Chapter 259
ကျန်းမင်ယွမ် က ဖောင်းပွနေသည့် သူမ ဆံပင်ကို အကြည့်လွှဲလိုက်ကာ သူမကို ပြောလိုက်သည်။
"ဒီနေ့ မင်းကြည့်ရတာ တစ်မျိုးဖြစ်နေသလိုပဲ…မင်းအကြောင်း အွန်လိုင်းမှာ ပျံ့နေတဲ့ ကောလဟာလတွေကြောင့်လား…"
ချန်းဟွမ်က တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
"အဲဒါနဲ့ ပတ်သက်ပြီး ရှင့်ကို ကျွန်မ တောင်းပန်ရမယ်…တစ်ကယ်ဆို ရှင့် ဂုဏ်သိက္ခာအတွက် ကျွန်မ အဲ့လိုတွေ လုပ်ခဲ့ဖို့ မသင့်ပါဘူး…"
ကျန်းမင်ယွမ်က သူမကို ဆွဲထူလိုက်ပြီး ခုံပေါ် ဝင်ထိုင်လိုက်ကာ သူမအား ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။
"ဒါပေမယ့် သူတို့ ပြောတာမောရင် ရပ်သွားလိမ့်မယ်လေ…သူတို့စကားတောင် ပြောပြီး မေ့တတ်တဲ့သူမျိုးတွေပါ…သူတို့ မကြာခင် သတိတောင်ထားမိမှာ မဟုတ်ဘူး…"
ကျန်းမင်ယွမ်က သူမပါးကို ပွတ်သပ်လိုက်ပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှင်းရှင်းက အရေးကြီးဆုံးပဲ… မင်းဘယ်လိုလူလဲဆိုတာ ကိုယ်သိပါတယ်…"
ချန်းဟွမ် အနည်းငယ် ပြုံးလိုက်မိသည်။
"ပြောပါဦး…ကျွန်မက ဘယ်လိုလူလဲ…"
"မင်းက အရမ်းလှပြီး ချစ်စရာကောင်းတယ်လေ…ပြီးတော့ ဟင်းချက်ကောင်းတဲ့ စားဖိုမှူးကောင်းတစ်ယောက်…ပြီးတော့ ကိုယ်ချစ်ရတဲ့သူပေါ့…"
သူက ပြောပြောဆိုဆို ချန်းဟွမ် နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။
"ပြီးတော့ မင်းက ဇနီးကောင်းတစ်ယောက်…"
ချန်းဟွမ် ရှက်သွားရပြီး ခေါင်းကို ငုံ့ထားလိုက်မိသည်။ကျန်းမင်ယွမ်က သူမ၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ကို အထပ်ထပ်အခါခါ နမ်းပစ်လိုက်သည်။သူမကလည်း သူအနမ်းများကို အရှုံးပေးလိုက်ပြီး သူ့ကို ပြန်နမ်းလိုက်မိသည်။
ထိုသို့ နမ်းပြီးနောက် နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားရသည်။ ချန်းဟွမ် သည် သူ့ရင်ခွင်ထဲ တိုးဝင်လိုက်ရင်း သူမအင်္ကျီအောက်ကို ရောက်လာသော သူ့လက်ကို သတိထားမိလိုက်သည်။
“ခဏစောင့်...ခဏနေဦး…"
"ကိုယ် မစောင့်ချင်တော့ဘူး…"
ချန်းဟွမ် အသက်ရှုရခက်လာပြီး သူမလည်ပင်းမှာလည်း ယားကျိကျိ ဖြစ်လာရသည်။ သူ့လက်ဖဝါးက သူမ တစ်ကိုယ်လုံးကို ပွတ်သပ်နေပြီး နောက်ဆုံးတွင် လက်တစ်အုပ်ခန့်ရှိသော နူးညံ့အိစက်နေသည့် တစ်စုံတစ်ခုကို တွေ့သွားရသည်။
ကျန်းမင်ယွမ်က သူမကို ထိတွေ့လိုက်ရာ သာယာညိမ့်ညောင်းသည့် ညည်းညူသံများ သူမ နှုတ်ဖျားမှ ထွက်လာရသည်။
ချန်းဟွမ် ယခုကဲ့သို့မခံစားရဖူးသဖြင့် တုန်လှုပ်ချောက်ချားစေသော ထိုခံစားမှုသည် သူမတစ်ကိုယ်လုံး လျှပ်စီးလက်သွားသလို ဖြစ်သွားရသည်။ထိုလျှပ်စီးကြောင်းသည် သူမ၏ရင်ဘတ်မှ ခြေဖျားအထိ ဖြတ်သန်းစီးဆင်းနေပြီး နောက်ဆုံး သူမခေါင်းထိပ်အထိ ရောက်သွားကာ ရောင်စုံပန်းပွင့်များ ပေါက်ကွဲသွားသလို ဖြစ်သွားရလေသည်။ချန်းဟွမ် တခြားဘာကိုမှ တွေးချင်စိတ်မရှိတော့။
ချန်းဟွမ် သူ့ကို ရုန်းဖယ်ဖို့ မကြိုးစားတော့ဘဲ သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ဖက်တွယ်ထားရင်း ကျန်ကိစ္စများမှာ သဘာဝအတိုင်း ဖြစ်ပျက်သွားရလေသည်။
နွေဦးသည် အခန်းထဲတွင် လင်းဖြာနေရသည်။
သူတို့နှစ်ယောက်မှာ အတွဲညီကြပြီး သူမ၏ ခန္ဓာကိုယ်ကလည်း အာရုံခံစားမှု ပြင်းထန်ရသဖြင့် ကိစ္စပြီးသွားသောအခါ ချန်းဟွမ် အသံက တစ်ခန်းလုံး ဆူညံသွားရလေသည်။
ကျန်းမင်ယွမ် သည် သူမကိုယ်ပေါ်တွင်လှဲနေရင်း သူမ လည်ပင်းများကို ပန်းများပွင့်လာမတတ် နှုက်ခမ်းဖြင့် ကိုက်နေလေသည်။
သူမျက်လုံးများကလည်း တောက်ပနေပြီး ပြုံးလိုက်ရင်း ပြောလေသည်။
"ကိုယ် မင်းကို ပိုင်ဆိုင်ရတဲ့အတွက် အရမ်းပျော်တယ်…"
ချန်းဟွမ်သည် ဆားငန်ငါးတစ်ကောင်လို မလှုပ်မယှက် လှဲနေကာ သူ့စကားကို ကြားလိုက်သည်နှင့် အနည်းငယ် ပြုံးရောင်သမ်းသွားရသည်။ ချန်းဟွမ်က သူမ လက်ဖဝါးကို သူ့ ရင်ဘတ်ပေါ်တင်လိုက်ပြီး အာခြောက်နေသဖြင့် တံတွေးမြိုချလိုက်သည်။
ကျန်းမင်ယွမ်က သူမကို အသေအချာ ကြည့်နေသဖြင့် သူမ ရေဆာနေမှန်း ရိပ်မိသွားရသည်။
"ရေဆာနေလား…"
ချန်းဟွမ် ခေါင်းညိတ်လိုက်သည်။
"ဒီမှာ စောင့်နေနော်…"
ထို့နောက် ကျန်းမင်ယွမ်က ကုတင်ပေါ်မှာဆင်းကာ ကြမ်းပြင်ပေါ်မှ သူ့ ဘောင်းဘီကို ကောက်ယူလိုက်ကာ အခန်းထဲက ထွက်သွားသည်။ မိနစ်အနည်းငယ်ကြာသောအခါ သူ ပြန်ရောက်လာသည်။ ချန်းဟွမ်က ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး ဆင်းမည်ပြုစဉ် ကျန်းမင်ယွမ် စိုးရမ်တကြီး လှမ်းအော်လိုက်သည်။
"ကိုယ်လာပြီ...ကိုယ်လာပြီ…"
ကျန်းမင်ယွမ် ကုတင်နားကို အမြန်လျှောက်လာပြီး သူမကို ခုတင်ပေါ်ပြန်ထိုင်ခိုင်းလိုက်ကာ ရေကိုဂရုတစိုက် တိုက်လိုက်သည်။ ချန်းဟွမ် မှာ မသန်မစွမ်းဖြစ်နေသူ တစ်ယောက်လို ဂရုစိုက်ခံနေရလေသည်။ ရေသောက်လိုက်သဖြင့် သူမလည်း စကားပြောနိုင်လာသည်။
"ရေချိုးချင်တယ်…"
ကျန်းမင်ယွမ်က အလျင်စလိုပင် ပြောလိုက်သည်။
"ကိုယ် ချိုးပေးမယ်…"
Xxxxxx
Chapter 260
"မလိုပါဘူး…ကျွန်မက မသန်စွမ်း လည်း မဟုတ်ဘူး…"
သူမတို့နှစ်ယောက် အရာအားလုံးကို လုပ်ပြီးပြီ ဖြစ်သော်လည်း ချန်းဟွမ် က ရှက်နေဆဲပင်။
" အပေါ်ထပ်ကို ပြန်တက်ပြီး အိပ်တော့…"
"ကိုယ် ဘယ်မှ မသွားချင်ဘူး…"
သူက တခါတရံတွင် လူမျိုးကြီးဝါဒ ရှိသူတစ်ယောက်နှင့် တူနေပေသည်။ ဥပမာအားဖြင့် ချန်းဟွမ်သည် ယခုအချိန်မျိုးတွင် စိတ်နုနေကာ စိတ်ထိခိုက်လွယ်မှန်း သူသိထားသဖြင့် သူမစကားကို ဂရုမစိုက်စွာပင် ရေချိုးခန်းထဲ ပွေ့ခေါ်သွားလေသည်။သူမကိုယ်ပေါ်တွင် ချည်မျှင်တစ်မျှင်တောင် ရှိမနေသဖြင့် ချန်းဟွမ် မှာ အေးနေရတော့သည်။ သိပ်မကြာသေးခင်ကမှ သူမတို့နှစ်ယောက် နီးစပ်ခဲ့ကြသော်လည်း သူမ အနေခက်နေရတော့သည်။ သူမကိုယ်ကို အတတ်နိုင်ဆုံး ကြိုးစားလိုက်၍ လက်နှစ်ဖက်ဖြင့် ဖုံးထားကာ ကျန်းမင်ယွမ်ကို အတင်းအောက်ချပေးရန် ပြောနေတော့သည်။
"မချပေးဘူး…"
ကျန်းမင်ယွမ်သည် ရေချိုးခန်းထဲသို့ လှမ်းဝင်ကာ ဘေးမှ ထိုင်ခုံတစ်လုံးကို ခြေဖြင့်ခတ်၍ ဆွဲယူလိုက်ပြီး သူမကို ထိုင်ခိုင်းလိုက်သည်။ထို့နောက် ရေပန်းကိုဖွင့်ကာ သူမတစ်ကိုယ်လုံး အစုန်အဆန်ပွတ်သပ်၍ ရေချိုးပေးနေတော့သည်။
ချန်းဟွမ်မှာ ရေချိုးနေရသလား၊မီးစနှင့် အထိုးခံနေရသလား မသဲကွဲတော့။ ခဏအကြာတွင် သူမ သည်းမခံနိုင်တော့ပေ။ ကျန်းမင်ယွမ် လည်း သူမ ပြဿနာကို သတိထားမိပုံရသည်။ သူက ဘေးဘီကို ရည်ရွယ်ချက်မဲ့စွာ လှည့်ပတ်ကြည့်လိုက်ရင်း ချောင်းတစ်ချက်ဟန့်ကာ ပြောလေသည်။
"မင်းအရင်ရေချိုးလိုက်…ကိုယ် အခန်းထဲ သွားပြီးတော့ အိပ်ရာခင်းတွေလဲလိုက်မယ်…"
သူက ပြောပြီးပြီးချင်း လှည့်ထွက်သွားသော်လည်း လမ်းတစ်ဝက်ရောက်မှ ပြန်လှည့်လာကာ ရေချိုးကန်ထဲ ရေဖြည့်ပေးလိုက်သည်။
"ရေချိုးပြီးတာနဲ့ ခဏလောက် ဒီထဲဝင်ပြီး ရေစိမ်လိုက်နော်…"
ချန်းဟွမ် က သူ့ကို ကျောပေးထားလျက်နှင့် လှည့်မကြည့်ဘဲ ဖြေလိုက်သည်။
"အင်း…"
ကျန်းမင်ယွမ်က ရေအပူချိန်ကို အနည်းငယ် တင်ပေးထားခြင်းဖြစ်သည်။ ချန်းဟွမ်က ရေချိုးပြီးသည်နှင့် ရေချိုးကန်ထဲ ဝင်ထိုင်လိုက်ရာ ကန်က အလိုအလျောက် နှိပ်နှယ်ပေးလာပြီး၊ ရေစီးကြောင်းများကလည်း ခန္ဓာကိုယ်၏ နာကျင်ကိုက်ခဲမှုများကို ဖယ်ရှားပေးလေသည်။ ချန်းဟွမ် တစ်ကိုယ်လုံး အကြောအချဉ်များ ပြေလျော့လာရပြီး သူမ အိပ်ငိုက်လာရသည်။
ထို့နောက် ချန်းဟွမ် တဖြည်းဖြည်းအိပ်ပျော်သွားရသည်။သူမ နိုးလာသောအခါ အိပ်ယာထဲရောက်နေပြီ ဖြစ်သည်။ ချန်းဟွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ ရေချိုးကန်ထဲမှာ မနစ်သွားရသဖြင့် ဝမ်းသာသွားမိသည်။ သူမ မျက်နှာကို ပွတ်သပ်ရင်း လက်ကို မြှောက်လိုက်ပြီး ကိုယ်ကို နောက်သို့ ယို့လိုက်ရာ သူမကျောသည် ကြွက်သားများဖြင့် မာကျောနေသည့် ရင်ဘတ်တစ်ခုကို ထိကပ်မိသွားရသည်။ထိုရင်ဘတ်၏ အထိအတွေ့မှာလည်း မနေ့ညက ခံစားချက်နှင့် အလွန်တူနေလေသည်။ သူတို့နှစ်ယောက် အတူကုန်ဆုံးခဲ့သည့် အချိန်များကို ပြန်တွေးလိုက်ရင်း ချန်းဟွမ် တိတ်တဆိတ် မျက်နှာပျက်သွားရသည်။ သူမက အောက်နှုတ်ခမ်းကို အသာကိုက်ထားကာ သူမ ခါးကို ဖက်ထားသော သန်မာလှသည့် လက်မောင်းကို တွန်းဖယ်လိုက်သည်။
"မလှုပ်နဲ့လေ…"
ကျန်းမင်ယွမ်က အိပ်ငိုက်သံနှင့် ပြော လိုက်သည်။ သူက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း လည်ပင်းကို နမ်းလိုက်သည်။
"စောသေးတယ်…ကိုယ်နဲ့ အိပ်ဦး…"
“နည်းနည်း လွှတ်ပါဦး…ကျွန်မ အသက်ရှုမဝတော့ဘူး…"
သူမကို ဖက်ထားသည့် လက်က နည်းနည်းတော့ ပြေလျော့သွားရသည်။
ချန်းဟွမ်က သူ့ကို ဆူလိုက်သည်။
"ရှင့်ကို အပေါ်ထပ်ကို တက်ပါလို့ ကျွန်မ ပြောထားတယ် မဟုတ်လား"
"ဘယ်အပေါ်ထပ်လဲ…"
ကျန်းမင်ယွမ် မျက်လုံးများ အနည်းငယ်ပွင့်လာပြီး သူ့အသံကလည်း အပျင်းထူသံ ပေါက်လာသည်။
"မင်း ကိုယ်နဲ့ အိပ်ပြီးပြီလေ...ကိုယ့်ကို နှင်မလွှတ်ပါနဲ့တော့…"
"ရှင့်မှာ အခန်းရှိတယ်လေ…"
"အခုမရှိတော့ဘူး…အဲ့ဒီ အခန်းထဲလည်း မအိပ်ချင်တော့ဘူး…"
ချန်းဟွမ်က အံကြိတ်သံနှင့် ပြောလိုက်သည်။
"ရှင်နော်…ကျွန်မကရော ဘယ်နားအိပ်ရမှာလဲ…"
ကျန်းမင်ယွမ် က သူမ နားရွက်ဖျားကို နမ်းလိုက်ပြန်သည်။
"ရှင်းရှင်း အတွက် အပေါ်ထပ် အခန်းကို ပေးလိုက်မယ်လေ…သူ အတန်းကျောင်းစတက်ရင် အဲ့ဒီအခန်းမှာ နေခိုင်းလိုက်မယ်… လောလောဆယ်တော့ သူ့ကို ကိုယ်တို့ဘေးအခန်းမှာ ထားလိုက်မယ်…"
သူ စကားများများပြောလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာရကာ ချန်းဟွမ်ကို ပွေ့ထားလိုက်ပြီး ကုတင်ခေါင်းရင်းကို မှီထားလိုက်သည်။
"ကိုယ်တို့ အားလို့ရှိရင် ဒီအထပ်ကို အပေါ် နှစ်ထပ်နဲ့ ဆက်လိုက်မယ်လေ… ဘယ်လိုလဲ… ဒါမှ အတက်အဆင်း လွယ်သွားမယ်…ပြောရမယ်ဆိုရင် ဒီနေရာက နည်းနည်းလေး ကျဉ်းတယ်လေ… ရှင်းစစ်လမ်းကို အသစ်ပြန်လုပ်နေပြီး စံအိမ်ကြီးကိုလည်း အသစ်ဆောက်နေတာကြောင့် ဒီမှာပဲ နေဖြစ်နေတာ…ကိုယ်တို့ ဒီ့ထက်ကြီးတဲ့အိမ်ကို ဆောက်နေတယ်လေ…ဒီအိမ်ထက် ပိုပြီး အဆင်ပြေနိုင်တယ်…"
ကျန်းမင်ယွမ်၏ ရင်ဘတ်ကို မှီထား၍ ချန်းဟွမ် သူ့အိမ်မက်ကို နားထောင်နေလေသည်။
သူတို့ရဲ့အိမ်အသစ်ကို ဘယ်လိုပုံစံပြောင်းမလဲ…အခန်းတွေကို ဘယ်လို ထားရလဲ… အိမ်ရှေ့နဲ့ နောက်ဖေးမှာ ဘာပင်တွေ စိုက်ရမလဲ…စသဖြင့်…
သူ့အသံမှာ စိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်တို့ ရှိနေသည်ကို မည်သူမဆိုပြောနိုင်ပေသည်။
Xxxxxxx