အခန်း (၃၅၄) - နင် ေယာကျာ်းရသွားတာနဲ့
ဒီအမေကို ေမ့သွားပြီလား
စုမိသားစုသည် စုယန်ယန်နှင့်
သူတို့၏ သားမက်အသစ်လေးတို့ အိမ်ပြန်လာသည့်အတွက် ကြိုဆိုနှုတ်ဆက်ဖို့ ပြင်ဆင်နေခဲ့ကြသည်။
သို့သော်လည်း ဟောက်ချန်ဟွမ်းသည် ကားပေါ်မှဆင်းပြီးနောက် မထင်မှတ်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။
“ဘာဖြစ်လို့လဲ” စုယန်ယန်သည်
ဟောက်ချန်ဟွမ်းရဲ့လက်ကို လှမ်းကိုင်လိုက်သည်။ စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ လက်ဖဝါးမှာ
ချွေးစေးပြန်တာကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။ “ရှင် စိတ်လှုပ်ရှားနေတာလား။”
“အင်း”
“ရှင် ကျွန်မမိသားစုနဲ့ ပထမဆုံးအကြိမ်
တွေ့ဖူးတာမှမဟုတ်တာ၊ ရှင် ဘာဖြစ်လို့ အရမ်း စိတ်လှုပ်ရှားနေတာလဲ။ ရှင် အရမ်းစိတ်လှုပ်ရှားနေတာကို
ကျွန်မ အခု ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးတာပဲ။”
“အခုက မတူဘူးလေ။”
စုယန်ယန်က မျက်ခုံးပင့်လိုက်ပြီး
“ဘာကွာခြားသွားလို့လဲ။”
“အရင်တုန်းက ကိုယ်က မင်းရဲ့
သတို့သားလောင်းအဖြစ်ပဲရှိသေးတာလေ။ အခု… ကိုယ်က မင်းရဲ့ ခင်ပွန်းဖြစ်နေပြီလေ။”
သူတို့ရဲ့ အထောက်အထားတွေက ကွာခြားသွားပြီဆိုတော့
ဒီလူတွေ့နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံသည့်အခါမှာ သဘာဝအရ ကွဲပြားခြားနားသည်။
“ဒါဆိုရင် ရှင် စိတ်လှုပ်ရှားနေဖို့
မလိုအပ်ပါဘူး။ အခု ရှင်က ကျွန်မတို့ရဲ့ မိသားစုအစစ်ဖြစ်နေပြီလေ။ သူတို့တွေက ရှင့်ကို
အနေခက်အောင် လုပ်မှာမဟုတ်ပါဘူး။”
စုယန်ယန်ဟာ ဟောက်ချန်ဟွမ်းရဲ့
ခံစားချက်ကို အမှန်တကယ် နားလည်သဘောပေါက်နိုင်စွမ်း ရှိပါသည်။ သူမတို့ လက်မထပ်ခင်ကတော့
ချက်ကျလက်ကျပြောရရင် သူမရဲ့ မိသားစုက သူ့မိသားစု မဟုတ်သေးဘူးလေ။
အခု သူမတို့လက်ထပ်ပြီးသွားသောအခါ
သူမ၏ မိသားစုဟာ ဟောက်ချန်ဟွမ်း၏ မိသားစု ဖြစ်လာခဲ့သည်။
သူ့မိဘတွေ ကွယ်လွန်သွားပြီးနောက်
ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ အစစ်အမှန် မိသားစုဝင်တွေကို ဆုံးရှုံးသွားခဲ့ပြီးဖြစ်သည်။
ဟောက်ချန်ဟွမ်းအတွက် မိသားစုတစ်စုနှင့်
မိသားစုဝင်အကြီးအကဲတွေကိုပါ ထပ်မံရရှိပြီးနောက် စိတ်လှုပ်ရှားနေမိမှာ အမှန်ပါပဲ။
"ကျွန်မနဲ့ သွမ်းသွမ်း
ရှင့်ကို ကာကွယ်ပေးမယ်။" စုယန်ယန်က ကားပေါ်မှ ခုန်ဆင်းပြီး အိမ်ထဲသို့ အပြေးအလွှား
ဝင်ရောက်တော့မည့် သွမ်းသွမ်းကို ကောက်ပွေ့ပြီး ဟောက်ချန်ဟွမ်းရဲ့ လက်မောင်းထဲ ထည့်ပေးလိုက်သည်။
မမျှော်လင့်ဘဲ သူ့ဂုတ်ပိုးကို
အဆွဲခံလိုက်ရသည့် သွမ်းသွမ်း "???" ဘာလုပ်တာလဲ။ ဒီကိစ္စကို အမေ့ဖာသာပြောပြ
ကျွန်တော့်ကို အရာဝတ္ထုတစ်ခုကို ဆွဲယူလိုက်ရလား။ ကျွန်တော့်မှာလည်း စိတ်ရှိပါတယ်။
စုယန်ယန်၏ နှစ်သိမ့်ပေးသော စကားလုံးများသည်
အကျိုးသက်ရောက်မှု အနည်းငယ်ရှိသည်။ ဟောက်ချန်ဟွမ်းသည် အများကြီး စိတ်ငြိမ်သွားပုံပေါ်သည်။
သေချာသည်မှာ ဒါက အပေါ်ယံမျှသာဖြစ်သည်။
ခြံဝင်းထဲသို့ ဝင်လာသည့် သူတို့နှစ်ယောက်နှင့်
ခွေးလေးဟာ ချိန်ရှုချင်နှင့် တခြားသူတွေကို အဝေးကနေ မြင်လိုက်ရချိန်မှာ တိတ်ဆိတ်သွားခဲ့သည်။
ခြံဝင်းတွင်းရှိ လေထုသည် ရုတ်တရတ်
ပြောင်းလဲသွားခဲ့သည်။ ဟောက်ချန်ဟွမ်း၏ လက်မောင်းထဲမှ ကောင်ကလေးပင် မသိစိတ်က ရှုပ်ထွေးနေသော
ခံစားချက်များဖြင့် သူလေး၏ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့သည်။
အဆုံးမှာတော့ စုယန်ယန်က တိတ်ဆိတ်မှုကို
အရင်ဆုံး ချိုးဖျက်လိုက်သည်။ သူမက ကူကယ်ရာမဲ့စွာဖြင့် “အဖေ၊ အမေ ဒီမှာ ဘာဖြစ်လို့ မတ်တပ်ရပ်နေတာလဲ။ သမီး အိမ်နဲ့ ဝေးနေတာ
ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ အမေတို့က သမီးကို အသိအမှတ်မပြုတော့ဘူးလား။”
ထိုအခါမှပင် သူတို့လူအနည်းငယ်စုသည်
တွေဝေမိန်းမောနေမှုမှ နှိုးထလာခဲ့ကြသည်။ ချိန်ရှုချင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“နင် ငါတို့ကို မေ့နေပြီလို့ထင်နေတာလေ။ နင် အိမ်ထောင်ကျတာကြာပြီ၊ နင် နင့်မိသားစုတွေဆီကို
ဖုန်းခေါ်ဖို့ မေ့၊ အိမ်ကို ဘယ်လိုပြန်လာရမလဲ ဆိုတာကိုပါ မေ့နေပြီလား။ နင့်မှာ ယောကျာ်းရှိသွားတာနဲ့
နင်က နင့်အမေကို တကယ်မေ့သွားတာပဲ။”
မစ်စတာစုက လျင်မြန်စွာ ဝင်ပြောခဲ့သည်၊
“နင် နင့်အဖေကိုလည်း မေ့သွားတယ်။”
စုယန်ယန်တစ်ယောက် ပြောစရာစကားပျောက်ရှသွားခဲ့ရသည်။
ချိန်ရှုချင်၊ “...”
စုယန်ယန်သည် တစ်ခဏတာမျှ ကြက်သေ
သေသွားပြီး ချိန်ရှုချင်ရဲ့ လက်ကို ဆွဲကိုင်ဖို့ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ စုယန်ယန်သည်
မရယ်မောဘဲ မနေနိုင်ခဲ့ပါ။ “သမီး အခုတလော အရမ်းအလုပ်များနေလို့ပါ။”
“နင် ဘာကို အလုပ်များနေတာလဲ၊
နင်...” ချိန်ရှုချင်သည် သူမ ပြောနေရင်း စုယန်ယန်မှာ ကုမ္ပဏီတစ်ခုနှင့် စားသောက်ဆိုင်တစ်ဆိုင်
ရှိနေတာကို အမှတ်ရသွားခဲ့သည်။ သူမ နှလုံးသားလေး နာကျင်သွားပြီး “တကယ်လို့ နင် စားသောက်ဆိုင်ဖွင့်ချင်တယ်ဆိုတာ
အမေ သိရင် အဲဒီဖျော်ဖြေရေးကုမ္ပဏီကို ငါ နင့်ကို မပေးလိုက်ပါဘူး။ အခုတော့ အမေ့သမီးလေး
ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက် ဖြစ်နေရပြီ၊ အမေ့သမီးလေး အလုပ်မရှုပ်ဘဲ ဘယ်နေပါ့မလဲ။
ကြည့်ပါဦး၊ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ အမေ့သမီးလေး ဝိတ်တွေတောင် ကျသွားတယ်။”
စုယန်ယန်က ဘာမှ ပြန်မပြောနိုင်ခင်
ဟောက်ချန်ဟွမ်းက ဝင်ပြောခဲ့သည်၊ “ဒါ သူ့ကို ကောင်းကောင်း ဂရုမစိုက်နိုင်တဲ့ ကျွန်တော့်အမှားပါ။”
ဟောက်ချန်ဟွမ်း၏ ရိုးရှင်းသော
တောင်းပန်မှုသည် ချိန်ရှုချင်အား ဆို့နင့်သွားစေခဲ့သည်။
စုယန်ယန်သည် လေထု တဖန် ပြန်အေးစက်သွားမှာကို
စိုးရိမ်သောကြောင့် အလျင်စလို ပြောလိုက်သည်၊ “တကယ်တော့၊ ဒါက သိပ်မဆိုးပါဘူး။ သမီး အခုမှ
စားသောက်ဆိုင် စဖွင့်တာဆိုတော့ အရာအားလုံးက လမ်းကြောင်းမှန်ပေါ် မရောက်သေးဘူး။ ကုမ္ပဏီကလည်း
မကြာသေးခင်ကမှ လက်လွဲယူခဲ့တာဆိုတော့ ပြဿနာတွေ တွေ့ကြုံရမှာ မလွဲမသွေပါပဲ။ အခုအချိန်မှာတော့
ဒီပြဿနာအများစုကို ဖြေရှင်းပြီးသွားပါပြီ။ စားသောက်ဆိုင်အသစ်လည်း တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်
ရောက်လာပါပြီ။ လူကိုယ်တိုင် သွားကြည့်ဖို့ သိပ်မလိုအပ်တော့ဘူး။ ဒုက္ခတွေ တော်တော်လေး
သက်သာသွားတယ်။ အရင်လို အလုပ်ရှုပ်တော့ပါဘူး။”