အပိုင်း (၈၇)
Viewers 31k

part-87...


လျှောက်လှမ်းတွင် နံရံမှထွန်းထားသောမီးရောင်ဖျော့ဖျော့လေးသာလင်းလက်နေသည်။


စုန့်ထင်ရှန်းကအိမ်နေရင်းအဝတ်အစားများသာဝတ်ထားသော်လဲ လက်နှစ်ဖက်ကိုအိပ်ကပ်ထဲထည့်၍အလွန်ဖြောင့်တန်းစွာရပ်နေသည်။သူကအရပ်မြင့်သော်လဲ ပဲတောင့်လိုရှည်လျားသည့်ပုံစံမျိုးမဟုတ်ပေ တချက်ကြည့်လိုက်ရုံမျှဖြင့်သူ့ခန္ဓာကိုယ်၌ဖုထစ်နေသောကြွက်သားများကိုသူမမြင်နိုင်ပေသည်။


သူဝတ်စုံအပြည့်ဝတ်ဆင်ထားသည့်အချိတ်ဆိုလျှင် သူ့၏ခန္ဓာကိုယ်မှဟော်မုန်းများပေါက်ကွဲထွက်နေသကဲ့သို့ပင်။


သူ့၏အကြည့်များကယွမ်ရှဆီသို့ရောက်လာသည်။ယခုလက်ရှိအချိန်၌သူက ရွှေကိုင်းမျက်မှန်ကိုတပ်ဆင်ထားလေရာသူ့၏ပုံစံကိုပို၍ကြည်လင်သန့်ရှင်းအောင်ပံ့ပိုးနေသကဲ့သို့ပင်။


ရုတ်တရက် ယွမ်ရှ၏စိတ်ထဲတွင်သိုးရေခြုံထားသောဝံပုလွေဟူသည့်စကားစုတခုပေါ်လာသည်။

ထိုစကားကစုန်ု့ထင်ရှန်း၏ပုံစံနှင့်အလွန်တရာလိုက်ဖက်မှုရှိနေပေသည်။


"မင်းမအိပ်သေးဘူးလား..."


စုန့်ထင်ရှန်း၏မျက်နှာပေါ်မှာပင်ပန်းနွမ်းနယ်မှုများက ဖုံးကွယ်ဖို့ရန်ပင်ခက်လှသည်။သူယွမ်ရှကိုလှမ်းမေးလိုက်၏။


ယွမ်ရှသူ့ကိုတချက်ကြည့်ကာဖြေလိုက်သည်။


"ကျွန်မအိပ်မပျော်လို့ နွားနို့ပူပူလေးတခွက်လောက်သောက်မလို့လေ..."


ထို့နောက် မသိစိတ်၏တစုံတရာစေ့ဆော်မှုအရသူလှမ်းမေးလိုက်မိသည်။


"ရှင်ကောတခွက်လောက်လိုချင်လား..."


"အင်း...ကျေးဇူးပါပဲ..."


စုန့်ထင်ရှန်းခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။ထို့နောက်သူတို့နှစ်ယောက်သားအောက်ထပ်သို့ဆင်းလာခဲ့လိုက်၏။ယခုအချိန်၌အိမ်အကူအန်တီအိပ်ပျော်သွားသည်မှာလဲအချိန်အတော်ကြာမြင့်ပြီဖြစ်သောကြောင့် အောက်ထပ်ကအလွန်အမင်းတိတ်ဆိတ်နေလေသည်။


မိနစ်အနဲငယ်အတွင်းမှာပင် ယွမ်ရှကချိုမြမြမွှေးပျံ့လှသောနို့ပူပူနှစ်ခွက်ပြုလုပ်လိုက်ပြီးစုန့်ထင်ရှန်းဆီသို့တခွက်ကမ်းပေးလိုက်သည်။


ထို့နောက်နှစ်ယောက်သားစားပွဲ၏တဖက်တချပ်တွင် မျက်နှာချင်းဆိုင်မှီရပ်လိုက်ပြီး နို့သောက်လိုက်သည်။နွားနို့ဆိုသည်မှာ နို့မှုန့်ကိုရေနွေးနှင့်ဖျော်ထားခြင်းဖြစ်သောကြောင့်အနဲငယ်ပူနေပေသည်။ထို့ကြောင့် နို့တခွက်သောက်ပြီးနောက် ယွမ်ရှချွေးထွက်လာလေသည်။


ယွမ်ရှက ဒူးထိရှည်သည့်ညဝတ်ဂါဝန်ကိုဝတ်ဆင်ထားပြီး ဆံပင်များကိုခပ်ပွပွစည်းနှောင်ထားသည်။

သူမကအိမ်တွင်းစီးဖိနပ်ကိုမစီးထားပဲ စားပွဲစွန်းကိုပျင်းတိပျင်းရွဲမှီကာစုန့်ထင်ရှန်းကိုကြည့်၍ပြောလိုက်သည်။


"ကျွန်မ...အခန်းပြန်အိပ်တော့မယ်..."


ယွမ်ရှခဏမျှစဉ်းစားပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။


"ရှင် ဝမ်လေးကို ရှင့်အခန်းထဲပြန်သယ်သွားလို့ရမလား...ကျွန်မညဘက်တော်တော်နဲ့အိပ်မပျော်တော့ မနက်အစောကြီးမထနိုင်ဘူး..."


"ကောင်းပြီလေ..."


စုန့်ထင်ရှန်းက ခွက်နှစ်ခွက်ကိုဆေးကြောလိုက်ပြီးနောက် ယွမ်ရှ၏နောက်မှလိုက်သွားလိုက်သည်။


ဝမ်လေးကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပြီးဟောက်သံလေးများပင် ထွက်နေလေသည်။စုန့်ထင်ရှန်း သူ့၏လက်ဖဝါးကြီးများဖြင့်ဝမ်လေး၏ကျောဘက်မှ လက်လျိုသွင်းကာပွေ့လိုက်ပြီး သူ့အခန်းဆီသို့ချီခေါ်သွားလိုက်သည်။


ကလေးများသည် အိမ်မောကျသွားသည်နှင့်မိုးကြိုးပစ်လျှင်တောင်နိုးလိမ့်မည်မဟုတ်ပေ။ ဝမ်လေးက အသက်ရှူသံမှန်မှန်ဖြင့် ခလူးခလောဟောက်နေသောကြောင့်သူ့၏ဝမ်းဗိုက်ပူပူလေးက နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။သူ့၏ခန္ဓာကိုယ်မှလဲ နို့နံ့ကဲ့သို့ အနံ့သင်းသင်းလေးထွက်ပေါ်နေသည်။


စုန့်ထင်ရှန်း ကုတင်စွန်းတွင်ထိုင်ပြီး အိပ်ပျော်နေသောသူ့သားလေးကိုအချိန်အတော်ကြာကြည့်နေမိသည်။


လူများပြောကြသည်မှာ သမီးမိန်းကလေးများက ဖခင်၏ရုပ်ရှည်အမွေကိုဆက်ခံပြီး သားယောက်ျားလေးများက မိခင်ဘက်သို့မျိုးရိုးလိုက်တတ်ကြသည်ဟုဆိုသည်။ထိုစကားကသူတို့မိသားစုအတွက်အတိအကျမှန်ကန်ပေသည် ဝမ်လေး၏ရုပ်ရည်သွင်ပြင်ကယွမ်ရှနှင့်ပို၍ဆင်တူသည်။


ကလေးလေးမွေးဖွားလာသည့်အချိန်၌ သူ့၏သားသမီးအတွက် ဖခင်တစ်ယောက်၏ခံစားချက်များဖြစ်ပေါ်လာကြသည်။


အနဲဆုံးအနေဖြင့်တော့ ထိုခံစားချက်ကစုန့်ထင်ရှန်းတွင်ဖြစ်ပွားခဲ့သည်။မွေးဖွားလာသောသူ့၏သားလေးကိုကောက်ပွေ့လိုက်သည့်ခဏ၌ ကမ္ဘာလောကကြီးကမှိန်ဖျော့သွားခဲ့သလိုပင်။ မူလက ဗလာဖြစ်နေသောသူ့၏နှလုံးသားထဲတွင် ခံစားချက်များတဖြည်းဖြည်းချင်းပြည့်နှက်လာသည်။


တကယ်တမ်းတွင် မူလက စုန့်ထင်ရှန်းသည် ကလေးလေးမွေးဖွားလာသည့်အချိန်၌ ယွမ်ရှနှင့်ပျော်ရွှင်စရာမိသားစုဘဝလေးတခုတည်ဆောက်ရန်စိတ်ကူးခဲ့သည်။

ပြောရမည်ဆိုလျှင်သူ့၏ရင်သွေးကို ဆယ်လကြာအောင်လွယ်ထားပြီးမွေးဖွားပေးခဲ့သော အမျိုးသမီးတယောက်ကိုကြည့်ပြီးစိတ်မတုန်လှုပ်စေဖို့ခက်ခဲလှပေသည်။


ထို့အပြင် ငယ်စဉ်ကလေးဘဝထဲကပင်မိဘများကိုဆုံးရှုံးခဲ့ရသော စုန့်ထင်ရှန်းအနေဖြင့်တခြားသူများထက်ပင် မိသားစုဘဝကိုပိုလိုလားလေသည်။


သို့သော်လဲယွမ်ရှက စုန့်ထင်ရှန်းကဲ့သို့ခံစားရသည့်ပုံမပေါ်ပေ။


သို့မဟုတ် တခြားနည်းဖြင့်ပြောရလျှင် သူမလိုချင်သော ဘဝနေထိုင်မှုပုံစံကိုရရှိနေပြီဖြစ်သောကြောင့် တခြားအရာများကိုဂရုမစိုက်တော့‌ပေ။သူမက ကလေးငယ်နှင့်နီးနီးကပ်ကပ်မနေလိုသည့်အပြင် ကလေးကိုပွေ့ဖက်ချော့မြူခြင်းမျိုးလဲတခါမှမရှိခဲ့‌ပေ။


မူလထဲက သူတို့ကြားထဲတွင် ချိတ်ဆက်ထားသည့်တခုထဲသောအရာကလဲ သူတို့၏သားလေးသာဖြစ်လေရာ အချိန်ကြာလာသည်နှင့်အမျှသူတို့၏ဆက်ဆံရေးကပိုမိုအေးစက်လာကာ သူစိမ်းများလိုဝေးကွာလာကြသည်။


ယခုယွမ်ရှ၏ပြောင်းလဲမှုက နောက်ကျသွားပြီလားဆိုသည်ကိုတောင်သူမသိတော့‌ပေ။


xxxxxxx