- သူမဘဝရဲ့ ဂုဏ်သိက္ခာတွေကို ညှိုးနွမ်းစေပါသည်
စုယန်ယန်နှင့်
ကျန်သူများသည် ဒုက္ခအိုးကို အိမ်သို့ ခေါ်ဆောင်သွားကြ၏။ လေထုမှာ နွေးထွေးပြီး ရင်းနှီးနေသည်။
တစ်ဖက်တွင်
ဟောက်ရှောက်ဖုန်းမှာတော့ ကံမကောင်းပေ။
ဒီတစ်ကြိမ်တွင်
စုယန်ယန်သည် ဟောက်ရှောက်ဖုန်း နှင့် ဝမ်ကျင့်ဖျင်ကို ဒုက္ခရောက်အောင်လုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။
အကယ်၍ သူတို့ကို ဒုက္ခမပေးနိုင်ဘူးဆိုရင်တောင် သင်ခန်းစာတစ်ခုတော့ ရအောင် ပေးမှာပဲ
ဖြစ်သည်။
ဟောက်ရှောက်ဖုန်းသည်
ရေတပ်တွေကိုပင် ဝယ်ယူခဲ့တာ မဟုတ်ပေဘူးလား။ သူမလည်း ဝယ်ခဲ့တာပေါ့။
ဟောက်ရှောက်ဖုန်းနှင့်
ဝမ်ကျင့်ဖျင်တို့သည် မှန်ကန်မနေခဲ့ကြပေ။ စုယန်ယန်၏ ရေတပ်များမှာ သူတို့အား စတင်ဝေဖန်ခဲ့ကြပြီး
၎င်းတို့၏ လှောင်ပြောင်သရော်မှုများသည် သူတို့ ငှားထားသူများထက် အဆတစ်ရာလောက် ပိုပြင်းထန်ကြ၏။
နေ့တစ်ဝက်မပြည့်မီမှာပင်၊
ဖြတ်သွားဖြတ်လာ ဝင်ကြည့်သူများနှင့်အတူ သူမ၏ကီးဘုတ်စစ်သည်တော်များသည် တစ်ဖက်မှ ရေတပ်များကို
အနိုင်ယူနိုင်ခဲ့သည်။
အများဆုံး
ပါဝင်ဆဲဆိုပေးသွားသူများမှာ ရေတပ်များ သို့မဟုတ် ဖြတ်သွားဖြတ်လာ ပရိသတ်များ မဟုတ်ကြပေ။
၎င်းတို့မှာ ဝမ်ကျင့်ဖျင်၏ အမျိုးသားပရိသတ်များကိုယ်တိုင်ပင် ဖြစ်ကြသည်။
တစ်ချိန်က
ဤလူများသည် ဝမ်ကျင့်ဖျင်၏ မျက်နှာနှင့် သူမ၏ နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးတို့ကြောင့်
သူမအတွက် အမှောင်ထုကို ဆန့်ကျင်တိုက်ပွဲဝင်ပေးခဲ့ကြ၏။
သို့သော်၊
ဤအရာအားလုံးမှာ ဝမ်ကျင့်ဖျင်သည် တစ်ကိုယ်ရေသမား ဖြစ်နေသောကြောင့်ဖြစ်ပြီး သူမပြသခဲ့သမျှသည်
အစစ်အမှန်ဟု ယုံကြည်ခဲ့ကြသောကြောင့်ဖြစ်သည်။
ယခုအချိန်တွင်တော့
သူတို့အရင်က လုပ်ခဲ့သမျှဟာ မှားယွင်းနေတဲ့ အကြောင်းပြချက်တွေနဲ့ ဆိုတာကို ဒီလူတွေ သဘောပေါက်လာကြ၏။
တစ်ကိုယ်ရေးသမား ဆိုတာလည်း အတုအယောင်ဖြစ်ပြီး ထိုမိန်းမ၏ ကြင်နာမှုတို့မှာလည်း အတုအယောင်သာဖြစ်သည်။
ဝမ်ကျင့်ဖျင်သည်
သူမ၏မျက်နှာက အစစ်အမှန် ဆိုတာကလွဲလို့ ကင်မရာရှေ့မှာ သူမချပြထားသော အရာအားလုံးသည် အတုတွေချည်းဖြစ်ကြသည်။
သူမကိုမြင်လျှင်
သူတို့၏ အတိတ်က မိုက်မဲမှုများကို အမှတ်ရစေသောကြောင့် အရင်တုန်းက သူမကို ကြိုက်ခဲ့လေလေ
အခုအခါမှာ သူမကို ပိုမုန်းလေလေ ဖြစ်လာကြသည်။
ဟောက်ရှောက်ဖုန်းသည်
လှောင်ပြောင်ကျိန်စာများဖြင့် ပြည့်နှက်နေသော မျက်နှာပြင်အား ကြည့်လိုက်ပြီး သူ့မျက်နှာသည် မည်းမှောင်သွားကာ စုယန်ယန်နှင့် စုမိသားစုအပေါ်
မုန်းတီးမှုတို့မှာ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားသည်။
အခုချိန်ထိတောင်မှ ဟောက်ရှောက်ဖုန်းသည် သူ့ကိုယ်သူ
အမှားလုပ်မိထားသူတစ်ယောက်ဟု မခံစားရသေးပေ။
သူသည် အမျိုးသမီးတစ်ဦးအား သဘောကျမိရုံသာဖြစ်ပြီး
သူ မကြိုက်သောအမျိုးသမီးနှင့် လက်ထပ်ရန် သူ့မိသားစု၏ စီစဉ်မှုအား လက်မခံချင်ခဲ့ခြင်းသာဖြစ်သည်။
ဘာကြောင့် လူတိုင်းက သူ့ကို ဆန့်ကျင်နေကြတာလဲ။
ဟောက်ရှောက်ဖုန်း၏
ဒေါသနှင့် နှိုင်းယှဉ်လျှင် ဝမ်ကျင့်ဖျင်က ဒီမှတ်ချက်များကို မြင်လိုက်ရတဲ့အခါ အလွန်ကြောက်ရွံ့တုန်လှုပ်သွား၏။
အငယ်အနှောင်း။ လူတိုင်းက သူမကို ဘာဖြစ်လို့ အငယ်အနှောင်းလို ဆက်ဆံနေကြတာလဲ။
သူမသည် အငယ်အနှောင်းတစ်ယောက် မဟုတ်ပေ။ သူမနဲ့ ဟောက်ရှောက်ဖုန်းတို့ တစ်ဦးနှင့်တစ်ဦး
ချစ်နေကြတယ်ဆိုတာ ထင်ရှားနေတာပဲလေ။ ဒီလူတွေက ဘာဖြစ်လို့ သူမတို့နှစ်ယောက်ကို အမှိုက်ကောင်နဲ့
အပျက်မလို့ ပြောဆိုနေကြတာလဲ။
ဤအရာသည်
သူမစိတ်ထဲတွင် တွေးထားသော မင်းသားတစ်ပါးနှင့် လက်ထပ်ရသည့် စင်ဒရဲလား၏ ပြီးပြည့်စုံသော
အချစ်ဇာတ်လမ်းနှင့် လုံးဝကွဲပြားနေသည်။ အချစ်ဝတ္ထုထဲမှာဆို အမျိုးသားဇာတ်လိုက်နှင့်
စေ့စပ်ထားသူများမှာ နောက်ဆုံးတွင် အမြောက်စာဖြစ်သွားကြပြီး နင်းချေခံရမယ့် ရက်စက်ကြမ်းကြုတ်သော
ဇာတ်ပို့များသာ မဟုတ်ပါလား။ သူတို့က စီးပွားရေးအရ လက်ထပ်ကြတာသာဖြစ်ပြီး သူတို့ကြားတွင်
ချစ်ခြင်းမေတ္တာ မရှိပေ။
သူမသည်
ဟောက်ရှောက်ဖုန်း၏ အချစ်စစ်ဖြစ်သည်။ ဒီလူတွေက ဘာမှမသိဘဲ သူမက အဲ့လိုလူမျိုးပါဆိုပြီး
ဘာဖြစ်လို့ လျှောက်ပြောနေတာလဲ။ သူမ ဘာအမှားမှ မလုပ်ခဲ့ဘူး။
အချို့သော
ရှုထောင့်မှ ကြည့်မည်ဆိုလျှင် သူတို့နှစ်ဦးသည် ပြီးပြည့်စုံသော အတွဲများဖြစ်ကြသည်။
သူတို့ရဲ့ အတွေးတွေကလည်း အလားတူပင်။
သို့သော်
ကိစ္စများက ဒီအခြေအနေသို့ ရောက်လာသောအခါ ဒီကိစ္စများဟာ သူတို့၏ ထိန်းချုပ်နိုင်စွမ်းအတွင်းမှာ မရှိနိုင်ကြတော့ပေ။
ဟောက်ရှောက်ဖုန်းသည်
ဝမ်ကျင့်ဖျင်၏ ဖြူဖျော့နေသော မျက်နှာလေးအား ကြည့်လိုက်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက
သူ့အား ကယ်တင်ရန်အတွက် သူမ၏အသက်ကိုပင် စွန့်စားခဲ့သည်ကို ပြန်အမှတ်ရမိလိုက်သည်။ နောက်ဆုံးတွင်
သူ့နှလုံးသားလေးမှာ နူးညံ့ပျော့ပျောင်းလာပြီး သူမအား နူးနူးညံ့ညံ့ နှစ်သိမ့်ပေးလိုက်သည်။
“အဆင်ပြေပါတယ်၊ ဒီလူတွေက ကိုယ်တို့ကို မနာလိုနေကြတာ။ သူတို့က အခုသာ ချက်ကျလက်ကျ ပြောနေပေမယ့်
သူတို့သာ ကိုယ်တို့လို တကယ်ကြုံတွေ့ရင် ကိုယ်တို့ထက်တောင် ပိုဆိုးကြလိမ့်ဦးမယ်။ ပြီးတော့
သူတို့ အခု ဘယ်လိုတွေ ဆဲဆိုနေကြတာလဲ မကြည့်နဲ့နော်။ နောက်ရက်နည်းနည်းကြာရင် သူတို့
ဘာမှ မှတ်မိတော့မှာ မဟုတ်ဘူး။ ဒီဟာက သူတို့နဲ့ ဘာမှမဆိုင်တာမို့ အတင်းပြောရင်လည်း
ခဏပဲ။ ပြီးရင် မေ့သွားကြလိမ့်မယ်။”
“တကယ်လား။”
ဝမ်ကျင့်ဖျင်သည် ဟောက်ရှောက်ဖုန်းအား နီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမသည်
နှစ်ဘဝတောင် နေထိုင်ခဲ့ပြီးပြီမို့ သူမရဲ့အတွေးတွေက ဟောက်ရှောက်ဖုန်းလောက် မရိုးရှင်းပေ။
ဟောက်ရှောက်ဖုန်း
ပြောတာလည်း အကျိုးအကြောင်း မဆီလျော်တာတော့ မဟုတ်ပေ။ ခေတ်ရေစီးကြောင်းနောက်ကို လိုက်လျှောက်သူများသည်
ဒီကိစ္စအား မကြာခင်ပဲ မေ့သွားကြလိမ့်မည်။
သို့သော်
အင်တာနက်တွင် အမှတ်ရစရာတွေ ရှိသည်။ ဒီကိစ္စအား သူမ ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုလျှင်
သူမကို မကြိုက်တဲ့သူတွေက ဒါကိုပြန်သုံးပြီး သူမရဲ့ ဂုဏ်သိက္ခာကို တစ်သက်လုံး ထိခိုက်ပြောဆိုကြပေလိမ့်မည်။