွန်ခက်ခဲသည်။ သူ့မှာလည်း သူမကို ပြောင်းလဲပစ်ရန် အချိန်အများကြီးရှိနေပြီး သူမ အတိတ်ကို ကြည်ကြည်ဖြူဖြူ လက်ခံလိုက်သဖြင့် သူ စိတ်မခုသွားရပေ။ချန်းဟွမ် ဝမ်းနည်းမှာကိုသာ သူပို၍စိုးရိမ်ခဲ့သည်။
***
ကျန်းမင်ယွမ်၏ ဝန်ထမ်းများမှာ အလွန် လက်ဝါးဇောင်းထက်ကြသည်။ ချန်းဟွမ် နှင့်ပတ်သက်ပြီး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းအားလုံး လုံးဝပျောက်ကွယ်သွားကာ လူအများကလည်း သိပ်အာရုံမစိုက်ကြတော့ချေ။
သို့သော်လည်း နောက်ကွယ်က ကြိုးကိုင်နေသူမှာ ချန်းဟွမ်နှင့် ပတ်သက်သည့် ဆိုးရွားသော ကိစ္စများကို ရှာကြံ၍ သတင်းရေးတင်ဖို့ နည်းလမ်းမျိုးစုံနှင့် ကြိုးစားကြသည်။
ပို့စ်အသစ်များကိုကြည့်ရင်း ကျန်းမင်ယွမ်က မျက်မှောင်ကြုတ်ကာ သူ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ကျဆင်းသွားသည်ဟု ခံစားမိလိုက်သည်။ သူက နောက်ထပ်ဆောင်းပါးများကိုရှာဖွေရန် အပလီကေးရှင်းကိုဖွင့်လိုက်ရာ သတင်းခေါင်းစဉ်တစ်ခုက သူ့ကို ဆွဲဆောင်ခဲ့လေသည်။
ကလစ်များများ ရရန်အတွက် ဆောင်းပါးများအားလုံး၏ ခေါင်းစဉ်များသည် လူအများကို ဆွဲဆောင်နိုင်သည့် စာသားများနှင့် ရေးသားကြလေသည်။
ကျန်းမင်ယွမ်က ထိုဆောင်းပါးကို ကလစ်နှိပ်လိုက်ပြီး ဖတ်လိုက်ကာ ခဏလောက် စဉ်းစားပြီးနောက် ချန်းဟွမ်ကို မေးလိုက်သည်။
“မင်း ဟင်းချက်တတ်တာ ဘယ်လောက်ကြာပြီလဲ…”
ချန်းဟွမ် အံ့ဩသွားရသည်။
“အနှစ် ၂၀ နီးပါးပေါ့… ငယ်ငယ်ကတည်းက အဘိုးဆီက သင်ခဲ့တာလေ…"
ပြောပြီးသည်နှင့် သူမစကားလွဲသွားမှန်း ချန်းဟွမ် သိလိုက်ရသည်။ မူလချန်းဟွမ်သည် သူမ၏ ဖခင်ဘက်မှ အဘိုးအဘွားများနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည်။
အဘိုးဆီက ဟင်းချက်နည်းကို ဘယ်လိုလုပ် သင်လို့ရမှာလဲ…အဘိုးက စားဖိုမှူးလည်း မဟုတ်ဘဲနဲ့…
ကျန်းမင်ယွမ်က စကားကျကောက်ကာ သူမကို ဆူပူလိုက်မည်စိုးနေသော်လည်း သူက မသိလိုက်မသိဘာသာပင် လုပ်စရာ ရှိသည်များ ဆက်လုပ်နေ၍ သူမလည်း စိတ်အေးသွားရသည်။
အတန်ကြာလျှင် ကျန်းမင်ယွမ်က ထပ်မေးလိုက်ပြန်သည်။
"မင်းအဖေဘက်က အဘိုးဆီက ဟင်းချက်နည်းကို သင်ခဲ့တာလား…"
“အင်း…ဟုတ်တယ်…”
"ဟုတ်လား…"
ကျန်းမင်ယွမ်က ရုတ်တရက် ကြောင်သွားသလိုဖြစ်သွားပြီးမှ ပုံမှန်အတိုင်း ဆက်ပြောလိုက်သည်။
“မင်း ဟင်းချက်တာ အရမ်းကောင်းတယ်လေ…အဲ့တော့ မင်း အဘိုးရဲ့ ဟင်းချက်နည်းဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်…"
ချန်းဟွမ်က အဘိုးကို ချီးမွမ်းလိုက်၍ သူမလည်း ပျော်သွားမိသည်။ ကျန်းမင်ယွမ် ကြည့်ရသည်မှာလည်း သံသယကင်းသွားပုံဖြစ်သဖြင့် သူမကထပ်ကြွားလိုက်ပြန်သည်။
"သူ့ရဲ့ ချက်ပြုတ်နည်းက အရမ်းအံ့သြစရာကောင်းတာ…ကျွန်မထက် အများကြီးသာတယ်…အနီးနားက ရွာတွေအားလုံးကလည်း မင်္ဂလာပွဲကနေ စျာပနပွဲအထိ ချက်ဖို့ပြုတ်ဖို့ဆို သူ့ကို လာခေါ်ကြရတာ…"
ကျန်းမင်ယွမ် ရင်ထဲ နက်ရှိုင်းစွာ တုန်လှုပ်သွားသည်ကို သူမ မသိခဲ့။
မူလချန်းဟွမ်၏ အတိတ်အကြောင်းအသေးစိတ်အားလုံးကို သူ မမှတ်မိနိုင်သော်လည်း သူဖတ်ဖူးသမျှတွင် မူလချန်းဟွမ်သည် အဘိုးဖြစ်သူနှင့် အတူမနေခဲ့ကြပေ။
ထို့ကြောင့် အဘိုးဖြစ်သူဆီမှ သူမ ဟင်းချက်ပညာကို သင်ယူခဲ့သည်မှာ မဖြစ်နိုင်တော့။
ကျန်းမင်ယွမ်က ချန်းဟွမ် လိမ်ပြောနေသည်ဟု မထင်ပေ။ သူက သူမအား ယုံကြည်သည့်အပြင် သူမ မည်မျှ ဟင်းချက်တော်ကြောင်း ချီးမွမ်းနေသေးသည်။
ပြဿနာမှာ ချန်းဟွမ်သာ လိမ်မပြောပါက ထိုသတင်းများက လိမ်နေခြင်း ဖြစ်နိုင်သည်။ ဤမဟုတ်မှန်သည့် သတင်းများတက်လာစေရန် လုပ်သူများမှာ သူ့ပတ်ဝန်းကျင်ရှိ စပိုင်များ ဖြစ်နိုင်သည်။
ကျန်းမင်ယွမ်သည် အမေဖြစ်သူနှင့် ဦးလေးများကို ချက်ချင်း သံသယဝင်လာရသည်။သူတို့ဘာကြောင့် ထိုသတင်းများကို ရည်ရွယ်ချက်ရှိရှိ ဖွလိုက်မှန်း သူ,မသိသော်လည်း သူ တွေးကြည့်လိုက်ရုံနှင့်ပင် သူတို့မိသားစု အတွက် စိုးရိမ်လာရပေသည်။
ကျန်းမင်ယွမ်က သူ့အနားက လူတိုင်းကို သံသယဝင်လာရပြီး သံသယမှာလည်း တစ်မုဟုတ်ချင်း ကြီးထွားလာရသည်။ထို့နောက် သူက သံသယရှိသူများကို ချရေးထားလိုက်ကာ ဝန်ထမ်းများကို ဟုတ်မဟုတ် စစ်ဆေးခိုင်းလိုက်သည်။သံသယရှိသူစာရင်းမှာ များပြားလှသဖြင့် အဖြစ်မှန်ကို သိရရန် အနည်းဆုံး နှစ်ပတ်ခန့် အချိန်ယူရမည် ဖြစ်သည်။
သို့သော် ကျန်းမင်ယွမ်ကလည်း အလျင်စလို သိချင်မနေပေ။သူက ဝန်ထမ်းများကို ခိုင်းပြီးသည်နှင့် တခြားအလုပ်များကိုသာ ဖိလုပ်နေလိုက်သည်။
Xxxxxxx
Chapter 256
ချန်းဟွမ်၏ ကောလာဟလများကို ဖျက်ချပြီးဖြစ်သော်လည်း ကျန်းမင်ယွမ် တွင် အခြား အလုပ်များစွာ ရှိနေသေးသည်။ အဓိကအားဖြင့် မြို့တော် ရှိ သူ၏ ပရောဂျက်ဖြစ်သည်။ သူတို့ ပရောဂျက်သည် ဆူနာမီဒဏ်ကြောင့် အနည်းငယ်ဆုံးရှုံးခဲ့ရပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပေသည်။ ပျက်စီးသွားသော ပစ္စည်းများကို ပြုပြင်ရန် အလုပ်သမားများကို ကွပ်ကဲရန် လိုအပ်ပေသည်။ ပြည်တွင်း၌လည်း တခြားထွေထွေထူးထူး ကိစ္စရပ်များအတွက် သူ နောက်လအထိ အလုပ်ရှုပ်နေမည် ဖြစ်သည်။ အလုပ်များနေသဖြင့် အချိန်ကုန်သည်မှာ လျင်မြန်လှပြီး အိမ်ပြန်ချိန်ရောက်ခါမှ သူဘာမှ မပြီးသွားသလို ခံစားလိုက်ရသေးသည်။
ချန်းဟွမ် နှင့် ရှင်းရှင်းတို့နှစ်ယောက်လုံး သူနှင့်အတူရှိနေသဖြင့် ကျန်းမင်ယွမ် အချိန်ပိုအလုပ်မဆင်းချင်ပေ။သူက အိမ်ပြန်ချိန်ရောက်နေပြီ ဖြစ်၍ လက်ပ်တော့ ကိုပိတ်လိုက်သည်။
ချန်းဟွမ် သည် တစ်နေကုန် ရှင်းရှင်းနှင့် ကုဗတုံးကို ကစားနေသော်လည်း သူမအမြဲ ရှုံးနေသဖြင့် Baidu သုံး၍ ရှာကြည့်ခါမှ တစ်ကြိမ်သာ နိုင်ခဲ့လေသည်။တစ်ကြိမ်နိုင်သွားသော်လည်း သူမ ခေါင်းများပင် ကိုက်လာရသည်။
ကျန်းမင်ယွမ် မတ်တပ်ရပ်လိုက်သည်ကို မြင်လိုက်သော် သူမလည်းစိတ်သက်သာရာ ရသွားမိကာ သူမလည်း မတ်တပ်ထရပ်လိုက်၏။
"ကျွန်မတို့ ပြန်တော့မှာလား…"
"အင်း…"
သူ့အပြုံးကို ကြည့်လိုက်ရုံနှင့် သူမ ပင်ပန်းနွမ်းနယ်မှု အားလုံး ပျောက်ကွယ်သွားရလေသည်။
ကျန်းမင်ယွမ်က ကုတ်ကို ဝတ်ကာ လမ်းလျှောက်လာရင်း နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
"ပျင်းနေပြီလား…"
"အဲလောက်လည်း မဆိုးပါဘူး…"
ရှင်းရှင်းက အမေဖြစ်သူ အကြောင်းကို ကျန်းမင်ယွမ်အား တိတ်တိတ်လေး ပြောပြလိုက်သည်။
"ဖေဖေ…မေမေက တစ်နေကုန်လုံး ရူးဗစ်တုံး ကစားတယ် သိလား…"
"ဟုတ်လား…"
"မေမေက ကစားနေတာကြာပြီ ဆိုပေမယ့် နိုင်လည်းမနိုင်ဘူး…"
ကလေးလေးသည် သူ့အား စူးစိုက်၍ ကြည့်နေသော အမေဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းမင်ယွမ်ကို ကပ်ပြောလိုက်သည်။
"ဖေဖေ… မေမေက နည်းနည်း တုံး,နေတယ် မဟုတ်လား…"
သားဖြစ်သူနှင့် ချစ်သူနှစ်ယောက်တွင် ကျန်းမင်ယွမ်က ချစ်သူကိုသာ မဆိုင်းမတွ ရွေးလိုက်သည်။သူက သားဖြစ်သူ၏ တင်ပါးလေးကို ခပ်ဖွဖွ ရိုက်လိုက်ပြီး ပြောလိုက်သည်။
“မဟုတ်တာတွေ မပြောနဲ့လေ…"
"သားပြောတာ ဟုတ်ပါတယ်…"
" ရူးဗစ်တုံးကို သား ဘယ်လိုကစားရမလဲဆိုတာ သိအောင်လို့ အချိန်ဘယ်လောက်တောင် ကြာခဲ့လဲဆိုတာ သား မေ့နေတာလား…မေမေက သားထက် ပိုမြန်မြန် တတ်တယ်လေ…"
ရှင်းရှင်း စိတ်ဆိုးသွားကာ နှုတ်ခမ်းကို စူထားလိုက်ပြီး စကားဆက်မပြောတော့ပေ။ ရူးဗစ်တုံးကို သင်ယူစဉ်က ခက်ခဲသည့်နေ့ရက်တို့ကို သူ,မမှတ်မိတော့ပေ။
မှတ်ဉာဏ်ဆိုသည်မှာလည်း တစ်ခါတစ်လေ လုံးလုံးမေ့သွားတတ်ပြီး တစ်ခါတစ်ရံ အသေးစိတ်ပင် မှတ်မိနေတတ်သည်။
၅နှစ်သားကလေး ရှင်းရှင်း မှာလည်း အလားတူပင်ဖြစ်သည်။ အဖေဖြစ်သူ စကားကြောင့်သာ ရူးဗစ်တုံးကို သူမည်မျှ ရှုံးပြီးခါမှ တတ်မြောက်ခဲ့ရသည်ကို မှတ်မိသွားရသည်။ သူ ပိုမှတ်မိလေလေ သူ့မျက်နှာက ပိုစူပုပ်လာလေလေပင်။ အရာအားလုံးကို မေ့ပစ်လိုက်သည့် အရူးတစ်ယောက်ဟု သူ့ကိုယ်သူ ဝန်မခံချင်ပေ။သို့သောလည်း အဖြစ်မှန်ဖြစ်နေ၍ သူငြင်းမရပြန်။
ရှင်းရှင်း သည် အချိန်အတော်ကြာအောင် စိတ်ဆိုးနေကာမှ နောက်ဆုံးအဖြစ်မှန်ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။သူက အမေဖြစ်သူကို အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် မေမေ…"
"အင်…"
ချန်းဟွမ် ဘာဖြစ်နေမှန်း မသိတာ့။
"ဖေဖေပြောတာ မှန်တယ်…မေမေက သားထက် အများကြီး ဉာဏ်ကောင်းတာပဲ…"
ကလေးလလေးက ပြောလည်းပြောနေပြီး နှုတ်ခမ်းကလည်း ဘဲနှုတ်သီးလို ထော်နေလေသည်။
"မေမေ့ကို အရမ်း တုံး,တယ်လို့ ပြောမိတဲ့ အတွက် သားတောင်းပန်ပါတယ်…တစ်ကယ်က သားကမှ တုံးခဲ့တာပါ…"
ထိုသို့ပြောပြီးနောက် ရှင်းရှင်း ငိုတော့သည်။
ချန်းဟွမ်မှာ သားဖြစ်သူကိုကြည့်ရင်း ရယ်ချင်နေရပြီး ရင်လည်းခုန်နေမိသည်။သူမက ဘယ်လိုပြောရမှန်းမသိသဖြင့် ကျန်းမင်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။
ရှင်းရှင်းသည် သန်မာသော ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မိဘများက သူ့ကို မချော့မီ သူက လက်သီးကို တင်းတင်းဆုပ်ထားကာ ပြန်ပြောလိုက်သည်။
"ဒါပေမယ့် သားပိုပြီး တော်လာအောင် ကြိုးစားမယ်…"
"ဟုတ်ပါပြီရှင်… မေမေကလည်း သားကို ယုံတယ် သိလား…"
ကျန်းမင်ယွမ် ကလည်း ချန်းဟွမ်နောက်က လိုက်ပြောလိုက်သည်။
"ဖေဖေရော သားကို ယုံတယ်နော်…"
Xxxxxx