- ကနဦးအောင်မြင်မှု
ဟောက်ရှောက်ဖုန်းသည်
ဤအရှုပ်အထွေးကို ဖြစ်ပေါ်စေခဲ့သူဖြစ်၏။ အဖေတစ်ယောက်အနေနှင့် ဟောက်ချီဟန်သည် သူ့အား
ဒီအရှုပ်အထွေးကို ကူညီဖြေရှင်းပေးရလိမ့်မည်။ သို့သော် ဒီအရှုပ်အထွေးမှာ လူအများစု၏
အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်သည်။
ဟောက်ချီဟန်မှာ
အစက ဟောက်ရှောက်ဖုန်းသည် လူအများ၏ ယုံကြည်မှုကို အရယူရန် ကြီးကြီးမားမား တစ်ခုခု လုပ်ပြလိမ့်မည်ဟု
မျှော်လင့်ခဲ့သော်လည်း အဆုံးမှာတော့ ဟောက်ရှောက်ဖုန်းသည် လူတိုင်းကို စော်ကားခဲ့မိ၏။
ဤဖြစ်ရပ်အပြီးတွင်
ကုမ္ပဏီ၏အကြီးတန်းများက ဟောက်ချီဟန်အား မည်သို့စွပ်စွဲကြမည်ကို တွေးကြည့်နိုင်သည်။
ဟောက်ကော်ပိုရေးရှင်း၏ အကြီးဆုံးဟုဆိုသော သူ့ရာထူးကိုပင် ဆက်ထိန်းထားနိုင်ပါ့မလား မသေချာပေ။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းတစ်ယောက် ပြောချင်သည်ကို မြန်မြန်သဘောပေါက်လိုက်သည်။ ဒီလူ ဘယ်လောက်တောင်
တော်တာပါလိမ့်ဟု တွေးကာ သက်ပြင်းသာ ချလိုက်မိတော့သည်။
ဟောက်ရှောက်ဖုန်းလို
အသုံးမကျသော လူတစ်ယောက်အား ပိုင်ဆိုင်မိပါက သူမ၏ မိသားစုဘဝလေးကို မပျော်မွေ့နိုင်ရုံသာမကဘဲ
စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားနိုင်၏။ ဟောက်ချီဟန်တစ်ယောက် ဒီအချိန် ဒေါသအရမ်းထွက်လွန်းလို့
သူ့သားကို မဒမ်ဟောက်ရဲ့ သားအိမ်ထဲ ပြန်များထည့်ချင်နေမလားဟုပင် သူမ တွေးနေမိသည်။
သက်ပြင်းတစ်ချက်ချပြီးနောက်
စုယန်ယန်သည် တစ်စုံတစ်ခုကို သတိရသွားပုံရ၏။ သူမသည် မျက်ခုံးပင့်ကာ ပြောလိုက်သည်။ “ဒီလိုဖြစ်မယ်လို့
ရှင် မမျှော်လင့်ထားဘူး မဟုတ်လား။ ဒါကို ဖော်ထုတ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းခဲ့တာလား။”
ဟောက်ချန်ဟွမ်း
ပြုံးလိုက်သည်။ “ကိုယ်က မင်းအတွက် လုပ်ပေးချင်ရုံပါ။”
ဟောက်ရှောက်ဖုန်း၏
မိသားစုအား ဒုက္ခရောက်စေရန် ဒီထောင်ချောက်ဆင်ထားတာ ဖြစ်ပေမယ့် ဒီအချိန်မှာ ဒီကိစ္စကို
ဖော်ထုတ်လိုက်တာက ပိုကောင်းပေသည်။ ဟောက်ကော်ပိုရေးရှင်းကို ပြန်ရဖို့ စီစဉ်ခြင်းသည်
ကိစ္စတစ်ခုသာဖြစ်၏။ သို့သော် ထို့ထက် ပိုအရေးကြီးတာက သူတို့သည် မထိသင့်သော လူတစ်ယောက်အား
ထိလိုက်ခြင်းကြောင့် သူတို့နှင့် ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ပြန်ခံစားရခြင်းသာ ဖြစ်သည်။
စုယန်ယန်သည်
နှာမှုတ်လိုက်ပေမယ့် သူမပုံစံကတော့ ပျော်နေပုံပေါ်သည်။ “ရှင်က စကားချိုချိုလေး ပြောတတ်တာပဲ။
ဟောက်ချီဟန်ရဲ့ မိသားစု ဒီအချိန်မှာ ဒုက္ခရောက်နေလိမ့်မယ်လို့ ကျွန်မတကယ်မျှော်လင့်တယ်။
ဒါမှ အနာဂတ်မှာ ကျွန်မကို ထပ်အနှောက်အယှက် မပေးတော့မှာ။”
“မကြောက်ပါနဲ့။ သူတို့ မင်းကို တစ်ခါ ပြဿနာလာရှာတိုင်း ကိုယ်က သူတို့ဘဝကို
ခက်ခဲသွားအောင် လုပ်ပစ်မယ်။ သူတို့သွေးတွေကပဲ ပိုပျစ်သလား ကိုယ့်ဓားကပဲ ပိုထက်သလား
ကြည့်ကြတာပေါ့။”
စုယန်ယန်မှာ
တခဏတာမျှ အံ့အားသင့်သွားပြီး ဟောက်ချန်ဟွမ်း ပြောချင်တာကို နားလည်လိုက်သည်။ ထို့နောက်
သူမသည် ကျယ်လောင်စွာ အော်ရယ်လိုက်၏။
“ရှင်ပြောမှပဲ
သူတို့ကို ကျွန်မဆီ မကြာမကြာ လာစေချင်သွားပြီ။”
ဟောက်ချန်ဟွမ်းသည်
စနောက်လိုသည့်ဟန်ဖြင့် မျက်တောင်တို့ကို ခတ်လိုက်သည်။ “မင်းက သူတို့ကို ဒီလိုသနားစရာ
အနေအထားမျိုးနဲ့ပဲ မြင်ချင်တာလား။”
“အမ်း”
“ဒါဆို သူတို့စွပ်စွဲခံရတဲ့နေ့ကျရင် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ဖို့
တစ်ယောက်ယောက်ကို ကိုယ်ခိုင်းလိုက်မယ်။”
“ကောင်းတယ်၊ ဟမ်။” စုယန်ယန်သည် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီး
ဟောက်ချန်ဟွမ်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ “တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခိုင်းဖို့အတွက်
လူတစ်ယောက်ကို ဘယ်လိုရမှာလဲ။ ဖြစ်နိုင်တာက ... ဟောက်ကော်ပိုရေးရှင်းမှာ ရှင့်လူတစ်ယောက်
ရှိနေတာလား။”
ဟောက်ချန်ဟွမ်းသည်
သူမအား အဓိပ္ပါယ်ရှိသော အပြုံးလေး တစ်ခုသာ ပြုံးပြလိုက်ပြီး တိုက်ရိုက်ပြန်မဖြေခဲ့ပေ။
စုယန်ယန်သည်
သေသေချာချာ စဉ်းစားကြည့်လိုက်သည်။ အဲ့ဒါ ဖြစ်နိုင်တယ်။ ဟောက်ကော်ပိုရေးရှင်းတွင် ဘယ်သူမှ
မရှိပါက ဟောက်ချီဟန်၏ မိသားစုအတွင်းရေးများနှင့် လှုပ်ရှားမှုများကို ဟောက်ချန်ဟွမ်းတစ်ယောက်
မြန်မြန်ဆန်ဆန် ရှင်းရှင်းလင်းလင်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
အဲ့လူ
ဘယ်သူလဲဆိုတာ ဟောက်ချန်ဟွမ်းက သူမအား မပြောပြလျှင် သူမလည်း မေးမည်မဟုတ်ပေ။ လုပ်ငန်းစဉ်က
အရေးကြီးဆုံးမဟုတ်ဘူး။ ရလဒ်က ပိုအရေးကြီးတယ်။
ဟောက်ချန်ဟွမ်းနှင့်
စုယန်ယန် သည် ဟောက်ကော်ပိုရေးရှင်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် အိမ်သို့ပြန်ရောက်လာ၏။
ဟောက်ချန်ဟွမ်းသည်
ထိုနေ့ မွန်းလွဲပိုင်းတွင် သူ့ရဲ့ ခြေထောက်တွေ အနည်းငယ် လှုပ်သွားသည်ကို ခံစားလိုက်ရသည်။
နည်းနည်းလေး လှုပ်သွားတာဆိုရင်တောင် စုယန်ယန်မှာ အလွန်ပျော်ရွှင်နေမိ၏။
ဒီကာလအတောအတွင်း
သူမ၏ ကြိုးစားအားထုတ်မှုများသည် အမှန်တကယ် ထိရောက်မှုရှိသည်ဟု ဆိုလိုနေခြင်းပင်။ ဟောက်ချန်ဟွမ်း၏
အာရုံကြောများ ဖြေးဖြေးချင်း နိုးထလာနေသည်ဟု ဆိုလိုပါသည်။
အပြည့်အဝနိုးထဖို့
အချိန်ပိုကြာနိုင်ပြီး လုပ်ငန်းစဉ်က ပိုရှုပ်ထွေးကာ ခက်ခဲသော်ငြား အနည်းဆုံးတော့ ဒီလှုပ်ရှားမှုလေးက
သူတို့အား မျှော်လင့်ချက်တစ်ခု ပေးခဲ့သည်။
စုယန်ယန်သည်
သူ၏ခြေထောက် လှုပ်ရှားမှုကို ခံစားလိုက်ရသော ဟောက်ချန်ဟွမ်း၏ ထိတ်လန့်တုန်လှုပ်နေသည့်
အမူအရာကို မေ့နိုင်မည်မဟုတ်ပေ။ သူသည် ပျာယာခတ်ကာ တုန်လှုပ်နေ၏။
ထိုအချိန်တွင်
စုယန်ယန်မှာ ဟောက်ချန်ဟွမ်းအတွက် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ခဲ့ပေ။ ဒါကို ဂုဏ်ပြုဖို့နှင့်
ဟောက်ချန်ဟွမ်းအား ဤအရာက အမှန်ပါဟု ခံစားရစေရန် စုယန်ယန်သည် ဧည့်ခံပွဲတစ်ခု ကျင်းပရန်
ဆုံးဖြတ်လိုက်သည်။
ထို့အတွက်ကြောင့်
စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား တစ်ချိန်လုံး စောင့်နေကြသော ပရိသတ်များသည် နောက်ဆုံးတွင်
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ရောက်ရှိလာကြ၏။