အခန်း (၃၅၇) - မင်းကို ငါ့လစာငွေအပ်မယ်
ချိန်ရှုချင်သည် ထည့်ပေးခံလိုက်ရသည့်
ဟင်းပွဲအနည်းငယ်ဖြင့် လာဘ်ထိုးခံလိုက်ရသော သားအဖကို တစ်ချက်ကြည့်ပြီး ဒေါသထွက်မိသလို
ရယ်ချင်စိတ်ပါ ဖြစ်ပေါ်မိသည်။ သူမသည် “အသုံးမကျတဲ့လူတွေကတော့” ဟု တိတ်တဆိတ်သာ ကျိန်ဆဲခဲ့မိသည်။
စားသောက်နေစဥ်အတွင်း ရံဖန်ရံခါ
မျက်နှာသာရဖို့အတွက် ယှဥ်ပြိုင်ရုံကလွဲလို့ အခြား မည်သည့်အရာမျှ မဖြစ်ခဲ့ပေ။
ဟောက်ချန်ဟွမ်းသည် သူ့၏ လိမ္မာပါးနပ်စွာ
ရှောင်တိမ်းနိုင်မှုကြောင့် ညစာစားပွဲတွင် လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်၊ ထို့ကြောင့်
မကြာခဏ လျစ်လျူရှုခံခဲ့ရသော အခြားအမျိုးသားနှစ်ယောက်မှာ မကျေနပ်ချက်များ ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ဒီအချက်ကြောင့်
သူတို့နှင့် ဟောက်ချန်ဟွမ်းအကြား ဂရုတစိုက် ပြောဆိုဆက်ဆံနေသာ အကွာအဝေးမှာ သိသိသာသာကို
လျော့နည်းသွားခဲ့ပါသည်။
ဟောက်ချန်ဟွမ်းသည် စုမိသားစု၏
အငွေ့အသက်ကို သဘောကျသည်။ အသက်မဲ့ပြီး စားသောက်နေစဥ် ညှင်းပန်းနှိပ်စက် ခံနေရသလို အငွေ့အသက်မျိုးကို
ခံစားရစေသည့် ဟောက်မိသားစုနှင့်မတူဘဲ ဆူညံပြီး အသက်ဝင်လှသည်။
နေ့လည်စာ စားပြီးနောက် လူကြီးများသည်
သူတို့နှစ်ဦးကို ဆွဲခေါ်ကာ သူတို့ရဲ့ အိမ်ထောင်ပြုပြီးနောက် နေ့ရက်များကို ဂရုတစိုက်
မေးခွန်းထုတ်ကြသည်။
ဟောက်ချန်ဟွမ်းသည် ပူးပေါင်းဆောင်ရွက်ပေးပြီး
သူ့စိတ်ထဲရှိသမျှကိုပါ ထုတ်ပြောခဲ့ပါသည်။
အခြားတစ်ဖက်တွင်မူ စုယန်ယန်သည်
အနည်းငယ် အရှက်ကွဲခဲ့ရပြီး စကားမပြောဘဲ တစ်ချိန်လုံး တိတ်ဆိတ်နေကာ သူမကို မေးမြန်းသောအခါတွင်
ခေါင်းညိတ်ခေါင်းခါကိုသာ လုပ်နေခဲ့သည်။
စုယန်ယန်သည် လူကြီးများ၏ ဆူပူမာန်မဲဗုံးကြဲတိုက်ခိုက်မှုများကို
ခံနိုင်ရည်ရှိဖို့ မလွယ်ကူလှပေ။ ထွက်ပြေးလွတ်မြောက်ဖို့ သူမသည် ဟောက်ချန်ဟွမ်းကို အလျင်စလို
ခေါ်သွားဖို့လုပ်သော်လည်း သူမကို ချင်ရွယ်ရူက တားမြစ်ခဲ့သည်။
“ယန်ယန်၊ ကလေးက သုံးလရှိနေပြီ။
ငါ လုပ်နိုင်...”
“အန်တီလေး ပြန်ချင်လို့လား။”
ချင်ရွယ်ရူက ခေါင်းညိတ်သည်။
ချိန်ကျွင်းဟောက်နှင့် အဖိုးချိန်တို့ဟာ
သူတို့ပြန်သွားတဲ့အခါ သူမကို စုမိသားစုအိမ်မှာ ထားခဲ့ကြသည်။ တစ်ဖက်တွင်မူ သူတို့က သူမကို
ကိုယ်ဝန်ရှိစအချိန် သူတို့ ပြန်သွားခဲ့ရသည့်အပြင် သူမရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်နေခဲ့ရသည်။
အခြားတစ်ဖက်တွင် ချိန်မိသားစုသည် ထိုအချိန်က မတည်မငြိမ်ဖြစ်နေပြီး မငြိမ်းချမ်းသော
အရာတစ်ခုကြောင့် သူမ ပြန်လိုက်လာတဲ့အခါ ကလေးကို ဘေးကင်းစွာ မွေးနိုင်မည်မဟုတ်ပေ။
ဒုတိယအနေဖြင့် စုယန်ယန်သည် သူမ၏
ခန္ဓာကိုယ်အား ပြန်လည်ကျန်းမာလာစေရန်အတွက် ကူညီစောင့်ရှောက်ပေးနိုင်ပြီး သူမ ကလေးမွေးဖွားတဲ့အခါ
နာကျင်မှုကို သက်သာစေဖို့ကိုလည်း မျှော်လင့်ခဲ့ကြပါသည်။
ယခုအခါ ချိန်မိသားစု၏ အခြေအနေသည်
အခြေခံအားဖြင့် တည်ငြိမ်နေပြီဖြစ်ပြီး သူမ၏ ကလေးသည် သုံးလကျော်ပြီဖြစ်ကာ စစ်ဆေးခြင်းဆိုင်ရာ
ကဏ္ဍအားလုံး အဆင်ပြေနေပါပြီ။
စုမိသားစုမှ လူတိုင်းက သူမကို
ကောင်းမွန်စွာ ဆက်ဆံကြသော်လည်း ဤနေရာသည် သူမအိမ် မဟုတ်သလို သူမ အရမ်းလွမ်းဆွတ်နေသော
သူတစ်ယောက်သည်လည်း ဒီနေရာမှာ မရှိပေ။ ချင်ရွယ်ရူသည် အနည်းငယ်မျှ မလွဲမသွေ ခံစားရသည်...
စုယန်ယန်သည်လည်း ဒါကို သဘာဝကျကျ
နားလည်ပါသည်။ ဒီနေ့ အိမ်ပြန်လာတာ သူမရဲ့ မိသားစုကို တွေ့ချင်နေတာအပြင် ချင်ရွယ်ရူ၏
အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုပါ သူမ သိချင်မိပါသည်။
ဘာပြဿနာမှမရှိဘူးဆိုတော့ သူမ
အိမ်ပြန်ချင်ရင် ပြန်သွားနိုင်ပါသည်။ အဆုံးမှာတော့ သူတို့ဟာ သူမ အလိုအပ်ဆုံး သူတစ်ယောက်
မဟုတ်ခဲ့ပါဘူး။
“ဟုတ်၊ သမီး ကျန်းမာရေးစစ်ဆေးချက်ကို
ကြည့်ပြီးပြီ၊ ကလေးက အဆင်ပြေပါတယ်။ အန်တီလေးရဲ့ ခန္ဓာကိုယ်ကလည်း ဘာမှ မှားနေတာ မရှိဘူး။
တကယ်လို့ အန်တီလေး ပြန်ချင်တယ်ဆိုရင် အန်တီလေးကို လာခေါ်ဖို့ တစ်ယောက်ယောက် စီစဥ်ပေးဖို့
ဦးငယ်လေးကို ပြောလိုက်ပါ။”
ချင်ရွယ်ရူသည် သက်ပြင်းချလိုက်မိသည်။
သူမသည် စုယန်ယန်ကို မျက်ကန်းတစ်ယောက်လို ယုံကြည်သည်။ ကျန်းမာရေးစစ်ဆေးချက်ရရှိပြီးနောက်တွင်ပင်
သူမသည် စိတ်ချလက်ချ မဖြစ်မီ စုယန်ယန်ထံမှ ခွင့်ပြုပေးတာကို ရယူလိုခဲ့သည်။
“အန်တီလေး ကိုယ့်ကိုယ့်ကို သေချာဂရုစိုက်ရမယ်နော်။
လာမယ့်လအနည်းငယ်အတွင်း သမီးတို့ အန်တီလေးဆီ လာလည်မယ်။” ထိုအချိန်လောက်ဆို ဟောက်ချန်ဟွမ်းတစ်ယောက်
မတ်တပ်ပြန်ရပ်နိုင်လောက်ပြီ။
“အင်း”
ချင်ရွယ်ရူကို နှုတ်ဆက်ပြီးနောက်
နှစ်ယောက်သား အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကားပေါ်ရောက်တာနဲ့ စုယန်ယန်က အလျင်စလို
ပြောခဲ့သည်၊ “ကျွန်မအမေနဲ့ ကျန်တဲ့သူတွေက စကားသိပ်မပြောတတ်ဘူး။ သူတို့က ကျွန်မကို မတွေ့တာကြာတော့
သူတို့က စိတ်ပူပြီး မေးခွန်းတွေ ပိုမေးဖြစ်သွားတာ။ ဒီနေ့ ရှင့်ရဲ့ ကြိုးစားအားထုတ်မှုအတွက်
ကျေးဇူးပါနော်။”
ဟောက်ချန်ဟွမ်းက ခေါင်းခါပြီး
စုယန်ယန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“သူတို့က အဆင်ပြေပါတယ်။”
စုယန်ယန် အိမ်ထောင်ကျသွားတာတောင်မှ
သူတို့ရဲ့ စိတ်ထဲမှာ သူတို့အချစ်ဆုံးညီမ(သမီး) အဖြစ် ရှိနေဆဲပါပင်။
စုယန်ယန်သည် ဒီမိသားစုမျိုးမှ
ကြီးပြင်းလာခဲ့သောကြောင့် ဤမျှ ကောင်းမွန်သော လူတစ်ယောက် ဖြစ်လာတာ ဖြစ်လိမ့်မည်။
ပြီးတော့ အခု၊ သူမဟာ သူ့အပိုင်
ဖြစ်လာခဲ့ပြီ။
စုယန်ယန်တစ်ယောက် တစ်ခုခု ပြောမလို့လုပ်နေစဥ်
သူမ၏ လက်ကိုင်ဖုန်းသံမြည်လာခဲ့သည်။
စုယန်ယန်သည် အောက်ကိုငုံ့ကြည့်လိုက်တော့
မြင်လိုက်ရသည့် စာသားမက်ဆေ့ချ်ကြောင့် ထိတ်လန့်သွားသည်။
“ဟင်၊ ကျွန်မအကောင့်ထဲမှာ ဘာဖြစ်လို့
ရုတ်တရတ် ဒီလောက် ပိုက်ဆံတွေ အများကြီး ဝင်လာတာလဲ။” စုယန်ယန်သည် စာသားမက်ဆေ့ချ်ရှိ
သုညများကို အတည်ပြုကြည့်ခဲ့သည်။ သူမ ဖုန်းဆက်မေးမြန်းတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က
သူမကို တားမြစ်ခဲ့သည်။
“ဟမ်”
ဟောက်ချန်ဟွမ်းသည် သူမရဲ့ မျက်လုံးများကို
တိုက်ရိုက်ကြည့်ကာ သူ့မျက်လုံးထဲတွင် အနည်းငယ် ရယ်မြူးရိပ်သမ်းနေခဲ့သည်။
“ကိုယ့်လစာငွေကို မင်းကိုအပ်မယ်။”