အပိုင်း ၃၃၄
Viewers 1k

 

အခန်း (၃၃၄)

 

- စားသောက်ဆိုင်မှ ပိတ်ပင်ခံလိုက်ရခြင်း

 

“ငါ မင်းကို အကြာကြီးစောင့်နေခဲ့တာ။ ကံကောင်းစွာနဲ့ပဲ ငါအရှုံးမပေးခဲ့ဘူးကွ။”

 

[ငါသိတယ်၊ ငါသိတယ်။ စောစောထတဲ့ ငှက်တွေက ပိုးကောင်ဖမ်းမိမယ် ကြိုးစားပြီး စောင့်တဲ့ အင်တာနက်အသုံးပြုသူလေးတွေက တင်ဆက်သူကို အမြဲတမ်း ဖမ်းမိနိုင်လိမ့်မယ်။]

 

[ဝါးးးးးးးး ငါ ငိုနေပါပြီ။ တင်ဆက်သူဟာ အိမ်ထောင်ပြုပြီးကတည်းက သူမရဲ့ ပုံမှန်တာဝန်လေးတွေကို လစ်လျူရှုထားခဲ့တယ်။ တစ်နေ့ တစ်ကြိမ်၊ သုံးရက် တစ်ကြိမ်၊ တစ်ပတ် တစ်ကြိမ် လောက်တော့ အပ်ဒိတ်လုပ်သင့်တယ်လေ။ သူမ အခုဆို နှစ်ပတ်တစ်ကြိမ် အပ်ဒိတ်လုပ်ပေးနိုင်ရင်တောင် ငါ့မှာ ကျေနပ်နေရပါပြီ။ ငါ အရမ်းနစ်နာသလို ခံစားရတယ်။]

 

[ဒီတင်ဆက်သူက ငါတွေ့ဖူးသမျှထဲမှာ ‘တာဝန်အမဲ့ဆုံး’ တင်ဆက်သူပဲ။ အိမ်ထောင်ကျပြီးတော့ တစ်လမှာ နှစ်ကြိမ်ပဲ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်တော့တယ်။ လူကြိုက်အများဆုံး တင်ဆက်သူဖြစ်သွားတော့ ပရိသတ်တွေကို အလွယ်တကူ မေ့ပစ်လိုက်ပြီလားလို့တောင် တွေးမိတယ်။ ပရိသတ်တွေအကုန်လုံးကို မေ့လိုက်ပြီလား။]

 

[တင်ဆက်သူရဲ့ အစစ်အမှန် ပရိသတ်တစ်ဦးအနေနဲ့ အပေါ်က ဝေဖန်လေကန်သူအား တင်ဆက်သူနဲ့ သူ့ခင်ပွန်းက အခုမှ မင်္ဂလာဆောင်ပြီးခါစ ကြင်စဦး အချစ်ငှက်မောင်နှံ ဖြစ်နေတာမို့ နားလည်ပေးဖို့ အကြံပြုလိုပါတယ်။ ပရိသတ်အနေနဲ့ အနည်းငယ် ခံစားရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အမာခံပရိသတ်တစ်ယောက်အနေနဲ့ “ကျေးဇူးပြုပြီး ထွက်သွားပေးပါ” လို့ ပြောချင်ပါတယ်။ ဒီလိုဆို ငါ ကံစမ်းမဲပေါက်ဖို့ အခွင့်အရေး ပိုရလာလိမ့်မယ်။]

 

[^ မင်း... ပြောတာကောင်းတယ်။ ငါလည်း အဲ့လိုပဲထင်တယ်။]

 

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဖြစ်ပျက်သမျှ အရာအားလုံးမှာ လက်တွေ့ဘဝတွင် သူမသည် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့်အချက်နှင့်အတူ သူမ၏ စီးပွားရေးလုပ်ငန်းသည် တိုးတက်နေပြီး ဖောက်သည်ရှားပါးမှုလည်း လုံးဝမရှိပေ။ ထို့အပြင်၊ သူမရဲ့ စားသောက်ဆိုင်၏ သုံးသပ်ချက်များမှာ ၉၉.၉ ရာခိုင်နှုန်းအထိ မြင့်မားပြီး အောင်မြင်မှုရပေသည်။

 

စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ကြည့်ရှုသူအရေအတွက်မှာ ဂဏန်းခုနစ်လုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဂဏန်းကိုးလုံးသို့ ရောက်ရှိရန် နည်းနည်းသာ လိုတော့သည်။ သူမသည် ဝဘ်ဆိုဒ်၏ နံပါတ်တစ် အမျိုးသမီးတင်ဆက်သူဟု သတ်မှတ်လို့ ရပေသည်။ လူအများစုမှာ သူမအား မနာလိုကြပေ။

 

စုယန်ယန်သည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ရက်အနည်းငယ်ကြာ ရပ်လိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည်စတင်ခဲ့သည်။ အချိန်တိုအတွင်းမှာပဲ သူမသည် ဝဘ်ဆိုဒ်ရှိ လူပေါင်းတစ်ဝက်ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမသည် ကြည့်ရှုသူအသစ်များစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့၏။

 

လူအများစုသည် စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု အပြီးသတ်ကို စောင့်ဆိုင်းနေကြသည်။  သူတို့အနိုင်ရဖို့ အခွင့်အလမ်း ပိုများလာစေဖို့ လူတော်တော်များများ ထွက်သွားကြဖို့ မျှော်လင့်နေ၏။

 

ဒီအတောအတွင်း စုယန်ယန်၏ ပျက်ကွက်မှုအား လူတိုင်းက ကြည်နေကြသည်တော့မဟုတ်ခဲ့ပေ။ ပြစ်တင်ဝေဖန်မှု အများအပြားရခဲ့သလို ရိုင်းစိုင်းတဲ့ မှတ်ချက်တွေလည်း အများကြီး ရှိနေခဲ့သည်။

 

[လူတစ်ယောက်က နာမည်ကျော်ကြားလာရင် မာနကြီးလာရော။ အခြားတင်ဆက်သူတွေဆို တစ်ရက် သုံးနာရီ၊ တစ်လဆို နာရီရာနဲ့ချီပြီး တိုက်ရိုက်ထုတ်လွှင့်ကြဝာယ်၊ တစ်ရက်လေးတောင်မှ မနားကြဘူး။ ဒါပေမဲ့ ဒီတင်ဆက်သူကတော့ ဆယ်ရက်တစ်ကြိမ် ဒါမှမဟုတ် တစ်လခွဲမှတစ်ကြိမ်ပဲ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပြုလုပ်ပြီးတော့ တစ်ကြိမ်မှာ နာရီအနည်းငယ်ပဲ တိုက်ရိုက်ထုတ်လွှင့်တယ်။ ရယ်စရာအကောင်းဆုံးကတော့ ဒီလို အပ်ဒိတ်အကြိမ်အရေအတွက်နဲ့တောင် သူမက အချိန်တိုင်း ပရိသတ်တွေ အများကြီး ရနေတုန်းပဲ။ ဟဲဟဲ၊ ဒီတင်ဆက်သူမှာ ဒီပလက်ဖောင်းရဲ့ အကြီးတန်းတွေနဲ့ ပြောမရတဲ့ ဆက်ဆံရေးများ ရှိနေတာလား။]

 

[နောက်ဆုံးတော့ နားလည်တဲ့သူတစ်ယောက်ရှိခဲ့ပြီ။ ငါ မှတ်မိတာမမှားရင် စာချုပ်ကို လက်မှတ်ထိုးတဲ့အခါ လစဉ် တိုက်ရိုက်ထုတ်လွှင့်မှု ဘယ်နှနာရီလွှင့်ရမယ်ဆိုတာ ပလက်ဖောင်းက တင်ဆက်သူကို ပြောတယ်မလား။ တစ်လကို နှစ်ကြိမ်ပဲ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဒီတင်ဆက်သူလိုလူမျိုးကို ပလက်ဖောင်းက တရားမစွဲတာပဲ တော်သေးတယ်။ ဒါပေမယ့် ဒါက ငါ့ကို တကယ်ပဲ သိချင်စိတ် ဖြစ်စေတယ်။ ဒီတင်ဆက်သူက ပလက်ဖောင်းရဲ့ အကြီးပိုင်းတွေနဲ့ ထူးခြားတဲ့ဆက်ဆံရေးများ ရှိနေတာလား။]

 

ထိုမှတ်ချက်ပေးသူ၏ လေသံမှာ ချဥ်စူးနေပြီး ထူးထူးဆန်းဆန်း အခြေအမြစ်မရှိသော စွပ်စွဲချက်တစ်ခုလည်း ရှိနေသည်။ စုယန်ယန်အား မနာလိုသော အခြားတင်ဆက်သူများက သူမအား သိက္ခာကျစေရန် ရေတပ်များကို ငှားရမ်းခဲ့သည်မှာ ထင်ရှားပေသည်။

 

စုယန်ယန်၏ ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်တွင် နေရာကြိုတင်မမှာယူနိုင်သော ဧည့်သည်အချို့လည်း ရှိ၏။ သူတို့သည်လည်း အံကြိတ်ကာ ဝင်ပါလိုက်ကြသည်။

 

[တင်ဆက်သူရဲ့ စားသောက်ဆိုင်က သုံးသပ်ချက် ကောင်းကောင်းလေးတွေက ရေတပ်တွေကို ပိုက်ဆံပေးပြီး ရေးခိုင်းထားတာဖြစ်မှာကို ကြောက်မိတယ်။ ကြိုတင်စာရင်းသွင်းဖို့ ငါ့ရဲ့ အထောက်အထား အစစ်အမှန်ကို အသုံးပြုခဲ့တယ်။ လူများနေလို့ ကြိုတင်စာရင်းသွင်းလို့မရရင်တော့ ရပါတယ်လေ ဒါပေမယ့် အထောက်အထား စိစစ်ခြင်းကို မပံ့ပိုးထားဘူးလို့ ဘာဖြစ်လို့ ပြောတာလဲ။ ဒါက သာမန်စားသုံးသူတွေကို ခွဲခြားဆက်ဆံတာလား။]

 

ပထမတစ်ယောက်ကိုတော့ ပရိသတ်များသည် ထိုလူ စကားမပြောနိုင်သည်အထိ အပြင်းအထန် ဝေဖန်ကြလိမ့်မည်။ ဟောက်ချန်ဟွမ်းသည်လည်း သူ၏အကောင့်ကို ပိတ်ပင်လိုက်သည်။ သို့သော် ဒုတိယတစ်ယောက်ကိုတော့ ဟောက်ချန်ဟွမ်းသည် အကောင့်အား ပိတ်ပစ်သည့်အပြင် သူသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ ထိပ်ဆုံး၌ ရှင်းလင်းချက်တစ်ခုကိုလည်း တင်ထားလိုက်၏။

 

[တောင်တန်းပေါ်က ပိုးစာပင်- တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် အကောင့်ပိတ်ပင်ခံရသော ကြည့်ရှုသူများကို ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်သို့ ဝင်ခွင့်မပြုပါ။ တင်ဆက်သူအား နှစ်ကြိမ် သို့မဟုတ် ထိုထက်ပို၍ ဆဲဆိုခဲ့သည့် ကြည့်ရှုသူများကို သူတို့နှင့် သူတို့၏မိသားစုဝင်များအားလုံးအား ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်မှ လာရောက်စားသုံးခွင့်ပြုမည် မဟုတ်ပေ။ အားလုံးပဲ ဒါလေးကို သတိထားကြဖို့ မျှော်လင့်ပါတယ်။]