Chapter 271
ဇနီးမောင်နှံများသည် သားသမီးများ မမွေးဖွားမီ လက်ထပ်ရသည်ကို ရှင်းရှင်း အမှန်ပင် မသိပေ။သူတို့ မိဘများမင်္ဂလာပွဲအကြောင်း ကြွားလုံးထုတ်တတ်ကြသည့် ကျောင်းက သူငယ်ချင်းများကြောင့်သာ ချန်းဟွမ်ကို မေးရခြင်း ဖြစ်သည်။
ချန်းဟွမ်က ခဏ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"မေမေလည်း အဲဒါကို သေချာမသိဘူး…"
"ဘာဖြစ်လို့ မသိရတာလဲ…"
"ဘာလို့လဲဆိုတော့ ဒါက မေမေတစ်ယောက်တည်း ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလေ…"
ချန်းဟွမ်က ပုံပြင်စာအုပ်အား ချထားလိုက်ပြီး ရှင်းရှင်းကို စောင်ခြုံပေးလိုက်သည်။
"တော်ပြီ… အိပ်ချိန်ရောက်ပြီနော်… မနက်ဖြန်ကျောင်းသွားရမယ်လေ.."
ရှင်းရှင်းက အင်းကနဲ ညီးတွားလိုက်ကာ မျက်လုံးမှိတ်ထားလိုက်သည်။
"ဂွတ်ဒ်နိုက်နော် မေမေ…"
ချန်းဟွမ်ကလည်း သူ့ပါးကို နမ်းလိုက်သည်။
"သားလည်း အိမ်မက်လှလှ မက်ပါစေနော် ချစ်လေး…"
***
ရှင်းရှင်း သည် တယောထိုးတတ်လာသည်နှင့်အမျှ ချန်းဟွမ် လည်း ရှန်းရှီနှင့် ပို၍ရင်းနှီးလာခဲ့သည်။ ရှန်းရှီ သည် သူမပတ်ဝန်းကျင်ထဲတွင် ထူးဆန်းသောသူ တစ်ယောက်ဖြစ်လို့နေသည်။ သူမသည် ရည်မှန်းချက် မရှိပုံပေါက်နေပြီး အချိန်ဖြုန်းတတ်သူ ဖြစ်သော်လည်း အတန်း မတက်ဘဲမနေခဲ့ပေ။သူမကို စွန့်ပစ်ခဲ့သည့် အမေဖြစ်သူကို မုန်းတီးခဲ့သော်လည်း အငြိုးထားမနေတော့။ သူမမှာ ယောက်ျားများနှင့် လက်ပွန်းတတီးနေရသည်ကို နှစ်သက်သည့် ပလေးဂဲလ် တစ်ယောက်လို ဖြစ်နေသော်လည်း ယောက်ျားများကို မုန်းတီးနေကြာင်း သူမနှင့်ရင်းနှီးသူတိုင်း သိကြ၏။
ရှန်းရှီ သည် အတိတ်က ဖြစ်ရပ်များကြောင့် ပေါင်းသင်းဆက်ဆံရခက်သူတစ်ယောက် ဖြစ်နေသဖြင့် ချန်းဟွမ် သူမကို စာနာနားလည်မိသည်။သူမ၏ ဘဝအတွေ့အကြုံများမှာလည်း ရှန်းရှီနှင့် အတော်လေး ဆင်တူသောကြောင့် ချန်းဟွမ် သူမကို အလွန်ဂရုစိုက်ပေးပြီး ဆုံးမလေ့ရှိသည်။သူမ ကရုဏာဒေါသနှင့် ပြောဆိုသော စကားများကို ရှန်းရှီ စိတ်ဆိုးတတ်သော်လည်း ခဏသာ၊မကြာခင် သူမကို ပြန်လာခေါ်တတ်၏။
.......
ရာသီဥတုမှာ ပိုပူလာပြီး ကုတ်အင်္ကျီထူထူများအစား ချည်ထည်များကို ရွေးချယ်ဝတ်ဆင်ရသော ကာလ ရောက်လာခဲ့သည်။
ချန်းဟွမ်သည် နောက်ပိုင်းတွင် စားသောက်ဆိုင်၌သာ အချိန်ကုန်ဆုံးနေပြီး ပူပြင်းသောရာသီနှင့် လိုက်ဖက်သည့် ဟင်းပွဲအသစ်များကို စားဖိုမှူးများနှင့်အတူ ပြင်ဆင်နေခဲ့သည်။
ရှန်းရှီလည်း ကျောင်းပိတ်ရက်တွင် အားလပ်ချိန်များစွာရနေ၍ ချန်းဟွမ်ဆီ လိုက်လာတတ်သည်။ ချန်းဟွမ် သည် စားဖိုမှူးနှင့် အလုပ်ရှုပ်နေပြီး တစ်ခါတစ်လေ သူမကို နာရီပေါင်းများစွာ လျစ်လျူရှုထားသလို ဖြစ်တတ်သည်။
ရှန်းရှီ ကလည်း သူမဘာသာ နေသာသလိုနေကာ ဆိုင်မှ ပစ္စည်းများကို လှန်လှောကြည့်တတ်သည်။
ရှန်းရှီမှာ သူဌေး၏သူငယ်ချင်းဖြစ်သောကြောင့် ဘယ်ဝန်ထမ်းမှ မပြောရဲကြသော်လည်း သူမထိကိုင်လိုက်သည့် ပစ္စည်းများကို သူတို့ အမြန် ဆေးကြောကြလေသည်။နောက်ပိုင်းတွင် ရှန်းရှီလည်း ရိပ်မိလာသဖြင့် ဟိုကိုင်၊ဒီကိုင် ကိုင်မကြည့်တော့ဘဲ ဂိမ်းသာဆော့နေလိုက်တော့သည်။
နေ့လည် ၂ နာရီမှသာ ချန်းဟွမ် နေ့လည်စာ စားရတော့သည်။ ဆိုင်မှာလည်း လူရှင်းနေ၍ ရှန်းရှီမှာ အကြီးဆုံးစားပွဲတွင် ရွေးထိုင်လိုက်ကာ ခြေချိတ်၍ ဂိမ်းဆော့နေလေသည်။
ချန်းဟွမ်က ဟင်းခွက်များယူလာပြီး သူမဘေးမှာ ဝင်ထိုင်လိုက်သည်။
"နေ့လည်စာစားပြီးပြီလား…"
ရှန်းရှီ သူမကို မော့ကြည့်လိုက်သည်။
"စားပြီးပြီ…"
"အင်း ပြီးရောလေ…"
ချန်းဟွမ် ၏ နေ့လည်စာသည် အလွန်ရိုးရှင်းသည်။ ခေါက်ဆွဲတစ်ပန်းကန်သာဖြစ်ပြီး ဆလတ်ရွက်အနည်းငယ် အုပ်ထားသည်။ရှန်းရှီ ဂိမ်းထဲမှ အသံဗလံများကို သူမ နားထောင်ရင်း ခေါက်ဆွဲကို တူဖြင့်ညှပ်၍ စားလိုက်သည်။စားပြီးသည်နှင့် ချန်းဟွမ် က ပါးစပ်ကို သုတ်လိုက်ပြီး ဘေးဘီကို လှမ်းကြည့်လိုက်သည်။
"ပျင်းရင် အပြင်ထွက်လည်ပါလား…"
"မပျင်းပါဘူး…"
"ကောင်းပါပြီ...ဒါဆိုလည်း ဆက်ကစားလေ...ငါကတော့ အပြင်သွားစရာလေး ရှိလို့ သွားလိုက်ဦးမယ်…"
ချန်းဟွမ်က မတ်တပ်ထရပ်လိုက်၏။
"ခဏနေဦး…"
"ဘာဖြစ်လို့လဲ…"
"ဒီဂိမ်းကို အရင်ပြီးအောင် ဆော့လိုက်ဦးမယ်…"
ချန်းဟွမ် ဘာမှပြန်မပြောဘဲ ရှန်းရှီ ဂိမ်း ဆော့ပြီးအောင် စောင့်နေလိုက်သည်။
ရှန်းရှီသည် ဂိမ်းဆော့ပြီးသောအခါ ဖုန်းကိုချထားကာ ချန်းဟွမ် ကို မော့ကြည့်လိုက်သည်။
" ငါ မင်းသမီးဖြစ် အောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ...ဘယ်လိုထင်လဲ..."
"မင်းသမီး ဟုတ်လား…"
“ဟုတ်တယ်.... အပြင်မှာဆို talents showတွေ အများကြီးရှိတယ်... ဆယ်လီတော်တော်များများကလည်း အဲဒီလိုနဲ့ပဲ နာမည်ကြီးလာတာ… ငါလည်း ကြိုးစားကြည့်ချင်တယ်…"
ချန်းဟွမ် သူမကို သေချာကြည့်လိုက်မိသည်။
ရှန်းရှီ သည် လှပသော ခန္ဓာကိုယ်ရှိပြီး မျက်နှာမှာလည်း နူးညံ့သိမ်မွေ့နေကာ မျက်နှာပေါ်ရှိ ကော်လဂျင်ဓာတ်များသည် မပျက်ဆီးသေးသဖြင့် နုပျိုလှပနေပေသည်။လူအများကြားတွင် ထင်ပေါ်ပြီး မှတ်မိလွယ်သော မျက်နှာထားရှိသူပင်။
ဒါပေမယ့်လည်း…
" နင့်မှာ ဘယ်လို အရည်အချင်း ရှိလို့လဲ…"
"ငါ သီချင်းဆိုတတ်တယ်...ကလည်း ကတတ်တယ်...တိုင်ပတ်အကလေ…"
ရှန်းရှီက ချန်းဟွမ် ကို မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်သည်။
"ငါ အရင်တုန်းက စားဝတ်နေရေးအတွက် ဘာတွေလုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား…"
ချန်းဟွမ် "……"
Xxxxxxx
Chapter 272
"ကျောင်းမှာလည်း စာကောင်းကောင်း မလုပ်ဘူး...အဲ့တော့ ကျောင်းမှာ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေမယ့်အစား ဒီအနုပညာ နယ်ပယ်မှာတော့ ကြိုးစားကြည့်ချင်တယ်..."
သူမက စီးကရက်တစ်လိပ်ကို မီးညှိပြီး တစ်ရှိုက် ရှိုက်လိုက်သည်။ တတိယအဆင့်ကြယ်ပွင့်များ ငွေမည်မျှရနေကြောင်း ပြောပြထားသည့် ဆောင်းပါးအချို့ကို ပြလိုက်သည်။
"ကြည့်... ဘယ်အလုပ်မဆို ပြောရေးဆိုခွင့်ရှိသူဖြစ်ရုံနဲ့ တစ်သက်လုံး စားဖို့သောက်ဖို့ မပူရတော့ဘူး…ငါလည်း အဲ့လောက်တော့ မညံ့ပါဘူး...သူတို့တောင် လုပ်နိုင်သေးတာ ငါဘာလို့ မလုပ်နိုင်ရမှာလဲ…"
"ကောင်းပြီ…ဒါဆိုလည်း သွားပြိုင်လိုက်တော့လေ…"
ငါ စာရင်းသွင်းပြီးပြီ... ပထမ အသုတ်က လာမယ့်အပတ်မှာ ကျင်းပမှာ…"
ဒါဆိုလည်း ဘာလို့ ငါ့ကို မေးနေသေးလဲ….…....
ချန်းဟွမ် သည် အလှည့်စားခံရသလို ဖြစ်သွားသဖြင့် ရှန်းရှီ အနားတွင် မနေချင်တော့။သူမက ခေါက်ဆွဲပန်းကန် အလွတ်ကို ကောက်ကိုင်ကာ အလုပ်လုပ်မည်ဟု ပြော၍ မီးဖိုခန်းဆီ လျှောက်သွားလိုက်သည်။ထို့နောက် သူမ အလုပ်ဇောကပ်နေသဖြင့် အခြားကိစ္စများစွာကို မေ့ပစ်ရန် လွယ်ကူသွားရသည်။
ကျန်းမင်ယွမ်၏ ဖုန်းခေါ်သံကြောင့် သူမ လန့်ဖျပ်သွားရချိန်၌ ညနေ 6 နာရီကျော်နေပြီဖြစ်သည်။သူသည် အလုပ်မှာပဲ ရှိနေသေးပုံရပြီး ဝန်ထမ်းများ သူ့ကို နှုတ်ဆက်နေသံကို တစ်စွန်းတစ်စ သူမကြားနေရသည်။
"မင်း အိမ်မပြန်သေးဘူးလား…"
"မပြန်ရသေးဘူး…"
ချန်းဟွမ် က သူမနဖူးကို ရိုက်လိုက်ကာ သူမကိုယ်သူမလည်း ဒေါသဖြစ်သွားရသည်။
"ကျွန်မ နှိုးစက်လုပ်ထားဖို့ မေ့သွားလို့ ရှင်းရှင်းကိုလည်း သွားမကြိုရသေးဘူး…"
"ရပါတယ် ကိုယ်လူလွှတ်ပြီး ကြိုခိုင်းလိုက်ပြီလေ…"
ကျန်းမင်ယွမ်က ရယ်လိုက်ပြီး ရှင်းရှင်း ကို ဖုန်းပေးလိုက်ရာ ကလေးလေး၏ ချွဲပျစ်ပျစ်အသံသည် ဖုန်းထဲတွင် ထွက်ပေါ်လာရလေသည်။
"မေမေ...သားနဲ့ဖေဖေတို့ မေမေ့ကို လာကြိုမယ်နော်…"
ကျန်းမင်ယွမ် ၏ ကုမ္ပဏီသည် စားသောက်ဆိုင်နှင့် သိပ်မဝေးသောကြောင့် ချန်းဟွမ်ကလည်း သဘောတူလိုက်သည်။
ကျန်းမင်ယွမ်က သူမသဘောတူပြီးသည့်နောက် ဖုန်းကိုပြန်ယူလိုက်ပြီး ပြောလိုက်သည်။
"မိနစ် 20 အတွင်း ကိုယ်တို့ရောက်မယ် နော်…မင်းအဲဒီမှာ အေးအေးဆေးဆေး စောင့်နေတော့…"
"ဟုတ်ပါပြီ…"
ထို့နောက် ချန်းဟွမ် သည် ဖုန်းချလိုက်ကာ ခါးစည်းကို ဖြုတ်၍ သူမကိုယ်သူမ သန့်ရှင်းရေးလုပ်လိုက်သည်။ တစ်နေကုန် ဆီပူမီးပူထဲ နေနေရသဖြင့် သူမတစ်ကိုယ်လုံး ချွေးစေးများဖြင့် စေးကပ်နေရသည်။
ချန်းဟွမ်က မျက်နှာသစ်လိုက်ပြီး အပိုယူလာသော အဝတ်တစ်စုံ လဲဝတ်လိုက်သည်။ထို့နောက် ခေါင်းဖြီးလိုက်၍ ပိုက်ဆံအိတ်ယူပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။သူမတံခါးနားရောက်သည့်အခါ တစ်စုံတစ်ယောက်က သူမနောက်မှ ပြေးလာနေရာ ချန်းဟွမ် လှည့်ကြည့်လိုက်လျှင် ရှန်းရှီ ဖြစ်နေလေသည်။
"နင် ဒီမှာရှိနေသေးတယ်လား…"
ချန်းဟွမ် အနည်းငယ် အံ့သြသွားရသည်။ ရှန်းရှီ သည် သူမ,သိထားသလောက် စိတ်ရှည်သူမဟုတ်ပေ။
"ဘယ်တုန်းက ထွက်သွားတာ တွေ့လို့လဲ…"
"ဟုတ်ပါပြီ ငါ့အမှားပါ…အခု အိမ်ပြန်တော့မလို့လား…"
ချန်းဟွမ် က စိတ်ရှည်စွာ ပြုံးလိုက်သည်။ ကျန်းမင်ယွမ် နှင့် ရှင်းရှင်း တို့က သူမကို လာကြိုမည့်အကြောင်း ရှန်းရှီကို မပြောဘဲ ထားလိုက်သည်။သူမ တစ်ကိုယ်ကောင်းဆန်စွာပင် ရှင်းရှင်း နှင့် သူမကို မတွေ့စေချင်။
"အင်း ပြန်တော့မလို့လေ…"
ရှန်းရှီ ကလည်း စိတ်လက်မချမ်းသာ နေပုံဖြင့် ချန်းဟွမ် နောက်မှနေ၍ ရှော့ပင်းမောလ်ထဲမှ ထွက်လာခဲ့သည်။ရှော့ပင်းမောလ်မှ ထွက်သွားပြီးလျှင် ရှီရှန်း တခြားနေရာသို့ သွားတော့မည်ဟု ချန်ဟွမ် ထင်ထားသော်လည်း ရှန်းရှီ မှာ သူမကို စောင့်နေ၏။
"တခြား ဘာပြောစရာရှိသေးလို့လဲ…"
ရှန်းရှီ အံ့သြသွားရသည်။
"နင်ငါ့ကို ကားပေးမစီးဘူးလား…"
"ငါ…"
ချန်းဟွမ် ဘာပြန်ပြောရမှန်းမသိ။ ယနေ့နံနက်က ရှန်းရှီကို ဝင်ခေါ်ခဲ့သဖြင့် ညနေစောင်းလျှင်လည်း သူမကို လိုက်ပို့ရပေမည်။ ချန်းဟွမ်က ဆင်ခြေတစ်ခု အပြေးအလွှားရှားလိုက်ပြီး နောက်ဆုံးတွင် သူမ ပိုက်ဆံအိတ်ထဲမှ ကားသော့ကို ထုတ်ကာ ရှန်းရှီ ဆီ ပေးလိုက်သည်။
"ဒီည ငါ တစ်နေရာသွားစရာရှိတယ်… နင် ငါ့ကားကိုယူသွားလိုက်လေ…"
ရှန်းရှီ က ကားသော့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွှဲသွားသည်။
"ကား မမောင်းတတ်ဘူး…"
"ဒါဆို တက္ကစီစီးမလား"
"ဟင့်အင်း…"
"မြေအောက်ရထားရော…"
"အရမ်းလူကြပ်တယ်…"
သူမဘာတွေဖြစ်နေတာလဲ…
ရှန်းရှီသည် ချန်းဟွမ် အကြံကို ငြင်းဆိုလိုက်သည့်အတွက် သူမကို ကားမောင်းပို့ပေးရုံသာ ရှိတော့သည်။
ချန်းဟွမ်သည် ရှန်းရှီ အလိုက်ကန်းဆိုးမသိပုံကို စိတ်ဆိုးသွားရသည်။
ချန်းဟွမ် နှုတ်ဆိတ်သွားသောအခါ ရှန်းရှီ လည်း တိတ်ဆိတ်သွားရသည်။ခဏကြာမှ သူမက ချန်းဟွမ်ကို ပြောလိုက်သည်။
"ငါ့သားကိုတွေ့ချင်တယ်…"
Xxxxxxx